backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

အားကစားလုပ်ရင်း ဖြစ်နိုင်တဲ့ ထိခိုက်မှုတွေ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 22/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အားကစားလုပ်ရင်း ဖြစ်နိုင်တဲ့ ထိခိုက်မှုတွေ

အားကစားတစ်ရပ်ရပ်ကို လုပ်ဆောင်တဲ့အခါ အားကစားလုပ်တာကြောင့် ထိခိုက်မှုတွေကို ခံစားရနိုင်ပါတယ်။ အားကစားလုပ်နေသူတွေအနေနဲ့ လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန် လုပ်ရင်းဖြစ်ဖြစ်၊ မတော်တဆပဲဖြစ်ဖြစ် ထိခိုက်မှုတွေကို ခံစားရနိုင်ပါတယ်။

အားကစားလုပ်ရင်း ထိခိုက်မှုတွေ ဘာကြောင့်ဖြစ်

အားကစားလုပ်ရင်း ထိခိုက်မှုတွေ ဖြစ်ရတာက

အားကစားလုပ်ရင်းဖြစ်နိုင်တဲ့ ထိခိုက်မှုတွေက ဘာတွေလဲ။

အားကစားလုပ်ရင်း ထိခိုက်နိုင်တဲ့ ထိခိုက်မှုတွေကတော့ အများကြီးပါ။ ထိခိုက်ဒဏ်ရာအလိုက် လက္ခဏာတွေကလည်း ကွာခြားနိုင်ပါတယ်။ အဖြစ်အများဆုံး အားကစားလုပ်ရင်း ထိခိုက်မိနိုင်တဲ့ ထိခိုက်မှုတွေကတော့

အရွတ်စုတ်ခြင်း – လေ့ကျင့်ခန်းတွေ အပြင်းအထန်လုပ်တာ၊ နာကျင်နေတာကို မနားဘဲ လေ့ကျင့်ခန်းတွေ ဆက်လက်လုပ်ဆောင်တာကြောင့် အရိုးနှစ်ခုကို တွယ်ဆက်ပေးထားတဲ့ အရွတ်တွေ စုတ်ပြဲတာ၊ ထိခိုက် သွားတာမျိုးပါ။

ကြွက်သားနာကျင်ခြင်း – ရေလုံလောက်အောင် မသောက်တာ၊ လေ့ကျင့်ခန်းတွေကို ပြင်းပြင်းထန်ထန်လုပ်ဆောင်မှုတွေကြောင့် ကြွက်သားတွေ နာကျင်တာပါ။ ကြွက်သားမှာ ဒဏ်ဖြစ်တာ၊ စုတ်ပြဲတာမျိုးတွေပါ ခံစားရနိုင်ပါတယ်။

ဒူးနာခြင်း – အားကစားလုပ်တာကြောင့် အများဆုံးထိခိုက်နိုင်တဲ့ အစိတ်အပိုင်းတစ်ခုက ဒူးပါ။ ဒူးနာတာက ဒူးဆစ် ထိခိုက်မိတာကနေစလို့ တစ်ရှူးတွေ၊ အရွတ်နဲ့။ ကြွက်သားတွေ ထိခိုက်မှုအထိ အမျိုးမျိုး ဖြစ်နိုင်ပါတယ်။

ကြွက်သားရောင်ခြင်း – ကြွက်သားရောင်တာက ထိခိုက်မှုတွေကြောင့် ဖြစ်နိုင်သလို ကြွက်သားကို လုံလောက်တဲ့ နားနေမှု မပေးတာ၊ အာဟာရနဲ့ ရေမပြည့်ဝတာတွေကြောင့်ဖြစ်နိုင်ပါတယ်။

