Nasopharyngeal Carcinoma (လေပြွန်အဖျားပိုင်းကင်ဆာ)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date နိုဝင်ဘာ 27, 2019 . 3 mins read
Share now

အဓိပ္ပါယ်ဖွင့်ဆိုချက်

Nasopharyngeal Carcinoma (လေပြွန်အဖျားပိုင်းကင်ဆာ) ကဘာလဲ။

NPC လို့ခေါ်တဲ့ကင်ဆာဟာ nasopharynx လို့ခေါ်တဲ့ နှာခေါင်းနောက်လေပြွန်အပေါ်ပိုင်းမှာဖြစ်တဲ့ကင်ဆာတစ်မျိုးဖြစ်တယ်။ ဦးခေါင်းနဲ့လည်ချောင်းပိုင်းက ကင်ဆာတွေထဲမှာ အဖြစ်နည်းတဲ့ကင်ဆာတစ်မျိုးလည်းဖြစ်ပါတယ်။ အရှေ့တောင်အာရှနိုင်ငံတွေမှာပိုအဖြစ်များပါတယ်။

လည်ပြွန်အပေါ်ပိုင်းကင်ဆာတွေဟာ အဆင့်ငယ်စဉ်မှာ ရောဂါရှာတွေ့ဖို့ခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လေပြွန်အပေါ်ပိုင်းကစစ်ဆေးရန်ခက်သလို၊ လက္ခဏာတွေကလည်း တခြားရောဂါလက္ခဏာတွေနဲ့ခပ်ဆင်ဆင်တူနေသောကြောင့်ဖြစ်ပါတယ်။ ကင်ဆာတွေဟာ ဖြစ်ပေါ်တဲ့နေရာကနေ တခြားနေရာတွေဆီကို သွေး၊ ပြန်ရည်ကြောစနစ်၊ တစ်သျူးတွေကနေတဆင့်ပျံ့သွားနိုင်ပြီး အပျံ့အများဆုံးနေရာကတော့ အရိုး၊ အဆုတ်နဲ့ အသည်းတို့ဖြစ်တယ်။

လေပြွန်အပေါ်ပိုင်းကင်ဆာမှာ အဆင့် ၄ ဆင့်ရှိတယ်။ အဆင့်နိမ့်လေလေ၊ ကင်ဆာပျံ့ခြင်းနည်းလေလေဖြစ်တယ်။

အဆင့် ၁ – အစောဆုံးအဆင့်ဖြစ်တယ်။

အဆင့် ၂ – အလယ်အလတ်အဆင့်ဖြစ်ပြီး

အဆင့် ၃ နဲ့ ၄ မှာ နောက်ဆုံးအဆင့်ဖြစ်ပါတယ်။

Nasopharyngeal Carcinoma (လေပြွန်အဖျားပိုင်းကင်ဆာ) က ဘယ်လောက်အဖြစ်များသလဲ

အလွန်အဖြစ်များပြီးအမျိုးသားတွေမှာပိုဖြစ်တတ်တယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပြီး ရောဂါကိုအားပေးတဲ့အချက်တွေကို ရှောင်ခြင်းဖြင့် ထိန်းသိမ်းနိုင်ပါတယ်။ အသေးစိတ်အချက်အလက်ဆရာဝန်ကိုမေးနိုင်ပါတယ်။

လက္ခဏာများ

Nasopharyngeal Carcinoma (လေပြွန်အဖျားပိုင်းကင်ဆာ) ရဲ့လက္ခဏာတွေကဘာတွေလဲ

တွေ့ရများတဲ့လက္ခဏာတွေကတော့

  • နှာခေါင်း သို့ လည်ချောင်းတွင်အဖုအကျိတ်ပေါ်ခြင်း
  • တံထွေးတွင်သွေးပါတတ်ခြင်း
  • လည်ချောင်းနာခြင်း
  • အသက်ရှူရ၊ စကားပြောရခက်ခြင်း
  • နှာခေါင်းသွေးလျှံခြင်း
  • နှာပိတ်ခြင်း
  • အကြားအာရုံချို့တဲ့ခြင်း
  • နားရောဂါပိုးဝင်ခြင်း
  • ခေါင်းကိုက်ခြင်း

စောသေးတဲ့အဆင့်တွေမှာ လက္ခဏာတွေမပြတတ်ပါဘူး။

ဖော်ပြထားတဲ့လက္ခဏာတွေအပြင် တခြားလည်းရှိနေသေးနိုင်တာကြောင့် သိလိုသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

တကယ်လို့အထက်ပါဖော်ပြထားတဲ့ လက္ခဏာတွေကြုံရတယ်၊ ဒါမှမဟုတ် သိလိုသည်များရှိတယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်နိုင်တယ်။ လူတိုင်းခန္ဓါကိုယ်ကတစ်ယောက်နဲ့တစ်ယောက်မတူတာကြောင့် သင့်အတွက်အကောင်းဆုံးဖြစ်ဖို့အတွက် ဆရာဝန်နဲ့တိုင်ပင်တာ သင့်လျော်ပါလိမ့်မယ်။

အကြောင်းရင်းများ

Nasopharyngeal Carcinoma (လေပြွန်အဖျားပိုင်းကင်ဆာ) ကိုဘာတွေကဖြစ်စေသလဲ

ကင်ဆာဆိုတာ မျိုးရိုးဗီဇ တစ်ခု သို့ တစ်ခုထက်ပိုပြီး ယိုယွင်းတဲ့အခါ သာမန်ဆဲလ်တွေက ထိန်းမရအောင် ပွားပြီး၊ ဘေးပတ်လည်ကိုပျံ့တဲ့အပြင် တခြားအစိတ်အပိုင်းတွေဆီ ပျံ့နှံ့သွားခြင်းဖြစ်တယ်။ လေပြွန်အဖျားပိုင်းကင်ဆာမှာဆိုရင် ထိုလေပြွန်အဖျားပိုင်းကို ကာထားတဲ့ ဆဲလ်တွေမှာယိုယွင်းခြင်းဖြစ်တယ်။

ဘာကြောင့်လေပြွန်အဖျားပိုင်းကင်ဆာဖြစ်ရသလဲ သေချာတော့မသိရသေးပါဘူး။ ဒါပေမယ့် ကင်ဆာဟာ EBV ဗိုင်းရပ်စ်နဲ့ဆက်နွယ်နေတတ်ပါတယ်။ ဒါပေမယ့် ထိုပိုးရှိတိုင်းလည်း ကင်ဆာမရပါဘူး။ တကယ်တော့ ကင်ဆာဖြစ်နိုင်ချေရှိတဲ့အချက်ရှိသူတွေက ကင်ဆာမဖြစ်ဘဲ၊ မရှိသူတွေမှာဘာကြောင့်ကင်ဆာတွေဖြစ်နေလဲဆိုတာတော့ မသေချာသေးပါူဘး။

ဖြစ်နိုင်ခြေများ

ငါ့ဆီမှာ Nasopharyngeal Carcinoma (လေပြွန်အဖျားပိုင်းကင်ဆာ) ဖြစ်နိုင်ခြေကိုဘာ်တွေက မြင့်တက်စေသလဲ

  • ယောက်ျားတွေမှာပိုအဖြစ်များပါတယ်။
  • လူမျိုး – တရုတ်၊ အရှေ့တောင်အာရှသား၊ တောင်အာဖရိကသားတွေမှာ ပိုအဖြစ်များတယ်။
  • အသက် – အသက် ၃၀ နဲ့ ၅၀ ကြားမှာဖြစ်လေ့ရှိပါတယ်။
  • ဆားသိပ်ထားသောအစားအစာများ – ငယ်ရွယ်စဉ်မှာဆားသိပ်ထားသောအသား၊ ငါးများစားခြင်းဟာ ကင်ဆာဖြစ်နိုင်ချေများစေပါတယ်။
  • EB ဗိုင်းရပ်စပ်ပိုးရှိခြင်းဟာလည်း အမျိုးမျိုးသောရှားပါးတဲ့ကင်ဆာတွေဖြစ်နိုင်ချေတက်စေပါတယ်။
  • မိသားစုဝင်မှာထိုရောဂါရှိပါကလည်း ဖြစ်နိုင်ချေများစေတယ။်
  • အရက်အလွန်အကျွံသောက်ခြင်း၊ ဆေးလိပ်သောက်ခြင်းဟာလည်း ရောဂါဖြစ်နိုင်ချေများစေတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Nasopharyngeal Carcinoma (လေပြွန်အဖျားပိုင်းကင်ဆာ) ကို ဘယ်လိုအတည်ပြုပါသလဲ

  • ရောဂါလက္ခဏာမေးမြန်းခြင်းနှင့် စမ်းသပ်ခြင်း – ယေဘုယျလက္ခဏာများစစ်ဆေးခြင်း နှင့် ရောဂါလက္ခဏာများစစ်ဆေးခြင်း – ဥပမာ – လည်ပင်းတဝိုက်အကျိတ်များတွေ့ခြင်းကဲ့သို့ ပုံမှန်မဟုတ်သောအချက်များ။ လူနာကျန်းမာရေးအခြေအနေနှင့် အရင်ဖြစ်ဖူးသောရောဂါများအကြောင်း
  • အသားစစစ်ခြင်း – ဆဲလ်၊ တစ်သျူးများကို မိုက်ခရိုစကုပ်အောက်စစ်ဆေးကာ ကင်ဆာဆဲလ်ရှာခြင်း။
  • CT , MRI, PET , ဓါတ်မှန်ရိုက်ခြင်းများ။

EBဗိုင်းရပ်စ်စစ်ဆေးခြင်း၊ အကြားအာရုံစစ်ဆေးခြင်းကဲ့သို့ တခြားစစ်ဆေးခြင်းတွေလည်းလုပ်ရနိုင်ပါတယ်။

Nasopharyngeal Carcinoma (လေပြွန်အဖျားပိုင်းကင်ဆာ) ကို ဘယ်လိုကုသပါသလဲ

ကုသမှုကအောက်ပါအချက်တွေပေါ်မူတည်ပါတယ်။

  • ကင်ဆာအဆင့် (လေပြွန်အဖျားပိုင်းတစ်စိတ်တစ်ပိုင်း သို့ တစ်ခုလုံး သို့ တခြားနေရာသို့ပျံ့နေခြင်းရှိမရှိ)
  • အမျိုးအစား
  • အကျိတ်အရွယ်အစား
  • လူနာအသက်၊ ယေဘုယျကျန်းမာရေးလက္ခဏာများ

ကုသနည်း သုံးနည်းရှိတယ်-

  • ဓါတ်ကင်ခြင်း – ဓါတ်ရောင်ခြည်သုံးကာ ကင်ဆာဆဲလ်များသတ်ခြင်း။
  • ကင်ဆာဆေးသွင်းခြင်း – ကယ်မီကယ်များနှင့် ကင်ဆာဆဲလ်များကိုသတ်ခြင်းဖြစ်တယ်။ ဆေးလုံးဖြင့်လည်းကောင်း၊ သွေးကြောမှထိုးခြင်းဖြင့်လည်းကောင်း ပေးနိုင်တယ်။ ဓါတ်ရောင်ခြည်ကုသနေစဉ် သို့ ကုသပြီးချိန် သို့ မကုသခင်မှာပေးနိုင်ပါတယ်။

ခွဲစိတ်ခြင်း – ခွဲစိတ်ခြင်းဟာပုံမှန်တော့လုပ်လေ့မရှိပါဘူး။ လည်ပင်းမှာရှိတဲ့အကျိတ်တွေဖယ်ရန်တော့ သုံးနိုင်ပါတယ်။

နေထိုင်မှုပုံစံပြောင်းလဲခြင်းနှင့်အိမ်တွင်းကုသနည်းများ

  • အသီးအနှံ၊ အသီးအရွက်များများစားပါ။
  • ဆားသိပ်စာများရှောင်ပါ။
  • ဆေးလိပ်မသောက်ပါနဲ့။
  • အရက်အလွန်အကျွံမသောက်ပါနဲ့။

ခံတွင်းခြောက်ခြင်း၊ အာခြောက်ခြင်းဟာ ဓါတ်ကင်ခြင်းရဲ့ တွေ့ရများတဲ့ရလဒ်တစ်ခုဖြစ်တယ်။ ခံတွင်းမှာမကြာခဏ ရောဂါပိုးဝင်ခြင်း၊ စားရ မျိုရခက်ခြင်း၊ စကားပြောရခက်ခြင်း နဲ့ သွားတွေမှာပြဿနာဖြစ်နိုင်ပါတယ်။

အောက်ပါနည်းတွေနဲ့ခံတွင်းခြောက်ခြင်းကိုသက်သာစေနိုင်ပါတယ်-

  • နူးညံ့သောသွားပွတ်တံနှင့် တစ်ရက်လျှင်အကြိမ်များစွာ သွားတိုက်ပေးပါ။ ညင်သာစွာသွားတိုက်ခြင်းကိုမခံနိုင်လောက်သည်ထိ ခံတွင်းကအထိမခံဖြစ်လာရင် ဆရာဝန်ကိုပြောပါ။
  • အစာစားပြီးတိုင်းရေနွေးနွေးနဲ့အမြဲပလုတ်ကျင်းပါ။ ရေနွေး၊ ဆား၊ မုန့်ဖုတ်ဆော်ဒါ တို့နဲ့ ဖျော်ပြီး ထိုအရည်နဲ့ကျင်းပါ။
  • ရေသောက်ခြင်း၊ သကြားမပါသောသကြားလုံးများဖြင့် အမြဲခံတွင်းစိုစွတ်နေအောင်ထားပါ။ ရေမကြာခဏသောက်ပေးပါ။ သကြားဓါတ်မပါသောသကြားလုံးများစားခြင်းဖြင့် တံထွေးထွက်ခြင်းများပါစေ။
  • စိုစွတ်သောအစာများသာစားပါ။ ခံတွင်းခြောက်စေသောအစာများရှောင်ပြီး ခြောက်သွေ့သောအစာများကို ဆော့၊ ဟင်းရည်၊ နို့တို့ဖြင့်စိုစွတ်စေပြီးမှစားပါ။
  • အက်စစ်ဓါတ်များသော၊ စပ်သောအစားများ သောက်စရာများရှောင်ပါ။ ကဖိန်းဓါတ်၊ အယ်လ်ကိုဟောဓါတ်ရှောင်ပါ။

ခံတွင်းခြောက်ပါက ဆရာဝန်ကိုပြောပြပါ။ ခံတွင်းခြောက်ခြင်းရဲ့ လက္ခဏာတွေသက်သာစေဖို့ကုသမှုပေးပါလိမ့်မယ်။

သိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေရအောင် ဆရာဝန်နဲ့တိုင်ပင်ပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

    ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
    happy unhappy"

    သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

    သွေးတိုးနဲ့ COVID-19

    COVID-19 ကူးစက်ရောဂါ၊ နှလုံး၊ သွေးတိုး၊ အဖျားဝေဒနာ၊ တုပ်ကွေးဝေဒနာ၊ ဆေးဝါးမှီဝဲ၊ လုံလောက်စွာ ဖြည့်တင်း၊ ရောဂါလက္ခဏာ၊ လူစုလူဝေး၊ ပိုးကူးစက်ခံရချိန်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Zon Aung

    အိမ်ပြင်ကို ထွက်မယ့် ခြေလှမ်းတွေ ခဏလောက် တုံ့ဆိုင်းထားပါဦး

    ရောဂါလက္ခဏာ COVID-19 အမျိုးသားတွေ ဦးနှောက် အသက်ကြီးပိုင်း ကပ်ရောဂါ ရောဂါပိုး ရေမလို လက်သန့်စင်ဆေးရည် အချိန်ကို အကျိုးရှိစွာ အသုံးချပေ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Ye Myo Myat

    သိထားဖို့လိုမယ့် COVID-19 အကြောင်း

    ကမ္ဘာ့ကပ်ရောဂါ COVID–19 Coronavirus အသက်ရှူလမ်းကြောင်း ချောင်းဆိုးတာ ကိုင်တွယ်ထိတွေ့ လက္ခဏာတွေ လက်ဆေး ရောဂါပိုး တံထွေး ချွဲအစအန နှာခေါင်း ပါးစပ်

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Aye Thi Mon

    Covid 19 ကို စိုးရွံ့ထိတ်လန့်နေရချိန်မှာ မဖြစ်မနေ ခရီးသွားရတော့မယ်ဆိုရင်

    Covid 19 ကူးစက်ရောဂါ ချောင်းဆိုး Social distancing လက်ဆေးဆပ်ပြာရည် နှာချေ Mask တိရစ္ဆာန်များ အစားအသောက်တွေ ပါးစပ် ရောဂါလက္ခဏာ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Thiha Phyo Myint

    သင့်အတွက် ရွေးချယ်ထားသည်

    ကလေးမှာ ဖြစ်တဲ့ COVID-19 နဲ့ Kawasaki ရောဂါ

    ကလေးမှာ ဖြစ်တဲ့ COVID-19 နဲ့ Kawasaki ရောဂါ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Htet Htet Zaw Win
    ရေးသား ထုတ်ဝေခဲ့သည် မေ 28, 2020 . 2 mins read
    ကိုရိုနာဗိုင်းရပ်စ် Covid 19 နဲ့ပတ်သက်လို့အမေးများတဲ့ မေးခွန်းတွေနဲ့ WHO ရဲ့အဖြေများ

    ကိုရိုနာဗိုင်းရပ်စ် Covid 19 နဲ့ပတ်သက်လို့အမေးများတဲ့ မေးခွန်းတွေနဲ့ WHO ရဲ့အဖြေများ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Seinn Moe Satt
    ရေးသား ထုတ်ဝေခဲ့သည် ဧပြီ 29, 2020 . 3 mins read
    အဆိပ်သင့်ခြင်း အမျိုးအစားများနှင့် ကာကွယ်နည်းများ

    အဆိပ်သင့်ခြင်း အမျိုးအစားများနှင့် ကာကွယ်နည်းများ

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Thiha Phyo Myint
    ရေးသား ထုတ်ဝေခဲ့သည် ဧပြီ 27, 2020 . 2 mins read
    အဖြစ်များသောအရေးပေါ်အခြေအနေများ(၁)

    အဖြစ်များသောအရေးပေါ်အခြေအနေများ(၁)

    ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
    ရေးသားသူ Dr. Thiha Phyo Myint
    ရေးသား ထုတ်ဝေခဲ့သည် ဧပြီ 24, 2020 . 2 mins read