backup og meta

ပြေးနေစဉ် ဖြစ်နိုင်ချေရှိသော အန္တရာယ်များ


Khine Phoo Ngon မှ ရေးသားသည်။ · 01/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပြေးနေစဉ် ဖြစ်နိုင်ချေရှိသော အန္တရာယ်များ

    ပြေးလွှားခြင်းဟာ ရိုးရှင်းတယ်လို့ထင်ရပေမယ့် ပြေးလွှားရင်း ဖြစ်လာနိုင်တဲ့ မကောင်းတဲ့ အန္တရာယ်တွေရှိပါတယ်။ မာရသွန်ပြေးရင်း လူတွေမူးမေ့နိုင်ချေ (သို့) ထိခိုက်ဒဏ်ရာရနိုင်ချေ ဟာ အလွန်များပါတယ်။

    အဲဒါကြောင့် အပြေးသမားတွေအတွက် ဒီလို မရှောင်ရှားနိုင်တဲ့ အန္တရာယ်တွေကို ဘယ်လိုဖြေရှင်းရမယ် ဆိုတာ အပြေးလေ့ကျင့်သူတွေ အတွက် သိမှ ဖြစ်မယ့် အချက်တွေပဲဖြစ်ပါတယ်။

    ကြွက်တက်ခြင်း။

    ပြေးလွှားတဲ့အခါမှာ ကြွက်တက်ခြင်းဟာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ လူတွေက အချိန်တိုင်းမှာ ကြွက်တက်ခြင်း ဖြစ်နိုင်ပါတယ်။ ဘောလုံးကွင်းတွေမှာ၊ လျှောက်လမ်းတွေမှာ၊ တင်းနစ်ကွင်းတွေမှာ တစ်စုံတစ်ယောက်က ခြေထောက်ကို ကိုင်ပြီး မြေပြင်၊ ကွင်းပြင်ပေါ်ထိုင်နေတာတွေက အမြဲတမ်းမြင်နေကျ တွေပါ။

    ကြွက်တက်တယ်ဆိုတာကတော့ ကြွက်သားတွေ အလွန်အကျွံ အလုပ်လုပ်ရတဲ့ အတွက် ကြွက်သားတွေ မကျုံ့သင့်တဲ့အချိန်မှာ လည်း ကျုံ့နေတာတွေကြောင့် ဖြစ်လာရတာပါ။ ကြွက်တက်ခြင်း ဖြစ်လာပြီဆိုရင် သင် အကောင်းဆုံးလုပ်နိုင်တာတွေက အသက်ပြင်းပြင်းရှု၊ စိတ်ငြိမ်ငြိမ်ထား၊ ထိုင်ချပြီး အကြောလျှော့ခြင်းစတင်လုပ်ဆောင်ပါ။

    အကြောလျှော့ခြင်းက ကြွက်တက်တာကို အတော်အသင့် ထိရောက်မှုရှိတယ်လို့ သိရပါတယ်။ ရိုးရှင်းတဲ့ အကြောလျှော့ခြင်းလေ့ကျင့်ခန်းတွေ ဟာ ကို လုပ်ဆောင်ဖို့လွယ်ကူပါတယ်။ ဘာကြောင့်လည်းဆိုတော့ သင်လုပ်ဖို့လိုအပ်တာက ကြွက်တက်နေတဲ့နေရာတွေကို အကြောလျှော့တဲ့ အနေအထားနဲ့ ၃မိနစ်မှ ၅ မိနစ်လောက်ထိ ထားဖို့ပါပဲ။

    ပြိုင်ပွဲမှ ရပ်နားလိုက်ခြင်း (သို့) တဖြည်းဖြည်းမှ ပြန်လည်စတင်ခြင်းက ပိုကောင်းပါတယ်။ အရင်ပြေးနှုန်းအတိုင်း ဆက်ပြေးနေဖို့ မသင့်တော်ပါဘူး။

    အဆစ်များ ထိခိုက်ဒဏ်ရာရပျက်စီးခြင်း။

    ပြေးလွှားခြင်းမှာ အဆစ်တွေဟာ အခြေခံအစိတ်အပိုင်းတစ်ခု အနေနဲ့ လုပ်ငန်းတွေ လုပ်ဆောင်ပေးနိုင်တဲ့အတွက် ကျွန်ုပ်တို့ရဲ့ အဆစ်တွေဟာ တန်ဖိုးရှိပြီး အရေးကြီးပါတယ်။ ပြေးလွှားတဲ့အချိန်မှာ ကျွန်ုပ်တို့ရဲ့ အဆစ်မြစ်တွေကို ကြားခံပြီးခန္ဓါကိုယ်နဲ့ မြေပြင်နဲ့ထိရပါတယ်။ တစ်နည်းအားဖြင့် အဆစ်တွေက မကြာခဏ အကြိတ်ခံရပြီး ဒူးခေါင်းဒဏ်ရာရရှိခြင်း ဖြစ်စေနိုင်ပါတယ်။

