စမြင်းတုံးခံခြင်း နဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်များ
စမြင်းတုံးခံခြင်း ဆိုတာ သာမန်ဝမ်းချုပ်တာထက် ပိုသွားပါပြီ။ ဝမ်းက မသွားရုံတင် မဟုတ်တော့ဘဲ ကျောက်ခဲလို မာကျောနေတာမျိုးပါ။ ဒီတော့ ဝမ်းကမာပြီး သွားလို့မရ၊ သွားလို့မရတော့ ဝမ်းကပိုမာနဲ့ သံသရာလည်နေတတ်ပါတယ်။ ဒါကြောင့် စမြင်းတုံခံခြင်း နဲ့ ပတ်သက်ပြီး ဒါတွေသိထားဖို့ လိုလာပါပြီ။ စမြင်းတုံးခံခြင်း နဲ့ ဝမ်းချုပ်ခြင်းနဲ့ တူသလား ဝမ်းချုပ်တယ်ဆိုတာက ဝမ်းသွားရခက်ရုံသက်သက်ပါပဲ။ ဝမ်းပျော့ဆေးတွေ သောက်ရင် ပြန်သွားနိုင်ခြေ ရှိပါတယ်။ စမြင်းတုံးခံတာကျတော့ ဒီထက်ပိုအဆင့်မြင့်သွားပါပြီ။ ဝမ်းပျော့ဆေးတွေ သောက်တာ၊ ရေများများသောက်တာလောက်နဲ့တင် ရချင်မှ ရတော့မှာပါ။ ဆရာဝန်နဲ့ပြပြီး ကုရမယ့် အခြေအနေဖြစ်နေပါပြီ။ ဘယ်သူတွေမှာ စမြင်းတုံးခံတာ ဖြစ်တတ်သလဲ စမြင်းတုံးခံတာက ဝမ်းချုပ်တာလောက် အဖြစ်မများပေမယ့် ဖြစ်တော့ဖြစ်တတ်ပါတယ်။ အထူးသဖြင့် သက်ကြီးရွယ်အိုတွေ သူတို့က မှတ်ဉာဏ်ချို့ယွင်းလာတဲ့အတွက် အိမ်သာသွားဖို့ မေ့တာ၊ နဂိုတည်းက အသက်ကြီးလာရင် ဝမ်းက ချုပ်တတ်လာတာကြောင့်လည်း များပါတယ်။ နောက်ပြီး အရိုးအဆစ်တွေ […]