backup og meta

အရပ်ရှည်ဖို့ လေ့ကျင့်ခန်းလုပ်စို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 20/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရပ်ရှည်ဖို့ လေ့ကျင့်ခန်းလုပ်စို့

    အရပ်လေး မြင့်တာက လူကို ဆွဲဆောင်မှု တိုးစေမယ့် အရာတစ်ခုပါ။ အရပ်ရှည်တာက မျိုးရိုးနဲ့ ဆိုင်သလို နေ့စဉ်စားသောက်တဲ့ အာဟာရတွေ၊ လုပ်ဆောင်နေတဲ့ ကိုယ်လက်လေ့ကျင့်ခန်းတွေနဲ့လည်း ဆိုင်ပါတယ်။ အရပ်ရှည်ဖို့ လေ့ကျင့်ခန်းလုပ်စို့ လို့ ဘာကြောင့် ပြောရတာလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

    အရပ်ရှည်ဖို့ လေ့ကျင့်ခန်းလုပ်စို့

    လေ့ကျင့်ခန်းက ကိုယ်အလေးချိန်ပေါ်မှာပဲ သက်ရောက်မှု ရှိတယ်၊လို့ လူတော်တော်များများက သိထားကြတာပါ။ ဒါပေမယ့် လေ့ကျင့်ခန်းက အရပ်အပေါ်မှာလည်း သက်ရောက်မှုရှိနေပါတယ်။

    လူတော်တော်များများ လက်ခံထားတာက အရပ်အမြင့်ဆိုတာ မျိုးရိုးနဲ့ သက်ဆိုင်တယ်ဆိုတဲ့ အချက်ပါ။ တကယ်တော့ လူတစ်ယောက်ရဲ့ အရပ်အမြင့်ပေါ်မှာ မျိုးရိုးက လွှမ်းမိုးမှု အများဆုံးဆိုပေမယ့် အရပ်မြင့်စေဖို့ နေ့စဉ် လှုပ်ရှားသွားလာနေထိုင်မှုပုံစံ၊ စားသောက်မှုပုံစံတွေကလည်း သက်ရောက်မှု ရှိနေပါတယ်။ များသောအားဖြင့်ကတော့ ကြီးထွားမှုက အပျိုဖော်ဝင်ချိန်၊ လူပျိုဖော်ဝင်ချိန်အပြီးမှာ ရပ်တန့်သွားတာမျိုးရှိတတ်ပါတယ်။

    ဒါပေမယ့် ကြီးထွားမှုဖြစ်စဉ်က အသက် ၂၂ နှစ် ကနေ ၂၅ နှစ် အထိ ဆက်လက်ဖြစ်ပေါ်နေနိုင်ပါတယ်။ ဒီကာလမှာ သင့်တော်မှန်ကန်တဲ့ လေ့ကျင့်ခန်းကို လုပ်ပေးမယ်ဆိုရင် အရပ်မြင့်စေဖို့ အကောင်းဆုံး အထောက်အပံ့ပေးနိုင်မှာပါ။

    အရပ်ရှည်စေဖို့ လေ့ကျင့်ခန်းအချို့

    သင့်တင့်တဲ့ အရပ်အမြင့်ရစေဖို့ဆိုရင်

    • အရပ်ရှည်စေဖို့ ဘားတန်း ခိုပါ

    အရပ်ရှည်ဖို့ လေ့ကျင့်ခန်းလုပ်စို့

    အရပ်ရှည်စေဖို့ အတွက် လူအများစု လက်ခံထားတဲ့ လေ့ကျင့်ခန်း တစ်မျိုးပါ။ အဆစ်တွေနဲ့ ကျောရိုးကို ဆန့်စေပြီး အရပ်မြင့်စေဖို့ အထိရောက်ဆုံး အားဖြည့်ပေးနိုင်ပါတယ်။ ဘားခိုတဲ့အခါ လက်ကို ဆန့်ထားပြီး ကိုယ်ကို အပေါ်ကို မနိုင်သမျှ မတင်ရပါမယ်။ ဒူးကိုတော့ ကွေးထားရမှာဖြစ်ပါတယ်။ ဒီပုံစံအတိုင်း စက္ကန့် ၂၀ ကြာ တောင့်ခံထားရမှာပါ။ တစ်ခါလုပ်ရင် အနည်းဆုံး ၃ ကြိမ်လောက်ကနေ စလုပ်ကြည့်စေချင်ပါတယ်။

    • အရပ်မြင့်စေဖို့ Dry Land Swim

    ရေထဲမှာ မဟုတ်ဘဲ ကုန်းပေါ်မှာ ရေကူးတာပေါ့။ ဒီလေ့ကျင့်ခန်းက ခါးအောက်ပိုင်းမှာ အာရုံစိုက်ထားရမယ့် လေ့ကျင့်ခန်းပါ။

    အရင်ဆုံး ကြမ်းပြင်ပေါ်မှာ မှောက်လိုက်ပါ။ ခန္ဓာကိုယ်ကို ဆန့်ဆန့်လေးထားပါ။ ပြီးရင် လက်တွေကို အပေါ်ဘက်ကို ဆန့်ထုတ်လိုက်ပါ။ ပြီးရင် ရေကူးသလို လက်ကို တစ်ဖက်ချင်း ဆန့်ထုတ်ပါ။ ​ခြေထောက်ကိုလည်း ခပ်ပါ။

    ဘယ်ခြေညာလက်ကို ဆန့်ထားပြီး ၄ စက္ကန့်ထားပါ။ ပြီးရင် ညာခြေဘယ်လက်ကို ဆန့်ထားပြီး ၄ စက္ကန့်ထားပါ။ အကြိမ် ၂၀ လောက်လုပ်ပေးပါ။ အရပ်ရှည်စေဖို့ ထောက်ကူပေးနိုင်မှာပါ။

  • အရပ်မြင့်စေဖို့ Cobra Stretch
  • ယောဂလုပ်တဲ့သူ တော်တော်များများနဲ့ရင်းနှီးပြီးသား ဖြစ်မှာပါ။ ဒီလေ့ကျင့်ခန်းက အကြောပြေစေသလို ကျောရိုးကို ဆန့်စေနိုင်ပါတယ်။ ကျောရိုး ကြားထဲက အရိုးနုလေးတွေကို သန်စွမ်းစေပါတယ်။ ဒီလို သန်စွမ်းမှုက အရပ်မြင့်စေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ အရင်ဆုံး ကြမ်းပြင်ပေါ်မှာ မှောက်ထားပါ။ ပြီးရင် လက်နှစ်ဖက်ကို ထောက်လို့ ပခုံးကို ကြမ်းပြင်ကနေ ကြွပါ။ ခေါင်းကို မော့ထားဖို့လည်း မမေ့ပါနဲ့။ လက်မောင်း၊ ခါး၊ လက်ပြင်နဲ့ ကျောရိုးကို ဆန့်ထားပါ။

    စက္ကန့် ၃၀ ကြာ ထားပေးပါ။ တစ်ခါလုပ်ရင် ၃ ကြိမ် ၄ ကြိမ်လောက်လုပ်ပေးပါ။ နေ့စဉ် ပုံမှန် လုပ်ပေးတာက အဆင်ပြေပါတယ်။

    အရပ်ရှည်ဖို့ လေ့ကျင့်ခန်းလုပ်စို့

    မနက် အိပ်ရာထလို့ အကြောဆန့်သလိုပါပဲ။ လွယ်ကူ ရိုးစင်းတဲ့ နည်းလမ်း တစ်ရပ်ပါ။ မတ်မတ်ရပ်လို့ ခြေထောက်ကို ပခုံးအကျယ်အတိုင်း ခွဲထားပါ။ လက်နှစ်ဖက်ကို အပေါ်ကို ဆန့်ထုတ်လို့ လက်ချောင်းလေးတွေကို ယှက်ပြီး အပေါ်ကို ဆန့်နိုင်သမျှ ဆန့်ထုတ်ပါ။ ခြေထောက်ကိုလည်း ရနိုင်သမျှ ဆန့်ထားပါ။ အကြောတွေ ပြေလျော့စေရုံမက အရပ်မြင့်စေဖို့ လည်း အထောက်အကူပြုနိုင်မှာပါ။

    အရပ်ရှည်စေဖို့ နောက်ထပ် လုပ်ဆောင်ရမယ့် လေ့ကျင့်ခန်း တစ်ခုကတော့ထိုင်ချပြီး ခါးကို မတ်လို့ ခြေထောက်နှစ်ချောင်းကို ဆန့်ထားပါ။ လေကိုရှူသွင်းလို့ ခန္ဓာကိုယ်ကို ခြေထောက်ဆီ ကိုင်းညွှတ်ပါ။ လက်နှစ်ဖက်နဲ့ ခြေဖျားကို ထိနိုင်သမျှ ထိပေးပါ။ ခဏနေပြီး ခန္ဓာကိုယ်ကို ပြန်မတ်ရင်း လေကို ရှူထုတ်ပါ။

    စလုပ်လုပ်ချင်းမှာ ခြေထောက်ကို ထိဖို့ ခက်ပေမယ့် နောက်ပိုင်းမှာ လွယ်သွားပါလိမ့်မယ်။ နေ့စဉ် ပုံမှန် ၅ ကြိမ်ကနေ ၁၀ ကြိမ်အထိ လုပ်ပေးပါ။

    အခုပြောပြခဲ့တဲ့ လေ့ကျင့်ခန်းလေးတွေက အရပ်ရှည်စေဖို့ ထောက်ကူပေးမှာ ဖြစ်သလို နေ့စဉ် အထိုင်များတာကြောင့် အညောင်းမိတာတွေကိုပါ သက်သာစေမှာပါ။ အခုကစပြီး လေ့ကျင့်ခန်းတွေကို နေ့စဉ် ပုံမှန် လုပ်ကြည့်ရအောင်လား ……..

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 20/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement