အားကစားလုပ်ရာတွင်အန္တရာယ်ကင်းစေမည့်နည်းလမ်းများ
မိုးရာသီမှာ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် ဘာတွေသတိထားရမလဲ
မိုးစဝင်တဲ့အခါ ရာသီဥတုက နွေရာသီလောက် မပူလောက်တဲ့အတွက် လေ့ကျင့်ခန်း ပြန်လုပ်မယ်ဆို လုပ်လို့ ရနေပါပြီ။ ပူလို့ gymမသွားနိုင်သူတွေကလည်း ခုလိုရာသီဆို gymပြန်ရောက်လာကြပါပြီ။ မိုးစရွာလာလို့ အပူလျော့လာတာ မှန်ပေမယ့် မိုးရာသီမှာ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် သတိထားရမဲ့ အချက်လေးတွေ ရှိပါတယ်။ ဘယ်အချိန်မှာ လေ့ကျင့်ခန်းလုပ်လို့ အကောင်းဆုံးလဲ။ မိုးရာသီမှာ အေးတော့ ဘယ်အချိန်လုပ်လုပ် လုပ်လို့ရတယ်လို့ ထင်ကြပါတယ်။ မိုးရာသီမှာ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် ‘စိုထိုင်းဆ’ကိုထည့်တွက်ရပါတယ်။ ဒါက ဘာလို့ အရေးကြီးတာလဲဆိုရင် ချွေးတွေအငွေ့ပြန်ဖို့ စိုထိုင်းဆပေါ် မူတည်နေလို့ပါ။ ဘာကြောင့်လဲဆိုတော့ ချွေးတွေက အငွေ့ပြန်ဖို့ ခန္ဓာကိုယ်အပူချိန်ကို ယူသုံးရလို့ပါ။ ဒါကြောင့် ခန္ဓာကိုယ်အပူချိန် လျော့ကျဖို့ဆိုရင် ချွေးထွက်တာအပြင် ချွေးတွေအငွေ့ပြန်ဖို့လည်း လိုပါတယ်။ မြင်သာအောင် ပြောရရင် နွေအကုန် မိုးအစဆို မိုးလေးမစို့မပို့ ရွာတတ်ပါတယ်။ မိုးရွာပေမဲ့ အေးလာဆိုရင် မအေးပါဘူး။ မအေးတဲ့အပြင် ချွေးစေးတွေထွက်ပြီး […]