backup og meta

လေ့ကျင့်ခန်းလုပ် တာကြောင့် ခါးမနာစေဖို့

လေ့ကျင့်ခန်းလုပ် တာကြောင့် ခါးမနာစေဖို့

ကျန်းမာဖို့ လေ့ကျင့်ခန်း လုပ်ပါတယ်ဆိုမှ လေ့ကျင့်ခန်းလုပ် ပြီး ထိခိုက်ဒဏ်ရာရတယ်ဆိုတာ မဖြစ်သင့်ပါဘူး။ အထူးသဖြင့်တော့ Gym ဆော့တဲ့ သူတွေက နောက်ရက်ဆို ကိုယ်လက်တွေ ကိုက်ခဲတော့  ဆက်မဆော့နိုင်ဘူးလို့ ညည်းတွားကြပါတယ်။ အဓိကကတော့ ခါးနာလို့ပါပဲ။ ဒီနေ့ Gym ဆော့ပြီး နောက်နေ့ ခါးနာတဲ့အတွက် Gym ကို ဆက်မသွားနိုင်တော့ပါဘူး။ ဒီလိုနဲ့ပဲ လေ့ကျင့်ခန်း လုပ်မယ်ဆိုတဲ့ ပလန်လေး ပျက်သွားပါလေရော။ အခုတစ်ခေါက်တော့ လေ့ကျင့်ခန်းလုပ် တာကြောင့် ခါးမနာစေဖို့ သတိထားရမယ့် အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

လေ့ကျင့်ခန်းလုပ်ရင် ဘာကြောင့် ခါးနာတာလဲ။

တကယ်တော့ လေ့ကျင့်ခန်းလုပ် တယ်ဆိုတာက ကြွက်သားတွေ၊ အရိုးအဆစ်တွေ သန်မာစေဖို့ပါ။ ကြွက်သားနာကျင်တဲ့သူတွေကိုတောင် အနာသက်သာဖို့ လေ့ကျင့်ခန်းတွေ လုပ်ခိုင်းလေ့ရှိပါတယ်။ ဒါပေမယ့် လေ့ကျင့်ခန်း လုပ်ပြီး နောက်နေ့မှာ ဘာကြောင့် ခါးတွေ နာကြတာလဲ။

လေ့လာချက်တွေအရတော့ ဒီအချက်တွေကြောင့်ပါတဲ့။

  • အကြောမလျှော့တာ
  • လေ့ကျင့်ခန်းလုပ် တဲ့ ကိုယ်နေဟန်ထား မမှန်တာ
  • အလေးအပင်တွေ မလွန်းတာ
  • တစ်ရက်တည်းနဲ့ အပြင်းအထန် လုပ်တာ
  • နဂိုတည်းက ခါးနာတဲ့ ဝေဒနာ ရှိနေတာကြောင့်ပဲ ဖြစ်ပါတယ်။

လေ့ကျင့်ခန်းလုပ် တာကြောင့် ခါးမနာစေဖို့

လေ့ကျင့်ခန်းကို ပုံမှန်မလုပ်ဖြစ်အောင် တားဆီးနေတဲ့ အကြောင်းရင်းတွေထဲမှာ ခါးနာတာလည်း ပါပါတယ်။ ခါးက ကိုယ်လက်လှုပ်ရှားမှုရဲ့ ပင်မထောက်တိုင်ဖြစ်တာကြောင့် ခါးနာသွားရင် တစ်ကိုယ်လုံး လှုပ်ရှားဖို့ ခက်မှာပါ။ ဒါ့ပြင် ခါးနာတာက ပြန်လည်သက်သာဖို့လည်း အချိန်ယူပါတယ်။

ဒါကြောင့် လေ့ကျင့်ခန်းလုပ် တာကြောင့် ခါးမနာစေဖို့ အောက်ပါအချက်တွေကို လိုက်နာသင့်ပါတယ်။

  • အကြောလျှော့ပါ။

လေ့ကျင့်ခန်း မလုပ်ခင်မှာရော လုပ်အပြီးမှာရော အကြောလျှော့ဖို့ လိုပါတယ်။ အကြောလျှော့တာက ကြွက်သားတွေကို ပျော့ပျောင်းစေတဲ့အတွက် လေ့ကျင့်ခန်းလုပ် အပြီးမှာ ခါးအပါအဝင်၊ ဒူးနဲ့ တခြားနေရာက ကြွက်သားတွေ နာတာကို သက်သာစေပါတယ်။ မတော်တဆ ချော်လဲပြီး ထိခိုက်တာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

  • ကိုယ်နေဟန်ထား မှန်ပါစေ။

အကြောလျှော့တာက စလို့ အလေးမတာ၊ ယောဂကျင့်တာ စတာတွေ အကုန်လုံးမှာ ကိုယ်နေဟန်ထား မှန်ဖို့ လိုပါတယ်။ ဒါမှ အရိုးအဆစ်တွေ အလှည့်အပြောင်းမှာ ကြွက်သားပြဲတာ၊ ကြွက်သားထိခိုက်တာတွေ နည်းမှာပါ။ ကိုယ်နေဟန်ထား မှန်ဖို့ ဆိုရင် သက်ဆိုင်ရာ Gym ဆရာရဲ့ လမ်းညွှန်ချက်ကို လိုက်နာဖို့ လိုပါတယ်။

  • အလေးအပင်မတဲ့အခါ သတိထားပါ။

အလေးအပင်မတဲ့အခါ ကိုယ်နေဟန်ထား မှန်ရုံတင် မကပါဘူး။ ကိုယ် မ နိုင်တဲ့အလေးလည်း ဖြစ်ဖို့ လိုပါတယ်။ အလေးမနေကျမဟုတ်တာကို အတင်းမတဲ့အခါ အဆစ်တွေ၊ ကြွက်သားတွေ နာပြီး နောက်ရက်မှာ ထနိုင်မှာ မဟုတ်ပါဘူး။

လေ့ကျင့်ခန်းလုပ် တာကြောင့် ခါးမနာစေဖို့

  • ကိုယ်နိုင်သလောက်ပဲ လုပ်ပါ။

Gym ဆော့တဲ့ ပထမဆုံးရက်က စိတ်အားအထက်သန်ဆုံးဆိုတော့ အချိန်ကြာကြာနဲ့ ပြင်းပြင်းထန်ထန် လုပ်မိတတ်ပါတယ်။ အကြောလျှော့တာကိုတောင် မလုပ်ဘဲ တန်းပြီး စလုပ်တတ်ပါတယ်။ အလေးကြီးတွေ မတတ်ပါတယ်။ ဒါက ကြွက်သားတွေကို ဒဏ်ဖြစ်စေတာကြောင့် နောက်ထပ် ရက်အတော်ကြာအထိ ပြန်ဆော့နိုင်မှာ မဟုတ်ပါဘူး။

  • ဖြည်းဖြည်းနဲ့ ပုံမှန်လုပ်ပါ။

ဘယ်လိုလေ့ကျင့်ခန်းပဲ ဖြစ်ဖြစ် လုပ်နေကျမဟုတ်ရင် ခန္ဓာကိုယ်က ကျင့်သားရဦးမှာ မဟုတ်ပါဘူး။ သူများတွေ အရိုးအဆစ်တွေ ပျော့ပျောင်းတာ၊ အလေးအကြီးတွေ မနိုင်တယ်ဆိုတာ ရက်ရှည်လများ လေ့ကျင့်ထားတာကြောင့်ပါ။ ဒါကြောင့် ကိုယ်လည်း စိတ်မလောပါနဲ့။ ခန္ဓာကိုယ်ရဲ့ အသံကို နားထောင်ပါ။ တစ်နေ့ကို နည်းနည်းနဲ့ နိုင်သလောက်ပဲ လုပ်ပါ။ ကျင့်သားရပြီဆိုမှ တိုးလုပ်သွားပါ။

  • ခါးနာဝေဒနာရှိရင် အရင်ကုသပါ။

နဂိုတည်းက ခါးနာဝေဒနာရှိတယ် ဒါမှမဟုတ်  ရှေ့အခေါက်က လေ့ကျင့်ခန်း လုပ်ပြီး ခါးနာထားတယ်။ ကောင်းကောင်း မသက်သာသေးဘူးဆိုရင် အပြင်းအထန် မလုပ်ပါနဲ့ဦး။ ကိုယ့်မှာ နဂိုတည်းက ခါးနာဝေဒနာရှိနေရင် အကြောင်းရင်းရှာပြီး အရင်ကုသပါ။ အရင်အခေါက်က ဒဏ်ဖြစ်ထားတာ မသက်သာသေးဘူးဆိုရင် သက်သာအောင် အရင်လုပ်ပါ။ အပြီးမပျောက်သေးတဲ့ ခါးနာဝေဒနာကို အနားမပေးဘဲ အတင်း လေ့ကျင့်ခန်းလုပ် မယ်ဆိုရင် ခါးနာတဲ့ဝေဒနာ ပိုဆိုးသွားနိုင်ပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.nhs.uk/live-well/exercise/pain-after-exercise/

https://www.everydayhealth.com/pain-management/back-pain/dos-donts-lower-back-pain-exercises/

https://familydoctor.org/sore-muscles/

ယခုပုံစံ

21/11/2023

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လေ့ကျင့်ခန်း လုပ်ပြီးနောက် ကြွက်သားတွေ နာကျင်ကိုက်ခဲလာတဲ့အခါ ဒါတွေ လုပ်ကြည့်ပါ။

ထိခိုက်ဒဏ်ရာကြောင့်ဖြစ်တဲ့ ရောင်ရမ်း ခြင်းတွေ သက်သာအောင်ဘာလုပ်ကြမလဲ။


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 21/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement