အခြားလေ့ကျင့်ခန်းများ

ကျန်းမာကြံ့ခိုင်စေဖို့အတွက် နေ့စဉ် လုပ်ဆောင်နိုင်မယ့် လေ့ကျင့်ခန်းလေးတွေရှာနေတာလား။ ဒီကဏ္ဍလေးမှာ အသင့်တော်ဆုံး လေ့ကျင့်ခန်းကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားလေ့ကျင့်ခန်းများ

လေပွတာကို သက်သာစေမယ့် ယောဂပို့စ် ( ၅) ခု

လေပွတာက အတော်လေး ခံရခက်ပါတယ်။ ဒီလို လေပွရတာက နေ့စဉ် စားသုံးမှုမှာ ပါဝင်နေတဲ့ အချို့အချို့သော အစားအစာတွေကြောင့် ဖြစ်နိုင်သလို ပါးစပ်ကနေတဆင့် လေတွေကို မျိုချမိတာကြောင့်ပါ။ လေတွေက လေပွပြီး နေရထိုင်ရ မသက်မသာ ဖြစ်စေနိုင်သလို ဗိုက်အောင့်တာကို ဖြစ်စေနိုင်ပါတယ်။ ဒီလို လေပွတာကို သက်သာစေမယ့် ယောဂပို့စ် (၅) ခု ကို ဖော်ပြပေးလိုက်ပါတယ်။ ယောဂလုပ်တာက လေပွတာကို သက်သာစေမလား! ယောဂလုပ်တာက လေပွတာကို သက်သာစေနိုင်သလို ကိုယ်လက်လှုပ်ရှားမှုလေး လုပ်တာ၊ လမ်းလျှောက်တာ၊ အိမ်မှုကိစ္စလေးတွေကို လှုပ်လှုပ်ရှားရှား လုပ်ပေးတာက အစာကြေစေပြီး လေပွတာကို သက်သာစေနိုင်ပါတယ်။  ဒါကြောင့် လေပွနေပြီဆိုရင် အရင်ဆုံး လမ်းလျှောက်တာမျိုး လုပ်ပေးလို့ ရသလို အောက်မှာ ပြောပြမယ့် ယောဂလေ့ကျင့်ခန်းလေးတွေကို လုပ်ပေးတာကလည်း နည်းလမ်းကောင်းပါ။  ကဲ …. လေပွတာကို သက်သာစေမယ့် […]

အခြားလေ့ကျင့်ခန်းများ ကို ရှာဖွေမည်။

အခြားလေ့ကျင့်ခန်းများ

အောက်ဆီဂျင်အသုံးပြုရသော ကိုယ်ကာယလေ့ကျင့်ခန်းများသည် သင့်ခန္ဓါကိုယ်ကို မည်သို့ အကျိုးပြုပါသနည်း။

အောက်ဆီဂျင်ကိုအသုံးပြုရသော ကာယလေ့ကျင့်ခန်းများသည် သင့်ခန္ဓါကိုယ်ကို အင်ဆူလင်ဟော်မုန်းကို ပို၍အသုံးပြုစေရန် အထောက်အကူပြုသည်။ ၎င်းသည် သင်၏နှလုံး နှင့် အရိုးများကို သန်မာစေပြီး စိတ်ဖိစီးမှုကိုသက်သာစေသည်၊ သွေးလည်ပတ်မှုကို ကောင်းစေပြီး နှလုံးရောဂါဖြစ်ပွားနိုင်ချေကို လျော့နည်းစေသည်၊ သွေးထဲရှိ သကြားဓါတ်ကို လျော့နည်းစေပြီးသွေးပေါင်ကို ကျစေသေည်၊ ကိုလက်စထရောကို တက်စေသည်။   ညွှန်ကြားချက်- ကိုယ်ကာယလေ့ကျင့်ခန်းများကို အသင့်အတင့်မှ ပြင်းပြင်းထန်ထန်လုပ်ခြင်းကို မိနစ် ၃၀ ခန့် တစ်ပတ်တွင် အနည်းဆုံး ၅ ရက် သို့မဟုတ် ၁၅၀ မိနစ် လုပ်ရန် အကြံပြုထားသည်။ တစ်ပတ်တွင် အနည်းဆုံး ၃ရက် ဆက်တိုက်လုပ်ပေးပြီး လေ့ကျင့်ခန်းမလုပ်ပဲ ၂ ရက်ထက်ပို၍ မနေသင့်ပါ။ မှတ်ချက်- အသင့်အတင့်လေ့ကျင့်ခန်းလုပ်နေစဉ် သင်သည် လေ့ကျင့်ခန်းလုပ်နေစဉ်အတွင်း သီချင်မဆိုနိုင်သော်လည်း စကားပြောနိုင်သည်။ အပြင်းအထန်လေ့ကျင့်ခန်းလုပ်နေစဉ်တွင်မူ သင်သည် အသက်ရှူခြင်းကိုမရပ်တန့်ပဲ စကားအနည်းကိုပင် မပြောနိုင်ပါ။ စတင်လုပ်ဆောင်ခြင်း သင်သည် ယခုမှလေ့ကျင့်ခန်းစတင်လုပ်မည် […]


အခြားလေ့ကျင့်ခန်းများ

သင်သိသင့်သော ယောဂကျင့်စဉ်အမျိုးအစားကွဲများ

လေ့ကျင့်ခန်းအမျိုးအစားသစ်တစ်ခုဖြစ်တဲ့ ယောဂကိုတော့ လူတိုင်းသိကြပါတယ်။ ယောဂပေါ်ပေါက်လာတာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပါပြီ။ ဒါပေမဲ့ လူတွေကလည်း သူတို့ ကြံ့ခိုင်ဖို့ ပိုပြီး အာရုံစိုက်လာကြတာကြောင့် ခုနောက်ပိုင်းမှ ပြန်လည်ထင်ပေါ်လာပါတယ်။ ယောဂကို စတင်လေ့ကျင့်ဖို့ အနည်းငယ်တော့ ခက်ခဲမယ်နဲ့တူပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့မှာ အမျိုးအစားအများကြီးနဲ့ အနေအထားအများကြီးရှိနေတာ မဟုတ်ပါလား။ သင်သိချင်လောက်မယ်ထင်တဲ့ လူသိများတဲ့ ယောဂပုံစံတွေကို လမ်းညွှန်ပေးလိုက်ပါတယ်။   ယောဂအမျိုးအစားများရဲ့ မူလဇစ်မြစ် ယောဂကို အမျိုးအစားတွေအများကြီးခွဲခြားထားပါတယ်။ ဟိန္ဒူ၊ ဗုဒ္ဓ၊ Jainism နဲ့ Tantra ဆိုပြီးတော့ပေါ့။ သင်ကြားဖူးလောက်နိုင်မယ့် ယောဂအများစုကတော့ ဟိန္ဒူကျောင်းက ယောဂအမျိုးအစားပါ။ ဒီအမျိုးအစားဟာ ပိုများပြီး လေ့ကျင့်သူရဲ့ အနေအထားပေါ်လိုက်ပြီး ပြုပြင်ပြောင်းလဲလို့ရပါတယ်။ အခြားယောဂအမျိုးအစားသုံးမျိုးကတော့ ဗုဒ္ဓဘာသာယောဂလို တရားထိုင်ခြင်းတွေ ( ဗုဒ္ဓဘာသာမှာ တရားထိုင်တယ်ခေါ်ပါတယ် ) ကို ပိုပြီး အာရုံစိုက်ကြပါတယ်။ ယောဂအမျိုးအစားဘယ်နှစ်မျိုးရှိတာပါလိမ့်? ဆိုရင်တော့ ဖြေရအတော်ခက်ခဲပါတယ်။ အချို့သော […]


