အခြားလေ့ကျင့်ခန်းများ

ကျန်းမာကြံ့ခိုင်စေဖို့အတွက် နေ့စဉ် လုပ်ဆောင်နိုင်မယ့် လေ့ကျင့်ခန်းလေးတွေရှာနေတာလား။ ဒီကဏ္ဍလေးမှာ အသင့်တော်ဆုံး လေ့ကျင့်ခန်းကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားလေ့ကျင့်ခန်းများ

လေပွတာကို သက်သာစေမယ့် ယောဂပို့စ် ( ၅) ခု

လေပွတာက အတော်လေး ခံရခက်ပါတယ်။ ဒီလို လေပွရတာက နေ့စဉ် စားသုံးမှုမှာ ပါဝင်နေတဲ့ အချို့အချို့သော အစားအစာတွေကြောင့် ဖြစ်နိုင်သလို ပါးစပ်ကနေတဆင့် လေတွေကို မျိုချမိတာကြောင့်ပါ။ လေတွေက လေပွပြီး နေရထိုင်ရ မသက်မသာ ဖြစ်စေနိုင်သလို ဗိုက်အောင့်တာကို ဖြစ်စေနိုင်ပါတယ်။ ဒီလို လေပွတာကို သက်သာစေမယ့် ယောဂပို့စ် (၅) ခု ကို ဖော်ပြပေးလိုက်ပါတယ်။ ယောဂလုပ်တာက လေပွတာကို သက်သာစေမလား! ယောဂလုပ်တာက လေပွတာကို သက်သာစေနိုင်သလို ကိုယ်လက်လှုပ်ရှားမှုလေး လုပ်တာ၊ လမ်းလျှောက်တာ၊ အိမ်မှုကိစ္စလေးတွေကို လှုပ်လှုပ်ရှားရှား လုပ်ပေးတာက အစာကြေစေပြီး လေပွတာကို သက်သာစေနိုင်ပါတယ်။  ဒါကြောင့် လေပွနေပြီဆိုရင် အရင်ဆုံး လမ်းလျှောက်တာမျိုး လုပ်ပေးလို့ ရသလို အောက်မှာ ပြောပြမယ့် ယောဂလေ့ကျင့်ခန်းလေးတွေကို လုပ်ပေးတာကလည်း နည်းလမ်းကောင်းပါ။  ကဲ …. လေပွတာကို သက်သာစေမယ့် […]

အခြားလေ့ကျင့်ခန်းများ ကို ရှာဖွေမည်။

အခြားလေ့ကျင့်ခန်းများ

ယောဂသင်တန်းအပြီးမှာ သင်မလုပ်သင့်သော အရာများ

တကယ်လို့ သင်က ယောဂီတစ်ယောက်ဖြစ်နေခဲ့မယ်ဆိုရင် သင့်ရဲ့နည်းပြက ယောဂသင်တန်းမစမီနဲ့ ပြီးဆုံးတဲ့အချိန်အတွင်း ဘာတွေလုပ်ရမယ်ဆိုတာက စိတ်နဲ့ ခန္ဓါအတွက် ဘယ်လောက်အရေးကြီးတယ်ဆိုတာ ပြောပြဖူးပြီလို့ ထင်ပါတယ်။ ယောဂသင်တန်းမစမီ လုပ်လိုက်တဲ့အရာတွေက သင်တန်းချိန်အတွင်းသင့်ရဲ့ လုပ်ဆောငမှုတွေကို ဆုံးဖြတ်ပေးမှာဖြစ်ပြီး သင်တန်းချိန်နောက်ပိုင်းမှာ လုပ်လိုက်တာတွေက ပိုလို့တောင်အရေးကြီးနေပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ ဒါကပဲ သင့်အတွက် တကယ်ရလာမယ့် အကျိုးကျေးဇူးကို ဆုံးဖြတ်ပေးနိုင်မှာမို့ပါ။ ၁။ အရက်နဲ့ သကြားပါဝင်တဲ့ သောက်စရာတွေကို မသောက်ပါနဲ့။ ယောဂဟာ အသိမ်မွေ့ဆုံးနဲ့ မပင်ပန်းဆုံး လေ့ကျင့်ခန်းတစ်ခုဖြစ်ပေမယ့် သင့်ကိုတော့ ချွေးထွက်စေနိုင်သေးတာပါပဲ။ သင့်ခန္ဓါကိုယ်အတွင်းပိုင်းက အပူတွေကို တိုက်ထုတ်နိုင်ဖို့ ဆိုဒါ သို့မဟုတ် ဘီယာကို ရွေးချယ်လိုက်ချင်စရာပါ။ ဒါပေမဲ့ ဒါဟာ ကျန်းမာရေးအတွက်တော့ သိပ်ကောင်းမှာ မဟုတ်ပါဘူး။ ချွေးထွက်များတဲ့ ယောဂသင်တန်းချိန်ပြီးတဲ့နောက် သင့်ခန္ဓါကိုယ်အတွက် သင်ဖြည့်ဆည်းပေးနိုင်မယ့် အကောင်းဆုံးနည်းလမ်းကတော့ ဖန်ခွက်အကြီးကြီးနဲ့ ရေတစ်ခွက်သောက်တာပါပဲ။ ဒါက […]


အခြားလေ့ကျင့်ခန်းများ

အိပ်ရေးပျက်ခြင်းကို ယောဂက ဘယ်လိုကူညီပေးနိုင်မလဲ

ယောဂက သင့်ကျန်းမာရေးကို ကောင်းမွန်စေပြီး နေထိုင်ကောင်းစေတဲ့အပြင် အိပ်ရေးပျက်ခြင်း၊ အိပ်ရေးမဝခြင်းကိုပါ ပျောက်ကင်းစေနိုင်တယ်လို့ သိပ္ပံပညာရှင်တွေက ယုံကြည်ကြပါတယ်။ သင့်ကိုကောင်းကောင်းအိပ်ပျော်စေမယ့် လေ့ကျင့်ခန်းတစ်ခုကိုရှာဖွေနေတယ်ဆိုရင်တော့ ယောဂဟာ မှန်ကန်တဲ့ ရွေးချယ်မှုတစ်ခုဖြစ်ပါလိမ့်မယ်။ ၁။ အိပ်ရေးမဝခြင်း၊ အိပ်ရေးပျက်ခြင်းဟာ အန္တရာယ်များတဲ့ အခြေအနေတစ်ခုပါ။ Primary Insomnia ကိုတော့ ဆေးဝါးကြောင့်မဟုတ်ဘဲ အလိုလို အိပ်မရခြင်းလို့ အဓိပ္ပါယ်ဖွင့်ဆိုပါတယ်။ ဒုတိယဆင့် အိပ်မရခြင်း (Secondary insomnia) ဆိုတာကတော့ ကျန်းမာရေးပြဿနာတစ်ခုခုကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲပြဿနာတစ်ခု သို့မဟုတ် လက္ခဏာတစ်ခုလို့ ဆိုပါတယ်။ ကင်ဆာ၊ arthritis ၊ fibromyalgia နဲ့ စိတ်ကျရောဂါတွေပါ အပါအဝင် ရောဂါအတော်များများဟာ အိပ်မရခြင်းတွေကိုဖြစ်စေပါတယ်။ အချို့သောဆေးဝါးတွေကလည်း secondary insomnia ကိုဖြစ်စေပြီး စွဲလမ်းခြင်းကိုပါ ဖြစ်စေနိုင်ပါတယ်။ အိပ်မရခြင်းနဲ့ သိစိတ်ပုံမှန်အလုပ်မလုပ်ခြင်းကြားမှာ ဆက်စပ်မှုတွေရှိနေပါတယ်။ gray matter ပျက်စီးခြင်းတောင်ဖြစ်နေနိုင်ပါသေးတယ်။ […]