ခြေချင်းဝတ်အရွတ်စုတ်ခြင်း – ခြေချင်းဝတ်က အရွတ်က ပါးလွှာပေမယ့် ခိုင်ခန့်ပါတယ်။ လေ့ကျင့်ခန်းတွေ ပြင်းပြင်းထန်ထန် လုပ်တဲ့အခါ အရွတ်စုတ်ပြဲနိုင်သလို ရုတ်တရက် ခြေခေါက်လဲတာကြောင့်လည်း အရွတ်စုတ်ပြဲ နိုင်ပါတယ်။ ဒီအရွတ်စုတ်ပြဲတဲ့အခါ လမ်းလျှောက်ဖို့ ခက်တာ၊ အထိမခံနိုင်အောင် နာကျင်တာမျိုး ခံစားရနိုင်ပါတယ်။

အရိုးကျိုးခြင်း – အရိုးကျိုးတာကတော့ ထိခိုက်မှုတွေကြောင့် ဖြစ်တာများပါတယ်။

အဆစ်လွဲခြင်း – အရိုးတွေ ပုံစံတကျ မရှိတဲ့ အနေအထားမျိုးပါ။ အရေိုးကို အားနဲ့ ထိခိုက်မိတဲ့အခါ အဆစ်လွဲတာမျိုး ဖြစ်နိုင်ပါတယ်။ အဆစ်လွဲတဲ့အခါ အဆစ်လွဲတဲ့နေရာက ရောင်ရမ်းတာ၊ အားပြုဖို့ခက်တာမျိုး ခံစားရနိုင်ပါတယ်။

ဘယ်လို သက်သာအောင်လုပ်ရမလဲ။

အားကစားလုပ်ရင်းဖြစ်တဲ့ ထိခိုက်မှုတွေက ပုံမှန်အားဖြင့် မပြင်းထန်ဘူးဆိုရင် အိမ်တွင်းကုထုံးလေးတွေလုပ်ရင်း သက်သာသွားတာ များပါတယ်။

ထိခိုက်မိပြီး ၄၈ နာရီကနေ ၇၂ နာရီအတွင်းမှာ ထိခိုက်မိတဲ့နေရာကို အနားပေးပါ။

  • အရောင်ကျစေဖို့အတွက် ရေခဲကပ်ပါ။
  • ရေနွေးဝတ်ကပ်ပါ။
  • အကိုက်အခဲပျောက်ဆေး သောက်ပါ။
  • ဆေးလိမ်းပါ။
  • အာဟာရပြည့်ဝအောင် စားပါ။
  • ရေများများသောက်ပါ။

ဒီလိုတွေ လုပ်ပေမယ့် သက်သာလာမရှိဘူး၊ ထိခိုက်တဲ့နေရာက ပိုနာလာမယ်ဆိုရင်တော့ ဆေးခန်းကို အမြန်ဆုံးသွားရောက်ဖို့ ပြောပါရစေ။

ဘယ်လိုကာကွယ်မလဲ။

အားကစားလုပ်ရင်း ထိခိုက်ဒဏ်ရာရတာ ကင်းစေဖို့အတွက်

  • လေ့ကျင့်ခန်း မလုပ်ခင်သွေးပူလေ့ကျင့်ခန်း လုပ်ပါ
  • လေ့ကျင့်ခန်းကို ဖြည်းဖြည်းမှန်မှန်ပဲ လုပ်ပါ
  • အပြင်းအထန် လုပ်တာမျိုးကို ရှောင်ပါ
  • အနေအထား မှန်မှန် လုပ်ပါ
  • ထိုက်သင့်တဲ့ ကာကွယ်မှုတွေ လုပ်ပါ (ဒူးကာ ဝတ်တာမျိုး၊ အားကစားဖိနပ်စီးတာမျိုးပါ)
  • နည်းစနစ် မှန်မှန် လုပ်ပါ။

Takeaways

အားကစားလုပ်တာက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် အားကစားလုပ်ရင်း မတော်တဆ ထိခိုက်တာတွေ မဖြစ်စေဖို့ သေချာလေး ဂရုစိုက်မှုတွေလုပ်သင့်သလို ဖြစ်လာခဲ့ရင်လည်း သေချာလေး သက်သာအောင် လုပ်ဆောင်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Aye Thi Mon မှ ရေးသားသည်။ · 22/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement