backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Lactose Intolerance (နို့သကြားဓါတ် မစုပ်ယူနိုင်ခြင်း)


Dr. Kaung Thar မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အဓိပ္ပါယ်ဖွင့်ဆိုချက်

Lactose Intolerance (နို့သကြားဓါတ် မစုပ်ယူံနိုင်ခြင်း) ကဘာလဲ။

နို့သကြားဓါတ်မစုပ်ယူနိုင်သောသူများဆိုသည်မှာ နို့တွင်ပါဝင်သောသကြားဓါတ်အားကောင်းမွန်စွာမချေဖျက်နိုင်ခြင်းကြောင့်ဖြစ်သည်။ ထိုသို့ဖြစ်ပါက ထွက်ပစ္စည်းများစားမိပါကဝမ်းလျောခြင်း လေပွခြင်းများကိုခံစားရတတ်သည်။

နို့သကြားကောင်းမွန်စွာမစုပ်ယူနိုင်ခြင်းဟုလည်းခေါ်သည်။ ဤအခြေအနေသည်များသောအားဖြင့် အန္ဓါရယ်မရှိတတ်သော်လည်းရောဂါ လက္ခဏာများက မသက်မသာဖြစ်စေတတ်သည်။ လက်တေ့ ချို့တဲ့ခြင်း( အူသေးမှထုတ်သောအရာတစ်ခု) ကြောင့်ဖြစ်တတ်သည်။ များသောအားဖြင့် လက်တေံ အနည်းငယ်ရှိတတ်သဖြင့် နို့ထွက်ပစ္စည်းများအားအစာချေနိုင်သည်။ အမှန်တကယ် နို့သကြားဓါတ်မခံနိုင်သူဖြစ်ပါက နို့ပါသောအစာစားပြီးရုံဖြင့် လက္ခဏာများပြတတ်သည်။

များသောအားဖြင့်နို့ထွက်စာရှောင်စေခြင်းဖြင့် စီရင်နိုင်သည်။

Lactose Intolerance (နို့သကြားဓါတ် မစုပ်ယူံနိုင်ခြင်း) က ဘယ်လောက်အဖြစ်များသလဲ

ဒီရောဂါဟာအလွန်အဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကိုလျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

Lactose Intolerance (နို့သကြားဓါတ် မစုပ်ယူံနိုင်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

နို့သကြားဓါတမစုပ်ယူနုင်သူသည် နို့တွင်ပါသော သကြားဓါတ်စားပြီး မိနစ်သုံးဆယ်မှ နှစ်နာရီအတွင်း ရောဂါလက္ခဏာပြတတ်သည်။ အဖြစ်များသောလက္ခဏာများမှာ

  • ဝမ်းလျောခြင်း
  • ပျို့ခြင်း တခါတရံအန်ခြင်
  • ဗိုက်အောင့်ခြင့်
  • ဗိုက်ဖောင်းခြင်း
  • လေပွခြင်းများဖြစ်တတ်သည်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်းရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာရောဂါလက္ခဏာတစ်ခုခုများရှိနေမလားဆိုပြီးစိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာအထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲကတစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာမတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကိုသင့်ဆရာဝန်နဲ့ တိုင်ပင်တာကအကောင်းဆုံးပါပဲ။

အကြောင်းရင်းများ

Lactose Intolerance (နို့သကြားဓါတ် မစုပ်ယူံနိုင်ခြင်း) ကိုဘာတွေကဖြစ်စေသလဲ

နို့သကြားဓါတ်ကိုချေဖျက်ပေးသော အူသေးပိုင်းမှ ထုတ်သည့်လက်တေ့ အင်ဇိုင်းကို အလုံအလောက်မထုတ်နိုငသောအခါတွင်ဖြစ်သည်။ လက်တေ့အင်ဇိုင်းသည် နို့သကြားဓါတ်အား ရိုးရှင်းသော သကြားဓါတ်ပုံစံနှစ်မျိုး(ဂလူးကို့ နှင့် ဂလက်တို့)အဖြစ်ပြောင်းပေးသည်။