အခြားလေ့ကျင့်ခန်းများ

ယောဂက ရုပ်ပိုင်းဆိုင်ရာကို ဘယ်လိုကောင်းကျိုးတွေ ပေးနိုင်သလဲ

တကယ်လို့သင်က ယောဂလေ့ကျင့်ဖို့ စီစဉ်နေတယ် ဒါမှမဟုတ် လက်ရှိမှာလည်း လေ့ကျင့်နေတယ်ဆိုရင် ယောဂရဲ့ ကောင်းကျိုးအချို့ကို ကြားဖူးနေမှာပါ။ ဒါပေမဲ့ သင်က ခုမှစမယ့်သူဖြစ်နေတာမို့ “ ဒါက စွမ်းအင်တွေ စီးဆင်းဖို့ ကူညီပေးနိုင်တယ်လေ” လို့ရှင်းပြနေတာက ယုံကြည်ဖို့ အတော်ခက်ခဲပါလိမ့်မယ်။ ဒီတော့ ယောဂက ရုပ်ပိုင်းဆိုင်ရာကို ဘယ်လိုကောင်းကျိုးတွေ ပေးနိုင်သလဲ ဆိုတာကို ဆက်ကြည့်လိုက်ဦးနော်။ ဒါဆိုရင် ယောဂက ပေးစွမ်းနိုင်တဲ့ ရုပ်ပိုင်းဆိုင်ရာ အကျိုးကျေးဇူးတွေက ဘာတွေလဲဆိုတာ ဆက်ရှင်းပြပေးပါမယ်။ သေချာတာတော့ ဒီအကျိုးတွေကို အချိန်တစ်ခုအကြာ ယောဂလေ့ကျင့်ပြီးသွားရင် မျက်မြင်ကိုယ်တွေ့ တွေ့ရမှာပါ။ ယောဂက ရုပ်ပိုင်းဆိုင်ရာကို ဘယ်လိုကောင်းကျိုးတွေ ပေးနိုင်သလဲ ယောဂက ရုပ်ပိုင်းဆိုင်ရာကို ဘယ်လိုကောင်းကျိုးတွေ ပေးနိုင်သလဲ ဆိုတော့ ၁။ ပျော့ပြောင်းလာခြင်းနဲ့ နာကျင်မှုတွေ သက်သာစေခြင်း ပျော့ပျောင်းလာခြင်းဟာ ယောဂက ခန္ဓါကိုယ်ပေါ်သက်ရောက်တဲ့ အထင်ရှားဆုံး အကျိုးပါပဲ။ ယောဂသင်တန်းကို စတက်တက်ချင်းအချိန်မှာ […]


အခြားလေ့ကျင့်ခန်းများ

ယောဂလေ့ကျင့်သူတို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ကိရိယာများ

ယနေ့ခေတ်မှာ ယောဂကို ခန္ဓါကိုယ်နဲ့ စိတ်ကြားထဲ ဟာမိုနီတစ်ခုဖန်တီးဖို့နဲ့ ညီညွတ်မျှတဖို့အတွက် ကူညီပေးနိုင်တဲ့ လေ့ကျင့်ခန်းတစ်ခုအနေနဲ့ လူတော်တော်များများက ရွေးချယ်လာကြပါတယ်။ ယောဂဟာ သင့်ကျန်းမာရေးအတွက် အရမ်းကောင်းတဲ့ ကောင်းကျိုးတွေကို ယူဆောင်လာပေးပါတယ်။ ပျော့ပျောင်းမှုနဲ့ ကြံ့ခိုင်မှုတွေ၊ အင်အားတွေ တိုးလာစေပါတယ်။ အေဂျင်စီစနစ်ရဲ့လုပ်ကိုင်ပုံတွေကို တိုးတက်လာစေပါတယ။် စိတ်ကိုအေးချမ်းစေပြီး စိတ်ဝိဉာဉ်ကို မြင့်မားစေပါတယ်။ ယောဂဟာ ပိုပြီးလွယ်ကူလာတာတွေ၊ သက်တောင့်သက်သာရှိလာတာတွေနဲ့ ပိုပြီး အကျိုးရှိစေတာတွေကြောင့်လည်း ယောဂအတွက် မရှိမဖြစ်လိုမယ့် အရာတွေကို သင်သိသင့်တာပေါ့။   တကယ်လို့များသင်က ယောဂကိုခုမှစကျင့်မယ်ဆိုရင် ယောဂကျူတိုရီယယ်လ်တွေအတွက် စာအုပ်တစ်အုပ် ဒါမှမဟုတ် DVD တစ်ချပ်လိုအပ်ပါတယ်။ အနေအထားအချို့ကို လေ့ကျင့်ပြီး အိမ်မှာ စာအုပ်၊ DVD တွေကို ကြည့်ပြီး လုပ်ကြည့်တာက ယောဂနဲ့ ပိုပြီးရင်းနှီးကျွမ်းဝင်လာစေကာ ယောဂသင်တန်းမတက်ခင်တည်းက ယုံကြည်မှုရှိနေစေပါတယ်။ ကျူတိုရီယယ်လ်စာအုပ်နဲ့ ယောဂဗီဒီယို လေ့ကျင့်ခန်းတွေကို ကြည့်တာက ဘယ်ယောဂလေ့ကျင့်ခန်းက သင့်ရည်ရွယ်ချက်နဲ့ […]


