– နားပေါက်မှာ ရောင်ရမ်းခြင်း၊ ပြည်ထွက်ခြင်းများ မရှိတာ့ရင်တောင် လုံး၀ ကျက်သွားတဲ့အထိ နေ့စဉ် ဆေးကြောသန့်စင်ပါ။
ဘယ်အချိန်မှာ ဆရာဝန်ပြမလဲ
နားကပ်ပေါက်ကို သာမန်ပိုးဝင်ခြင်းလောက်ကတော့ အိမ်မှာပဲ မိမိဖာသာ ကုသနိုင်ပေမယ့် အောက်ပါအခြအနေတွေဆိုရင်တော့ နောက်ဆက်တွဲပြဿနာတွေရှိနိုင်လို့ ဆရာဝန်ပြသသင့်ပါတယ်။
– နားကပ်နားဆွဲများကို မချွတ်နိုင်လျှင်
– နားကပ်နားဆွဲများ နားရွက်အရေပြားအတွင်း မြုပ်ဝင်နေလျှင်
– နှစ်ရက်ကျော်သည်အထိ အိမ်တွင်းကုထုံးများနှင့် မသက်သာလျှင်
– အဖျားတက်လျှင်
– နီရဲရောင်ရမ်းခြင်း ပြည်တည်ခြင်းဟာ နားပေါက်နေရာအပြင် အခြားနေရာများသို့ ပျံ့နေလျှင်
နားပေါက်ဖောက်ရာမှာ ပိုးမဝင်အောင် ဘယ်လိုကာကွယ်မလဲ
ရောဂါပိုးမဝင်အောင် နားလည်တတ်ကျွမ်းသူနဲ့ပဲ ဖောက်သင့်ပါတယ်။ အိမ်မှာ မိမိဖာသာ မလုပ်သင့်ပါဘူး။ မိမိကိုဖောက်ပေးမယ့်သူအနေနဲ့ ပိုးမဝင်အောင် ဘယ်လိုကာကွယ်မလဲဆိုတာ နားမဖောက်ခင်မှာ ဆွေးနွေးပါ။ ပစ္စည်းကိရိယာများဟာ ပိုးသန့်စင်ထားခြင်းရှိမရှိ သေချာအောင်လုပ်ပါ။ ဖောက်ပြီးချိန်မှာလည်း နားပေါက်အနာကို ဆားရည်နဲ့ ဆေးကြောပါ။ နားပေါက်မကျက်ခင် နားကပ်ကို လှည့်ခြင်း ရှေ့တိုးနောက်ဆုတ် မကြာခဏပြုလုပ်ကြည့်ခြင်း စတာတွေ ရှောင်ပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။