အားကစားခန်းမတွေမှာ အလေးမခြင်းက ကြွက်သားတွေနဲ့ ကြွက်သားထုတွေကို အလျင်အမြန် ကြီးထွားလာစေပေမယ့် ပျော့ပျောင်းမှုကိုတော့ တိုးမလာစေပါဘူး။ ဒါ့အပြင် ကြွက်သားထုတွေ ဖြည်းဖြည်းချင်းသာတိုးလာခြင်းကသာ သင့်ခန္ဓါကိုယ်အတွက် ချိန်ညှိနိုင်ဖို့ အချိန်ကို ပေးစွမ်းနိုင်တာပါ။ လေ့ကျင့်ခန်းမလုပ်ဘဲ အတော်ကြာကြာနေလိုက်ရင်တောင် ကြွက်သားတွေ အားအရမ်းနည်းသွားမှာ မဟုတ်ပါဘူး။
၃။ အသက်ရှူခြင်း၊ စွမ်းအင်နဲ့ တက်ကြွဖျတ်လတ်ခြင်းတွေကို တိုးတက်လာစေပါတယ်။
ယောဂဟာ ကိုယ်အနေအထားနဲ့ အသက်ရှူတဲ့ စနစ်တွေကို ပေါင်းပြီးလေ့ကျင့်ရတာပါ။ ယောဂကျင့်မယ်ဆိုရင် သင့်ခန္ဓါကိုယ်တစ်ခုတည်းကိုသာ ကျင့်နေရတာမဟုတ်ဘဲ အသက်ရှူတာနဲ့ စွမ်းအင်တွေကို ဘယ်လိုထိန်းချုပ်မယ်ဆိုတာပါ သင်ယူရတာပါ။ ယောဂဟာ သင့်ကို သက်တောင့်သက်သာဖြစ်စေပြီး အသက်ရှူတာ နှေးစေလို့ ပို့စ်တွေလုပ်ချိန်မှာ အတွင်းထဲထိ အသက်ကို ပြင်းပြင်းရှူရပါတယ်။
ဒီလို အသက်ရှူတာကို ထိန်းချုပ်ခြင်းဟာ အဆုတ်ရဲ့ လုပ်နိုင်စွမ်းတွေကို တိုးတက်လာစေပါတယ်။ ယောဂဟာ နှာခေါင်းနဲ့ အသက်ရှူခြင်းကိုလည်း တိုးတက်စေပါတယ်။ ဒါက လေကိုစစ်လိုက်ပြီး ပူနွေးစေတာမျိုး၊ ရေဓါတ်ဖြည့်ပေးတာမျိုး၊ ဝတ်မှုန်တွေ၊ ဖုန်တွေကို ဖယ်ရှားပေးတာမျိုးနဲ့ သင့်အဆုတ်ထဲဝင်သွားမှာ မလိုလားတဲ့အရာတွေကို ဖယ်ရှားပေးတာမျိုးတွေ လုပ်ပေးနိုင်ပါလိမ့်မယ်။
ယောဂအနေအထားတွေကို လေ့ကျင့်တဲ့အခါ သင့်အဆစ်တွေက သူတို့ လုပ်နိုင်တဲ့ အနေအထားကို အစွမ်းကုန်လုပ်ဆောင်ရပါတယ်။ ဒီလေ့ကျင့်ခန်းတွေဟာ degenerative arthritis ဒါမှမဟုတ် mitigate disability တွေကို ကာကွယ်ပေးနိုင်ပါတယ်။
၄။ ညီမျှတဲ့ ဇီဝဖြစ်စဉ်ကို ထိန်းသိမ်းထားနိုင်ပြီး အလေးချိန်လျော့ကျစေဖို့ ကူညီပေးပါတယ်။
ဝါရှင်တန်တက္ကသိုလ်က လုပ်တဲ့ လေ့လာမှုတစ်ခုမှာ ယောဂလေ့ကျင့်တဲ့သူတွေဟာ သူတို့ဘာတွေစားနေတာလဲဆိုတဲ့အပေါ် ပိုပြီး အာရုံစိုက်ကြပါတယ်။ ယောဂဟာ သင့်ရဲ့အတွင်းစိတ်ကို ရှာဖွေတွေ့ရှိစေပြီး ခံစားချက်တွေကို ညီမျှအောင် ထိန်းသိမ်းပေးပါတယ်။
ဒါကလည်း သင့်ရဲ့ စားချင်စိတ်တွေ၊ ဆာလောင်မှုတွေကို ထိန်းသိမ်းနိုင်တဲ့နေရာမှာ အကူအညီဖြစ်စေတာပါပဲ။ ယောဂအသက်ရှူလေ့ကျင့်ခန်းတွေဟာ သက်တောင့်သက်သာဖြစ်စေပြီး အရမ်းဆာလောင်နေတဲ့အချိမှာလည်း ပိုကောင်းတဲ့ ရွေးချယ်မှုတွေပြုလုပ်နိုင်ဖို့ ကူညီပေးပါတယ်။
၅။ နှလုံးသွေးကြောနဲ့ သွေးလည်ပတ်မှု ကျန်းမာစေခြင်း
ယောဂဟာ သင့်သွေးလည်ပတ်မှုကို ထိန်းချုပ်ပါတယ်။ ပုံမှန် ယောဂလေ့ကျင့်မယ်ဆိုရင် လက်မောင်းနဲ့ ခြေထောက်တွေကို သွေးစီးဆင်းမှုတွေ တိုးလာမှာပါ။ ယောဂဟာ နှလုံးခုန်နှုန်းကိုလည်း အေရိုးဘစ်အနေအထားထိ တိုးမြှင့်ပေးနိုင်ပါတယ်။
လေ့လာသူတွေကတော့ ယောဂဟာ သင့်ဆဲလ်တွေကို အောက်စီဂျင် ပိုရစေတာကြောင့် ဒါကပဲ နှလုံးသွေးကြော လုပ်ငန်းစဉ်တွေနဲ့ အခြေအနေတွေကို ပိုကောင်းစေတဲ့ အကျိုးတွေ ရရှိစေတာလို့ဆိုပါတယ်။
ယောဂဟာ သွေးတွေစီးဆင်းဖို့ ခကခဲတဲ့နေရာတွေမှာလည်း သွေးကို လိုအပ်တဲ့နေရာကို အချိန်မှန်ပေးပို့နိုင်ပါတယ်။ ဥပမာ ခြေထောက်နဲ့ တင်ပါးဆုံကွင်းကနေ နှလုံးကို ပြန်သွားတဲ့ အခြေအနေမျိုးပေါ့။ ယောဂဟာ platelets လေးတွေကို စေးကပ်မှုနည်းအောင်နဲ့ သွေးထဲက သွေးခဲဖြစ်စေတဲ့ ပရိုတိန်းပမာဏကို ဖြတ်တောက်ခြင်းအားဖြင့် သွေးကျဲအောင်လုပ်ပေးပါတယ်။
ဒါကပဲ နှလုံးဖောက်ပြန်တာမျိုးတွေကို လျော့ပါးစေပြီး ခြေထောက်ထဲမှာ သွေးခဲတွေ မကြာခဏဖြစ်ပေါ်ပြီး နှလုံးဆီကို ပြန်လည်စီးဆင်းသွားလို့ဖြစ်ရတဲ့ လေဖြတ်တာတွေကို လျော့နည်းစေပါတယ်။ ယောဂဟာ ဟေမိုဂလိုဘင်နဲ့ သွေးနီဥဆဲလ်တွေရဲ့ လယ်ဗယ်လ်တွေကို တိုးတက်လာစေပါတယ်။
ဒါတွေကပဲ တစ်ရှူးတွေဆီ အောက်ဆီဂျင်ပို့ပေးတာမဟုတ်ပါလား။ လေ့လာမှုတစ်ခုကတော့ pranayama တစ်ခုသာ သင်ယူထားတဲ့သူတွေဟာ အောက်ဆီဂျင်နည်းနည်းနဲ့လည်း လေ့ကျင့်ခန်းတွေ ပိုလုပ်နိုင်ပါတယ်လို့ ဆိုပါတယ်။
လေ့ကျင့်ခန်းလုပ်လို့ရလာတဲ့ အကျိုးတွေဟာ ရတာလည်းမြန်သလို ကွယ်ပျောက်တာလည်းမြန်တယ်ဆိုတာ သင်ကြားဖူးနေမှာပါ။ သူတို့ရဲ့ အကျိုးသက်ရောက်မှုပုံစံကို အငြင်းပွားနေကြဆဲပါပဲ။ ဒါပေမဲ့ ယောဂဟာ ခြွင်းချက်မရှိတဲ့ အကျိုးသက်ရောက်မှုတွေနဲ့ တစ်ချိန်လုံး သန်မာစေနိုင်တဲ့ fitness လေ့ကျင့်ခန်းတစ်ခုဆိုတာတော့ အသေအချာပါပဲ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။