အခြားလေ့ကျင့်ခန်းများ

ယောဂကြောင့်ဖြစ်လာနိုင်သည့် အန္တရာယ်များကို မိမိအမျိုးသမီးအား ကူညီစီမံပေးခြင်း

ယနေ့ခေတ်တွင် အမျိုးသမီးများသည် လေ့ကျင့်ခန်းမျိုးစုံများကြားမှ ရုပ်ရောစိတ်ပါကျန်းမာစေသည့် ယောဂကို ပိုရွေးချယ်လေ့ ရှိကြပါသည်။ ယောဂကျင့်ခြင်းသည် သင့်အမျိုးသမီးကို ပျော့ပြောင်းနေစေရန် ကိုယ်အလေးချိန်ပုံမှန်ရှိစေရန် ဖိစီးမှုနည်းစေရန် နုပျိုနေစေရန် အကူအညီပေးနိုင်ပါသည်။ အကျိုးများစွာ ရှိသော်လည်း ပြသသူမရှိပဲ ပြင်းပြင်းထန်ထန် လုပ်မိလျှင် သင့်အမျိုးသမီးအတွက် အန္တရာယ်ရှိနိုင်ပါသည်။ အောက်ပါအကြံဉာဏ်တို့သည် ယောဂမှဖြစ်လာနိုင်သည့် အန္တရာယ်များအတွက် သင့်အမျိုးသမီးကို အကူအညီပြုနိုင်မည့် နည်းလမ်းကောင်းများဖြစ်ပါသည်။     ကျွမ်းကျင်သူဆရာမှ ညွှန်ကြားချက်ဖြင့်သာ ဖြည်းဖြည်းချင်း လေ့ကျင့်ပါစေ တော်သောယောဂဆရာကို စိတ်ချရသူများထံမှ စုံစမ်းပါ။ ကောင်းကောင်းလေ့ကျင့်ထားသည့် ဆရာထံမှ ညွှန်ကြားချက်များကို လိုက်နာခြင်းသည် အန္တရာယ်အကင်းဆုံးပင်။ ဆရာမှ သင့်အမျိုးသမီး၏ လှုပ်ရှားပုံနှင့် ပုံစံအနေအထားများ မှန်ကန်စေရန် လမ်းညွှန်ပေးပြီး ထိခိုက်ဒဏ်ရာ မဖြစ်စေရန် ကူညီပေးနိုင်ပါသည်။   ယောဂမလေ့ကျင့်ခင် သူမ၏ကျန်းမာရေးပြဿနာများနှုင့် အရင်ချိန်ဆပါ သူမတွင် ကျန်းမာရေးပြဿနာတစ်ခုခု ရှိနေပါက ဆရာဝန် သို့မဟုတ် လမ်းညွှန်ကို ပြောပြတိုင်ပင်ပါ။ · ကိုယ်ဝန် - […]


အခြားလေ့ကျင့်ခန်းများ

သင့်အမျိုးသားကို ယောဂသင်တန်းတက်ချင်လာအောင် ဘယ်လိုမြူဆွယ်မလဲ

ယောဂသည် ကိုယ်၊ စိတ်၊ ဝိဉာည် သုံးပါးလုံးကို ဆက်သွယ်ပေးသည့် အံ့သြစရာလေ့ကျင့်ခန်း ဖြစ်ပါသည်။ ယောဂသည် ကိုယ်ရော စိတ်ပါ ကျန်းမာစေမည့် အကျိုးကျေးဇူးများကို ရရှိနိုင်သည်။ ကိုယ့်ပါတနာနှင့် အတူတွဲလုပ်ရလျှင်တော့ ဆိုဖွယ်ရာမရှိအောင် ကောင်းပါလိမ့်မည်။ သို့သော် အမျိုးသားတစ်ဦးကို ယောဂသင်တန်းတက်ဖို့ ပြောရသည်မှာ ရိုးရှင်းသည့်အလုပ်တစ်ခုမဟုတ်ပါ။ အမျိုးသားအများစုသည် ယောဂကို ပျင်းစရာကောင်းပြီး ဘာစိန်ခေါ်မှုမှမရှိဟုဆိုကာ သင်တန်းမတက်လိုကြပါ။ သို့သော် သူ့ကို မြူဆွယ်ရာတွင် အောက်ပါအကြောင်းပြချက်များပေးပါက အထောက်အကူပြုနိုင်ပါလိမ့်မည်။   ယောဂလုပ်လျှင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမည် သုတေသနများ၌ ယောဂလုပ်ခြင်းသည် ညအိပ်မပျော်ခြင်းနှင့် မူမမှန်သည့် အိပ်စက်ခြင်းများကို ကုသပေးနိုင်ကြောင်း တွေ့ရှိရ၏။ ယောဂသည် ကောင်းကောင်းအိပ်ပျော်စေခြင်း၊ အိပ်ရေးဝခြင်း၊ စိုးရိမ်စိတ်နှင့် စိတ်ဖိစီးမှုများကို လျော့ပါးစေခြင်းဖြင့် အိပ်စက်ခြင်း အရည်အသွေးကို မြှင့်တင်ပေးနိုင်ပါသည်။ ထို့အပြင် မအိပ်ပဲနေခြင်းသည် သွေးတိုး၊ ဆီးချို၊ စိတ်ကျရောဂါနှင့် အဝလွန်ခြင်းတို့လို ကျန်းမာရေးပြဿနာများ […]


အခြားလေ့ကျင့်ခန်းများ

သင့်အမျိုးသမီး ယောဂလုပ်နေစဉ် မပြောသင့်သည့်စကားများ

ကျန်းမာရေးအကျိုးကျေးဇူး များသောကြောင့် ယောဂကို အမျိုးသမီးများက ရွေးချယ်ကြသည်။ ယောဂသည် ခန္ဓါကိုယ် အနေအထားပုံစံများ၊ ထိန်းချုပ်အသက်ရှုခြင်းနှင့် တရားမှတ်ခြင်းတို့မှ ကိုယ်၊ စိတ်၊ ဝိဉာည် သုံးပါးစလုံးအား ဆက်သွယ်ပေးနိုင်၏။ သို့သော် အစပိုင်းတွင် ကိုယ်ဟန်ပုံစံများသည် အလွန်ခက်သောကြောင့် သင့်အမျိုးသမီးသည် မကျေမနပ်ဖြစ်နေနိုင်ပါသည်။ တစ်ခါတစ်ရံတွင် သင်၏အားပေးမှုကို လိုအပ်တတ်၏။ ထို့ကြောင့် သူမကို ပိုဆိုးဝါးသွားစေမည့် စကားများကိုလည်း ရှောင်ကြဉ်သင့်ပါသည်။   သူမ၏စွမ်းဆောင်နိုင်ရည်နှင့်ပါတ်သတ်ပြီး အရှက်ရစေရန်မလုပ်ပါနှင့် ယခုမှယောဂလုပ်မည်သူများသည် တစ်ရက်တည်းနှင့် ကျွမ်းကျင်အဆင့် မရောက်နိုင်ပါ။ သူမ၏အမျိုးသားဖြစ်သည်နှင့်အညီ သင်ဖက်ကလည်း “ဒီလောက်လွယ်တာကို ဘာလို့မလုပ်နိုင်ရန်တာလဲ” “အရမ်းခက်တယ် ယောဂနဲ့မင်းနဲ့ မသင့်တော်ဘူးထင်တယ်” စသည့် အပျက်ဆန်ဆန်စကားများကို ရှောင်ပါ။ ထိုစကားများသည် သူမကို မချစ်ကြောင်း နာကျင်စေကြောင်း ခံစားသွားစေပြီး သင့်ကိုစိတ်ဆိုးသွားပါလိမ့်မည်။ သူမ၏ရည်မှန်းချက်ကို မလှောင်ပါနှင့် သင့်အမျိုးသမီးမှ ယောဂလုပ်ရန်ရွေးချယ်လိုက်ပြီဆိုပါက သူမ၏ခေါင်းထဲတွင် ပန်းတိုင်ကို သတ်မှတ်ပြီးသားပင်။ ကိုယ်အလေးချိန် ကျချင်တာမျိုး […]


အခြားလေ့ကျင့်ခန်းများ

အပြေးသမား ရှောင်ရမည့် အကျင့်ဆိုးများ

အပြေးလေ့ကျင့်သူ တစ်ယောက်မလုပ်ဆောင် သင့်တဲ့ အချက်များ။ ‘ တစ်ချို့သူတွေက ငါဟာ စစ်မှန်တဲ့ အပြေးလေ့ကျင့်သူတစ်ယောက် မဟုတ်ပါဘူး လို့ပြောတာ မကြာခဏကြားဖူးပါတယ်။ တစ်ချို့တွေက အခြားသူတွေထက် ပြေးတာပိုမြန်တာ ကလွဲရင် အားလုံးဟာ အပြေးလေ့ကျင့်သူတွေပါပဲ။ အပြေးလေ့ကျင့်သူ အတုဆိုတာ တစ်ခါမှ မတွေ့ဖူးပါဘူး။’ လို့ Bart Yasso လို့ခေါ်တဲ့ အပြေးလောကမှာ လူသိများတဲ့ အပြေးသမားတစ်ယောက်က စာတို လေးတစ်ခု အနေနဲ့ ဖော်ပြခဲ့ပါတယ်။ ပုံမှန်အခြေခံ တစ်ခုနဲ့ အပြေးလေ့ကျင့်နေသမျှ သင်ဟာ ပြေးလွှားသူ၊ အပြေးသမား တစ်ဦးပါပဲ။ အဲလိုပြောခဲ့တဲ့အတွက် သင်ဟာ အပြေးလေ့ကျင့်မယ်ဆိုရင် ဘာတွေကို ရှောင်ရှားရမယ်ဆိုတာ သိဖို့လိုအပ်ပါတယ်။   ကောင်းမွန်သော ပြင်ဆင်မှု မရှိခြင်း။ အပြေးသမားတိုင်းဟာ ပြေးလွှားခြင်းဆိုတာကို နှစ်သက်ကြပါတယ်။ အဲလို ပြေးလွှားတာ တစ်ခုတည်းကို နှစ်သက်ခြင်းက မပြေးခင် သွေးပူလေ့ကျင့်ခန်း မလုပ်ချင်တာမျိုး […]


အခြားလေ့ကျင့်ခန်းများ

ခွဲစိတ်ပြီး နာလန်ထူနိုင်ဖို့ လေ့ကျင့်ခန်းများ

ခွဲစိတ်မှုပြီးရင် သင်ဟာ အိပ်ရာထဲမှာသာ မနေသင့်ပါဘူး။ ဒါဟာ သင့်ကို နာလန်ထချိန် ကြာမြင့်စေပါတယ်။ တတ်နိုင်သမျှစောစော ပေါ့ပါးတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ပေးပြီး ပုံမှန်အလုပ်တွေကို ပြန်လုပ်သင့်ပါတယ်။ အသက်ရှူလေ့ကျင့်ခန်း ခွဲစိတ်မှုအပြီးမှာ အထူးသဖြင့် သင်လှုပ်လိုက်ချိန်၊ အသက်ရှူချိန်၊ ချောင်းဆိုးချိန်တွေမှာ သက်တောင့်သက်သာ မရှိမှု၊ နာကျင်မှုတွေ ခံစားရနိုင်ပါတယ်။ စောစီးစွာ လေ့ကျင့်ခန်း လုပ်ခြင်းဟာ အဆုတ်တွေထဲမှာ congestion ဖြစ်ခြင်းကို ဖယ်ရှားပေးပြီး အဆုတ်အအေးမိခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ ခွဲစိတ်ပြီး နာကျင်မှုကြောင့် လူနာတွေက အသက်ပြင်းပြင်း မရှူကြတာကြောင့် အဆုတ်အတွင်းမျာ အကျိအချွဲတွေကို ဖြစ်စေပါတယ်။ ဒါကြောင့် အောက်ပါအချက်တွေကို လိုက်နာပြီး အသက်ရှူလေ့ကျင့်ခန်းတွေကို ပြုလုပ်သင့်ပါတယ်။ သင့်နှာခေါင်းကနေ အသက်ရှူသွင်းပြီး ပါးစပ်ကနေ ရှူထုတ်သင့်ပါတယ်။ ဝမ်းဗိုက်နဲ့ ရင်ဘတ်ကြားမှာ လက်ကို တင်ထားပါ။ သင့်လက်ဟာ လေမှုတ်ထားတဲ့ ဘောလုံးရဲ့ […]


အခြားလေ့ကျင့်ခန်းများ

မပြေးလွှားခင် လုပ်ဆောင်နိုင်တဲ့သွေးပူလေ့ကျင့်ခန်းများ

သွေးပူလေ့ကျင့်ခန်း လုပ်ချင်ပေမယ့် ဘယ်လိုလုပ်ရမယ်ဆိုတာ မသိဖြစ်နေပါသလား ? ဘယ်လိုလုပ်ရမယ်ဆိုတာကို အောက်မှာ ဆက်လက်ဖော်ပြပါမယ်။ ဘယ်လိုပြေးရမယ်ဆိုတာ ကျွန်ုပ်တို့ အားလုံးသိကြပါတယ်။ မပြေးခင်မှာ သွေးပူလေ့ကျင့်ခန်း မလုပ်ရင် ဘာတွေဖြစ်မယ်ဆိုတာလည်း သိကြပါတယ်။ စူးပြီးအောင့်တာမျိုး၊ အမောလွယ်တာမျိုး စတာတွေဟာ သွေးပူလေ့ကျင့်ခန်းသေချာ မလုပ်တာကြောင့် ဖြစ်နိုင်တဲ့ နောက်ဆက်တွဲတွေထဲမှာ ပါဝင်ပါတယ်။ အဲဒါကြောင့် သွေးပူလေ့ကျင့်ခန်းဘယ်လိုသေချာ လုပ်ရမယ်ဆိုတာ မသိသေးရင် ဘယ်လိုလုပ်ရမယ်ဆိုတဲ့ လေ့ကျင့်ခန်းတစ်ချို့ကို အောက်မှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။   လမ်းလျှောက်ခြင်း။ လမ်းလျှောက်ခြင်းဟာ အလွယ်ကူဆုံး သွေးပူလေ့ကျင့်ခန်းတစ်ခုဖြစ်ပါတယ်။ လမ်းလျှောက်ခြင်းမှာ လည်း ပြေးလွှားခြင်းလိုပဲ ခန္ဓါကိုယ်က လုပ်ငန်းတွေ လုပ်ဆောင်ဖို့လိုပါတယ်။ ဒါပေမယ့်ပြေးခြင်းလောက်တော့ ပြင်းထန်မှုမရှိပါဘူး။ လမ်းလျှောက်ခြင်းက သင့်ရဲ့ နှလုံးခုန်နှုန်း၊ ကြွက်သားတွေ၊ ကိုယ်တွင်းအပူချိန်စတာတွေကို တဖြည်းဖြည်း မြင့်တက်လာစေနိုင်ပြီး၊ သွေးစီးမှုကိုလည်း ကောင်းမွန်စေနိုင်ပါတယ်။ အထူးသဖြင့် ဒဏ်ရာရပြီး ပြန်ကောင်းခါစ အပြေးသမားတွေ အတွက်ဆိုရင် လမ်းလျှောက်ခြင်းက စတင်ဖို့ […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)