ဆီးချိုဝေဒနာရှင်များ မှားလေ့ရှိတဲ့ အမှားများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

မင်္ဂလာပါ ၊ Hello Sayarwon စာမျက်နှာကနေ ကြိုဆိုပါတယ် ။ ဒီတစ်ခါမှာတော့ ဆီးချိုဝေဒနာရှင်တွေ အမှတ်မှားပြီး ပြုလုပ်လေ့ရှိတဲ့ အမှားတွေကို ဖော်ပြပေးလိုက်ပါတယ်။

ဆီးချိုရောဂါဆိုတာ တစ်သက်လုံးပျောက်တဲ့ ရောဂါ မဟုတ်ပါဘူး ။ ဆီးချိုအဖြေတွေပေါ်မူတည်ပြီး ဆေးနဲ့ အစာနဲ့ ထိန်းပြီး ပေးနေရတဲ့ ရောဂါ တစ်ခုဖြစ်ပါတယ်။ တစ်သက်လုံး အနေအထိုင် ဆင်ခြင်နေရမယ့် ရောဂါတစ်ခု ဖြစ်ပါတယ် ။ ဆီးချိုဝေဒနာရှင် အများစု လုပ်မိတဲ့ အမှားတွေကတော့

ဆီးချို ပုံမှန်တိုင်းလေ့ မရှိခြင်း

ဆီးချိုဝေဒနာရှင်တွေအနေနဲ့ နေ့တိုင်း ဆီးချိုဖောက်နေရလေ့ရှိပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် ပုံမှန်မတိုင်းဖြစ်တတ်သလို ဆီးချိုစစ်ရတဲ့ strip ပြားတွေရဲ့ ဈေးကလည်း သာမန်ပြည်သူတွေအတွက် အနည်းငယ်ဈေးကြီးနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ် ။ ဒါပေမဲ့ အပေါ်မှာ ပြောခဲ့သလိုပဲ ဆီးချိုတိုင်းထားတဲ့ အဖြေတွေပေါ်မူတည်ပြီးတော့ ဆေးပမာဏကို ထိန်းညှိပေးရတာ ဖြစ်တာကြောင့် ဆရာဝန်ပြောတဲ့အတိုင်း ဆီးချိုရောဂါကို  ပုံမှန်တိုင်းဖို့ လိုအပ်ပါတယ် ။

အချိုဓါတ်ကဲတဲ့ အစာများ စားခြင်း

ဆီးချိုဝေဒနာရှင်တွေ အနေနဲ့ အနေအထိုင် ဆင်ခြင်သင့်ပါတယ် ။ အချိုဓါတ်ကဲတဲ့ အစားအစာတွေကို သတိထားစားသောက်သင့်သလို မြန်မာတွေစားလေ့ရှိတဲ့ ထမင်းကလည်း သကြားဓါတ်များလေ့ရှိပါတယ် ။ ဒါ့ကြောင့် အသက်ဉာဏ်စောင့်ဆိုသလို အစာအာဟာရကို သတိထားစားသုံးခြင်းက ဆီးချိုထိန်းစေနိုင်သလို ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲတွေကိုလည်း မဖြစ်အောင် ကာကွယ်နိုင်ပါတယ် ။

ဆီးချိုဆေးများကို မသောက်ဖြစ်ခြင်းနှင့် ဆေးများကို ရွေးချယ်သောက်သုံးခြင်း

ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲရောဂါတွေက များပြားသလို သောက်ရတဲ့ ဆေးတွေကလည်း တစ်ခါတစ်လေ များနေတတ်ပါတယ် ။ ဒါဟာ ဆီးချိုကို ထိန်းဖို့ ဖြစ်သလို ဆီးချို‌ရဲ့ နောက်ဆက်တွဲရောဂါတွေ မဖြစ်အောင် ကြိုတင်ကာကွယ်ထားခြင်းလည်း ဖြစ်တဲ့အတွက် ဆေးများနေရခြင်းပါ။ တချို့လူနာတွေ ပြုလုပ်လေ့ရှိတဲ့ ‘ဆီးချိုပုံမှန်ဖြစ်နေတာပဲ။ ဒီဆေးလေး လွတ်လို့ ဘာမှမဖြစ်ပါဘူး’ ဆိုပြီး ပေးတဲ့ ဆေးတွေကများလို့ ကိုယ့်သဘောနဲ့ကိုယ် ဆေးရွေးသောက်ခြင်းက အန္တရာယ်များပါတယ် ။

ဆရာဝန်ကို သင့်ရောဂါအကြောင်း အကုန်မပြောပြခြင်း

အထူးသဖြင့် ဆီးချိုပုံမှန်မတိုင်းဖြစ်သူများ ၊ ဆေးပုံမှန်မသောက်ဖြစ်တဲ့ လူတွေမှာ ပိုတွေ့ရလေ့ရှိပါတယ် ။ ဆရာဝန် ဆူမှာကြောက်လို့ ကိုယ့်ရောဂါအကြောင်းကို အစုံအလင်မပြောပြခြင်းပါ ။ ဒါဟာ သင့်အတွက် ရေရှည်မှာ အန္တရာယ်ရှိပါတယ် ။ ဆရာဝန်က သင်ဖြစ်နေတဲ့အကြောင်းတွေကို အကုန်အစင်သိမှ ဆေးပမာဏ ချိန်ညှိခြင်း ၊ ဆေးပြောင်းလဲခြင်းတွေကို လုပ်တာ ထိရောက်မှာပါ။ ဆေးပုံမှန်မသောက်လို့ ဆီးချိုမကျခြင်းကို ဆေးမတိုးဘူးထင်လို့ ပမာဏတိုးခြင်းတွေက သာမန်ထက် ဆီးချိုဓါတ်ပြုတ်ကျပြီး ရုတ်တရက် အသက်အန္တရာယ်ရှိစေနိုင်ပါတယ် ။

ရေးသားသူ – Dr.Aung Kyaw Myint

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

    ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
    happy unhappy"

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    အစားအသောက်ပေါ်နားရင်း ယင်ကောင် တွေ လုပ်လေ့ရှိတဲ့ အရာများ

    ယင်ကောင် အစားအသောက် ကျန်းမာရေး သန့်ရှင်းမှု ရောဂါပိုး ကူးစက်ပြန့်ပွားမှု ဘက်တီးရီးယား အညစ်အကြေး နောက်ဆက်တွဲ ရောဂါများ ကြိုတင်ကာကွယ်ခြင်း

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Yun Sandi Nan Mon

    Contact lenses လို့ခေါ်တဲ့ မျက်ကပ်မှန် လေးတွေ တပ်မယ်ဆိုရင်

    မျက်ကပ်မှန် အနီးမှုန် အဝေးမှုန် မျက်မှန် မျက်လုံးထဲကို ပိုးဝင်စေ လက်ဆေး မျက်လုံးခြယ်သ မျက်လုံးခြောက် မျက်စဉ်းဆေး မျှဝေမသုံးသင့် မျက်လုံးယား

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Htet Htet Zaw Win

    Collagen (သို့) နုပျိုခြင်းရဲ့ သော့ချက်

    collagen အလှအပပိုင်းဆိုင်ရာ အသားအရေတင်းရင်းစိုပြေ ပရိုတင်းဓာတ် အရေးအကြောင်း ခရမ်းလွန်ရောင်ခြည် ဆေးလိပ်သောက် အချိုဓာတ် ဗီတာမင် C အရိုးပြုတ်ရည်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Htet Htet Zaw Win

    အသားဆေး ထိုးပြီး ပြည်တည်တဲ့အခါ

    အသားဆေး ပြည်တည် ဘက်တီးရီးယားပိုး ပိုးမသတ် စတီးရွိုက် ဆီးချို အဝလွန် ပိုးသတ်ဆေး ရေနွေးဝတ် တစ်ခါသုံးအပ် ခွဲစိတ်ကုသ ဆေးထိုးတဲ့နေရာ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Htet Htet Zaw Win

    သင့်အတွက် ရွေးချယ်ထားသည်

    သမ်းပါ။ အားရပါးရ သမ်းလိုက်ပါ။

    သမ်းပါ။ အားရပါးရ သမ်းလိုက်ပါ။

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 14, 2020 . 2 mins read
    နှမ်းစေ့လေးကပေးတဲ့ ကျန်းမာရေး

    နှမ်းစေ့လေးကပေးတဲ့ ကျန်းမာရေး

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 14, 2020 . 2 mins read
    နှမ်းကပေးတဲ့ အသားအရေ လှပမှု

    နှမ်းကပေးတဲ့ အသားအရေ လှပမှု

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Aye Thi Mon
    ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 14, 2020 . 1 min read
    ထိုင်နေရင်း သေသွားကြသူများ

    ထိုင်နေရင်း သေသွားကြသူများ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Htet Htet Zaw Win
    ရေးသား ထုတ်ဝေခဲ့သည် ဇူလိုင် 13, 2020 . 2 mins read