အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ သည်အမျိုးအစားအများကြီး ရှိတဲ့အတွက် တစ်မျိုးစီရဲ့ ထူးခြားချက်နဲ့ လက္ခဏာတွေကို လေ့လာထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ဝမ်းသွားရင် အရမ်းနာကျင်ရတာ ဘာကြောင့်လဲ!

ဝမ်းသွားတာက ခန္ဓာကိုယ် ကျန်းမာစေဖို့ အရေးပါတဲ့ ဖြစ်စဉ် တစ်ခုပေါ့။ ဝမ်းသွားတာက အညစ်အကြေးတွေကို စွန့်ထုတ်မှု ဖြစ်စဉ် တစ်ခုပါ။ ဒီဖြစ်စဉ်က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဖြစ်စဉ်ပဲ ဆိုပေမယ့် ရံဖန်ရံခါမှာ ဝမ်းသွားတဲ့အခါ နာကျင်တာကိုတော့ ခံစားရတတ်နိုင်ပါတယ်။ ဝမ်းချုပ်တာကစလို့ ဝမ်းပျက်တာအထိ အမျိုးမျိုးသော ဝမ်းသွားမှုတွေမှာ နာကျင်တာကို ခံစားရနိုင်သလို တခြားအကြောင်းရင်းတွေကြောင့်လည်း ဝမ်းသွားရင် အရမ်းနာကျင်တာကို ခံစားနေရနိုင်ပါတယ်။ အခုတစ်ခေါက်တော့ ဝမ်းသွားရင် အရမ်းနာကျင်ရတာ ဘာကြောင့်လဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ https://hellosayarwon.com/digestive-health/diarrhea-digestive-health/foods-that-can-cause-diarrhoea/ ဝမ်းသွားရင် အရမ်းနာကျင်ရတာ ဘာကြောင့်လဲ! ဝမ်းသွားရင် အရမ်းနာကျင်ရတာ ဘာကြောင့်လဲ! ဆိုတော့ အခုလို အကြောင်းအရင်းတွေကြောင့်ပါ။ ရေသောက်နည်းလို့  ဝမ်းသွားတယ်ဆိုတာက ကိုယ်တွင်းထဲက အညစ်အကြေးတွေ အဆိပ်အတောက်တွေကို စွန့်ထုတ်တာပါ။ ဒီလို စွန့်ထုတ်တဲ့အခါ အခက်အခဲ မရှိစေဖို့အတွက် ရေဓာတ်ကို ပြည့်ပြည့်ဝဝ ရရှိဖို့ […]

အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ ကို ရှာဖွေမည်။

အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အူအတက်ဆိုတာ ခန္ဓာကိုယ်အတွက် အသုံးမဝင်တဲ့ အစိတ်အပိုင်းလား

အူအတက် ဆိုတာက အူမကြီးရဲ့ ညာဘက်ခြမ်းမှာ ကပ်တွယ်နေတဲ့ အစိတ်အပိုင်း သေးသေးလေးပါ။ များသောအားဖြင့်ကတော့ အူအတက်မှာ ဘာပြဿနာမှ မရှိတတ်ပါဘူး။ ဒါပေမယ့် အူအတက်မှာ အညစ်အကြေးတွေ ပိတ်ဆို့တာ ဒါမှမဟုတ် ပိုးဝင်တာတွေ ဖြစ်နိုင်သလို ရောင်ရမ်းတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီလို ရောင်ရမ်းတာကို အူအတက်ရောင်တယ်လို့ ခေါ်ပါတယ်။ အူအတက် ရောင်တဲ့အခါ ဆေးကုသမှု ခံယူဖို့ လိုအပ်ပါတယ်။ ဆေးကုသမှုကို မရလိုက်ဘူးဆိုရင် အသက်အန္တရာယ် ထိခိုက်စေနိုင်ပါတယ်။ လူတစ်ယောက်မှာ အခြားအစိတ်အပိုင်းတွေဆိုရင် အစုံလိုက် မရှိရင်အောင် တစ်ခုတော့ ရှိမှ အဆင်ပြေမှာ ဆိုပေမယ့် အူအတက် ကတော့ မရှိလည်း အဆင်ပြေပါတယ်။ ဒီတော့ မေးစရာ ရှိနိုင်တာက အူအတက်ဆိုတာ ခန္ဓာကိုယ်အတွက် အသုံးမဝင်တဲ့ အစိတ်အပိုင်းလား လို့ပေါ့။ ဒီအကြောင်းလေးကို ဆောင်းပါးလေးထဲမှာ သေချာ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Stress Ulcer ဆိုတာ

အနာဆိုတာက အရေပြား ဒါမှမဟုတ် တစ်ရှူးတွေ ကျိုးပေါက်သွားပြီး အနာပေါက်ပွင့်နေတဲ့ အရေပြားပြဿနာကို ဆိုလိုတာပါ။ ဒီလို အရေပြားမှာ အနာပေါက်ပွင့်နေတာနဲ့အတူ ရောင်ရမ်းတာ၊ ပိုးဝင်တာတွေကိုပါ ခံစားရနိုင်ပါတယ်။ အရေပြားတင်မကပါဘူး။ Mucosaလို့ခေါ်တဲ့ အချွဲအလွှာမှာလည်း အနာတွေ ဖြစ်တတ်ပါတယ်။ ဒီတစ်ခေါက်တော့ စိတ်ပိုင်းဆိုင်ရာမှာ ဖိစီးမှုတွေကြောင့် ဖြစ်ရတဲ့ Stress ulcer အကြောင်း ပြောပြပေးချင်ပါတယ်။ Stress Ulcer [စိတ်ဖိစီးမှုကြောင့် ဖြစ်တဲ့ အနာ] ဆိုတာ စိတ်ဖိစီးမှုတွေ များတာကြောင့် အစာခြေစနစ်ထဲက နေရာအချို့မှာ တစ်ရှူးတွေ ထိခိုက်ပျက်စီးသွားပြီး ဖြစ်လာတဲ့ အနာတစ်မျိုးပါ။ Stress ulcer တွေက အစာခြေစနစ် အထက်ပိုင်းနားမှာ အဖြစ်များပါတယ်။ ဒီအနာတွေက အစာခြေစနစ် အတွင်းနံရံတွေကို ပျက်စီးစေပြီး နာကျင်မှုကို ခံစားရနိုင်ပါတယ်။ ပူပူလောင်လောင် ခံစားမှုမျိုး ခံစားရနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ ပိုးဝင် […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ဝမ်းကိုက်ခြင်း အကြောင်း သိကောင်းစရာ

ဝမ်းကိုက်တယ်ဆိုတာက အစာခြေစနစ်ရဲ့ အူလမ်းကြောင်းတွေ ရောင်ရမ်းပြီး ဗိုက်က မခံမရပ်နိုင်အောင် အောင့်တာ၊  ဝမ်းပျက်ဝမ်းလျှောဖြစ်တာမျိုးကို ဆိုလိုတာပါ။ ဒီလို ဝမ်းကိုက်တာကို ခံစားရချိန်က ၃ ရက်ကနေ ၇ ရက်လောက်အထိ ကြာမြင့်တတ်ပါတယ်။ ဝမ်းကိုက်တဲ့အခါ မအီမသာဖြစ်တာ၊ အော့အန်တာ၊ အဖျား ၁၀၀ ဒီဂရီထက် များနေတာ၊ ရေဓာတ်ခမ်းခြောက်တာတွေကို ခံစားရနိုင်ပါတယ်။ များသောအားဖြင့်ကတော့ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတာကြောင့် အဖြစ်များပါတယ်။ အစားအစာ သန့်ရှင်းမှု အားနည်းတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဝမ်းကိုက်တာက ရေဓာတ်ခမ်းခြောက်မှုကို ပြင်းပြင်းထန်ထန် ခံစားရမယ်ဆိုရင် အသက်ဆုံးရှုံးနိုင်ပါတယ်။ ဝမ်းကိုက်ပိုးက ကူးစက်မြန်လွန်းတဲ့ ကူးစက်ရောဂါတစ်မျိုးပါ။ ဒီရောဂါပိုးက အသုံးအဆောင်တွေ၊ အစားအသောက်တွေ၊ ရေအိမ်တစ်ခုတည်း အသုံးပြုမှုတွေကနေတဆင့် ကူးစက်နိုင်ပါတယ်။ ဒီရောဂါပိုးကို မကူးစက်အောင် ကာကွယ်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းက ရေအိမ်သုံးပြီးတိုင်းမှာ လက်ကို သေချာစွာ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

စမြင်းတုံးကြောင့် အူပိတ်တာကို သက်သာစေဖို့

အစာခြေစနစ် ပြဿနာတွေကတော့ အများကြီးပါ။ အစာမကြေတာ၊ ရင်ပူတာ၊ ဝမ်းပျက်ဝမ်းလျှောဖြစ်တာ၊ ဝမ်းချုပ်တာ၊ အူပိတ်တာတွေပါ။ ဒီလို အစာခြေစနစ်ပြဿနာတွေကို အရမ်းမပြင်းထန်ဘူးဆိုရင် အိမ်မှာပဲ ကုသလို့ ရသလို အရမ်းပြင်းထန်မယ်ဆိုရင်တော့ လိုအပ်တဲ့ ကုသမှုကို ခံယူဖို့ လိုမှာပါ။ ဒီတစ်ခေါက်တော့ အဖြစ်မများပေမယ့် ဖြစ်လာခဲ့ရင် အတော်လေး နေရထိုင်ရ ခက်လှတဲ့ အူပိတ်တာကို သက်သာစေဖို့ ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။ အူပိတ်တယ် ဆိုတာဘာလဲ ....... အူပိတ်တယ်ဆိုတာက ဖြန့်ကြည့်လိုက်ရင် ၂၅ ပေလောက်ရှိတဲ့ အူလမ်းကြောင်း တလျှောက်က နေရာတစ်ခုခုမှာ စားကြွင်းစားကျန်တွေ ပိတ်ဆို့နေတဲ့ အခြေအနေပါ။ အူသိမ်ပိုင်းမှာ ပိတ်နိုင်သလို အူမကြီးမှာ ပိတ်တာမျိုးလည်း ရှိနိုင်ပါတယ်။ ဒီလို အူပိတ်တာက ကြာလာတာနဲ့အမျှ စားကြွင်းစားကျန်တွေက နေရာမရွေ့ တည်ရှိနေရင်းက နောက်ဆုံးမှာ တဖြည်းဖြည်းများလာပြီး အူပေါက်တာမျိုးအထိ ဖြစ်နိုင်ပါတယ်။ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

Morning sickness မဟုတ်ဘဲ မနက်ပိုင်း အန်ချင်နေတာ ဘာကြောင့်လဲ ........

မနက်ခင်း မှာ အော့ချင်သလို အန်ချင်သလို ဖြစ်တာက အခြားသူတွေအတွက် သိပ်စိတ်ပူစရာ မဟုတ်ပေမယ့် အိမ်ထောင်ရှင်မ လေဒီလေးတွေအတွက်တော့ စိတ်လှုပ်ရှားစရာ စိတ်ပူစရာ ကိစ္စနော်။ ဒါဆို မနက်ခင်းမှာ အော့အန်တာ ခေါင်းကိုက်တာ မအီမသာဖြစ်တာတွေက ကိုယ်ဝန်ရှိမှ ဖြစ်တတ်တာလားဆိုတော့ အဲ့လို တထစ်ချကြီး မှတ်ယူလို့ မရပါဘူး။ မနက်ခင်းမှာ မကြည်မလင် နိုးထလာရတာ၊ ခေါင်းကိုက်တာ၊ အော့အန်တာတွေက ကိုယ်ဝန်ရှိမှ ဖြစ်တာ မဟုတ်ပါဘူး။ အခြား အကြောင်းအရင်းတွေကြောင့်လည်း မနက်ခင်းမှာ အခုလိုမျိုးတွေ ခံစားရနိုင်ပါတယ်။ https://hellosayarwon.com/pregnancy/being-pregnant/first-trimester-being-pregnant/differences-between-morning-sickness-motion-sickness/ Morning sickness မဟုတ်ဘဲ မနက်ပိုင်း အန်ချင်နေတာ ဘာကြောင့်လဲ ........ Morning sickness ဖြစ်ရတဲ့ အကြောင်းအရင်းရဲ့ နောက်ခံ အကြောင်းအရာက ကိုယ်ဝန်ရှိတာ တစ်ခု တည်းကြောင့် မဟုတ်ပါဘူး။ အထက်လန်အောက်လျှော (stomach flu) ဒါမှမဟုတ် […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

ဘယ်လို ဗိုက်အောင့် ခြင်းတွေက အရေးပေါ်ကုသမှု လိုအပ်သလဲ

လူနာက ဗိုက်အောင့် လို့ ဆရာရေလို့ ပြောပြီဆိုရင် ဆရာဝန်ခမျာ ရောဂါပေါင်းစုံကို စဉ်းစားရပါတယ်။ ဗိုက်အောင့်တယ်ဆိုတာက ရောဂါမျိုးစုံရဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။ အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ဖြစ်သမျှရောဂါတွေက ဗိုက်အောင့်တာနဲ့ လာတတ်ပါတယ်။ ခက်တာက အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ကိုယ်တွင်းအင်္ဂါတွေမှ အများကြီး။ ဒါတင်ပဲလားဆိုတော့ အူလမ်းကြောင်းနဲ့ မဆိုင်တဲ့ အဆုတ်ရောဂါ၊ နှလုံးသွေးကြောကျဉ်း၊ ဝမ်းဗိုက်ထဲက သွေးကြောပေါက်တဲ့ ပြဿနာတွေမှာလည်း ဗိုက်အောင့်နိုင်ပါသေးတယ်။ ဒါကြောင့် ဘယ်လို ဗိုက်အောင့် ခြင်းတွေက အရေးပေါ်ကုသမှု လိုအပ်သလဲ ဆိုတာက အရေးကြီးပါတယ်။ သာမန်လေထိုးလေအောင့်ကစလို့ နှလုံးရောဂါတွေထိ ဗိုက်အောင့်နေတာဆိုတော့ ဆရာဝန်အနေနဲ့လည်း ရောဂါရှာရခက်ပါတယ်။ လူနာအနေနဲ့လည်း ဗိုက်အောင့်ရင် ဆေးရုံသွားဖို့ လိုသလား၊ မလိုဘူးလားဆိုတာကို သိဖို့ ခက်ပါတယ်။ ဒါကြောင့် ဘယ်လိုဆိုရင်တော့ အရေးပေါ်ကို ချက်ချင်းသွားပြီး ကုရမယ်။ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ အစာအိမ်အူလမ်းကြောင်းရောဂါများ

အစာအိမ် နဲ့ အူလမ်းကြောင်း ဟာ အရှည်ကြီး ဖြစ်ပြီး အစိတ်အပိုင်းတွေ အများကြီး ပါဝင်တဲ့အတွက် တစ်ခုချင်းစီမှာ ရောဂါတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ပြင် ဘယ်လောက်ပဲ သန့်တယ်ဆိုဆို ပြင်ပကနေ ရောဂါပိုးမွှားတွေ အပြည့်နဲ့ အစားအစာတွေကို စားသောက်နေရတာ ဖြစ်တဲ့အတွက် ပိုးကူးစက်လည်း လွယ်ပါတယ်။ အထူးသဖြင့် သန့်ရှင်းမှု အားနည်းတဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာပေါ့။ နေ့စဉ်နဲ့ အမျှ စားသောက်နေရတာ ဖြစ်တဲ့အတွက် တစ်ချိန်မဟုတ် တစ်ချိန်မှာ အစာအိမ် နဲ့ အူလမ်းကြောင်း က နေမကောင်း ဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အဖြစ်များတဲ့ အစာအိမ်အူလမ်းကြောင်းရောဂါများ က ဘာများလဲ။ ဘယ်လိုတွေ ကုသလို့ရနိုင်သလဲဆိုတာ ပြောပြပေးသွားပါ့မယ်။ မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ အစာအိမ်အူလမ်းကြောင်းရောဂါများ မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ အစာအိမ်အူလမ်းကြောင်းရောဂါများ ကတော့ စားချဉ့်ပြန်ရောဂါ မထင်မှတ်ထားလောက်အောင်ကို ဒီဝေဒနာခံစားနေရတဲ့ လူနာတွေက […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အစာအိမ်နဲ့ အူလမ်းကြောင်း က အစာတွေကို ဘယ်လိုချေဖျက်ပေးနေသလဲ။

