ရွှန်းစိုလှပတဲ့ မျက်ဝန်းလေးတစ်စုံကို ပိုင်ဆိုင်နေဖို့ဆိုရင် နေထိုင်ပုံ၊ စားသောက်ပုံတွေမှာ နည်းမှန် လမ်းမှန်နဲ့ နေထိုင်စားသောက်ဖြစ်ဖို့ လိုအပ်ပါတယ်။
နေချင်သလိုနေ၊ စားချင်သလိုစားပြီး မျက်စိကျန်းမာရေးကို ဂရုမစိုက်ဘူးဆိုရင် မွေးရာပါလှပတဲ့ မျက်ဝန်းတစ်စုံကိုပိုင်ဆိုင်ထားသူတောင်မှ အဲ့ဒီအလှတရားကို လက်လွှတ်ဆုံးရှုံးသွားရနိုင်တယ်မဟုတ်လား။
ဒါကြောင့် ကိုယ့်ရဲ့ မျက်ဝန်းလေး လှပနေဖို့ဆိုရင် အနေအထိုင် အစားအသောက်ပိုင်းမှာ ဘယ်လို နေထိုင်၊ စားသောက်ရမယ်ဆိုတာကို လမ်းညွှန်ပေးချင်ပါတယ်။
မျက်ဝန်းကျန်းမာလှပစေသော အစားအစာနှင့် အာဟာရများ
မျက်ဝန်းကို ရွှန်းစိုလှပစေဖို့ မှီဝဲပေးသင့်တဲ့ အစားအစာတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
- ၁။ ဗီတာမင် C ဓာတ်ကြွယ်ဝသည့် အသီးအနှံများ (လိမ္မော်သီး၊ သရက်သီး၊ စတော်ဘယ်ရီသီး)
- ၂။ ဗီတာမင် A ဓာတ်ကြွယ်ဝသည့် ဟင်းသီးဟင်းရွက်များ (မုန်လာဥနီ၊ ဇီးသီး၊ ကညွတ်၊ သရက်သီး)
- ၃။ Zinc ဓာတ်ကြွယ်ဝစွာပါရှိတဲ့ အစားအစာများ (ကြက်ဆင်၊ ကြက်သား၊ ဒိန်ချဉ်၊ စီရီယယ်)
- ၄။ ဗီတာမင် E ကြွယ်ဝသော အစေ့အဆံများ (အယ်လ်မွန်၊ မြေပဲ၊ နေကြာစေ့၊ ဗာဒံစေ့) စတာတွေပါပဲ။
သိထားသင့်တာတော့ အစားအသောက်ပိုင်းကို ဂရုစိုက်တာဟာ မျက်ဝန်းရဲ့ အလှအပကို ထိခိုက်စေမယ့် ပြဿနာတွေရဲ့ ၃၅%ကို လျှော့ချပေးနိုင်တယ်ဆိုတာပါပဲ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။