နား၊ နှာခေါင်း၊ လည်ချောင်းဆိုတာ တစ်ခုနဲ့ တစ်ခု ဆက်စပ်နေတဲ့ ဦးခေါင်းထဲက အစိတ်အပိုင်းတွေပါ။ ဒါကြောင့် ဒီနေရာတွေမှာ ရောဂါဖြစ်လို့ သွားကုရင် နား၊ နှာခေါင်း၊ လည်ချောင်း ဆရာဝန်တို့၊ နား၊ နှာခေါင်း၊ လည်ချောင်းဆေးရုံတို့ဆီ သွားရတာပါ။ ဒီအင်္ဂါတွေမှာ ဘာတွေပါလဲ၊ ဘယ်လိုဆက်စပ်နေသလဲဆိုတာ ကြည့်ကြည့်ရအောင်။