    အမျိုးသားတွေက အမျိုးသမီးတွေထက် အလေးချိန်ပိုများတဲ့ အတွက် ဒဏ်ရာရနိုင်ချေလည်း ပိုများပါတယ်။ အဆစ်အမြစ်တွေ ဒဏ်ရာရတာကို ရှောင်ကြင်ဖို့အတွက် ဘယ်နေရာမှာ ပြေးမလဲဆိုတာသေချာ ရွေးချယ်ဖို့ အရေးကြီးပါတယ်။ မြေပြင်ညီတဲ့ (သို့) ပျော့တဲ့နေရာတွေ ဖြစ်တဲ့ အပြေးလေ့ကျင့်ရေးကွင်း၊ မြေပြင် အကျယ်ကြီးများ၊ မြက်ခင်းပြင် (သို့) သဲခင်းလမ်းများမှာ ပြေးတာဟာ မြေကြီးနဲ့ ထိတဲ့ အားကို လျော့စေပါတယ်။

    သင့် ဒူးခေါင်းမှာ ပြသနာဖြစ်နေပြီလို့ ခံစားရပြီးဆိုတာနဲ့ ပြိုင်ပွဲ ၊ (သို့) ပြေးတာကို ရပ်ပြီး ဆေးကုသမှုခံယူရမှာပါ။ မိမိကိုယ်ကို တွန်းအားပေးခြင်းက အခြေအနေကို ပိုဆိုးစေတာပဲ ရှိမှာပါ။ ဒါ့အပြင် မပြေးခင်မှာ သင့်ရဲ့ ကိုယ်အလေးချိန်ကို လည်းစဉ်းစားကြည့်ထားရပါမယ်။ ဘာကြောင့်လည်းဆိုတော့ အလေးချိန်ပိုများတဲ့သူတွေဟာ ထိခိုက်ဒဏ်ရာရနိုင်ဖို့ အခွင့်အလမ်းပိုများနိုင်လို့ပါ။

    နှလုံးနဲ့ ပတ်သက်သော အန္တရာယ်များ။

    ဒီ ဖော်ပြခဲတဲ့ အချက်၃ခုထဲမှာ အန္တရာယ် အများဆုံးဖြစ်တဲ့ နှလုံးနဲ့ ပတ်သတ်တဲ့ အန္တရာယ်တွေမှာ မူးမေ့ခြင်း (သို့) အဲဒါထက်ပိုဆိုးတာတွေ၊ ရုတ်တရက် နှလုံးခုန်ရပ်သွားခြင်း တွေပါဝင်နိုင်ပါတယ်။ မိသားစုမှာ နှလုံးရောဂါ အခံရှိတဲ့ သူတွေ (သို့) ကိုလက်စတီရော များနေသူတွေဟာ ပိုပြီး အန္တရာယ်များပါတယ်။

    နှလုံးနဲ့ သက်ဆိုင်တဲ့ အခြေအနေတွေ ဖြစ်လာပြီဆိုရင်တော့ အကူအညီ တောင်းဖို့က လွဲပြီး ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် လေ့ကျင့်တဲ့ အချိန်ဇယားကို သေချာဆွဲထားသင့်ပါတယ်။ ဒါ့အပြင် ဆရာဝန်ထောက်ခံချက်လည်းရယူထားသင့်ပါတယ်။ သင့် ခန္ဓါကိုယ်က ဘာလုပ်နိုင်တယ်ဆိုတာ ကို အမြဲတမ်း သတိထားနေရမှာ ဖြစ်ပြီး အဲဒီလုပ်နိုင်တာထက်ပိုပြီး မလုပ်ဆောင်သင့်ပါဘူး။

    ပြေးလွှားတဲ့ အချိန်အများစုဟာ သင်အနားရယူနိုင်ခြင်း၊ သင့်ဘ၀ အကြောင်းစဉ်းစားနိုင်ခြင်း၊ သင့်ကိုယ်သင် ပိုနားလည်လာနိုင်ခြင်း၊ အလုပ်များမယ့်နောက်ရက်တွေ အတွက် ကိုယ့်ကိုကိုယ်ပြင်ဆင်နိုင်ခြင်း စတဲ့ ပျော်ရွှင်ဖွယ် အချိန်တွေပဲဖြစ်ပါတယ်။

    အကြောလျှော့ခြင်း၊ သွေးပူလေ့ကျင့်ခန်းသေချာလုပ်ခြင်း၊ (သို့) သင်လိုချင်တဲ့ အရှိန်ကို တဖြည်းဖြည်း ချင်းရအောင်ယူခြင်း စတဲ့ သင့်ရဲ့ ပြေးလွှားခြင်းလုပ်ဆောင်ရန်အတွက် လုပ်သင့်တဲ့ လုပ်ငန်းဆောင်တာတွေကို ပုံမှန်လုပ်ဆောင်ပါက အရာရာ အဆင်ပြေစေနိုင်မှာပါ။

    ဒါပေမယ့် အပေါ်မှာ ဖော်ပြခဲ့တဲ့ အန္တရာယ်တစ်ခုခုတွေ့ကြုံလာပြီဆိုရင်တော့ စိတ်ငြိမ်ငြိမ်ထား၊ အခြေအနေကိုသေချာလေ့လာပြီး လုပ်သင့်တာတွေကို လုပ်ဆောင်ရပါမယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Khine Phoo Ngon မှ ရေးသားသည်။ · 01/04/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement