လိုအပ်တဲ့ အားအင်တွေရရှိနိုင်ဖို့ အစာမစားထားတဲ့အတွက် လေ့ကျင့်ခန်းလုပ်တဲ့အခါ ပုံမှန်လောက် လုပ်ဆောင်နိုင်မှာမဟုတ်တဲ့အပြင် အကျိုးရလဒ်လည်း မကောင်းနိုင်ပါဘူး။
၂။ ထိခိုက်ဒဏ်ရာရနိုင်ခြေပိုများခြင်း။
ခန္ဓာကိုယ်က လှုပ်ရှားသွားလာဖို့အတွက် အားအင်တွေလိုအပ်သလို ဦးနှောက်ကလည်း လုပ်ငန်းတွေ ကောင်းကောင်းလုပ်နိုင်ဖို့ အတွက် glucose ကို လိုအပ်ပါတယ်။ အစာမစားထားတဲ့အခါ ဦးနှောက်ကလည်း glucose လို့ခေါ်တဲ့ သကြားဓာတ်တွေ မရနိုင်တဲ့အတွက် ကောင်းကောင်းမစဉ်းစားနိုင်ဘဲ အာရုံထွေပြားနေနိုင်ပါတယ်။ အဲဒီလို အာရုံစူးစိုက်မှုတွေ လျော့ကျခြင်းကြောင့် နောက်ဆက်တွဲအနေနဲ့ ဘေးပတ်ဝန်းကျင်ကို သတိမပြုမိနိုင်ဘဲ မတော်တဆ ထိခိုက်မှုတွေကို ပိုပြီးဖြစ်စေနိုင်ပါတယ်။
၃။ ကြွက်သားဆုံးရှုံးနိုင်ခြင်း။
၂၀၁၅ ခုနှစ်က လေ့လာတွေ့ရှိချက်တစ်ခုအရ အစာမစားဘဲ နိုးနိုးချင်းမှာ လေ့ကျင့်ခန်းတွေလုပ်တာဟာ cortisol လို့ခေါ်တဲ့ ဟော်မုန်းလေးတွေကို များစေပါတယ်။ အဲဒီ ဟော်မုန်းလေးတွေများလာတဲ့အခါ ကြွက်သားတွေမှာရှိတဲ့ အသားဓာတ်(ပရိုတင်းဓာတ်)တွေကို ဖျက်ဆီးနိုင်တဲ့အတွက် ကြွက်သားဆုံးရှုံးမှုကို ဖြစ်စေပါတယ်။
၄။ ရေရှည်အတွက် ထိရောက်မှုမရှိခြင်း။
စစပိုင်းမှာတော့ အစားအစာတွေက အားအင်မရတဲ့အတွက် အဆီတွေကို ဖြိုခွဲပြီး အဆီတွေအများကြီးလောင်ကျွမ်းသွားနိုင်ပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်က အဆီတွေလောင်ကျွမ်းတာ များထားတဲ့အတွက် ပြန်ပြီးထိန်းညှိတဲ့ လုပ်ငန်းအရ နောက်ပိုင်းမှာ glucoseနဲ့ ကစီဓာတ်တွေကိုပဲ ပိုဖြိုခွဲပြီး အဆီတွေ လောင်ကျွမ်းတာကို နည်းအောင် ပြန်ထိန်းညှိပေးတဲ့အတွက် ကြာလာတဲ့အခါ ထိရောက်မှုမရှိတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် ၂၀၁၄ ခုနှစ် လေ့လာချက်တစ်ခုအရ လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာ အစာရှိရှိ၊ မရှိရှိ အချိန်ကြာလာတဲ့အခါမှာ အဆီတွေကို လောင်ကျွမ်းနိုင်တဲ့ ပမာဏက အတူတူလောက်ပဲ ဖြစ်နေတာကို တွေ့ရပါတယ်။
ဒါ့ကြောင့် ရေရှည်အတွက်လည်း အဆင်ပြေပြီး ကျန်းမာရေးအတွက်လည်း ကောင်းမွန်အောင် သင့်တော်တဲ့ အစားအစာလေးတွေ စားပြီးမှ လေ့ကျင့်ခန်းတွေလုပ်ကြဖို့ ဒီဆောင်းပါးလေးကနေ အကြံပြုချင်ပါတယ်။ ကျန်းမာကြပါစေ။
ရေးသားသူ – Khine Phoo Ngon
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။