သားသမီးလေးတွေ ဖျားနာတဲ့အခါ ဒီလိုဂရုစိုက်ပေးပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

လူဆိုတာက အမြဲကျန်းမာနေမယ့်သူတွေတော့မဟုတ်ပါဘူး။ အခန့်မသင့်တာကြောင့်လည်းဖျားနာနိုင်တယ်ဆိုပေမယ့် လက်ခံဖို့တော့ခက်တယ်နော်။ ကိုယ်တိုင်ဖျားလိုက်လို့ ဘာမှမဖြစ်ဘူး ကိုယ်ချစ်ရတဲ့သူတစ်ဦးဦးများဖျားရင်ခြေမကိုင်မိလက်မကိုင်မိဖြစ်ပြီး ကိုယ်တိုင်သာဖြစ်လိုက်ချင်တော့တယ်ဆိုတဲ့ ခံစားချက်မျိုးဖြစ်ဖူးလား။ ချစ်ရတဲ့မိသားစုဝင်တစ်ဦးဦးဖျားတဲ့အခါ ဘယ်လိုလုပ်လို့လုပ်ပေးရမှန်းမသိဖြစ်နေသူတွေအတွက် ဒီဆောင်းပါးလေးထဲကနေ သတင်းကောင်းပါး ပါရစေနော်။

ချစ်ခင်ရသူတစ်ဦးဦးဖျားနာတဲ့အခါ

ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ – ကိုယ်ချစ်ခင်ရတဲ့သူ တစ်ဦးဦးဖျားနာတဲ့အခါ အရင်ဆုံးဂရုစိုက်ရမှာက ကိုယ်တိုင်ကျန်းမာနေအောင်နေဖို့ပါ။ နည်းနည်းများထူးဆန်းသွားလား။နေမကောင်းတဲ့သူကိုပြုစုဖို့မပြောဘဲ ကိုယ့်ကျန်းမာရေးကိုယ်ဂရုစိုက်ပါပြောလိုက်လို့။နေမကောင်းတဲ့သူကိုပြုစုပေးမယ်ဆိုရင် ကိုယ်တိုင်ကျန်းမာနေမှဖြစ်မှာလေ။ ဒါမှနေရေးထိုင်ရေး စားရေးသောက်ရေးက စလို့ဆေးတိုက်တာဆေးခန်းပို့တာအထိ အသေးစိတ်ဂရုစိုက်ပေးနိုင်မှာပါ။

နေမကောင်းတဲ့သူကို သက်တောင့်သက်သာဖြစ်အောင်ထားပေးပါ -အေးဆေးပြီး သက်တောင့်သက်သာအနားယူနိုင်အောင်လုပ်ပေးပါ။ အိပ်ရာသီးသန့်ခွဲထားပေးတာက အဆင်ပြေဆုံးဖြစ်မှာပါ။ ဒါမှနေမကောင်းတဲ့သူကို ကျန်းမာလာစေမှာဖြစ်သလို အခြားမိသားစုဝင်တွေကို အအေးမိဖျားနာကူးစက်မှုကနေ ကာကွယ်နိုင်မှာပါ။နေမကောင်းတဲ့အခါ သက်တောင့်သက်သာအနားယူတာကမြန်မြန်နလန်ထလာစေဖို့ အထောက်အပံ့ဖြစ်စေပါတယ်။

နေအိမ်ကိုသန့်ရှင်းအောင်ထားပါ -နေမကောင်းတဲ့လူနာကိုပြုစုရတာနဲ့တင် အလုပ်ရှုပ်နေမှာဆိုပေမယ့်နေမကောင်းတဲ့သူက ကိုယ်ခံအားနည်းနေတာကြောင့်နောက်ထပ် အပိုဆုရောဂါတွေဝင်မလာအောင် အိမ်သန့်ရှင်းရေးကိုသေသေချာချာလုပ်ပေးဖို့လိုပါမယ်။ရောဂါပိုးတွေ ကပ်ငြိနေနိုင်တဲ့နေရာတွေကိုသေချာပိုးသတ်သန့်စင်ပေးပါ။နေအိမ်ကိုလေဝင်လေထွက်ကောင်းအောင် ထားပေးဖို့လည်း မမေ့ပါနဲ့။

အရည်များများသောက်ပါ -နေမကောင်းတဲ့အခါ ခန္ဓါကိုယ်မှာရေဓါတ်ပိုမိုဖြည့်တင်းဖို့လိုအပ်ပါမယ်။ ဒါကြောင့် ဘာမှမစားချင်မသောက်ချင်ဘူးဆိုရင်တောင်မှာရေများများသောက်ပေးပါ။ အခြားစွပ်ပြုတ်နဲ့ သစ်သီးဖျော်ရည်တွေသာက်သုံးပေးလို့လည်းရပါတယ်။

ရေနွေးငွေ့ခံခိုင်းပါ – ဒါကလည်း အဖျားကျစေမယ့်နည်းလမ်းတစ်ခုပါ။ ဒါကြောင့်ရေနွေးကို ခပ်နွေးနွေးအချိန်မှာ အဝကျယ်ဇလုံထဲကို ထည့်ပြီးရေနွေးငွေ့ခံခိုင်းပေးပါ။ချွေးလေးစို့လာတဲ့အထိလုပ်ပေးပါ။

ချောင်းဆိုး၊နှာချေတဲ့အခါ တစ်သျှူးသုံးခိုင်းပါ -ချောင်းဆိုးနှာချေတဲ့အခါပြင်ပကိုရောဂါပိုးတွေကူးစက်တာမျိုးမဖြစ်စေဖို့ တစ်သျှူးအသုံးပြုခိုင်းပေးပါ။ ဖျားနေသူကိုယ်တိုင်အတွက်ရော အခြားမိသားစုဝင်တွေကျန်းမာရေးအတွက်ပါ အထောက်အပံ့ဖြစ်စေမှာပါ။

တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်ပေးပါ -နေမကောင်းလို့ရေမချိုးရဘူးဆိုတိုင်း တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်စရာမလိုဘူးလို့မဆိုလိုပါဘူး။ရေပတ်ဝတ်တိုက်ပေးတာမျိုးတော့လုပ်ပေးလို့ရပါတယ်။ အရမ်းအဖျားမကြီးဘူးဆိုရင် နှာစေးနှာပိတ်သက်သာစေဖို့ရေနွေးနဲ့ ခပ်မြန်မြန်ရေချိုးပေးလို့ရပါတယ်။ ဒါကြောင့်နေမကောင်းပေမယ့်လည်း အစားစားခါနီး၊ အစားစားပြီးချိန်၊ ညစ်ပေတဲ့အရာတစ်ခုခုကိုကိုင်တွယ်ထိတွေ့မိတဲ့အခါမျိုးနဲ့ရေအိမ်ကနေထွက်လာတဲ့အချိန်မျိုးမှာ လက်ကိုသေချာသန့်စင်ဆေးကြောပေးတာမျိုးလုပ်ပေးပါ။

ဆေးတိုက်ပါ -တော်ရုံဖျားနာမှုတွေအတွက်ဆေးဆိုင်တွေမှာဆေးဝယ်ပြီးတိုက်ပေးလို့ရပါတယ်။ အရမ်းဖျားတာ၊ တုပ်ကွေးဖြစ်တာမျိုးဆိုရင်တော့ဆေးခန်းသွားပြတာက အကောင်းဆုံးဖြစ်မှာပါ။ Nasal Sprayတွေက နှာခေါင်းပိတ်တာ နှာစေးတာတွေကိုဖြစ်စေတဲ့ ချွဲတွေကိုပျော်စေပြီး ဖျားနာမှုကို သက်သာစေနိုင်ပါတယ်။နောက်ထပ်အဖျားသက်သာစေနိုင်တဲ့နည်းလမ်းတစ်ခုကGargle Wash ကိုသုံးပြီး ခံတွင်းနဲ့ အသက်ရှုလမ်းကြောင်းထဲက ဘက်တီးရီးယားတွေကို ဖယ်ရှားတာပါ။ ဒီလိုမျိုးအသုံးပြုပေးတာကနေမကောင်းတာကြောင့်ဖြစ်လာတဲ့ စိတ်ရှုပ်စရာအခြေအနေတစ်ရပ်လို့ခေါ်ရမယ့် လည်ချောင်းနာတာကို သက်သာစေနိုင်တာပါ။

အာဟာရပြည့်ဝအောင်ေကျွးမွေးပေးပါ -နေမကောင်းတာက ကိုယ်ခံအားကရောဂါတွေကိုတိုက်ထုတ်နိုင်အောင် ကျန်းမာစေဖို့အတွက် လုံလောက်တဲ့အာဟာရဓါတ်တွေမရတာကြောင့်ပါ။ ဒါကြောင့်နေထိုင်မကောင်းတဲ့အခါ အချိုများတာ၊အဆီများတာတွေကိုရှောင်ရှားပေးပြီး ဟင်းသီးဟင်းရွက်တွေ သစ်သီးနဲ့ ပရိုတင်းပြည့်ဝတဲ့အစားအစာတွေကိုများများကျွေးပေးပါ။ပေါ့ပေါ့ပါးပါး လမ်းလျှောက်ခိုင်းတာမျိုးလုပ်ပေးပါ။ဆေးလိပ်နဲ့ အရက်တွေကို မသောက်ပါစေနဲ့။ အဖျားသက်သာစေနိုင်တဲ့ မီးဖိုချောင်ေဆးဝါးတွေဖြစ်တဲ့ ကြက်သွန်ဖြူကြက်သွန်နီတို့ပါဝင်တဲ့ ကြက်သားစွပ်ပြုတ်လိုမျိုး အာဟာရဖြစ်တဲ့အစားအစာတွေကိုပြင်ဆင်ပေးပါ။

ချစ်ခင်ရသူတစ်ဦးဦးဖျားရင်ခြေမကိုင်မိလက်မကိုင်မိဖြစ်နေမယ့် အစား အခုပြောခဲ့တဲ့နည်းလေးတွေသုံးလို့မြန်မြန်ကျန်းမာအောင်ပြုစုပေးလိုက်ပါနော်။ ဖျားနာမှုကင်းကြပါစေကြောင်း…….

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဖျားနေရင် အမြန်ဆုံး သက်သာစေဖို့

နေထိုင်မကောင်းရင်တောင် နေမကောင်းဘူးလို့ ကျယ်ကျယ် မညည်းတွားရဲဘူး။ အကြောင်းကတော့ ဖျားနာ ဖျားတယ်ဆိုရင် လူအများ သတ်မှတ်လိုက်တာက ကိုဗစ်ဆိုတဲ့ ခန့်မှန်းမှုကိုး။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကြက်စွပ်ပြုတ်နဲ့ မိုးတွင်းအာဟာရ

ကြက်စွပ်ပြုတ် အာဟာရ မိုးတွင်း ကျန်းမာရေး ကိုယ်ခံအား ဗီတာမင် အစာကြေ အရိုးအဆစ် ရောဂါပိုး ကိုဗစ် ကပ်ဘေး ချက်ပြုတ်ပြင်ဆင် အရေပြား အအေးမိတုပ်ကွေး ဖျားနာ စျေးဝယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

နှစ်ရက်တိတိ ရေမချိုးတဲ့အခါ ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာနိုင်လဲ

နေ့တိုင်း ရေချိုးပေးတာကတော့ အကောင်းဆုံးဆိုပေမယ့် တစ်ရက်တလေ မချိုးဘဲ နေလိုက်လို့ ရပါတယ်။ ၂ရက်ထက် ပိုပြီး ရေမချိုးဘဲ နေတာမျိုးတော့ လုံးဝမလုပ်ပါနဲ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat

ဆီးချိုဝေဒနာရှင်တွေကို အထူးအန္တရာယ်ပေးနေတဲ့ကိုဗစ်

လတ်တလော ကိုဗစ်ရောဂါကြောင့်သေဆုံးသွားသူ အားလုံးလိုလိုမှာဆီးချိုရောဂါရှိနေတာကို တွေ့ရမှာပါ။ ဆီးချိုရောဂါအခံရောဂါရှိသူတွေဟာ ကိုဗစ်ဒဏ်ကို ဘာကြောင့်ပိုခံရသလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

သင့်အတွက် ရွေးချယ်ထားသည်

အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

အရေးပါတဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ စားသောက်မှုပုံစံ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 20, 2020 . 2 mins read
ဘက်တီးရီးယားပိုးကြောင့် အဆုတ်ရောင်ခြင်း

ဘက်တီးရီးယားပိုးကြောင့် အဆုတ်ရောင်ခြင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr.Thant Zin
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 18, 2020 . 2 mins read

ကိုယ့်ရဲ့ နေအိမ်ဝန်းကျင် သန့်ရှင်းသပ်ရပ်နေတဲ့အခါ…

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 25, 2020 . 2 mins read
သာမန် ဖျားနာမှုကြောင့် အနံ့၊ အရသာ ပျောက်ခဲ့ရင်

သာမန် ဖျားနာမှုကြောင့် အနံ့၊ အရသာ ပျောက်ခဲ့ရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 9, 2020 . 2 mins read