backup og meta

အပြေးသမား ရှောင်ရမည့် အကျင့်ဆိုးများ


Khine Phoo Ngon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အပြေးသမား ရှောင်ရမည့် အကျင့်ဆိုးများ

    အပြေးလေ့ကျင့်သူ တစ်ယောက်မလုပ်ဆောင် သင့်တဲ့ အချက်များ။

    ‘ တစ်ချို့သူတွေက ငါဟာ စစ်မှန်တဲ့ အပြေးလေ့ကျင့်သူတစ်ယောက် မဟုတ်ပါဘူး လို့ပြောတာ မကြာခဏကြားဖူးပါတယ်။ တစ်ချို့တွေက အခြားသူတွေထက် ပြေးတာပိုမြန်တာ ကလွဲရင် အားလုံးဟာ အပြေးလေ့ကျင့်သူတွေပါပဲ။ အပြေးလေ့ကျင့်သူ အတုဆိုတာ တစ်ခါမှ မတွေ့ဖူးပါဘူး။’ လို့ Bart Yasso လို့ခေါ်တဲ့ အပြေးလောကမှာ လူသိများတဲ့ အပြေးသမားတစ်ယောက်က စာတို လေးတစ်ခု အနေနဲ့ ဖော်ပြခဲ့ပါတယ်။

    ပုံမှန်အခြေခံ တစ်ခုနဲ့ အပြေးလေ့ကျင့်နေသမျှ သင်ဟာ ပြေးလွှားသူ၊ အပြေးသမား တစ်ဦးပါပဲ။ အဲလိုပြောခဲ့တဲ့အတွက် သင်ဟာ အပြေးလေ့ကျင့်မယ်ဆိုရင် ဘာတွေကို ရှောင်ရှားရမယ်ဆိုတာ သိဖို့လိုအပ်ပါတယ်။

    ကောင်းမွန်သော ပြင်ဆင်မှု မရှိခြင်း။

    အပြေးသမားတိုင်းဟာ ပြေးလွှားခြင်းဆိုတာကို နှစ်သက်ကြပါတယ်။ အဲလို ပြေးလွှားတာ တစ်ခုတည်းကို နှစ်သက်ခြင်းက မပြေးခင် သွေးပူလေ့ကျင့်ခန်း မလုပ်ချင်တာမျိုး ဖြစ်စေနိုင်ပါတယ်။ အချိန်မရှိလို့ ပဲဖြစ်ဖြစ် အလောတကြီးလုပ်ဆောင်ချင်လို့ပဲဖြစ်ဖြစ် (သို့) အရမ်းပြေးချင်စိတ်များနေပြီး ဘာမှ မစဉ်းစားပဲပြေးလိုက်တာဟာ မကောင်းပါဘူး။

    သွေးပူလေ့ကျင့်ခန်း မလုပ်တာက ကြာလာတဲ့ အခါ သင့်ကို ထိခိုက် စေနိုင်မှာပါ။ သွေးပူလေ့ကျင့်ခန်းမလုပ်ဆောင် တဲ့အတွက် သင့်ကို စိတ်မတက်မကြွဖြစ်စေနိုင်မယ့် ဝမ်းဗိုက်ဘေးရှိကြွက်သားများနာခြင်း(သို့) စစချင်းပြေးတဲ့ အချိန်တွေမှာ တောင့်တင်းနေခြင်း တွေဖြစ်စေနိုင်ပါတယ်။

    အထူးသဖြင့် သင်ဟာ တစ်နာရီထက်ပိုပြီး ပြေးမယ်ဆိုရင် သင့်ကြွက်သားတွေရော၊ သွေးစီးတာတွေ ကိုပါ ကောင်းကောင်း လုပ်ငန်းလုပ်ဆောင်နိုင်ဖို့အတွက် သွေးပူကျင့်ခန်းလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

    အလျှင်အမြန်စတင်ပြေးခြင်း။

    တစ်ချို့ ကဖြည်းဖြည်းချင်းစတင်ပြီး တစ်ချို့က အလျှင်စလို စတင်လုပ်ဆောင်တတ်ကြပါတယ်။ သင့်ကြွက်သားတွေက သွေးပူလေ့ကျင့်ခန်း လုပ်ဆောင်ပြီးပြီ ဆိုရင်တောင်မှ အရှိန်အတိုးအလျှော့လုပ်ဖို့ အချိန်အနည်းငယ်လိုအပ်ပါသေးတယ်။ ရုတ်တရက်ကြီး ပြင်းပြင်းထန်ထန် လှုပ်ရှားလိုက်ခြင်းက ထိခိုက်ပျက်စီးမှုကို ဖြစ်စေနိုင်ပါတယ်။

    ရေဓါတ်ခမ်းခြောက်ခြင်း။

    ရဓါတ်ခမ်းခြောက်ခြင်းဟာ အပြေးသမားတွေမှာ အဖြစ်များတဲ့ ပြသနာ တစ်ခု ဖြစ်ပါတယ်။ သင်ဟာ မိနစ် ၃၀ ထက်ပိုပြေးဖို့ စီစဉ်ထားတယ်ဆိုရင် ရေဓါတ်ခမ်းခြောက်ခြင်း ကို ကာကွယ်ဖို့အတွက် ရေလိုအပ်ပါတယ်။ တစ်ချို့သူတွေက ရေသောက်ခြင်းဟာ သူတို့ကို ဝမ်းဗိုက်ဘေးရှိကြွက်သား နာကျင်ခြင်း နဲ့ အချိန်ကုန်တာတွေ ဖြစ်စေနိုင်တယ်လို့ ထင်ကြပါတယ်။

    ဒါပေမယ့် ရေဓါတ်ခမ်းခြောက်ခြင်းက ပိုကြီးတဲ့ ပြသနာတစ်ခုပါ။ အချိန်အကြာကြီး ရေဓါတ်ဆုံးရှုံး သွားတာကြောင့် မူးဝေတာတွေ၊ မူးလဲတာတွေတောင် ဖြစ်စေနိုင်ပါတယ်။ မူးမေ့သွားတာက အပြေးလောက က အခြား အပြေးသမားတွေကြားမှာ သင့်ကို အထင်ပိုသေးစေနိုင်ပါတယ်။ ရှက်စရာလည်း ကောင်းပါတယ်။

    အစားစားသော အလေ့ကျင့်ဆိုးရှိခြင်း။

    အချိန်အကြာကြီးပြေးလွှားပြီးချိန်မှာ အစာ စားချင်တာက ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အဲလို စားချင်တာတွေကို ဖြည့်ဆည်းဖို့ကို တော့ အားမပေးချင်ပါဘူး။ ဒါ့အပြင် သင် လေ့ကျင့်ခန်းအများကြီးလုပ်ခဲ့တဲ့အတွက်ကြောင့် သင်စားချင်တဲ့ အစားအစာ အားလုံးကို ကောင်းကောင်း၊မကောင်းကောင်း မစဉ်းစားဘဲ စားမယ်ဆိုရင် သင့် ခန္ဓါကိုယ် အတွက် လေ့ကျင့်လုပ်ဆောင်ခဲ့သမျှ ကောင်းတာတွေ အားလုံးကို ဖျက်ဆီး ပစ်နိုင်ပါတယ်။

    ဒါ့အပြင် ကယ်လိုရီ များလာတဲ့အတွက် နောက်ပိုင်းပြေးတဲ့ အခါတွေမှာလည်း အပြေးလေ့ကျင့်ဖို့ ပိုခက်ခဲစေနိုင်မှာပါ။ ပြီးတော့ အဲဒါက စိတ်အားထက်သန်မှုကို လျော့နည်းစေနိုင်ပါတယ်။

    အိပ်ရေးပျက်ခြင်း။

    ယခု ခေတ်မှာ လူတော်တော်များများဟာ အိပ်ရေး၀၀ မအိပ်နိုင်ကြပါဘူး။ အဲဒါက မကောင်းတဲ့ အချက်တစ်ခုပါ။ အပြေးသမားတွေဆိုရင် ပိုလို့တောင် အိပ်ရေးဝဖို့ လိုအပ်ပါသေးတယ်။ အပြေးသမားတွေ ဟာ အခြားသူတွေထက်ပို သန်မာ တာကြောင့် အခြားသူတွေထက် အိပ်ရေးပျက်တဲ့ ဒဏ်ကိုပို ခံနိုင်ကြပါလိမ့်မယ်။