ထိုအရာများသည် အူနံရံများမှတစ်ဆင့် သွေးသွင်းသို့စီးဝင်သည်။ လက်တေ့အင်ဇိုင်းချို့တဲ့ပါက နို့သကြားဓါတ်အားစုပ်ယူခြင်းမပြုတော့ပဲ အူမကြီးသို့တန်းရောက်စေသည်။ အူမကြီးတွင်ပုံမှန်နေသော ဘက်တီးရီးယားများနှင့်ပေါင်းဆက်ပြီး နီု့သကြားဓါတ်မမစုပ်ယူနုင်ခြင်း၏ရောဂါလက္ခဏာများကိုပြလိမ့်မည်။ ရောဂါအားအမျိုးအစားသုံးမျိုးခွဲထားသည်။ အမျို့းအစားတခုချင်းဆီအတွက်ဖြစ်စေသောအကြောင်းအရာတစ်မျိုးစီရှိတယ်။

အဖြစ်များဆုံးပုံစံဖြစ်သည်။ နို့သောက်အရွယ်တွင် လက်တေ့အင်ဇိုင်းအားများစွာထုတ်သည်။ ကလေးများမှ နို့အစား အခြားအစာများစားလာသောအခါ လက်တေ့အင်ဇိုင်းထုတ်ခြင်းသည် နည်းသွားသော်လည်း အစာချေရန်လုံလောက်သောပမာဏကျန်ခဲ့တတ်သည်။

သို့သော် အခြေခံ နို့သကြားဓါတ်မခံနိုင်သူ္ပတွင်လက်တေ့အင်ဇိုင်းထုတ်ခြင်းသည် ရုတ်တရက်ကျသွားတတ်သည်။ အရွယ်ရောက်ချိန်တွင်နို့ထွက်ပစ္စည်းများအားအစာခြေရန်ခက်ခဲတတ်သည်။ ထိုအခြေအနေသည် မျိုးရိုးလိုက်တတ်ပြီး အာဖရိကန် အာရှ သို့မဟုတ် လက်တင်အမေရိကတို့တွင်ပိုဖြစ်တတ်သည်။ မြေထဲပင်လယ်အနီးတဝှက်ရှိဒေသနှင့် ဥရောပတောင်ပိုင်းတို့တွင်ပိုဖြစ်တတ်သည်။

အဓိကမဟုတ်သော နို့သကြားဓါတ်မစုပ်ယူနိုင်ခြင်း

အူသေးတွင်ဖျားနာခြင်း ထိခိုက်မိခြင်းသို့မဟုတ် ခွဲစိတ်ပြီးသောအခါများတွင် အူသေးမှ လက်တေ့ထုတ်ခြင်းနည်းလာခြင်းကြောင့်ဖြစ်သည်။ စီးလိရက်ရောဂါ ၊ ဘက်တီးရီးယားအလွန်အမင်းပွားသောရောဂါ နှင့် ခရုန်းရောဂါများနှင့်တွဲ၍ဖြစ်တတ်သည်။ ဖြစ်စေသော ရောဂါကိုပြန်ကုခြင်းဖြင့် လက်တေ့အားပြန်တက်လာစေပြီး ရောဂါလက္ခဏာအားသက်သာစေသည်။

မွေးရာပါ နို့သကြားဓါတ်မစုပ်ယူနိုင်ခြင်းသည်

ရှားသော်လည်းကလေးများတွင် လက်တေ့လုံးဝမရှိပဲမွေးလာခြင်းဖြစ်တတ်သည်။ အမေကောအဖေ၏တူညီတော ဗီဇ အသေးနှစ်ခုပေါင်းစပ်၍ ဖြစ်လာနိုင်သည်။ နေ့မစေ့သောကလေးငယ်များတွင်လက်တေ့မလုံလောက်ခြင်းကြောင့် နို့သကြားဓါတ်မစုပ်ယူနိုင်ခြင်းဖြစ်တတ်သည်။

ဖြစ်နိုင်ခြေများ

Lactose Intolerance (နို့သကြားဓါတ် မစုပ်ယူံနိုင်ခြင်း) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

နို့သကြားဓါတ်မစုပ်ယူနိုင်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

  • အသက်ကြီးလာခြင်း။ အရွယ်ရောက်ချိန်များတွင်စဖြစ်တတ်ပြီး ကလေးငယ်များတွင်သိပ်မဖြစ်တတ်ပေ။
  • လူမျိုး။ အာဖရိကန် အာရှ လက်တင်အမေရိကန်တို့တွင်ပိုဖြစ်တတ်သည်။
  • နေ့မစေ့မွေးခြင်း။ နေ့မစေ့မွေးခြင်းကြောင့် လက်တေ့နည်းတတ်သည်။ အဘယ်ကြောင့်ဆိုသော် အူရှိ လက်တေ့ထုတ်သောဆဲလ်များသည် ကိုယ်ဝန်နောင်းပိုင်းတွင်ဖွံဖြိုးသောကြောင့်ဖြစ်သည်။
  • အူသေးကိုထိခိုက်စေသောရောဂါများ။ ဘက်တီးရီးယားပေါက်ဖွားမှုနှုန်းများခြင်းနှင့် ခရုန်းရောဂါများတွင် ဖြစ်တတ်သည်။
  • ကင်ဆာကုထုံးများ။ ဗိုက်တွင် ကင်ဆာဖြစ်၍ ဓါတ်မှန်ပြရခြင်းသို့မဟုတ် ကင်ဆာဆေးသွင်းခြင်းကြောင့်အူလမ်းကြောင်းဆိုင်ရာ နောက်ဆက်တွဲများဖြစ်ပါက ရောဂါဖြစ်နှုန်းပိုများစေတတ်သည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Lactose Intolerance (နို့သကြားဓါတ် မစုပ်ယူံနိုင်ခြင်း) ကို ဘယ်လိုအတည်ပြုပါသလဲ

ရောဂါလက္ခဏာများပေါ်မူတည်၍ ရောဂါဟုတ်မဟုတ်ကို သံသယထားလိမ့်မည်။ နို့ပစ္စည်းမစားသုံးခြင်းဖြင့် သင့်ခန္ဓါကိုယ်၏တုံပြန်မှုကိုစမ်းသက်လိမ့်မည်။ တိကျသောအဖြေလိုပါက အောက်ပါစမ်းသက်မှု တစ်ခုသို့မဟုတ် တစ်ခုထက်ပိုသောစမ်းသက်မှုများပြုသင့်သည်။

  • နို့သကြားစုပ်ယူနိုင်မှုကိုစမ်းသက်သောနည်းလမ်း။ နို့သကြားပါဝင်မှုများသောအရည်ကိုသောက်စေ၍ သင့်ခန္ဓါကိုယ်တုံပြန်မှုကိုလေ့လာလိမ့်မည်။ သောက်ပြီနှစ်နာရီကြာချိန်တွင် သွေးဖောက်စစ်ပြီး သွေးထဲရှိသကြားဓါတ်ကိုလေ့လာမည်။ သကြားဓါတ်မတက်ပါက သင့်ခန္ဓါကိုယ်သည် နို့သကြားအား ကောင်းစွာမစုပ်ယူနိုင်သည်ဟုသတ်မှတ်မည်။
  • ဟိုင်ဒရိုချင် အငွေ့အားစမ်းသက်ခြင်း။ဤစမ်းသက်မှုသည်လည်း နို့သကြားများစွာပါသောအရည်အားသောက်ရန်လိုအပ်သည်။ ထို့နောက် အသက်ရူခြင်းတွင် ပါဝင်လာသော ဟိုင်ဒရိုချင် ကိုပုံမှန်တိုင်းတာလိမ့်မည်။ ပုံမှန်ဆိုရင် အနည်းငယ်သာပါဝင်တတ်သည်။ သို့သော် နို့သကြားအားခန္ဓါကိုယ်မှမချေနိုင်ပါက အူမကြီးတွင် အချဉ်ဖောက်ပြီး ဟိုင်ဒရိုဂျင်နှင့် အခြားဓါတ်ငွေ့များထွက်လာမည်။ ထိုဓါတ်ငွေ့များကို အူမှယူ၍ပြန်ထုတ်မည်။ ထိုသို့ပြန်ထုတ်သောိုင်ဒရိုဂျင်များနေပါက နို့သကြားအားကောင်းမွန်စွာမချေဖျက်နိုင်မစုပ်ယူနိုင်ဟုသတ်မှတ်သည်။
  • ဝမ်းအက်စစ်ဓါတ်စမ်းသက်ခြင်း။ ကလေးများတွင် အထက်ပါစမ်းသက်မှုများမပြုလုပ်နိုင်သဖြင့် ဤစမ်းသက်မှုကိုပြုလုပ်သည်။ ချေဖျုက်ထားခြင်းမရှိသော နို့သကြားဓါတ်အချဉ်ဖောက်ခြင်းဖြင့် လက်တစ်အက်စစ်နှင့်အခြားအက်စစ်များကိုထုတ်သည်။ ထိုအရာများကို ဝမ်းအားစစ်ဆေးခြင်းဖြင့်သိနိုင်သည်။