အခြားလေ့ကျင့်ခန်းများ

ပထမဆုံးယောဂသင်တန်းကနေ ဘာတွေ သင်ယူရမလဲ

သင်က ယောဂလေ့ကျင့်သူတစ်ယောက် သို့မဟုတ ်ယောဂီတစ်ယောက်ဖြစ်နေမယ်ဆိုရင်တော့ သင့်ခန္ဓါကိုယ်နဲ့ စိတ်အတွက် ကျန်းမာရေးနဲ့ညီတဲ့ စားစရာတွေစားဖို့ ဘယ်လောက်အရေးကြီးတယ်ဆိုတာ သိနှင့်ပြီးသားဖြစ်ပါလိမ့်မယ်။ သသင့်ကျန်းမာရေးဟာ သင့်ရဲ့အစာခြေစနစ်ရဲ့ လွှမ်းမိုးမှုကိုလည်း ခံနေရပါတယ်။ အစာချေစနစ်ကို သန်စွမ်းနေစေဖို့အတွက် ယောဂမှာ ရိုးရှင်းတဲ့ စားသောက်ပုံတွေ ရှိနေပါတယ်။ သဘာဝစားစရာတွေ အနည်းငယ်မျှသာစားပေးရုံပါပဲ။ ၁။ နံနက်စောစော ရေနွေးသောက်ပါ။ သင်အိပ်ပျော်နေစဉ်မှာ ခန္ဓါကိုယ်က စွမ်းအင်တွေကိုဖြည့်ဆည်းပြီး အလိုအလျောက် သန့်စင်ပေးနေပါတယ်။ ဇီဝကမ္မဖြစ်စဉ်တွေဟာ အနိမ့်ဆုံးအခြေအနေကိုရောက်နေပါတယ်။ သင်နိုးလာတဲ့အခါ သင့်ရဲ့ ဇီဝယန္တရားကို စတင်လည်ပတ်ဖို့ အချိန်လိုပါတယ်။ တကယ်လို့ နံနက်ခင်းမှာ အစားအသောက်တွေ အများကြီးကို အရင်စစားလိုက်မယ်ဆိုရင် သင့်ခန္ဓါကိုယ်က မှန်မှန်ကန်ကန် အလုပ်လုပ်နိုင်စွမ်းမရှိသေးတဲ့အတွက် အစာချေစနစ်မှာ ပြဿနာဖြစ်စေနိုင်ပါတယ်။ ဒါကိုကာကွယ်ဖို့အတွက် သင့်ရဲ့ အစာချေစနစ်ကို အရင်နှိုးဆွဖို့ နေ့တစ်နေ့ရဲ့ နံနက်ခင်းကို ရေတစ်ဖန်ခွက်နဲ့သာ စတင်လိုက်ပါ။ ၂။ နေ့လည်စာ အတွက် […]


အခြားလေ့ကျင့်ခန်းများ

သင့်အတွက် အိမ်မှာလေ့ကျင့်နိုင်မည့် အကောင်းဆုံး ယောဂလေ့ကျင့်ခန်းများ

လက်ရှိအချိန်မှာတော့ ယောဂဟာ သင့်ရဲ့ စိတ်နဲ့ ခန္ဓါကို ညီညွတ်မျှတစေဖို့နဲ့ ဟာမိုနီတစ်ခုကိုဖန်တီးနိုင်တဲ့ လေ့ကျင့်ခန်းတစ်မျိုးလို့ လက်ခံထားကြပါတယ်။ ယောဂဟာ သင့်ကျန်းမာရေးအတွက် အလွန်ကောင်းမွန်တဲ့ ကောင်းကျိုးတွေကို ယူဆောင်လာပေးနိုင်ပါတယ်။ ပျော့ပျောင်းမှု၊ သက်လုံနဲ့ ခုခံအားတွေ၊ ခန္ဓါကိုယ်ဖွဲ့စည်းပုံ အလုပ်လုပ်ဆောင်မှုတွေကို တိုးတက်လာစေဖို့နဲ့ စိတ်ဝိဉာဉ်ကို လန်းဆန်းစေပြီး စိတ်ကို တည်ငြိမ်အေးချမ်းစေဖို့တွေ အပါအဝင်ပေါ့။ စိတ်ကို တည်ငြိမ်အေးချမ်းစေခြင်းဟာ အလုပ်ထဲမှာဖြစ်စေ၊ စာတွေလေ့လာရာမှာဖြစ်စေ။ အာရုံစူးစိုက်မှုအားကောင်းစေပါတယ်။ ဒါကြောင့် ယောဂဟာ ကိုယ့်ကိုယ်ကိုယ် တိုးတက်စေလိုတဲ့သူတွေအတွက်တော့ ပြီးပြည့်စုံတဲ့ ရွေးချယ်မှုတစ်ခုပါပဲ။ ဒါပေမဲ့ လူတိုင်းဟာ ယောဂသင်တန်းကိုသွားပြီး ယောဂလေ့ကျင့်နေဖို့ အချိန်ရနေမှာ၊ အခြေအနေပေးမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ယောဂကိုအိမ်မှာ လေ့ကျင့်လို့တော့ရပါတယ်။ ဒီဆောင်းပါးမှာတော့ ကျွန်တော်တို့ မိတ်ဆက်ပေးလိုတဲ့ တကယ်ကို ထိရောက်မှုရှိတဲ့ ယောဂလေ့ကျင့်ခန်းပုံစံအချို့ကို ဖော်ပြပေးလိုက်ပါတယ်။ ပထမဆုံးကတော့ Mountain Pose ယောဂလေ့ကျင့်ခန်းပါ။ ယောဂလေ့ကျင့်ခန်းတွေအားလုံးထဲမှာတော့ […]


အခြားလေ့ကျင့်ခန်းများ

အိမ်မှာလုပ်ရမယ့် ယောဂလေ့ကျင့်ခန်း အစီအစဉ်

ယောဂသင်တန်းတွေကို သွားဖို့ အချိန်လုံးဝမရ၊ မအားဖြစ်နေတယ်ဆိုရင် ဒါမှမဟုတ် ယောဂသင်တန်းတွေကို တစ်သက်လုံးတော့ တက်မနေနိုင်ပါဘူးဆိုရင် ယောဂကို အိမ်မှာပဲ လေ့ကျင့်လို့ရပါတယ်။ ၁။ ယောဂကို ဘာကြာင့် အိမ်မှာလေ့ကျင့်သင့်တာလဲ။ ပထမဆုံးအနေနဲ့ ယောဂကို သင်ကိုယ်တိုင်လေ့ကျင့်ခြင်းက အာရုံစူးစိုက်မှုပို အားကောင်းစေပြီး တုံ့ပြန်မှုတွေကို ပိုပြီးကောင်းမွန်စေပါတယ်။ အရှိန်၊ ကြံ့ခိုင်မှုကစလို့ ပြင်းထန်မှုထိ သင်နှစ်သက်သလို လေ့ကျင့်လို့ရပါတယ်။ စတူဒီယိုနဲ့ သင်တန်းတွေမှာ လေ့ကျင့်မယ်ဆိုရင်တော့ တစ်ပတ်ကို ၂ကြိမ်ကနေ ၃ကြိမ်လောက်သာ လေ့ကျင့်နိုင်မယ်ဆိုပေမယ့် အိမ်မှာလေ့ကျင့်မယ်ဆိုရင်တော့ နေ့တိုင်းလေ့ကျင့်လို့ရပါတယ်။ ရလာတဲ့ရလဒ်က အရေးအကြီးဆုံးပါပဲ။ နေ့စဉ် နာရီဝက်လောက်လေ့ကျင့်တာက တစ်ပတ်မှာ ၄၅မိနစ် ၂ကြိမ်လောက်လေ့ကျင့်တာထက်စာရင် အများကြီးပိုကောင်းပါတယ်။ ငွေနည်းနည်းသာကုန်ပြီး ယောဂရဲ့ အကျိုးကျေးဇူးတွေ ပိုရနိုင်တာပေါ့။ ၂။ လေ့ကျင့်ခန်းအစီအစဉ်တွေ ဘယ်လိုဆွဲမလဲ။ အစီအစဉ်အစမှာတည်းက သက်တော့သက်သာရှိမယ့် အနေအထားကို အရင်ရွေးပါ။ ဥပမာ corpse pose လိုပေါ့။ […]


အခြားလေ့ကျင့်ခန်းများ

ယောဂအကြောင်း သင်ဘာတွေသိသင့်သလဲ

ယောဂဆိုတာ အိန္ဒိယကနေ အစပြုပြီး နှစ်ပေါင်း ၅၀၀၀ကျော်ကြာခဲ့ပြီးဖြစ်တဲ့ သက်ရှည်ကျန်းမာစေတဲ့ နည်းလမ်းကောင်းတစ်ခုပါ။ လူတွေဟာ ယောဂဆိုတာ ခန္ဓါကိုယ်ကို ထူးဆန်းတဲ့နည်းလမ်းတွေနဲ့ လိမ်ချိုးနေတာလို့မြင်ကြပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ ယောဂဆိုတာ သင့်ခန္ဓါကိုယ်ရဲ့ အစိတ်အပိုင်းအားလုံးဖြစ်တဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ခံစားချက်ပိုင်းဆိုင်ရာနဲ့ စိတ်ဝိဉာဉ်ဆိုင်ရာတွေအားလုံးကို ကုသပေးနိုင်တဲ့ လေ့ကျင့်ခန်းအုပ်စုတစ်ခုပါ။ ယောဂဟာ ခုမှစကျင့်တဲ့သူတွေအတွက်ရော ပုံမှန်လေ့ကျင့်သူတွေအတွက်ပါ ပြီးပြည့်စုံတဲ့ အစီအစဉ်တွေပါဝင်တဲ့ လေ့ကျင့်မှုတစ်ခုပါ။ ယောဂဆိုတဲ့စကားလုံးကတော့ သက္ကတဘာသာစကား “yuj” မှလာပါတယ်။ အဓိပ္ပါယ်ကတော့ “ ပေါင်းစည်းရန်”၊ “ပူးပေါင်းရန်” ၊ “ဆက်စပ်ပေးရန်” သို့မဟုတ် “ တွဲဆက်ပေးရန်” လို့ အဓိပ္ပါယ်ရပါတယ်။ ယောဂဟာ စိတ်နဲ့ကိုယ်နဲ့ဟာ တစ်ထပ်တည်းဖြစ်တယ်ဆိုတဲ့ အတွေးအခေါ်ကို အခြေခံပါတယ်။ ယောဂမှာ အသက်ရှူနည်းစနစ်တွေ၊ ကိုယ်နေဟန်ထားတွေ (asana တွေလို့လည်းခေါ်ပါတယ်) နဲ့ တရားထိုင်ခြင်းတွေ […]


အခြားလေ့ကျင့်ခန်းများ

အိမ်တွင်လုပ်နိုင်သော လေ့ကျင့်ခန်းများ

အားလုံးဟာ ပုံပန်းတကျ ဖြစ်လိုကြပါတယ်။ ဒါပေမယ့် အလုပ်များလွန်းလို့ အားကစားခန်းမ မသွားနိုင် ဖြစ်နေရင် ဘယ်လိုလုပ်ရပါမလဲ။ စိတ်မပူပါနဲ့။ သင့်ဆီမှာ ကိုယ်ခန္ဓါ ပုံပန်းတကျဖြစ်အောင် လေ့ကျင့်ဖို့ အခွင့်အရေး ရှိပါသေးတယ်။ အားကစားခန်းမဆိုတာ အားလုံးအတွက် အဆင်အပြေဆုံး ဖြေရှင်းနည်း တခုတော့ မဟုတ်ပါဘူး။ လေ့ကျင့်ခန်းလုပ်ခြင်း ဟာလည်း ပုံမှန်လုပ်နိုင်မှသာ ထိရောက်ပါတယ်။ ဒီအခြေအနေမှာ အိမ်တွင်းလေ့ကျင့်ခန်းများဟာ အကောင်းဆုံး ဖြေရှင်းမှုဖြစ်ပါတယ်။ အောက်ပါ အကြောင်းအရာတွေကတော့ ပစ္စည်းကိရိယာမလိုဘဲ အိမ်မှာနဲ့ ဘယ်နေရာမှာမဆို ပြုလုပ်နိုင်တဲ့ လေ့ကျင့်ခန်းတွေ ဖြစ်ပါတယ်။ ကိုယ်ခန္ဓါတခုလုံးအတွက် လေ့ကျင့်ခန်းများ Tuck jump ဒီနည်းလမ်းဟာ ရိုးရှင်းပြီး ပျော်ဖို့ကောင်းတဲ့ နည်းလမ်းဖြစ်ပါတယ်။ နှလုံးညှစ်အားကို ကောင်းစေပါတယ်။ နှလုံးလေ့ကျင့်ခန်းများဟာ အမြဲတမ်း ပြေးခြင်းတမျိုးထဲတော့ မဟုတ်ပါဘူး။ နှလုံးခုန်နှုန်းကို မြင့်စေတဲ့ ဘယ်ကိုယ်ကာယလှုပ်ရှားမှု မဆို အကျုံးဝင်ပါတယ်။ ဒီလေ့ကျင့်ခန်းဟာ သင့်ကိုယ်ခန္ဓါကို […]


အခြားလေ့ကျင့်ခန်းများ

လည်ပင်းဆစ်များ အနေအထားမမှန်ခြင်းဖြစ်သူများအတွက် အသုံးဝင်သည့် ယောဂလေ့ကျင့်ခန်းများ

သင်သည် လည်ပင်းဆစ်ချော်ခြင်းကြောင့် ဝေဒနာများ ခံစားနေရလျှင် ရောဂလေ့ကျင့်ခန်းများသည် သင့်အတွက် အကူအညီဖြစ်စေပါလိမ့်မည်။ သို့သော် ရောဂလေ့ကျင့်ခန်းများ မပြုလုပ်မီ သိထားရမည့်အချက်များရှိပါသည်။   ရောဂလေ့ကျင့်ခန်းများနှင့် လည်ပင်းဆစ်ချော်ခြင်း လည်ပင်းဆစ်ချော်ခြင်းဆိုသည်မှာ လည်ပင်းရှိ အဆစ်များသည် မူလအနေအထားမှ အနေအထားမမှန်ဖြစ်ကာ ချော်ထွက်ခြင်းဖြစ်ပါသည်။ ထိုသို့ဖြစ်လျှင် လည်ပင်းတွင် နာကျင်ခြင်းကို ခံစားရမည်ဖြစ်ပြီး လက်မောင်း၊ ပခုံးများပါနာကျင်ခြင်းကို ဖြစ်စေနိုင်ပါသည်။ အထူးသဖြင့် လည်ပင်းသည် လှုပ်ရှားချိန်တွင် ပိုနာပြီး ငြိမ်နေလျှင် သက်သာပါသည်။ ရောဂလေ့ကျင့်ခန်းသည် လွန်ခဲ့သည့် နှစ်ပေါင်းထောင်ချီကတည်းက ပြုလုပ်ကြသော လေ့ကျင့်ခန်းဖြစ်ပြီး ယင်းသည် အသက်ရှုခြင်း၊ ကိုယ်ဟန်အနေအထားမှန်ကန်ခြင်းနှင့် စိတ်ငြိမ်စေအောင် တရားထိုင်ခြင်းတို့ ပြုလုပ်ရသော လေ့ကျင့်ခန်းဖြစ်ပါသည်။ အောက်ပါတို့သည် ရောဂလေ့ကျင့်ခန်း၏ကောင်းကျိုးများဖြစ်ပါသည်။ ကြွက်သားများကို သန်မာစေခြင်း ရောဂလေ့ကျင့်ခန်းကို ပြုလုပ်နေစဉ်တွင် စက္ကန့်၊ မိနစ်အနည်းငယ်မျှ အနေအထားတစ်ခုတွင် ငြိမ်နေရမည်ဖြစ်ပါသည်။ ထိုသို့ပြုလုပ်ရာတွင် အချို့သောကြွက်သားများကို အသုံးပြုလိုက်ရသောကြောင့် ထိုကြွက်သားများကို သန်မာလာစေပါသည်။ ရောဂလေ့ကျင့်ခန်းသည် လှုပ်ရှားနိုင်မှုစွမ်းရည်များကို မြင့်တက်စေသည့်အတွက် ကျောရိုးကို အနေအထားမှန်စေခြင်း၊ […]


အခြားလေ့ကျင့်ခန်းများ

ပြေးနေစဉ် ကြွက်တက်ခြင်းကို ဘယ်လိုကာကွယ်မလဲ

ပြေးလွှားနေချိန်မှာ ကြွက်တက်ခြင်း ဖြစ်လာပြီဆိုရင် အထူးသဖြင့် အပြေးသမားတွေအတွက် ကြွက်တက်ခြင်းဟာ ဆိုးရွားတဲ့ အိပ်မက်တစ်ခုပါ။ သင်ဟာ ပြီးမြောက်အောင်မြင်ဖို့ ၅မီတာသာ လိုတော့တယ်လို့ စဉ်းစားကြည့်လိုက်ပါ။ အဲဒီအချိန်မှာ သင့်ရဲ့ ညာခြေထောက်က ထူးဆန်းစွာစတင်ပြုမူလာပြီဆိုပါစို့။ သင့်ခြေထောက် ကြွက်သားတွေ တောက်လျောက် ကြွက်တက်နေပြီး ခြေထောက်မှာ တစ်ခုခုဖြစ်နေပြီလားဆိုတဲ့ကြောက်စိတ်နဲ့ တစ်သက်လုံး ဒုက္ခွတဘ၀ ဖြစ်သွားမလားဆိုတဲ့ စိတ်ဖြစ်နေတတ်ပါတယ်။ အဲဒါက ကြောက်စရာကောင်းတဲ့ အတွေးတစ်ခုပါ။ ဒါပေမယ့်လည်း ကြွက်တက်တယ်ဆိုတာဟာ အဖြစ်များ တဲ့ အခြေအနေတစ်ခုဖြစ်ပြီး လူတိုင်းရဲ့ ဘဝမှာ အနည်းဆုံးတစ်ကြိမ်တစ်ခါ လောက်တွေ့ကြုံရလေ့ရှိပါတယ်။ ဘယ်လောက်ပဲ သက်တောင့်သက်သာရှိတဲ့ မွေ့ရာမှာ ဖြစ်စေ (သို့) ပွဲကြည့်စဉ် ၊တီဗီ ဖန်သားပြင်မှ ကြည့်ရှုသူများပြားနေတဲ့ ပြိုင်ပွဲ အတွင်းမှာ ဖြစ်စေ ဆိုးရွားပြင်းထန်တဲ့ ကြွက်သားတွေကို လိမ်ထား သလို ခံစားချက်မျိုး ဖြစ်နိုင်ပါတယ်။ အဲလိုဖြစ်တာက […]


အခြားလေ့ကျင့်ခန်းများ

သင်ဘယ်လောက်အကြာမှာ ဘယ်နှစ်ကြိမ်လောက် ပြေးသင့်သလဲ

လေ့ကျင့်ခန်းလို့ဆိုလိုက်ရင်ပဲ ဘယ်နှစ်ကြိမ်လုပ်သင့်တယ်ဆိုတာက အရေးကြီးလွန်းလှပါတယ်။ ပြေးခြင်းမှာလည်း ခြွင်းချက်မရှိပါဘူး။ တစ်ပတ်အတွင်းမှာ ဘယ်လောက်ပြေးရမယ်ဆိုတဲ့ အချိန်နဲ့ အကြိမ်အကန့်အသတ်ဟာ ထိရောက်မှုရှိစေပါတယ်။   သင်ဘယ်နှစ်ကြိမ်ပြေးသင့်တယ်ဆိုတာကို ဆုံးဖြတ်နိုင်ဖို့ သင်ပြေးရခြင်းရဲ့ ရည်ရွယ်ချက်ကို အရင်သိဖို့လိုမှာပါ။ ဘာလို့ ပြေးတာလဲ။ ပြေးရခြင်းရဲ့ ရည်ရွယ်ချက်တွေထဲမှာ ကျန်းမာရေးဆိုင်ရာ ရည်ရွယ်ချက်တွေ၊ အလေးချိန်ချချင်တာတွေ ဒါမှမဟုတ် သင့်ကောင်မလေးက သင်ညဘက် သူငယ်ချင်းတွေနဲ့ ညလုံးပေါက် အပြင်ထွက်တာမျိုး၊ အရက်သောက်တဲ့ အကျင့်မျိုးတွေထက်ပိုကောင်းတဲ့ အလေ့အထကို ရစေချင်လို့ ဆိုတာလည်း ပါမှာပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ တကယ်လို့များသင်က ပြေးဖို့ဆုံးဖြတ်လိုက်ပြီး သေချာပေါက်လုပ်မယ်ဆိုတဲ့ စိတ်မျိုးရှိနေရင်တော့ တစ်ပတ်မှာ ၃ရက်ပြေးတာက သင့်လျော်ပါလိမ့်မယ်။ တစ်ပတ်သုံးရက် အချိန်ဇယား ဘာကြောင့် တစ်ပတ်မှာ ၃ရက်တည်း ပြေးရမှာလဲ။ တစ်ပတ်မှာ ၇ရက်လုံးပြေးချင်လဲရပါတယ်။ သင်က ခုမှ ပြန်ပြီးပြေးတာဖြစ်နိုင်သလို ခုမှ စပြီးပြေးမယ့်သူလည်း ဖြစ်နိုင်ပါတယ။် တစ်ပတ်မှာ ၃ရက်ပြေးတာက […]

ad iconကြော်ငြာ
ad iconကြော်ငြာ
ad iconကြော်ငြာ

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း