တစ်နေ့ တစ်နေ့ လှုပ်ရှားလုပ်ကိုင်နိုင်ဖို့ဆိုတာ အင်အားတွေ ပြည့်နေရမှာပါ။ ဒီလိုအပ်တဲ့ အင်အားတွေကို စားသောက်နေတဲ့ အစားအစာတွေက ရတာပေါ့။ ဒီအစားအစာတွေကို ချေဖျက်ပေးမယ့် အစာအိမ်နဲ့ အူလမ်းကြောင်း ကောင်းကောင်း အလုပ်လုပ်နေမှ အစားအစာတွေကနေ လိုအပ်တဲ့ အာဟာရတွေ ရပြီး မလိုတာတွေကို ခန္ဓာကိုယ်ကို အဆိပ်အတောက် မဖြစ်အောင် စွန့်ထုတ်နိုင်မှာပါ။ အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ဘာတွေပါ အစာအိမ်နဲ့ အူလမ်းကြောင်းက ခံတွင်းကစပြီး စအိုမှာ ဆုံးပါတယ်။ စားလိုက်တဲ့ အစားအစာတစ်ခုကို ပါးစပ်ကစပြီး စအိုထိ အစာခြေစနစ်တစ်လျှောက် လိုသလို ပြုပြင်သွားပါတယ်။ ဒါကြောင့် နောက်ဆုံးမှာ လိုအပ်တဲ့ အင်အားတွေ၊ အာဟာရတွေကို ခန္ဓာကိုယ်မှာ သိမ်းဆည်းပြီး မလိုတာတွေကို မစင်အဖြစ် အပြင်ကို စွန့်ထုတ်နိုင်တာပါ။ အစာအိမ်နဲ့ အူလမ်းကြောင်း ရဲ့ တာဝန်များ ပါးစပ်ကစလို့ စအိုအထိ အသုံးမလိုတဲ့ နေရာ၊ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

စအိုယားခြင်း ကို ဘယ်လိုကုသကြမလဲ

လူရှေ့မရှောင် သူရှေ့မရှောင်ယားယံလာလို့ တင်ပါးကို ကုတ်နေရပြီလား။ လူအတော်များများ ဒီလို ယားဖူးကြမှာပါ။ နေမထိ ထိုင်မသာနဲ့ ကသိကအောင့်ဖြစ်စေတဲ့ ပြဿနာတစ်ခုဖြစ်တဲ့ စအိုယားခြင်း ကို ဘယ်လိုကုသဖြေရှင်းနိုင်မလဲဆိုတာ နည်းနည်းလောက်ပြောပြချင်ပါတယ်။ တင်ပါး(စအို)ယားခြင်းက ကျန်းမာရေးပြဿနာကြောင့်လည်းဖြစ်နိုင်သလို နေထိုင်မှုပုံစံကြောင့်လည်းဖြစ်တတ်ပါတယ်။ ဆေးပညာအရ pruritus in ani လို့ခေါ်ဆိုတဲ့ ဒီပြဿနာက လူကြားထဲမှာဖြစ်ရင် ကုတ်ရလည်းအခက်၊ ဒီတိုင်းနေပြန်တော့လည်း အနေရခက်နဲ့ အတော်လေးဒုက္ခရောက်ရပါတယ်။ အရေပြားပြဿနာ၊ လိပ်ခေါင်း၊ တစ်ကိုယ်ရေ သန့်ရှင်းမှု၊ အစားအသောက်၊ ကူးစက်ရောဂါ စတဲ့အကြောင်းတွေကြောင့် တင်ပါး(စအို)ယားတတ်ပြီး ဖြစ်ပွားတဲ့ အကြောင်းရင်းကိုလိုက်ပြီး  ဘယ်လိုနည်းလမ်းတွေနဲ့ ကုသနိုင်မလဲ၊ သက်သာအောင်လုပ်လို့ရမလဲဆိုတာ ပြောပြပါ့မယ်။ စအိုယားခြင်း ကို ဘယ်လိုကုသကြမလဲ စအိုယားခြင်း ကို ဘယ်လိုကုသကြမလဲ ဆိုတော့ ကူးစက်ရောဂါ များသောအားဖြင့် မှို၊ ပိုးမွှား၊ ကပ်ပါး တစ်မျိုးမျိုးကူးစက်ခံရလို့ဖြစ်ရတာပါ။ ဒီအတွက်ကြောင့် ကူးစက်ခံရတဲ့ အကောင်ကိုနှိမ်နင်းပြီးကုသလိုက်လို့ရပါတယ်။ […]


အခြားအစာအိမ်နှင့်အူလမ်းကြောင်းပြဿနာများ

အစာအိမ်ကြွက်သားများအားနည်းခြင်း

အစာအိမ်ကြွက်သားများအားနည်းပြီး လှုပ်ရှားမှုမကောင်းတဲ့အခါ အစာခြေဖို့နဲ့ အစာအိမ်ထဲက အစာတွေကို အူလမ်းကြောင်းထဲကို ပို့ဆောင်နိုင်ဖို့ နှေးကွေးသွားပါတယ်။ အဆိုပါ အခြေအနေကို ဆေးပညာအရ gastroparesis လို့ခေါ်ဝေါ်ပြီး ပျို့အန်ခြင်း၊ ဗိုက်အင့်ခြင်း စတဲ့လက္ခဏာတွေနဲ့ ဆက်စပ်တွေ့ရှိရပါတယ်။ ဖြစ်နိုင်ခြေ အကြောင်းအရင်းမျိုးစုံရှိပါတယ်။ လုံးဝပျောက်ကင်းအောင် ကုသနိုင်ခြင်းလည်း မရှိသေးပါဘူး။ ဒါပေမယ့် ဝေဒနာတွေသက်သာနိုင်အောင် ကုသတဲ့နည်းလမ်းတွေ ရှိပါတယ်။ ဘာကြောင့်ဖြစ်ပွားရသလဲ အကြောင်းအရင်းကိုတော့ တိကျစွာ မသိရသေးပါဘူး။ ဖြစ်နိုင်ခြေကတော့ အစာအိမ်ဆီကိုလာတဲ့ အာရုံကြောအချက်ပြစနစ်တွေ ချို့ယွင်းခြင်းကြောင့်လို့ ယူဆရပါတယ်။ အစာအိမ်ဆီကို လာတဲ့ အာရုံကြောအချက်ပြမှုတွေ မထိရောက်ရင် အစာများဟာ နှေးကွေးစွာ ရွေ့လျားပါတယ်။ နောက်ဖြစ်နိုင်ခြေအချက်တွေကတော့ အစာအိမ်ဟာ အာရုံကြောအချက်ပြချက်တွေကို ခံနိုင်ရည်မရှိခြင်း ဖြစ်ပါတယ်။ ဆီးချိုလူနာများနဲ့ ဆက်စပ်မှုရှိတတ်ပါတယ်။ ခွဲစိတ်ပြီးစ လူနာအချို့မှာလည်း တွေ့ရတတ်ပါတယ်။ ဖြစ်နိုင်ခြေမြင့်စေတဲ့ အကြောင်းအရင်းတွေက ဘာတွေလဲ အစာအိမ်ကြွက်သားအားနည်းခြင်းကို ဖြစ်နိုင်ခြေမြင့်စေတဲ့ အကြောင်းတွေကတော့ - ဗိုင်းရပ်စ်ပိုးဝင်ခြင်း - […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း