backup og meta

ပလာစတာတွေ၊ ပတ်တီးတွေက အနာပိုးမဝင်အောင်ဘယ်လိုကာကွယ်ပေးသလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပလာစတာတွေ၊ ပတ်တီးတွေက အနာပိုးမဝင်အောင်ဘယ်လိုကာကွယ်ပေးသလဲ

    ကိုယ့်မှာ အသေးစားထိခိုက်ဒဏ်ရာရထားရင်ပဲဖြစ်ဖြစ် ကြီးကြီးမားမားထိခိုက်ဒဏ်ရာရထားရင်ပဲဖြစ်ဖြစ် လိုအပ်တဲ့ကုသစောင့်ရှောက်မှုကိုမြန်မြန်ဆန်ဆန်လုပ်ဆောင်နိုင်ဖို့ကအရေးကြီးပါတယ်။ အချို့ထိခိုက်မိတဲ့ဒဏ်ရာတွေကိုနေအိမ်မှာပဲကုသလို့ရပါတယ်။ အနာကနက်မယ်၊ သွေးတအားထွက်နေမယ်ဆိုရင်တော့ တတ်ကျွမ်းနားလည်တဲ့သူနဲ့ပြသပေးဖို့လိုပါမယ်။နောက်ထပ်သတိထားရမှာတစ်ခုက ထိခိုက်ဒဏ်ရာတွေရလာတဲ့အခါ အနာပိုးဝင်တာမျိုးမဖြစ်အောင် အနာကိုသေသေချာချာဂရုစိုက်ဖို့ပါ။

    အနာဖြစ်တဲ့အခါ အများကြီးဂရုမစိုက်နိုင်ရင်တောင်မှ အနာကိုသန့်စင်ဆေးကြောပြီး ပလာစတာကပ်ပေးတာမျိုးလုပ်ပေးမယ်ဆိုရင် နောက်ဆက်တွဲပိုးဝင်တာမျိုးမဖြစ်အောင်ကာကွယ်ပြီးဖြစ်ပါလိမ့်မယ်။ အနာကြီးရင်တော့ ပတ်တီးစည်းပေးတာမျိုးလုပ်ရပါမယ်။ ပလာစတာတွေ၊ပတ်တီးတွေက အနာထဲကိုပိုးမဝင်အောင်အကာအကွယ်ပေးနိုင်စွမ်းရှိကြပါတယ်။

    ထိခိုက်ဒဏ်ရာအမျိုးအစားတွေ

    • အရေပြားပေါက်ပြဲဒဏ်ရာ – အရေပြားအတွင်းပိုင်းအထိအောင်ထိခိုက်မိတဲ့ဒဏ်ရာမျိုးပါ။ ချွန်ထက်တဲ့ အရာတွေကိုကိုင်တွယ်အသုံးပြုရင်းက ထိခိုက်မိနိုင်ပါတယ်။ ဒီလိုမျိုးထိခိုက်ဒဏ်ရာတွေရတဲ့အခါ အနာနက်ရင်နက်သလောက်သွေးထွက်များနိုင်ပါတယ်။
    • ပြတ်ရှဒဏ်ရာ – ဓါးနဲ့ထိရှမိတာကြောင့်ဖြစ်နိုင်တဲ့ထိခိုက်ဒဏ်ရာမျိုးပါ။ အပေါ်ယံအရေပြားပြတ်ရှသွားတာဖြစ်တာကြောင့် အနာမရင်းစေဖို့နဲ့ အနာထဲကိုပိုးဝင်တာမျိုးမဖြစ်အောင်သေချာဂရုစိုက်ဖို့လိုပါလိမ့်မယ်။
    • ပွန်းပဲ့ဒဏ်ရာ – မာကျောကြမ်းတမ်းတဲ့မျက်နှာပြင်တစ်ခုခုနဲ့ပွတ်တိုက်မိတဲ့အခါမျိုးမှာ အရေပြားပွန်းပဲ့တာမျိုးဖြစ်နိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ ပွန်းပဲ့ဒဏ်ရာတွေကသွေးသိပ်ထွက်လေ့မရှိကြပါဘူး။ ဒါပေမယ့် ပိုးဝင်ကူးစက်တာမျိုးမဖြစ်အောင်သေသေချာချာဂရုစိုက်ဖို့တော့ လိုပါမယ်။
    • အရေပြားမှာ အပေါက်ဖြစ်စေတဲ့ထိုးစိုက်ဒဏ်ရာ – သံ၊အပ်၊ရေခဲခွဲတံလိုမျိုး ချွန်ထက်တဲ့အရာတွေနဲ့ ထိုးမိတာကြောင့်ဖြစ်တဲ့ထိခိုက်ဒဏ်ရာမျိုးပါ။သေနတ်ကျည်ဆန်မှန်တာကြောင့်လည်းဖြစ်နိုင်ပါသေးတယ်။ ဒီလိုဒဏ်ရာမျိုးကသွေးအများကြီးမထွက်ပေမယ့် ကိုယ်တွင်းအင်္ဂါတွေပျက်စီးစေနိုင်လောက်တဲ့အထိတော့ နက်တတ်ပါတယ်။ တကယ်လို့သင့်အနေနဲ့ အခုလိုထိခိုက်ဒဏ်ရာမျိုးရမယ်ဆိုရင်တော့ ဆရာဝန်ထံသွားပြတာကအကောင်းဆုံးဖြစ်ပါလိမ့်မယ်။မေးခိုင်ကာကွယ်ဆေးထိုးဖို့လည်းလိုအပ်ပါမယ်။

    ထိခိုက်ဒဏ်ရာရတဲ့အခါဘယ်လိုဂရုစိုက်မလဲ

    ထိခိုက်ဒဏ်ရာတစ်ခုခုရလာတဲ့အခါ အရင်ဆုံးလုပ်ရမှာက အနာကိုကိုင်မယ့်လက်ကို သန့်စင်အောင်လုပ်ဖို့ပါ။ပြီးရင်တော့ အနာသွေးတိတ်အောင်လုပ်ရပါမယ်။ အနာပေါ်မှာ အဝတ်စသန့်သန့်လေးတစ်ခုနဲ့ဖိထားတာဖြစ်ဖြစ်၊ရေခဲကပ်ပေးတာဖြစ်ဖြစ်လုပ်ရပါမယ်။ရေခဲအလွယ်တကူမရှိခဲ့ရင်ရေအေးအေးလေးကို အနာပေါ်လောင်းချပြီးဆေးပေးလို့ရပါတယ်။

    နောက်တစ်ဆင့်က အနာကိုသန့်စင်ရပါမယ်။ အနာကိုရေသန့်သန့်လေးနဲ့ ဆပ်ပြာကိုသုံးပြီးသန့်စင်ပေးပါ။ အနာပေါ်ကိုဆပ်ပြာတိုက်ရိုက်သုံးတာမျိုးတော့မလုပ်ပါနဲ့။ အနာစပ်ဖျဉ်းဖျဉ်းဖြစ်နိုင်တာကြောင့်ပါ။ အနာတဝိုက်ကိုပဲသန့်စင်ပေးပါ။ပြီးရင်တော့ အနာမရင်းအောင်ပိုးသတ်ဆေးတစ်ခုခုလိမ်းပေးရပါမယ်။နောက်ဆုံးအနေနဲ့ကတော့ အနာသေးရင် ပလာစတာကပ်ပြီး အနာကကြီးရင်တော့ ပတ်တီးစည်းပေးရပါမယ်။

    ပလာစတာတွေ။ ပတ်တီးတွေကပ်ထားပေးတာက အနာထဲကိုပြင်ပကဖုန်မှုန့်တွေ၊အညစ်အကြေးတွေနဲ့ရောဂါပိုးတွေမဝင်ရောက်နိုင်အောင် ကာကွယ်ပြီးသားဖြစ်မှာဖြစ်ပါတယ်။

    အနာကိုသေချာဂရုမစိုက်ရင်ဘာတွေဖြစ်လာနိုင်သလဲ

    ထိခိုက်ဒဏ်ရာတစ်ခုခုဖြစ်လို့ အနာကိုသေချာဂရုမစိုက်တဲ့အခါ မလိုလားအပ်တဲ့နောက်ဆက်တွဲပြဿနာတွေဖြစ်လာနိုင်ပါတယ်။

    • အနာပိုးဝင်နိုင်တယ်။
    • အနာရင်းနိုင်တယ်။
    • အနာပြည်တည်နိုင်တယ်။
    • အနံ့ဆိုးတွေထွက်နိုင်တယ်။
    • အဖျားတက်နိုင်တယ်။
    • အနာကျက်နှေးနိုင်တယ်။
    • အနာမကျက်တာမျိုးဖြစ်နိုင်ပါတယ်။

    ပတ်တီးတွေ၊ ပလာစတာတွေက အနာကိုဘယ်လိုကာကွယ်ပေးသလဲ

    အနာကိုသေချာဂရုမစိုက်တဲ့အခါ ခံစားရနိုင်တဲ့နောက်ဆက်တွဲပြဿနာတွေကတော်တော်လေးများပါတယ်။ ဒိလိုပြဿနာတွေမဖြစ်အောင်ကာကွယ်လို့ရတဲ့ နည်းလမ်းရှိပါတယ်။ ဒါကတော့ အနာဖြစ်တဲ့သေချာဂရုစိုက်ပေးဖို့ပါ။ အနာကိုအများကြီးဂရုမစိုက်နိုင်အောင် ပလာစတာကပ်တာ၊ ပတ်တီးစည်းထားတာမျိုးလုပ်ပေးပါ။

    • အနာကိုပလာစတာကပ်တာ၊ပတ်တီးစည်းထားတာတွေလုပ်ထားတဲ့အခါ ထိခိုက်မှုကြောင့် အရေပြားပေါက်ပြဲသွားတဲ့နေရာကနေ ပိုးမွှားတွေ၊ဖုန်မှုန့်တွေနဲ့အညစ်အကြေးတွေမဝင်ရောက်အောင်ကာကွယ်ပေးနိုင်ပါတယ်။ရောဂါပိုးတွေကြောင့် အရေပြားတစ်ရှုးတွေထိခိုက်တာမျိုးမဖြစ်အောင်ကာကွယ်ပေးပါတယ်။
    • အနာကိုနေရောင်ကြောင့်ထိခိုက်တာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။
    • အနာကို ပလာစတာကပ်ထားတာ။ ပတ်တီးစည်းထားတာတွေလုပ်ထားတဲ့အခါ အနာကျက်မြန်စေနိုင်ပါတယ်။
    • အနာကိုဓါတ်မတည့်တဲ့အရာတွေနဲ့ထိတွေ့မှုကနေ ကာကွယ်ပေးပါတယ်။
    • အနာကြောင့်ထွက်လာတဲ့သွေးတွေကိုခဲစေပြီးသွေးတိတ်အောင်လုပ်ဆောင်ပေးပါတယ်။
    • အနာကနေထွက်လာတဲ့သွေးနဲ့သားငံရည်တွေကိုစုပ်ယူပေးပြီး အနာကို သန့်စင်ခြောက်သွေ့အောင်လုပ်ဆောင်ပေးပါတယ်။ ပတ်တီးတွေ ပလာစတာတွေက ဒီနည်းနဲ့လည်း အနာကျက်အောင်လုပ်ဆောင်ပေးပါတယ်။
    • အနာကြောင့်နာကျင်မှုတွေကိုလျော့ပါးသက်သာအောင်လုပ်ဆောင်ပေးပါတယ်။
    • အနာကို သူတစ်ပါးရဲ့ ချွေးတွေ၊သွေးတွေနဲ့ထိတွေ့မိတာကြောင့် ပိုးဝင်ကူးစက်တာမျိုးတွေမဖြစ်စေချင်ဘူးဆိုရင်လည်း အနာကို ပတ်တီးစည်းတာ၊ ပလာစတာကပ်တာမျိုးတွေလုပ်ထားပေးလို့ရပါတယ်။
    • အနာကြောင့် အမာရွတ်တွေထင်ကျန်တာမျိုးမဖြစ်အောင်လည်းကာကွယ်ပေးနိုင်ပါတယ်။
    • အနာကျက်မြန်အောင်လည်း လုပ်ဆောင်ပေးပါတယ်။

    အနာပေါ်မှာ ပတ်တီး ဒါမှမဟုတ် ပလာစတာကပ်ထားတဲ့အခါ အနာထဲကိုရေ၊ပြင်ပအရာဝတ္ထုတွေ၊ဖုန်မှုန့်တွေ၊အညစ်အကြေးတွေ၊ ပိုးမွှားတွေမဝင်အောင်ကာကွယ်ပေးနိုင်တာကြောင့် အနာရင်းတာ၊အနာပိုးဝင်တာမျိုးတွေမဖြစ်အာင်ကာကွယ်ပြီးသားဖြစ်သွားမှာလည်းဖြစ်ပါတယ်။ သတိထားသင့်တဲ့အချက်တစ်ခုက ပလာစတာတွေ၊ပတ်တီးတွေညစ်ပေနေခဲ့ရင် လဲလှယ်ပေးဖို့ပါ။ အနည်းဆုံးတစ်နေ့တစ်ကြိမ်တော့လဲလှယ်ပေးပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement