ဗိုက်အောင့်ဗိုက်နာဖြစ်ခဲ့ရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ဗိုက်ထဲအောင့်သလိုလိုပဲ။နေလို့မကောင်းလိုက်တာလို့များဖြစ်နေလား။ ဗိုက်နာတာကတော်တော်လေးတော့ စိတ်အနှောင့်အယှက်ဖြစ်စရာနော်။ အလုပ်လုပ်ဖို့မပြောနဲ့ ထိုင်နေရတာတောင်အခက်တော်တော်တွေ့နေပြီလေ။ ဗိုက်အောင့်တဲ့အခါ နံရိုးအောက်ဘက်တွေကနေစလို့ ဆီးခုံအပေါ်ပိုင်းအထိ ဗိုက်တစ်ပြင်လုံးကအောင့်နေတတ်တာပါ။ ဗိုက်က ကိုယ်တွင်းအင်္ဂါတွေကို စုစည်းထည့်ထားတဲ့သေတ္တာကြီးပေါ့။ ဗိုက်ထဲမှာ အစာအိမ်အသည်း၊ပန်ကရိယ၊ အူသိမ်၊ အူမကြီးနဲ့သည်းခြေအိတ်တွေပါဝင်နေပါတယ်။ ဒါတွေအပြင် အမျိုးသမီးတွေမှာဆိုရင် မျိုးပွားအင်္ဂါတောင်ပါနေပါသေးတယ်။ ဒါတွေအပြင် ဝမ်းဗိုက်ပိုင်းမှာ ခန္ဓါကိုယ်အတွက်အရေးပါတဲ့သွေးကြောကြီးတွေရှိနေပါသေးတယ်။

ဒီအချက်တွေကြောင့် ဗိုက်အောင့်ဗိုက်နာဖြစ်နိုင်ပါတယ်

ဗိုက်အောင့်ဗိုက်နာဖြစ်စေတဲ့ အကြောင်းအရင်းက တစ်ခုမကရှိနေတာပါ။ ဗိုက်အောင့်ဗိုက်နာဖြစ်စေတဲ့အဓိကအကြောင်းအရင်းက ပိုးဝင်ကူးစက်တာ၊ ကိုယ်တွင်းအင်္ဂါတစ်ခုခုရောင်ရမ်းတာ၊ အစာခြေစနစ်နဲ့ အူလမ်းကြောင်းမှာပြဿနာတွေရှိနေတာကြောင့်ပါ။

လည်ချောင်း၊ အူတွေနဲ့သွေးတွင်းမှာရောဂါပိုးတွေဝင်ရောက်ကူးစက်တဲ့အခါ ဘက်တီးရီးယားတွေက အစာခြေလမ်းကြောင်းထဲကိုရောက်ရှိသွားပြီး ဗိုက်အောင့်ဗိုက်နာတာတွေဖြစ်စေနိုင်ပါတယ်။

ဗိုက်အောင့်ဗိုက်နာတာကို အများဆုံးဖြစ်စေတဲ့အကြောင်းအရင်းတွေက –

  • ဝမ်းချုပ်တာ
  • ဝမ်းပျက်ဝမ်းလျှောဖြစ်တာ
  • အထက်လန်အောက်လျှောဖြစ်တာ
  • စားချဉ့်ရည်ပြန်ဆန်တက်တာ
  • အော့အန်တာ
  • စိတ်ဖိစီးမှုများတာ နဲ့
  • အစာခြေစနစ်ကိုထိခိုက်စေနိုင်တဲ့ရောဂါတွေကြောင့်လည်း ဗိုက်အောင့်ဗိုက်နာတာတွေဖြစ်နိုင်ပါတယ်။

မခံမရပ်နိုင်အောင် ဗိုက်အောင့်နေတာဆိုရင်တော့ –

ဗိုက်အောင့်တာကို သက်သာစေမယ့်နည်းလမ်းတွေက

ဗိုက်အောင့်ဗိုက်နာဖြစ်ရတဲ့အကြောင်းအရင်းပေါ်မူတည်ပြီး ကုသစောင့်ရှောက်မှုပေးပုံချင်း ကွာခြားနိုင်ပါတယ်။ ဗိုက်အောင့်ဗိုက်နာဖြစ်တဲ့အခါ

  • သက်တောင့်သက်သာလေးနေပါ
  • အသက်မှန်မှန်ရှုပေးပါ
  • ဗိုက်အောင့်သက်သာစေတဲ့လေဆေးတစ်မျိုးမျိုးသောက်ပေးပါ
  • အရည်များများသောက်ပါ
  • ဗိုက်အောင့်မသက်သာမချင်း ဘာမှမစားဘဲနေပေးပါ
  • အစာခပ်ပျော့ပျော့လေးတစ်ခုခုစားပေးပါ
  • ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအသောက်တွေစားပေးပါ
  • ရေကို မကြာခဏသောက်ပေးပါ
  • အစားကို နည်းနည်းချင်းနဲ့ အကြိမ်ရေများများစားပေးပါ
  • ရေနွေးနွေးလေးနဲ့ရေချိုးပေးပါ
  • ဗိုက်ကိုရေနွေးအိတ်ကပ်ပေးပါ
  • ကော်ဖီတွေ၊ လက်ဖက်ရည်တွေလျှော့သောက်ပေးပါ
  • အရမ်းမခံမရပ်နိုင်အောင်အောင့်လာပြီဆိုရင်တော့ ဆရာဝန်နဲ့အမြန်ဆုံးသွားရောက်ပြသပေးပါ။

ဒီလိုအခြေအနေမျိုးဖြစ်နေပြီဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးပြပေးပါ

အခုပြောပြသလို လက္ခဏာတွေခံစားနေရပြီဆိုရင်တော့ နီးစပ်ရာဆေးခန်းကို အမြန်ဆုံးသွားရောက်ပြသပေးပါ။

  • ဗိုက်ထဲကအရမ်းအောင့်နေမယ်
  • ဗိုက်အောင့်တာက နာရီတော်တော်ကြာတဲ့အထိ မသက်သာဘဲဖြစ်နေမယ်
  • ကိုယ်ဝန်ဆောင်တွေမှာဆိုရင် ဗိုက်အောင့်တာနဲ့ အတူသွေးဆင်းလာမယ်
  • ဗိုက်အောင့်မယ်၊အန်မယ်၊ အသက်ရှုတာပြတ်တောင်းပြတ်တောင်းဖြစ်မယ်
  • ဗိုက်အောင့်ပြီး အန်ရင်သွေးပါမယ်
  • ဆီးတွေ၊ဝမ်းတွေထဲမှာသွေးပါလာမယ်
  • ဗိုက်အောင့်တာနဲ့အတူ အဖျားတက်ပြီးချွေးတွေအရမ်းထွက်လာမယ်
  • တစ်ကိုယ်လုံးဖျော့တော့ပြီးချွေးစေးတွေထွက်နေမယ်
  • ဆီးသွားရခက်နေမယ်
  • ဝမ်းချုပ်ပြီးလေမတက်ဘူးဖြစ်နေမယ်ဆိုရင်တော့ နီးစပ်ရာဆေးခန်းကို အမြန်ဆုံးသွားရောက်ပြသဖို့အကြံပြုပါရစေ။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy
ရင်းမြစ်များ

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

လည်ချောင်း မှာ အဖြစ်များတဲ့ ရောဂါများ

လည်ချောင်း မှာဖြစ်တဲ့ ရောဂါတွေက သာမန်ရောဂါတွေကနေ ပြင်းထန်တဲ့ရောဂါတွေအထိ  မျိုးစုံဖြစ်နိုင်ပါတယ်။ ရောဂါအမျိုးအစားကလည်း စုံပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ဘေဘီလေးတွေမှာ သံဓာတ်လွန်ကဲနေပြီလား

သံဓာတ်ဆိုတာက ဘေဘီလေးတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ သတ္တုဓာတ် တစ်မျိုးပါ။ ဘေဘီလေးတိုင်းအတွက် လိုအပ်တဲ့ အာဟာရတစ်မျိုးပေါ့။ ဒါပေမယ့် အလွန်အကျွံမဖြစ်ဖို့လိုပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အစာအိမ်ကင်ဆာ (gastric cancer)

အစာအိမ်ကင်ဆာက များသောအားဖြင့် အစောပိုင်းလက္ခဏာ ပြသလေ့မရှိပါဘူး။ အစာအိမ်ကင်ဆာက အဆင့်တော်တော်လေးရောက်လာတဲ့အခါမှ လက္ခဏာပြတာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အစားအသောက်ကတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါတွေ က သင်ထင်တာထက် ပိုဆိုးနေပြီလား

အစားအသောက်ကနေ  ပိုးကူးစက်ပြီး အစာအဆိပ်သင့်တာက အဖြစ်များပါတယ်။ ဝယ်ယူတာကစပြီး စားတာအထိ သန့်သန့်ရှင်းရှင်း လုပ်မယ်ဆိုရင် ပိုးကူးစက်မှုကို လျှော့ချနိုင်မှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

သင့်အတွက် ရွေးချယ်ထားသည်

ကလေးရဲ့အနာဂတ် လှပစေဖို့အတွက် အာဟာရဇယားကို ဖတ်ပါ.....

ကလေးရဲ့အနာဂတ် လှပစေဖို့အတွက် အာဟာရဇယားကို ဖတ်ပါ…..

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 22, 2021 . 2 mins read
ဘေဘီလေးက ချင်း (ဂျင်း) စားလို့ဖြစ်ရဲ့လား

ဘေဘီလေးကို ချင်း (ဂျင်း) ကျွေးလို့ရရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 2 mins read
ဘေဘီလေးက ကြက်သွန်ဖြူစားလို့ရလား..............

ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 18, 2021 . 2 mins read
အစားအသောက် မှီဝဲမှုနဲ့ Lupus ကို ထိမ်းချုပ်လို့တော့ ရပါတယ်။ လေ့လာချက်တွေအရဆိုရင် ချင်းဟာ Lupus ကို ထိမ်းချုပ်ကုသရာမှာ အလွန်အသုံးတည့်တယ်လို့ဆိုပါတယ်။ မစ်ချီဂန်တက္ကသိုလ်ရဲ့ လေ့လာချက်အရ ချင်းမှာပါဝင်တဲ့ 6-gingerol လို့ခေါ်တဲ့ bioactive compound တစ်မျိုးဟာ Lupus ရဲ့ ရောဂါလက္ခဏာတွေကို လျှော့ချပေးရာမှာ အလွန်ထိရောက်တယ်လို့ ဆိုပါတယ်။

Lupus ရှိရင် ချင်း (ဂျင်း) စားပါ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 16, 2021 . 2 mins read