လူရှေ့မရှောင် သူရှေ့မရှောင်ယားယံလာလို့ တင်ပါးကို ကုတ်နေရပြီလား။ လူအတော်များများ ဒီလို ယားဖူးကြမှာပါ။ နေမထိ ထိုင်မသာနဲ့ ကသိကအောင့်ဖြစ်စေတဲ့ ပြဿနာတစ်ခုဖြစ်တဲ့ စအိုယားခြင်း ကို ဘယ်လိုကုသဖြေရှင်းနိုင်မလဲဆိုတာ နည်းနည်းလောက်ပြောပြချင်ပါတယ်။
လူရှေ့မရှောင် သူရှေ့မရှောင်ယားယံလာလို့ တင်ပါးကို ကုတ်နေရပြီလား။ လူအတော်များများ ဒီလို ယားဖူးကြမှာပါ။ နေမထိ ထိုင်မသာနဲ့ ကသိကအောင့်ဖြစ်စေတဲ့ ပြဿနာတစ်ခုဖြစ်တဲ့ စအိုယားခြင်း ကို ဘယ်လိုကုသဖြေရှင်းနိုင်မလဲဆိုတာ နည်းနည်းလောက်ပြောပြချင်ပါတယ်။
တင်ပါး(စအို)ယားခြင်းက ကျန်းမာရေးပြဿနာကြောင့်လည်းဖြစ်နိုင်သလို နေထိုင်မှုပုံစံကြောင့်လည်းဖြစ်တတ်ပါတယ်။ ဆေးပညာအရ pruritus in ani လို့ခေါ်ဆိုတဲ့ ဒီပြဿနာက လူကြားထဲမှာဖြစ်ရင် ကုတ်ရလည်းအခက်၊ ဒီတိုင်းနေပြန်တော့လည်း အနေရခက်နဲ့ အတော်လေးဒုက္ခရောက်ရပါတယ်။ အရေပြားပြဿနာ၊ လိပ်ခေါင်း၊ တစ်ကိုယ်ရေ သန့်ရှင်းမှု၊ အစားအသောက်၊ ကူးစက်ရောဂါ စတဲ့အကြောင်းတွေကြောင့် တင်ပါး(စအို)ယားတတ်ပြီး ဖြစ်ပွားတဲ့ အကြောင်းရင်းကိုလိုက်ပြီး ဘယ်လိုနည်းလမ်းတွေနဲ့ ကုသနိုင်မလဲ၊ သက်သာအောင်လုပ်လို့ရမလဲဆိုတာ ပြောပြပါ့မယ်။
များသောအားဖြင့် မှို၊ ပိုးမွှား၊ ကပ်ပါး တစ်မျိုးမျိုးကူးစက်ခံရလို့ဖြစ်ရတာပါ။ ဒီအတွက်ကြောင့် ကူးစက်ခံရတဲ့ အကောင်ကိုနှိမ်နင်းပြီးကုသလိုက်လို့ရပါတယ်။ ယားယံတာသက်သာအောင် စတီးရွိုက်ပါတဲ့ လိမ်းဆေးလိမ်းပေးလို့လည်းရပါတယ်။
အရမ်းညစ်ပတ်တဲ့သူရော၊ အရမ်းသန့်တဲ့သူရော တင်ပါး(စအို)ယားနိုင်ပါတယ်။ ရှင်းပြပါ့မယ်။ အိမ်သာတက်ပြီး ရေသေချာမဆေးကြောရင်၊ အညစ်အကြေးကို ပြောင်စင်အောင်မသုတ်ခဲ့ရင် အရေပြားမှာ ပိုးတွေပေါက်ပွားလာပြီးယားယံနိုင်ပါတယ်။
ဒီလိုမဟုတ်ဘဲ တအားအသန့်လွန်ပြီး တင်ပါး(စအို)ကိုအမွှေးဆပ်ပြာဆီနဲ့ ခဏခဏဆေးကြောမယ်၊ စက္ကူနဲ့ ပြင်းပြင်းထန်ထန်ပွတ်တိုက်မယ်ဆိုလည်း အရေပြားပါးလာပြီး တင်ပါး(စအို)ယားတတ် ပါသေးတယ်။ဒါ့ကြောင့် တင်ပါး(စအို)ဆေးတာ တော်ရုံသင့်ရုံပဲ ကောင်းပါတယ်။ ရေသန့်သန့်နဲ့ ညင်ညင်သာသာဆေးပြီး အဝတ်သန့်သန့် (ဒါမှမဟုတ်) တစ်ရှူးနဲ့ ရေခြောက်အောင်သုတ်လိုက်ရင် လုံလောက်ပါပြီ။
ကော်ဖီ၊ ကိုကာကိုလာ၊ အရက်၊ ချောကလက်၊ အပူအစပ်တွေနဲ့ ဝမ်းလျှောစေတဲ့ အစားအသောက်တွေကို ဆင်ဆင်ခြင်ခြင်စားပါ။ ဝမ်းမချုပ်အောင်နဲ့ ဝမ်းပျက်ဝမ်းလျှောမဖြစ်အောင် ဂရုစိုက်ရပါမယ်။
ဒါဆိုရင်တော့ ဆေးကုသမှုခံယူဖို့လိုအပ်ပါပြီ။ တင်ပါး(စအို)ယားယံနေရတဲ့အဓိက အကြောင်းရင်းက လိပ်ခေါင်းကြောင့်ဖြစ်တာသေချာရင် လိပ်ခေါင်းအလုံးကို သားရေကွင်းပစ်ကုသတာ (banding) ဒါမှမဟုတ် ခွဲစိတ်ပြီးဖယ်ရှားပစ်တာ လုပ်ဖို့လိုအပ်နိုင်ပါတယ်။ ဘယ်ကုသနည်းက ကိုယ့်အတွက် ပိုအဆင်ပြေနိုင်မလဲဆိုတာ သိအောင် ခွဲစိတ်ဆရာဝန်နဲ့ ပြသဖို့လိုအပ်ပါတယ်။
ဝမ်းချုပ်ပြီးအရမ်းညှစ်ရတဲ့အခါမှာ စအိုလမ်းကြောင်းအတွင်းနံရံတွေအက်ကွဲသွားတတ်ပါတယ်။ ဒီလို ကွဲသွားရင် ယားလည်းယားသလို နာကျင်မှုလည်းခံစားမှာပါ။ တင်ပါး(စအို)ကွဲတာ သိပ်အခြေအနေမဆိုးရင် လိမ်းဆေး၊ သောက်ဆေးလောက်နဲ့ ပျောက်ပါတယ်။ ကွဲသွားတာ အရမ်းကြီးရင်တော့ ခွဲစိတ်ကုသရမှာပါ။
စအိုလမ်းကြောင်းထဲမှာ ပိုးဝင်လို့ ပြည်တည်နာဖြစ်ပြီး ပြည်တည်တဲ့လမ်းကြောင်းက အပြင်အရေပြား အထိပေါက်ထွက်သွားရင် ဂရင်ဂျီနာဖြစ်လာပါတယ်။ ဒီအခါမှာ စအိုလမ်းကြောင်းတွင်းက အရည်တွေ အပြင်ကိုစိမ့်ထွက်ပြီး တင်ပါး(စအို)ယားယံမှုဖြစ်ပါတော့တယ်။ ဂရင်ဂျီနာဖြစ်ရင် ခွဲစိတ်ကုသမှုခံယူတာ အသင့်တော်ဆုံးပါ။
တင်ပါး(စအို)ယားမှုကို သက်သာစေနိုင်တဲ့ နည်းလမ်းတွေလည်းရှိပါသေးတယ်။ ဒါတွေကတော့
ရေးသားသူ – Dr.Htoo Tint
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Phyo Wai Lynn
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။