ဒီလက္ခဏာတွေတော့ မရှိဘူး။ ဗိုက်အောင့်တာ တစ်ခုတည်းပဲ။ ဒါပေမယ့် ဗိုက်အောင့်တာက ပိုပိုပြီး ဆိုးလာတယ်၊ နာတဲ့နေရာက ပိုပိုပြီး ကြီးလာတယ်ဆိုရင်လည်း သတိထားရမှာပါ။
အရေးပေါ် မဟုတ်ပေမယ့် ဆေးရုံ သွားသင့်တဲ့ အချိန်တွေက
အပေါ်က လက္ခဏာတွေ ရှိနေရင်တော့ ညသန်းခေါင်ပဲ ဖြစ်နေပါစေ။ ဆေးရုံကို ရောက်အောင် သွားရမှာပါ။ နောက်ကျရင် အသက်အန္တရာယ် ရှိနိုင်လို့ပါ။ ဒါကြောင့် အရေးပေါ် အခြေအနေလို့ ခေါ်တာပါ။ အရေးပေါ် မဟုတ်ပေမယ့် ‘အရေးကြီး’ တဲ့ အခြေအနေဆိုတာကတော့ တစ်ရက် ၂ရက်အတွင်း ဆေးရုံဆေးခန်း သွားပြသင့်တဲ့ အခြေအနေပါ။ ချက်ချင်းကြီး အရေးပေါ် ဌာန သွားစရာ မလိုပေမယ့် ရက်ပိုင်းအတွင်း ဆရာဝန်နဲ့ ပြသင့်ပါတယ်။ ဒါတွေကတော့ ဗိုက်အောင့်တာအပြင်
- ဆီးပူတာ၊ ဆီးခဏခဏ သွားချင်တာ
- ဆီးထဲမှာ သွေးစလေးတွေ ပါလာတာ
- အစာစားတဲ့အခါ ဗိုက်အောင့်တာ၊ ပျို့အန်ချင်တာ
- ၅ရက်နဲ့အထက် ဝမ်းလျှောတာ
- အဖျားနဲ့ ၁၀၀နဲ့ အထက်
- ၃ရက်နဲ့အထက် ဖျားတာ
- သိသိသာသာကို အစာစားချင်စိတ်ပျောက်သွားတာ
- ဗိုက်အောင့်တာ ၂ရက်လောက် ရှိပေမယ့် မသက်သာတာ
- ဝမ်းထဲမှာ သွေးစလေးတွေ ပါလာတာ
- ရာသီသွေးထဲမှာ အရင်လတွေနဲ့ မတူဘဲ သွေးတုံးသွေးခဲတွေ ပိုပါလာတာ၊ ပိုကြီးတာ၊ ရာသီရက် ပိုကြာတာ
ဒါဆိုရင်တော့ ရက်ပိုင်းအတွင်းမှာ ဆရာဝန်နဲ့ ပြကြည့်ပြီး ရောဂါအဖြေ ရှာသင့်ပါတယ်။
သာမန် ဗိုက်အောင့် တာမျိုးဆို ဘယ်လိုလုပ်သင့်သလဲ။
ကိုယ်ခံစားနေရတဲ့ ဗိုက်အောင့်တာက အပေါ်က ပြောခဲ့တဲ့အချက်တွေထဲမှာ မပါဘူး။ ဆိုလိုတာက အရေးပေါ်လည်း မဟုတ်၊ အရေးကြီးလည်း မဟုတ်။ ဒါပေမယ့် ဗိုက်တော့ အောင့်နေတယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ။ သာမန် ဗိုက်အောင့်တာကတော့ နာရီပိုင်းလောက် နေရင် သူ့အလိုလို ပြန်ကောင်းသွားကြပါတယ်။ အများစုကလည်း
- အစာမကြေတာ
- လေအောင့်တာ
- အစားများပြီး လေပွတာ
- မတည့်တာတွေ စားမိတာ
- Stomach fluလို့ ခေါ်တဲ့ ဗိုင်းရပ်စ်ကြောင့် အထက်လန် အောက်လျှောပြီး ဗိုက်အောင့်တာ စတဲ့ အန္တရာယ်မရှိတာမျိုးပဲ ဖြစ်တတ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။