Lactose Intolerance (နို့သကြားဓါတ် မစုပ်ယူံနိုင်ခြင်း) ကို ဘယ်လိုကုသပါသလဲ

လက်တေ့ အားသင့်ခန္ဓါကိုယ်မှပြန်ထုတ်ရန်လုပ်ပေးနိုင်သော နည်းလမ်းမရှိသေးပါ။ သို့သော် နို့သကြားမစုပ်ယူနိုင်ခြင်းကြောင့်ဖြစ်သော မသက်သာမှုများကိုအောက်ပါအချက်များရှောင်ကြဉ်ခြင်းပြုလုပ်နိုင်သည်။

  • နို့နှင့်နီု့ထွက်ပစ္စည်းအများကြီးစားခြင်းမှရှောင်ပါ။
  • သင့်၏ပုံမှန်အစားအသောက်တွင် နို့ပစ္စည်းအနည်းငယ်သာပါပါစေ။
  • နို့သကြားဓါတ်လျော့ထားသောရေခဲမှန့် နို့တို့ကိုစားသုံးပါ။
  • နို့သကြားဓါတ်အား ဖျက်ဆီးသော အရည်အား နို့တွင်ထည့်၍သောက်ပါ။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ။

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက နို့သကြားဓါတ်မစုပ်ယူနိုင်ခြင်း ကိုကုသရာမှာဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့် နို့သကြားဓါတ်မစုပ်ယူနိုင်ခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာအကူအညီပေးနိုင်ပါတယ်။

အစားအသောက်ကောင်းမွန်စာစားခြင်း။

နို့ထွက်ုပစ္စည်းလျော့စားခြင်းဖြင့် ကယ်ဆီ်ယမ်မရနိုင်တော့ဟုမဆိုလိုပါ။ ကယ်ဆီယမ်သည် အောက်ပါအစားအစာများမှလဲရနိုင်သည်။

  • ဂေါ်ဖီစိမ်း
  • ကယ်စီယမ်ပါသောအစားများ ဥပမာ ပါမှန့်နှင့် အသီးဖျော်ရည်။
  • ဆယ်မွန်စီသွပ်ဘူး
  • နီု့အစားထိုးပစ္စည်းများဖြစ်သည့် ဥပမာ ပဲနို့ နှင့် ဆန်ဆေးရည်။
  • လိမ္မော်သီး
  • ပဲ
  • အရည်ရွှမ်းသော စားသုံးပင်တစ်မျိုး
  • ဟင်းနုနွယ်

