backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

3

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

သင် နားကိုက် တာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 03/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

သင် နားကိုက် တာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်။

နားကိုက်တာကို တော်တော်များများ ခံစားဖူးကြမယ် ထင်ပါတယ်။ နားကိုက်တာကို ဘယ်လိုအရာတွေက နားကိုက်စေနိုင်လဲ ဆိုတာကိုရော သိပြီးပြီးလား! ဒါဆိုရင်တော့ သင် နားကိုက် တာ ဒါတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဘာတွေကြောင့်လဲဆိုတာကို ကိုယ်တိုင် လေ့လာလိုက်ပါ။

နားကိုက် တယ်ဆိုတာ သိပ်ကို ခံရခက်တဲ့ ရောဂါပါ။ ဘာကြောင့်ကိုက်လဲဆိုတာ ထားဦး။ လက်ရှိကိုက်နေတဲ့ အနေအထားကနေ အမြန်သက်သာချင်တာ လူနာတိုင်းရဲ့ ဆန္ဒပါပဲ။ နားကိုက်တာက အရွယ်မရွေး ဖြစ်နိုင်ပါတယ်။ တစ်ဖက်တည်း ကိုက်နိုင်သလို နှစ်ဖက်လုံးကိုက်တာလည်း ဖြစ်နိုင်ပါတယ်။ နားကိုက်တာက ကြာနေပြီဆိုရင် ဒီတိုင်း ပစ်မထားသင့်ပါဘူး။ ကြာလာရင် နားမကြားတော့တာ ဖြစ်လာနိုင်လို့ အကြောင်းရင်းကို ရှာပြီး ကုသရမှာပါ။ နားပိုးဝင်တာကြောင့်ဆို ပိုဆိုးပါတယ်။ ဒီတိုင်းထားလိုက်ရာက ပိုးက ဦးနှောက်ထဲရောက်ပြီး ဦးနှောက်အမြှေးရောင်တာအထိ ဖြစ်နိုင်လို့ပါ။

နားကိုက် ရတဲ့ အကြောင်းရင်းတွေ

နားကို ထိခိုက်ဒဏ်ရာရတာ၊ ပိုးဝင်တာ၊ တခြား အကြောင်းရင်း တစ်ခုခုကြောင့် နားကို လာထိခိုက်ပြီး ကိုက်တာ (ဥပမာ သွားကိုက်တာက နားကို ပျံ့ပြီးကိုက်တာ) အမျိုးစုံ ဖြစ်နိုင်ပါတယ်။ အသေးစိတ်ပြောရရင်တော့

  • နားပိုးဝင်တာ

နားကိုက်ရတဲ့ အကြောင်းရင်းထဲမှာ အဖြစ်အများဆုံးကတော့ နားပိုးဝင်တာပါပဲ။ ပိုးဝင်တာက နားရဲ့ အပြင်၊ အလယ်၊ အတွင်း သုံးနေရာလုံးမှာ ဖြစ်နိုင်ပါတယ်။ နားအပြင်ပိုင်းမှာ ပိုးဝင်တာက ရေကူးတာ၊ နားကြားကိရိယာတွေ တပ်တာ၊ နားကြပ်တပ်တာ၊ နားထဲကို ဂွမ်းဆို့တာ၊ လက်ချောင်းနဲ့ ထိုးတာ စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ နားအပြင်က အရေပြားကို ခြစ်မိတဲ့အခါ၊ ပွတ်တိုက်မိတဲ့အခါ ပိုးဝင်တတ်ပါတယ်။ ရေဝင်တဲ့အခါကျတော့ နားက စိုစွတ်နေပြီး ဘက်တီးရီးယားတွေ ပေါက်လွယ်ပါတယ်။ နားအလယ်ပိုင်းနဲ့ အတွင်းပိုင်းကကျတော့ အသက်ရှူလမ်းကြောင်းက ပိုးဝင်ပြန့်လာလို့ ပိုးဝင်တာ များပါတယ်။

  • တခြားအကြောင်းရင်းတွေကတော့
  • -နားထဲမှာ ဖိအားပြောင်းသွားတာ (ဥပမာ လေယာဥ်စီးလို့ဖြစ်ဖြစ်)

    နားဖာချေးဆို့နေတာ

    နားထဲမှာ ပစ္စည်းတစ်ခုခု ဝင်နေတာ

    -လည်ပင်းနာ ရောဂါပိုးဝင်နေတာ (strep throat)

    -နားထဲမှာ ရေဝင်တာ ဒါမှမဟုတ် ခေါင်းလျှော်ရည် ဝင်နေတာ

    -နားဖာကလော်တဲ့ ဂွမ်းဆို့နေတာ

    -မေးရိုးနာနေတာ

    နားစည်ပေါက်တာ

    -သွားကိုက်တာ စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

    နားကိုက် တာအပြင် ဘာတွေခံစားရနိုင်လဲ။

    လူကြီးတွေမှာ ဆိုရင်တော့

    ကလေးတွေမှာဆိုရင်တော့

    • နားနာတာ
    • အသံတွေ သဲသဲကွဲကွဲမကြားရတာ
    • ဖျားတာ
    • နားထဲမှာ အူနေတာ
    • အိပ်မပျော်တာ
    • အရင်ကထက် ပိုငိုပြီး ဂျီကျတာ
    • ခေါင်းကိုက်တာ
    • အစားအသောက်ပျက်တာ
    • ဟန်ချက်ညီအောင် မထိန်းနိုင်ဘဲ ယိုင်ယိုင်သွားတာ စတာတွေ ဖြစ်နိုင်ပါတယ်။
    • ဘယ်အချိန်မှာ ဆရာဝန်ပြသင့်လဲ။

      နားကိုက်တာအပြင် ကလေးမှာ အဖျား ၁၀၄နဲ့အထက်၊ ကလေးငယ်လေးတွေမှာ အဖျားနဲ့ ၁၀၁နဲ့အထက် ဖြစ်လာပြီဆိုရင် ဆရာဝန်နဲ့ ပြသင့်နေပါပြီ။ လူကြီးတွေမှာ ဆိုရင်တော့ နားနာနေရာကနေ ရုတ်တရက် အနာပျောက်သွားရင် သတိထားပါ။ နားစည်ပေါက်တာ ဖြစ်နိုင်ပါတယ်။ အောက်ကအခြေအနေတွေမှာ ဆိုရင်လည်း ဆရာဝန်နဲ့ သွားပြသင့်ပါတယ်။

      • နားကမခံနိုင်လောက်အောင် နာနေရင်
      • ခေါင်းမူးရင်
      • ခေါင်းကိုက်ရင်
      • နားရောင်လာရင်
      • မျက်နှာက ကြွက်သားတွေ အားနည်းလာရင်
      • နားထဲကနေ ပြည်တွေ၊ သွေးတွေ ထွက်လာခဲ့ရင်

      ဘယ်လိုနားကိုက်တာပဲ ဖြစ်ဖြစ် ၂ရက်နေလို့မှ မသက်သာရင် ဆရာဝန်နဲ့ သွားပြတာ အကောင်းဆုံးပါပဲ။

      နားမကိုက်အောင် ကာကွယ်လို့ရလား။

      တချို့သော နားကိုက်စေတဲ့အကြောင်းတွေကတော့ ကာကွယ်လို့ရပါတယ်။ ဥပမာ

      • ကလေးတွေ နားပိုးမဝင်အောင် အိမ်ကလူကြီးတွေ ဆေးလိပ်မသောက်တာ၊ ကလေးကို ဆေးလိပ်ငွေ့နဲ့ မတွေ့အောင် ထားတာမျိုး
      • နားကို ခဏခဏ ကလော်တာ၊ နားထဲကို ပစ္စည်းတွေ ထည့်တာ (ဥပမာ ဂွမ်းဆို့တာ) မလုပ်တာမျိုး
      • ရေချိုး ဒါမှမဟုတ် ရေကူးပြီးတိုင်း နားကို သေချာခြောက်အောင်  သုတ်တာမျိုး
      • ကိုယ်နဲ့ ဓာတ်မတည့်တဲ့ ဖုန်တွေ၊ ဝတ်မှုန်တွေကို ရှောင်တာမျိုး လုပ်ပေးပြီး ကာကွယ်လို့ရပါတယ်။

      မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

      Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

      မှ အချက်အလက် စစ်ဆေးထားပါသည်။

      Aye Thi Mon


      Aye Thi Mon မှ ရေးသားသည်။ · 03/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

      ad iconadvertisement

      ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

      ad iconadvertisement
      ad iconadvertisement