    ဒါပေမယ့် အပြေးသမားဆိုတာက အခြားသူတွေထက် သူတို့ရဲ့ခန္ဓါကိုယ်ကို ပိုပြီးသုံးရပါတယ်။ အဲဒီလိုလေ့ကျင့်ခြင်းတွေက သူတို့တွေရဲ့ ခန္ဓါကိုယ် ပျက်စီးမှုတွေ ဖြစ်စေပြီး အဲဒီလိုပျက်စီးမှုတွေကို အိပ်စက်အနားယူခြင်းနဲ့ ပြုပြင်ကုသရမှာပါ။ အိပ်နေတဲ့ အချိန်မှာ ကြီးထွားစေတဲ့ ဟော်မုန်းတွေ ထွက်တဲ့ အတွက်ကြောင့် ခန္ဓါကိုယ် ပြန်လည်ကျန်းမာကောင်းမွန်လာဖို့ ကူညီပေးနိုင်ပါတယ်။

    ဒါကြောင့် နေ့စဉ်ပုံမှန် အိပ်ချိန်မှန်မှန်ထားပြီး ပုံမှန်အိပ်ခြင်းက သင့်ကို ပိုမိုကောင်းမွန်တဲ့ အပြေးသမား တစ်ယောက်ဖြစ်စေနိုင်မှာပါ။

    နာကြင်မှုကို လျစ်လျူရှုထားခြင်း။

    သင့်ဘာသာ သင်ကုသတာမျိုးက အချိန်ကုန်သက်သာစေနိုင်ပါတယ်။ ဒါပေမယ့် နာကြင်ခြင်းက ၃ ရက်ထက်ပိုလာပြီ ဆိုရင်တော့ အရေးကြီးလာပါပြီ။ တကယ်လို့ သိပ်မဆိုးတဲ့ ဒဏ်ရာ တစ်ခုကို သင်က ရေခဲ(သို့) ibuprofen က ကုသပေးနိုင်မှာပဲ လို့တွေးပြီး ပေါ့ပေါ့ ဆဆနေမိမယ်ဆိုရင်တော့ ပိုဆိုးလာစေနိုင်ပါတယ်။

    နာကြင်နေတာတောင်မှ အတင်းဆက်ပြီးပြေးမယ်ဆိုရင်တော့ ပိုဆိုးလာမှာ ဖြစ်ပါတယ်။ နာကြင်ခြင်းဆိုတာ ဟာ တစ်ခုခုမှားယွင်းနေပြီ လို့ သတိပေးတာပဲဖြစ်ပြီး အချိန်အနည်းငယ် အနားယူလိုက်ခြင်းက သင့်တော်တဲ့ ဖြေရှင်းချက်တစ်ခု ဖြစ်ပါတယ်။

    အပေါ်မှာ ဖော်ပြခဲ့တဲ့ အလေ့အကျင့်တွေအပြင် နောက်ထပ် ပိုပြီးရှိပါသေးတယ်။ မိမိ ဘာဖြစ်နေတယ်ဆိုတာကို သိတာဟာ အကျင့်ဆိုးတွေကို ဖျက်ပစ်နိုင်ဖို့ ပထမဆုံး အဆင့်ပဲဖြစ်ပါတယ်။ ချုံပြီးပြောရမယ်ဆိုရင်တော့ ပြေးလွှားခြင်းဆိုတာဟာ လူတွေရဲ့ လှုပ်ရှားရွေ့ရှား မှုတွေ အတွက် အခြေခံအကျဆုံးပဲဖြစ်ပါတယ်။ အဲလို အခြေခံကို ကောင်းအောင်ပြုပြင် လိုက်ရင် သင်ဟာ ကောင်းမွန်တဲ့ ပြေးလွှားလေ့ကျင့်သူတစ်ယောက်ဖြစ်လာမှာပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Khine Phoo Ngon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement