backup og meta

ဒဏ်ရာကင်းဝေး လေ့ကျင့်ရေး (ဘေးကင်းစေရန် အကြံပြုချက် ၁၁ ချက်)


Dr. Thant Zin မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဒဏ်ရာကင်းဝေး လေ့ကျင့်ရေး (ဘေးကင်းစေရန် အကြံပြုချက် ၁၁ ချက်)

    ဒဏ်ရာကင်းဝေး လေ့ကျင့်ရေး (ဘေးကင်းစေရန် အကြံပြုချက် ၁၁ ချက်)

    ကိုယ်လက်လှုပ်ရှားမှုများများလုပ်ခြင်းဟာသင့်ရဲ့ဆီးချိုရောဂါကိုရောအလုံးစုံသောကျန်းမာရေးအတွက်ပါ ကောင်းမွန်စေပါတယ်။ ဒါပေမယ့် ပျော်ရွှင်နှစ်သက်စရာကောင်းပြီးဘေးကင်းဖို့တော့လိုပါတယ်။ အခုဖော်ပြမယ့် အချက်တွေမှာတော့ လေ့ကျင့်ခန်းပြုလုပ်စဉ် ဒဏ်ရာရခြင်း၊ ရေဓါတ်ခမ်းခြောက်ခြင်းနဲ့ သွေးတွင်းသကြားဓါတ်နည်းသွားခြင်းတွေကိုဘယ်လိုကာကွယ်ရမယ်ဆိုတာအကြံပေးထားပါတယ်။

  • ယခင်ကလေ့ကျင့်ခန်းမလုပ်ဖူးရင် ဖြည်းဖြည်းပဲစတင်ပါ။ သင့်ကျန်းမာရေးအတွက် သိပ်စိတ်မချရင် ဘယ်လိုလေ့ကျင့်ခန်းတွေဟာသင့်အတွက် ဘေးအကင်းဆုံးဖြစ်မယ်ဆိုတာကျန်မာရေးစောင့်ရှောက်ပေးတဲ့ အဖွဲ့နဲ့ တိုင်ပင်ပါ။ သူတို့ပေးတဲ့အကြံတွေဟာသင့်ရဲ့ နှလုံး၊ သွေးကြော၊ မျက်စိ၊ ကျောက်ကပ်၊ ခြေထောက်နဲ့ အာရုံကြောစနစ်တွေပေါ် မူတည်ပါလိမ့်မယ်။ ယခုအထိတော့ ဆီးချိုဝေဒနာရှင် အတော်များများဟာသာမန်လူတွေလုပ်တဲ့ လေ့ကျင့်ခန်းအတိုင်းပဲလိုက်လုပ်နိုင်ပါတယ်။
    • လေ့ကျင့်ခန်းမစခင် ၅ မိနစ် သွေးပူအောင်ကိုယ်လက်လှုပ်ရှားပါ။ လေ့ကျင့်ခန်းပြီးချိန်တွင်လည်း ၅မိနစ်ခန့် အကြောလျှော့ပါ။သွေးပူလေ့ကျင့်ခန်းနဲ့အကြောလျှော့ခြင်းဟာလုပ်တဲ့လေ့ကျင့်ခန်းထက် ပိုပြီးသက်သက်သာသာရှိဖို့ လိုပါတယ်။ သွေးလည်ပတ်မှုကောင်းစေပြီးအဆစ်အမြစ်တွေ သွေးပူလာစေပါတယ်။
    • အရမ်းအေးတဲ့အချိန် အရမ်းပူတဲ့အချိန် လေ့ကျင့်ခန်းလုပ်ခြင်းရှောင်ကြဉ်ပါ။ ရာသီဥတုပြင်းထန်ချိန်မှာခန်းမတွင်းလှုပ်ရှားမှုသာလုပ်ဆောင်ပါ။
    • ရေဓါတ်မခမ်းအောင် လေ့ကျင့်ခန်းမလုပ်မီ၊ လုပ်စဉ်နဲ့ လုပ်ပြီးတဲ့အခါ ရေများများသောက်ပါ။
    • သကြားဓါတ်ကျလာပြီထင်ရင် စစ်ဆေးပါ။ ကစီဓါတ်ရစေမယ့် စားစရာတစ်ခုခုကိုအမြဲဆောင်ထားပါ။ ဒါမှ သွေးတွင်းသကြားဓါတ် ကျချိန်မှာအသင့်ကုသနိုင်မှာဖြစ်ပါတယ်။ အထူးသဖြင့် အင်ဆူလင်သုံးနေရသူများ၊ အမျိုးအစား (၁) ဆီးချိုရှိသူများအတွက် ပိုအရေးကြီးပါတယ်။
    • တစ်နာရီ နှစ်နာရီထက် အချိန်ကျော်လွန်ပြီးလေ့ကျင့်မယ်ဆိုရင်ကစီဓါတ်ရစေတဲ့ အားကစားသမားသုံးအချိုရည်တစ်မျိုးဆောင်ထားဖို့လိုပါတယ်။ ဒါပေမယ့် ပါဝင်တဲ့ဓါတ်တွေကို စစ်ဆေးဖို့ဂရုစိုက်ပါ။ ရေပါများများသောက်ပေးဖို့ လိုပါတယ်။ ဒါမှ အချိုရည်အများကြီးမသောက်ဖြစ်ဘဲသကြားဓါတ်ထိုးတက်ခြင်းကိုမဖြစ်စေမှာပါ။
    • ရောဂါနဲ့ပတ်သက်တဲ့ အထောက်အထားပါဝင်တဲ့ လက်ပတ်၊ လည်ဆွဲ၊ ကတ်ပြားတစ်ခုခုဆွဲထားခြင်းဖြင့် သင့်မှာဆီးချီုရောဂါရှိကြောင်းသိပြီးအရေးပေါ်အခြေအနေမှာအကူအညီရနိုင်ပါတယ်။ လိုအပ်ရင် အကူအညီတောင်းရအောင် ဖုန်းဆောင်ထားပါ။
    • လေ့ကျင့်ခန်းတွေဟာအင်အားဖြစ်စေဖို့ပါပဲ။ သိပ်ခက်ခဲနေတာမျိုးမဟုတ်ရပါ။မိမိကိုယ်ကို အရမ်းတွန်းအားပေးမိနေသလား စကားပြောကြည့်ပြီးစစ်ဆေးပါ။ အသက်ရှူမြန်ပြီး စကားမပြောနိုင်ရင် လျှော့လုပ်ပါ။ ဒါဟာလေ့ကျင့်ခန်းကိုစလုပ်ခါစအချိန်တွေမှာပိုအရေးကြီးပါတယ်။ သင် ကျန်းမာရေးကောင်းရင်တော့ပိုပြီးပြင်းပြင်းလုပ်နိုင်ပြီးလုပ်နေစဉ်မှာတခြားသူတွေနဲ့ စကားပြောဆိုနိုင်မှာ ဖြစ်ပါတယ်။
    • သင်နဲ့ တော်တဲ့ ဖိနပ်၊ သန့်ရှင်းသောခြေအိတ်များ ဝတ်ဆင်ပါ။ဖိနပ်မစီးမီဖိနပ်အတွင်းစစ်ဆေးပါ။ ဆီလီကာဂျယ်ပါဝင်တဲ့ လေဝင်ပေါက်ပါတဲ့ ဖိနပ်မျိုးတွေဟာလမ်းလျှောက်သလိုမျိုးအလေးချိန်ထမ်းရတဲ့ လှုပ်ရှားမှုတွေအတွက် ကောင်းပါတယ်။ သူတို့ဟာသင့်ခြေထောက်နဲ့ အဆစ်တွေကို ဖိအားမများစေဖို့ ချုပ်လုပ်ထားတာ ဖြစ်ပါတယ်။ ပွတ်တိုက်မှုနည်းတဲ့၊ စိုထိုင်းမှုကိုဖယ်ရှားပေးနိုင်တဲ့ ခြေအိတ်တွေဟာသင့်ခြေထောက်အတွက် သင့်တော်ပါတယ်။ ဥပမာ- CoolMax၊ polypropylene နဲ့ acrylic ပါဝင်တဲ့ အမျိုးအစားတွေ ဖြစ်ပါတယ်။
    • လေ့ကျင့်ခန်းမလုပ်မီနဲ့ လုပ်အပြီးမှာခြေထောက်မှာအရည်ကြည်ဖုထတာ၊ နီရဲ၊ ယားယံတာရှိမရှိစစ်ဆေးပါ။ ခြေထောက်ဒဏ်ရာရရင်၊ အနာကျက်နှေးတဲ့ အရည်ကြည်ဖု၊ အကွဲအရှနဲ့ အနာတွေ့ရင် ဆရာဝန်နှင့် ဆွေးနွေးပါ။
    • နာကျင်ခြင်း၊ အသက်ရှူရခက်ခြင်း၊ သတိလစ်ခြင်းစတာတွေဖြစ်ရင် လေ့ကျင့်ခန်းရပ်နားထားပါ။ သင်ယခင်မဖြစ်ဖူးတဲ့ လက္ခဏာတွေကြုံလာရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 14/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement