အခြေခံကျန်းမာရေး

အခြေခံကျန်းမာရေး အချက်အလက်တွေ ဖြစ်တဲ့ ကျန်းမာရေး ဗဟုသုတများ၊ ရောဂါလက္ခဏာများ၊ ကျန်းမာရေး သတင်းများကို လေ့လာနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြေခံကျန်းမာရေး

ခံတွင်းပျက်နေတာကို သက်သာစေဖို့ နည်းလမ်းကောင်းအချို့

ခံတွင်းပျက်တယ် ဆိုတာက ကလေးရော လူကြီးပါ ကြုံဖူးကြမှာပါ။ ခံတွင်းပျက်ပြီ ဆိုရင် ဘာစားစား အရသာ မတွေ့သလို အရမ်း ကြိုက်တဲ့ အစားအစာတွေကို စားရင်တောင်မှ ဘာမှကို စားမကောင်း သလို ခံစားရတာပါ။ ဒီလိုမျိုး ခံတွင်းပျက်နေတာကို သက်သာစေဖို့ နည်းလမ်းကောင်း အချို့ကို ပြောပြပေးမယ် ဆိုရင် စိတ်ဝင်စား မလား! စိတ်ဝင်စားတယ် ဆိုရင် စာလေးကို ဆုံးအောင် ဖတ်ကြည့်လိုက်တော့နော်။  https://hellosayarwon.com/healthy-aging/nutrition-for-aging/loss-of-appetite-in-elderly/ ခံတွင်းပျက်နေတာကို သက်သာစေဖို့ နည်းလမ်းကောင်းအချို့ ခံတွင်းပျက်နေတာကို သက်သာစေဖို့ နည်းလမ်းကောင်းအချို့ ကတော့ -  သံပုရာရည် သောက်ပါ  သံပုရာသီးကို အရည် ညှစ်ပြီး ရေနွေးနွေးလေးနဲ့ သောက်ပေးတာက ခံတွင်းပျက် နေတာကို သက်သာစေဖို့ ထိထိရောက်ရောက် ထောက်ကူပေးနိုင်မှာပါ။ ဒါကြောင့် ခံတွင်းပျက်နေပြီ ဆိုရင် မနက်စာ မစားခင်မှာ သံပုရာရည် […]

အခြေခံကျန်းမာရေး ကို ရှာဖွေမည်။

ရောဂါလက္ခဏာများ

ညာဘက်ရင်ဘတ်အောင့်ရတဲ့ အကြောင်းအရင်းတွေက ဘာတွေ ဖြစ်မလဲ!

ရင်ဘတ်အောင့်တယ် ဆိုတာက နှလုံးရှိရာ ဘယ်ဘက်ခြမ်းမှာမှ အောင့်တတ်တာ မဟုတ်ပါဘူး။ ညာဘက် ရင်ဘတ်ခြမ်းကလည်း အောင့်တတ်ပါတယ်။ ဒါဆိုရင် ညာဘက်ခြမ်းက နှလုံးမှ မရှိပါဘဲ။ ဘယ်အရာက ရင်ဘတ် အောင့်တာကို ဖြစ်စေတာ ပါလိမ့်လို့ စဉ်းစား ရခက်နေပြီလား! ‘ဒါဆိုရင်တော့ ညာဘက်ရင်ဘတ်အောင့်ရတဲ့ အကြောင်းအရင်းတွေက ဘာတွေ ဖြစ်မလဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။  ညာဘက်ရင်ဘတ်အောင့်ရတဲ့ အကြောင်းအရင်းတွေက ဘာတွေ ဖြစ်မလဲ! ညာဘက်ရင်ဘတ်အောင့်ရတဲ့ အကြောင်းအရင်းတွေက ဘာတွေ ဖြစ်မလဲ! ဆိုတော့ အကြောင်းအရင်း တွေကတော့ အများကြီး ရှိနိုင်ပါတယ်။  ညာဘက် ရင်ဘတ်အောင့်တဲ့အခါ ရင်ဘတ်ထဲက စူးခနဲအောင့်တာမျိုး ဖြစ်နိုင်ပါတယ်။ အသက်ရှူသွင်းလိုက်ချိန်၊ အသက်ကို ခပ်ပြင်းပြင်း ရှိုက်ရှူလိုက်ချိန်မှာ ပိုဆိုးတာမျိုး ဖြစ်နိုင်ပါတယ်။ ညာဘက် ရင်ဘတ် အောင့်တဲ့အခါ ရင်ဘတ်အောင့်တာနဲ့အတူ ရင်ဘတ်ထဲက တင်းတင်းကျပ်ကျပ်ကြီး […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ကာကွယ်ဆေးထိုးတဲ့အခါ အာနိသင် ထိရောက်မှု ကောင်းစေဖို့ရာ

ကာကွယ်ဆေး ထိုးတဲ့အခါ စိုးရိမ်တတ်တာလေး တစ်ခု ရှိကြတယ်နော်။ ဒါကတော့ ကာကွယ်ဆေးကိုသာ အသားနာခံပြီး ထိုးလိုက်ရတယ်။ ကာကွယ်ဆေးက အာနိသင် ထိရောက်မှု မရှိမှာကိုပေါ့။ အချို့သော ရောဂါတွေက ဖြစ်လာရင် ကုသဖို့ မလွယ်ကူတာကြောင့် ကာကွယ်ဆေး ထိုးထားနိုင်မှ တော်ကာကျမှာမျိုးတွေကလည်း ရှိတယ်လေ။ တုပ်ကွေးဆိုရင်လည်း ကာကွယ်ဆေး ထိုးထားမှ ဖြစ်ခဲ့ရင်တောင် လက္ခဏာတွေကို ပြင်းပြင်းထန်ထန် မခံစားရမှာပါ။ ကိုဗစ်ဆိုရင်လည်း ကာကွယ်ဆေး ထိုးပြီး ကာကွယ်ထားမှ အသက်အန္တရာယ် စိုးရိမ်ရမှု ကင်းမှာလေ။ ဒါကြောင့် ရောဂါဆိုးတွေကနေ ကာကွယ်ပေးမယ့် ကာကွယ်ဆေးထိုးတဲ့အခါ အာနိသင် ထိရောက်မှု ကောင်းစေဖို့ရာ ဘယ်အချက်လေးတွေကို လိုက်နာလုပ်ဆောင်ရမလဲဆိုတာကို ပြောပြပေးချင်ပါ တယ်။  https://hellosayarwon.com/womens-health/screening-tests-women/vaccines-should-take-women/ ကာကွယ်ဆေး ဆိုတာ ကာကွယ်ဆေးတွေကို ရောဂါဖြစ်စေနိုင်တဲ့ ပိုးမွှားတွေကနေ ထုတ်လုပ်ပါတယ်။ ဒါပေမယ့် ပိုးတွေကို သေပြီးသား ဒါမှမဟုတ် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

ဖျားနေချိန်မှာ အချဉ် မစားရဘူးလား!

ဖျားနေချိန်မှာ အချဉ် မစားရဘူး။ အဖျား တာရှည်တတ်တယ် ဆိုတာကို ကြားဖူးကြမှာပါ။ တကယ်ပဲ ဖျားနေချိန်မှာ အချဉ် မစားရဘူးလား! ဆိုတာကို  သိချင်နေပြီလား …… ဒါဆိုရင်တော့ ဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ရ အောင်နော်။  ဖျားနေချိန်မှာ အချဉ် မစားရဘူးလား! ဖျားနေချိန်မှာ အချဉ် မစားရဘူးလား! ဆိုတော့ ကိုယ်က ဘယ်လိုအချဉ်တွေကို စားလဲပေါ်တော့ မူတည်တာပေါ့။ ဗီတာမင်စီကြွယ်ဝတဲ့ ချဉ်တဲ့ အသီးအနှံတွေဆိုရင်တော့ ကိုယ်ခံအားကို အထောက်အကူ ပြုလို့ စားပေးလို့ ရပါတယ်။ ချဉ်ရင်ပြီးရော ဘာပဲဖြစ်ဖြစ် စားလိုက်မယ်ဆိုတာမျိုးတော့ မဟုတ်ဘူးပေါ့။ နောက်တစ်ခုက ဗီတာမင်စီ ကြွယ်ဝတဲ့ ချဉ်ချဉ်လေးတွေ စားမယ်ဆိုရင်တောင် အလွန်အကျွံ စားတာမျိုးတော့ မလုပ်သင့်ပါဘူး။ အလွန်အကျွံစားတဲ့အခါကျတော့ ရင်ပူတာ၊ ဗိုက်ရစ်တာတွေ ဖြစ်တတ်ပါတယ်။ ချဉ်တာတွေပဲ စားပြီး တခြား‌အာဟာရတွေ မစားရင်လည်း နာလန်ထဖို့ ကြာနိုင်ပါတယ်။ ဒီတော့ […]


ရောဂါလက္ခဏာများ

ညဘက်တွေမှာ အဖျားတက်တာ ဘာကြောင့်လဲ

တချို့က ပြောကြတယ်။ တစ်နေကုန်အကောင်း နေစောင်းပြီ၊ ညရောက်လာပြီဆို အဖျားပြန်တက်လာပြီဆိုပြီးတော့လေ။ လူကြီးတွေကတော့ ညနေဘက် အိပ်တာကိုး။ ဖျားမှာပေါ့လို့ ဆူပေမယ့် တချို့က အိပ်အိပ် မအိပ်အိပ် ညရောက်ပြီဆိုတာနဲ့ အချိန်မှန်မှန် ဖျားကြတာနော်။ ဒီလိုမျိုး ညဘက်တွေမှာ အဖျားတက်တာ ဘာကြောင့်လဲ။ ရောဂါတစ်ခုခု ရှိနေတာများလား။ ညဘက်မှာ အဖျားတက်တယ်ဆိုတာ သာမန်လူတစ်ယောက်အနေနဲ့ ခန္ဓာကိုယ်အပူချိန်က 36.5ကနေ 37 ဒီဂရီဆဲလ်ဆီးယပ်စ် (98.6 ဒီဂရီဖာရင်ဟိုက်) လောက် ရှိတတ်ပါတယ်။ ဒီထက် ၁-၂ ဒီဂရီလောက် တက်လာရင် (ဒါမှမဟုတ် 100.4 ဒီဂရီဖာရင်ဟိုက်) ဆိုရင် ဖျားတတယ်လို့ သတ်မှတ်လို့ ရပါတယ်။ တကယ်တော့ ဖျားတယ်ဆိုတာ ခန္ဓာကိုယ်ရဲ့ ကောင်းတဲ့တုံ့ပြန်မှု တစ်ခုပါ။ ခုခံအားဆဲလ်တွေက ရောဂါပိုးတွေကို ပြန်တိုက်ခိုက်တာကြောင့် ဓာတုပစ္စည်းတွေ ထွက်ပြီး ကိုယ်အပူချိန် တက်တာ၊ ကိုယ်လက်ကိုက်တာတွေ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

Autoimmune ရောဂါဆိုတာ ဘယ်လိုရောဂါမျိုးလဲ

ဆေးခန်းသွားပြလိုက်လို့ လူနာဖြစ်နေတဲ့ ရောဂါက Autoimmune ရောဂါပါ။ ခုခံအားက တုံ့ပြန်မှုများနေတာ၊ ခုခံအား ကမောက်ကမ ဖြစ်နေတာ စသဖြင့် ဆရာဝန်က ရှင်းပြလိုက်တာကို ကြားဖူးမှာပါ။ ဆရာဝန်က ရှင်းပြလို့သာ ‘အင်း’ ဆိုပြီး နားလည်သလိုလို လုပ်လိုက်ရတာ၊ တကယ်က ဒါဘာရောဂါကြီးလဲဆိုပြီး စိတ်ထဲမှာ တွေးနေမှာပါ။ ဒီဆောင်းပါးထဲမှာတော့ Autoimmune ရောဂါဆိုတာ ဘယ်လိုရောဂါမျိုးလဲ ဆိုတာကို အသေးစိတ် ပြောပြပေးမှာပါ။ Autoimmune ရောဂါဆိုတာ ခန္ဓာကိုယ်ထဲကို အပြင်ကနေ ဗိုင်းရပ်စ်တွေ၊ ဘက်တီးရီးယားတွေ ဝင်လာတယ်ဆိုပါစို့။ ခုခံအားက ခန္ဓာကိုယ်ကို အန္တရာယ်မဖြစ်အောင်ဆိုပြီး ရှေ့တန်းကနေ တိုက်ထုတ်ပေးပါတယ်။ ပုံမှန်ဆိုရင် ခုခံအားရဲ့ အလုပ်က ပြင်ပကနေ ဝင်လာတဲ့ ခန္ဓာကိုယ်ကို အန္တရာယ်ဖြစ်စေနိုင်တဲ့အရာတွေကို တိုက်ထုတ်ပေးဖို့ပါ။ ဒါက သူ့ရဲ့ အလုပ်ပါ။ Autoimmune ရောဂါမှာတော့ ခုခံအားက ခန္ဓာကိုယ်ထဲက […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အရက်ကြောင့် ထိခိုက်မှုက အမျိုးသားနဲ့ အမျိုးသမီးတို့ကြား ကွာခြားမှု ရှိတယ်ဆိုတာ သိပြီးပြီလား!

အရက်သောက်တာက ကျန်းမာရေးကို ထိခိုက်စေနိုင်တယ်ဆိုတာကို အားလုံးက သိထားပြီး ဖြစ်မှာပါ။ ဒါပေမယ့် အရက်ကြောင့် ထိခိုက်မှုက ကျား/ မ တန်းတူ အခွင့်အရေး မပေးထားဘူးဆိုတာကိုတော့ မသိသေးဘူးဟုတ်။ ဒါဆိုရင်တော့ အရက်ကြောင့် ထိခိုက်မှုက အမျိုးသားနဲ့ အမျိုးသမီးတို့ကြား ကွာခြားမှု ရှိတယ်ဆိုတာ ကို လေ့လာလိုက် ရအောင်နော်။  တစ်နေ့ထက် တစ်နေ့ ပိုတိုးလာတဲ့ အမျိုးသမီးတွေ အရက်သောက်သုံးမှု ယခင်က အမျိုးသမီးတွေ အရက်သောက်သုံးတယ်ဆိုတာက ရှားတောင့် ရှားခဲ ဆိုပေမယ့် အခုနောက်ပိုင်းမှာတော့ အမျိုးသမီးတွေက အရက်သောက်သုံးမှုနှုန်း တစ်နေ့ထက် တစ်နေ့ ပိုများလာပါတယ်။  စစ်တမ်းတွေအရ အရွယ်ရောက်ပြီးသူ အမျိုးသမီးတွေရဲ့ ၁၀၀ မှာ ၁၃ ယောက်လောက်က ပုံမှန်လိုလို အရက် အပါအဝင် အယ်လ်ကိုဟော ပါတဲ့ သောက်စရာတွေကို သောက်ကြပါတယ်။ ၂၅ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အရက်သောက်ပြီး မျက်နှာနီ တာ ဘာကြောင့်လဲ

ဘော်ဒါတွေကြားမှာ ကိုယ်က အရက်သောက်ပြီး မျက်နှာနီ တတ်သူလား။ ရုတ်တရက် စဉ်းစားလိုက်ရင် အရက်ကြောင့် သွေးကြောတွေကျယ်လာပြီး မျက်နှာတွေ နီမြန်းလာတာလို့ ထင်စရာရှိပေမယ့် လက်တွေ့မှာတော့ ဒါက သိပ်စိတ်ဝင်စရာ ကောင်းတဲ့ကိစ္စပါ။ ဒီနောက်ကွယ်မှာ ကျန်းမာရေးပြဿနာတွေ အများကြီး ရှိပါတယ်။ အရက်သောက်ပြီး မျက်နှာနီ တာ ဓာတ်မတည့်လို့လား အရက်သောက်ပြီး မျက်နှာနီတာကို Alcohol intoleranceလို့ ခေါ်ပါတယ်။ ဒါက Alcohol allergy ဓာတ်မတည့်တာနဲ့ မတူပါဘူး။ Alcohol intolerance ဖြစ်တဲ့သူတွေက မျက်နှာနီတာအပြင် လည်ပင်းနဲ့ ရင်ဘတ်တွေပါ နီလာပါတယ်။ ပျို့အန်တာ ရင်တုန်တာ သွေးပေါင်ကျတာ ခေါင်းကိုက်တာ နှာရည်ယိုတာ ဝမ်းလျှောတာ ပန်းနာရင်ကျပ်ရှိသူဆိုရင် ပိုကျပ်တာ ဖြစ်တတ်ပါတယ်။ လက္ခဏာတွေက ဓာတ်မတည့် လက္ခဏာတွေနဲ့ တူပေမယ့် ဒါက ဓာတ်မတည့်တာတော့ မဟုတ်ပါဘူး။ ဒီနှစ်ခုက […]


ရောဂါလက္ခဏာများ

သွေးထဲမှာ Creatinine မြင့်တက်နေရတဲ့ အကြောင်းအရင်းက ဘာများလဲ!

Creatinine ဆိုတာက ကြွက်သားတွေ လှုပ်ရှားမှုကနေ ထွက်လာတဲ့ ပရိုတင်း တစ်မျိုး ဖြစ်တဲ့  creatine ရဲ့ ဘေးထွက်ပစ္စည်း တစ်ခုပါ။ သူ့ကို သွေးစစ်ပြီး ပမာဏစစ်ဆေးလို့ ရပါတယ်။ သွေးထဲမှာ creatinine ပမာဏ ကျဆင်းလွန်းနေတာကလည်း မကောင်းသလို များလွန်းနေတာကလည်း မကောင်းပြန်ပါဘူး။ ဒါကြောင့် အခုတစ်ခေါက်တော့ သွေးထဲမှာ Creatinine မြင့်တက်နေရတဲ့ အကြောင်းအရင်းက ဘာများလဲ! ဆိုတာကို ပြောပြပေးချင်ပါတယ်။ Creatinine ဆိုတာ ဘာများလဲ! သွေးထဲမှာ Creatinine မြင့်တက်နေရတဲ့ အကြောင်းအရင်းက ဘာများလဲ! ဆိုတာကို မပြောခင် creatinine ဘယ်ကနေ အစပြုဖြစ်ပေါ်တာလဲဆိုတာကို သိထားတာက ပိုကောင်းပါမယ်။ ခန္ဓာကိုယ်က  ကြွက်သားထဲမှာ ရှိတဲ့ ပရိုတင်းဖြစ်တဲ့ creatine ကို စွမ်းအင်အဖြစ် ရစေဖို့ ဖြိုခွဲလိုက်ချိန် […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

သံဓာတ် အားဖြည့်ဆေးကြောင့် ဝမ်းမချုပ်စေဖို့ဆိုရင်

သံဓာတ်က စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ လိုအပ်တဲ့ အာဟာရ တစ်မျိုးပါ။ သွေးအားနည်းတာမျိုး မဖြစ်စေဖို့နဲ့ ခန္ဓာကိုယ်ကျန်းမာစေဖို့ဆိုရင် နေ့စဉ် စားသုံးမှုမှာ သံဓာတ် ပြည့်ဝအောင် ဂရုစိုက် စားသုံးဖို့ လိုပါမယ်။ သံဓာတ်က သွေးအားနဲ့တိုက်ရိုက် ဆက်စပ်နေပြီး ရာသီသွေးဆင်းများတာ၊ ကိုယ်ဝန်ဆောင်တာ အပါအဝင် သွေးအားဆုံးရှုံးစေနိုင်တဲ့ ကျန်းမာရေး အခြေအနေတွေကြောင့်လည်း သံဓာတ် ဆုံးရှုံးနိုင်ပါတယ်။  သံဓာတ်ချို့တဲ့ပြီး သွေးအားနည်းတဲ့အခါ သွေးအားကောင်းပြီး ကျန်းမာစေဖို့ သံဓာတ် အားဖြည့်ဆေးကို သောက်ကြပါတယ်။ ဒီလို သံဓာတ် အားဖြည့်ဆေးသောက်တဲ့အခါ ဝမ်းချုပ်တယ်ဆိုတာကလည်း ရှိတာကိုး။ အခုတစ်ခေါက်မှာတော့ သံဓာတ် အားဖြည့်ဆေး သောက်သူတွေအနေနဲ့ သံဓာတ် အားဖြည့်ဆေးကြောင့် ဝမ်းမချုပ်စေဖို့ဆိုရင် ဘာတွေ လုပ်ရမလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။  ခန္ဓာကိုယ်မှာ သံဓာတ်ဘယ်လောက် လိုအပ်မလဲ! ခန္ဓာကိုယ်မှာ သံဓာတ်ပြည့်ဝမှ သွေးနီဥဆဲလ်တွေထဲမှာ ရှိတဲ့ ဟီမိုဂလိုဘင်တွေကလိုအပ်တဲ့ […]


အခြေခံကျသည့် ကျန်းမာရေးဗဟုသုတများ

အာလူးအခွံကို လွှင့်ပစ်နေတာကို အခုပဲ ရပ်တန့်လိုက်ပါ!

အာလူး စားမယ်ဆိုရင် အာလူး အခွံတွေကို စင်နေအောင် ခွာနော်၊ ပါးအာတယ် ဆိုတာကို လူတိုင်း ကြားဖူးမှာပါ။ ဒါကြောင့် အာလူး စားတဲ့အခါ အာလူးခွံတွေကို မစားဘဲ လွှင့်ပစ်ကြတာ များတယ်နော်။ တကယ်ကတော့ အာလူးခွံက စားလို့ရသလို ကျန်းမာရေးအာနိသင်လည်း ရှိပါတယ်။ ဒါကြောင့် ပြောချင်တာက အာလူးအခွံကို လွှင့်ပစ်နေတာကို အခုပဲ ရပ်တန့်လိုက်ပါ! ဆိုတာပါ။ ဘာကြောင့် ဒီလိုပြောရတာလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ အာလူးခွံမှာ ဘယ်လို အာဟာရတွေ ပါဝင်နေလဲ! အာလူးခွံမှာ အခုလို အာဟာရလေးတွေ ပါဝင်နေ ပါတယ်။ ဘယ်လို အာဟာရတွေလဲ ဆိုတော့ -  ဗီတာမင် C ကယ်လ်ဆီယမ် ပိုတက်ဆီယမ် မဂ္ဂနီဆီယမ် ဖော့စဖရိတ် မဂ္ဂနိ့ သံဓာတ် ဇင့် ကော့ပါးတို့ ပါဝင်နေပါတယ်။  https://hellosayarwon.com/skin-health/skin-care-cleansing/potatoes-skin-benefits/ အာလူးအခွံကို […]

advertisement iconadvertisement
အမေးများသောမေးခွန်းများ
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Dr. Phio Thiha

သားဖွားပညာ • Phyo Clinic (Pazundaung)