ပြုပြင်ထားသောနို့တွင် ဗီတာမင်လုံလုံလောက်ပါသည်ဟုသေချာပါစေ။ ဥ၊ အသဲနှင့် ဒိန်ချဉ် တွင်လည်း ဗီတာမင်လုံလုံလောက်လောက်ပါသည်။ ထိုပြင်နေနှင့်ထိပါကသင့်ခန္ဓါကိုယ်မှ ဗီတာမင် ဒီကိုထုတ်ပေးသည်။ အစားအသောက်မဆင်ခြင်သော်လည်း လူငယ်များတွင် ဗီတာမင်မလုံလောက်မှုများဖြစ်တတ်သည်။ ဗီတာမင်ဒီနှင့် ကယ်ဆီယမ် ဖြည့်စွက်စာသုံးစွဲလို့လိုအပ်သည်မအပ်သည်ကိုမေးမြန်းပါ။

နို့ထွက်ပစ္စည်းအားဆင်ခြင်၍စားပါ

လူအများစုတွင် နို့သကြားမစုပ်ယူနိုင်ခြင်းဖြစ်သော်လည်းရောဂါလက္ခဏာများမပြသည်များရှိတတ်သည်။ တဖြည်းဖြည်းချင်း နို့ထွက်ပစ္စည်းများတိုးစားခြင်း ပြုနိုင်သည်။ အချို့သူများတွင် အဆီပြည့်ပါသောနို့ထွက်ပစ္စည်းဥပမာ နွားနို့ ဒိန်ခဲ တို့အားပိုစုပ်ယူနိုင်ပြီး အဆီနည်းသော နီု့ထွက်ပစ္စည်းစုပ်ယူမှုနည်ကြောင်းတွေ့ရသည်။

  • ရောဂါလက္ခဏာများသက်သာစေရန် အစားအသောက်ပြောင်းလဲမှုများတွင်အောက်ပါတို့ပါဝင်သည်။
  • နို့ထွက်ပစ္စည်းအနည်းငယ်သာစားသုံးပါ (တခါစားလျှင် လေးအောင်စ ၁၁၈ မီလီလီတာ)
  • နို့အားအခြားအစာများဖြင့်တွဲစားပါ။ ထိုသို့ပြုလုပ်ခြင်းမှ အစာခြေခြင်းကိုနှေးစေပြီး ရောဂါလက္ခဏာအားသက်သာစေသည်။
  • အမျိုးမျိုးသော နို့ထွက်ပစ္စည်းများအားစမ်းစားကြည့်ပါ။ နို့ထွက်ပစ္စည်းတိုင်းတွင် နို့သကြားပါဝင်နှုန်းမတူနိုင်ပါဥပမာ ဆွစ် သို့မဟုတ် ဒိန်ခဲမာတွင် နို့သကြားဓါတ်အနည်းငယ်သာပါပြီးရောဂါလက္ခဏာအားမဖြစ်စေပါ။ ဒိန်ချဉ်တွုင်သဘာဝအရထွက်သော ဘက်တီးရီးယားများက နို့သကြားအား ဖျက်ဆီးခြင်းကြောင့် ရောဂါလက္ခဏာအားမဖြစ်စေပါ။
  • နို့သကြားနည်းသော သို့မဟုတ် မပါသော ပစ္စည်းများကိုဝယ်ပါ။ စူပါမက်ကတ်ကြီးများတွင်ဝယ်ယူနိုင်သည်။
  • လက်တေ့အင်ဇိုင်းပါသော ဆေး သို့မဟုတ် အဆက်ချဆေးကိုသုံးပါ။ ဆေးဆိုင်တိုင်းတွင်ဝယ်နိုင်သည်။ (ဒယ်ရီအေ့၊ လက်တစစ် နှင့် အခြား) တို့က နို့ထွက်ပစ္စည်း ချေဖျက်ခြင်းကိုကူညီနိုင်သည်။ အစားမစားမှီသောက်နိုင်သည်။ နို့အတွင်းသို့ အစက်ချဆေးထည့်နိုင်သည်။ သို့သော် ထိုဆေးများကလူတိုင်းအတွက် ဤအရာများကသက်သာစေသည်တော့မဟုတ်ပါ။

အကယ်၍သင့်မှာမေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Kaung Thar မှ ရေးသားသည်။ · 09/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement