သင့်ကလေးက တစ်နေ့တာမှာ ပုံမှန်ထက် အိပ်ချိန်များနေပြီး နိုးလာချိန်မှာ ပင်ပန်းအားနည်းသလိုဖြစ်နေတာတွေ့ရရင်၊ အစားစားပေမယ့် ပိန်နေဆဲဖြစ်ရင် သန်ကောင်ကြောင့်ဖြစ်နေနိုင်ပါတယ်။ ဆရာဝန်နဲ့တိုင်ပင်ပြီး သန်ချဖို့ စီစဉ်ပါ။
မောပန်းနုံးချိခြင်း
ဒါကတော့ အာဟာရချို့တဲ့ တဲ့လက္ခဏာပါ။ သန်ကောင်တွေလောက် လူ့ခန္ဓါကိုယ်က အာဟာရဓါတ်တွေမရလိုက်တဲ့အခါ လူက အားနည်းလာပြီး အိပ်ငိုက်ခြင်းကို ခံစားရမှာဖြစ်ပါတယ်။ အားမရှိသလို ခံစားရတဲ့အပြောင်းအလဲတွေကို သတိထားမိလာတယ်ဆိုရင် တခြားသန်ထတဲ့လက္ခဏာတွေရှိနေသလား စပြီးစောင့်ကြည့်သင့်ပါပြီ။
ချောင်းခြောက်ဆိုးခြင်း
လူ့ခန္ဓါကိုယ်ထဲမှာ သန်ကောင် အမျိုးအစားပေါင်းစုံ ရှိနေနိုင်ပါတယ်။ ဒါပေမယ့် သန်ကောင်ဥကနေ သားလောင်းဘဝအထိ ပထမအဆင့်အတွင်းမှာ အူထဲမှာတင်မကဘဲ ခန္ဓါကိုယ်ရဲ့တခြားအစိတ်အပိုင်းတွေမှာလည်း ရှင်သန်နေထိုင်နိုင်ကြပါတယ်။
တချို့သန်ကောင်တွေက အဆုတ်နဲ့ အစာရေမျိုမှာ တွယ်ကပ်ရှင်သန်ကြတဲ့အတွက် အာရုံသိတစ်ရှူးတွေရောင်ရမ်းခြင်းကိုဖြစ်စေနိုင်ပါတယ်။ဆေးဝါးတွေထိုက်သင့်သလောက်သောက်သုံးနေတာတောင်မှ မသက်သာတဲ့ချောင်းခြောက်ဆိုးတဲ့ဝေဒနာတွေဟာ သန်ကောင်ကြောင့်ဖြစ်နေနိုင်ပါတယ်။ ဒီလက္ခဏာက အတော်ကိုစိတ်အနှောင့်အယှက်ဖြစ်စရာကောင်းပြီး ပင်ပန်းရပါတယ်။
ရင်ကျပ်ခြင်း၊ အသက်ရှူမဝခြင်း
အဆုတ်ထဲမှာ သန်ကောင်တွေရှိနေတဲ့အခါရောင်ရမ်းမှုတွေဖြစ်စေပြီးချောင်းဆိုးခြင်း၊ အသက်ရှူမဝခြင်း၊ ဖျားခြင်း၊ ရင်ဘတ်အောင့်ခြင်းနဲ့ အသက်ရှူသံတရွှီရွှီဖြစ်နေခြင်း စတဲ့လက္ခဏာတွေဖြစ်လာတတ်ပါတယ်။
အစာစားချင်စိတ် အပြောင်းအလဲဖြစ်ခြင်း
သန်ကောင်တွေ ခန္ဓါကိုယ်ထဲများနေတဲ့အခါ သူတို့ရဲ့တည်ရှိမှုကို အသွင်သဏ္ဍာန်အားဖြင့် မသိသာပေမယ့် အူတွင်းက အာရုံခံstimuliတွေရဲ့သတင်းပေးပို့မှုကို ခန္ဓါကိုယ်က လက်ခံသိရှိနိုင်ပါတယ်။ အဲဒီstimuliတွေက ဗိုက်ပြည့်နေပြီလို့ ဦးနှောက်ကို သတင်းပို့လိုက်ပေမယ့်ပြည့်နေတဲ့အရာက စားသုံးလိုက်တဲ့အစာလား၊ သန်ကောင်တွေလားဆိုတာ အတိအကျ မသိလိုက်နိုင်ပါဘူး။ ဒါ့ကြောင့် အစာစားချင်စိတ်မှာ ရုတ်တရက်အပြောင်းအလဲတွေဖြစ်ပေါ်ခံစားရနိုင်ပါတယ်။ အစားနည်းနည်းလေးနဲ့ ဗိုက်ပြည့်ပြီး အစားနည်းသထက်နည်းလာနိုင်ပါတယ်။
တစ်ဖက်ကဆိုရင်လည်း တချို့သန်ကောင်အမျိုးအစားက အာဟာရဓါတ်တွေကိုအများကြီးစားသုံးတတ်တာကြောင့် ခန္ဓါကိုယ်ကို အာဟာရချို့တဲ့စေနိုင်ပါတယ်။ ဒီလိုမျိုးဖြစ်လာရင် မကြာခဏဆာလောင်လာပြီး အစားပိုများလာတတ်ပါတယ်။
အခုဖော်ပြခဲ့တဲ့လက္ခဏာတွေ ကိုယ့်မှာရှိနေရင် သန်ကျဆေးသောက်ဖို့ မတုံ့နှေးနေပါနဲ့တော့။ နောက်ပိုင်းမှာ သန်ချဖို့ အစွမ်းထက်တဲ့ဆေးဝါးတွေလည်းရှိနေပြီဆိုတော့ လက္ခဏာတွေပိုဆိုးမလာခင် ကုသဖို့ သတိထားပါ။ ဒီထဲက လက္ခဏာနှစ်ခုနဲ့အထက် ကိုယ့်မှာရှိနေရင် ၊ပြင်းထန်ရင် ဆရာဝန်ပြဖို့ အကြံပြုချင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။