ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း ကိုဖြစ်စေတဲ့ အကြောင်းအရင်း၊ ရောဂါလက္ခဏာ၊ စားသောက်နေထိုင်မှု ပုံစံ ပြောင်းလဲမှုနည်းလမ်းနဲ့ ကုသနည်းတို့ကို သိရှိထားသင့်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

လေလည်ရင် အနံ့နံတာ ဘာကြောင့်လဲ

လေလည်တဲ့ပုံစံတွေက တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ တချို့က မသိမသာ မှင်သေသေနဲ့ အသံတိတ် လည်ကြသလို တချို့ကျတော့လည်း ပွင့်ပွင့်လင်းလင်း ဖွင့်ထုတ်ချလိုက်တာတွေ ရှိပါတယ်။ ဘာအနံ့မှ မထွက်ဘဲ တိတ်တခိုးလေး လည်ကြသလို အသံမကြားရဘဲ အနံ့သက်သက်ပေးတဲ့ လေလည်ခြင်းတွေလည်း ရှိပါတယ်။  လေလည်တဲ့အခါ ကသိကအောက်ဖြစ်ကြတာ၊ သူများကို အားနာရတာ အသံကြောင့်ဆိုတာထက် ထွက်လာတဲ့အနံ့ကြောင့်ပါ။ သူများနဲ့ မတူဘဲ ကိုယ် လေလည်ရင် အနံ့နံတာ ဘာကြောင့်များပါလိမ့်။ လေလည်တယ်ဆိုတာ ကျန်းမာ‌ရေး ဖြစ်စဉ်တစ်ခုပါ အစာအိမ်နဲ့ အူလမ်းကြောင်းက ပိုက်လိုင်းကြီးလို ဖြစ်နေတာဆိုတော့ နဂိုတည်းက လေရှိပြီးသားပါ။ အဲ့တာကိုမှ အပြင်ကနေ လေတွေမျိုချမိတာ၊ အစားအသောက်တွေကြောင့် အချဉ်ပေါက်ပြီး ဂတ်စ်တွေ ထွက်လာတာတွေ ရှိပါတယ်။ ဒီလိုမျိုး အူလမ်းကြောင်းထဲမှာ လေတွေများလာရင် ပိုလျှံနေတဲ့လေတွေကို အပေါ်ကနေ လေတက်ပြီးဖြစ်ဖြစ်၊ အောက်ကနေ လေလည်ပြီး […]

ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း ကို ရှာဖွေမည်။

ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

အဝစားဘူဖေးသွားစားရင် အစာမကြေမဖြစ်အောင် သိထားသင့်တဲ့ နည်းလမ်း (၆) ခု

ဟိုနားမှာ ဆိုင်သစ်ဖွင့်တယ်၊ ပရိုမိုးရှင်းတန်တယ်ဟေ့၊ ပင်လယ်စာတွေသိပ်လတ်တာပဲ ဆိုပြီးပြောတတ်ကြတဲ့ အဝစားဘူဖေး ချစ်သူတို့ရေ။ ယူတို့အစာအိမ်လေးတွေမထိခိုက်စေဘဲ အဝကြိတ်နိုင်မယ့် နည်းလေးမသိချင်ဘူးလား။ ဟော့ပေါ့ဘူဖေး၊ အကင်ဘူဖေးဆိုင်တွေနဲ့ ဟိုတယ်အဆင့်မြင့်ဘူဖေးတွေ လူကြိုက်များနေတဲ့အချိန် အဓိကကျတဲ့ အစာအိမ်ကျန်းမာရေးကိုတော့ မေ့ထားလို့မဖြစ်ဘူးနော်။ ဒီအစာအိမ်ကောင်းမှ အစားကောင်းကောင်းစားနိုင်မှာပေါ့။ ကဲ ကဲ… အစာမကြေဗိုက်အောင့်တာလည်းမဖြစ်အောင် ဘူဖေးလည်းတန်အောင် ဘယ်လိုဉာဏ်သုံးရမလဲ ဖတ်ကြည့်လိုက်ပါဦး - (၁) ဘူဖေးမစားခင် ဘာမှစားမထားဘဲ မသွားပါနဲ့ ဟိုရောက်ရင်မစားနိုင်ဘဲနေမယ်၊ ပြီးမှအပီအပြင်ကြိတ်မယ်လို့ မတွေးလိုက်ပါနဲ့။ အစောပိုင်းမှာ အဆာပြေတစ်ခုခုတော့ နည်းနည်းစားထားသင့်ပါတယ်။ မဟုတ်ရင် ရောက်ရောက်ချင်း ဆာဆာနဲ့အလောတကြီးစားမိပြီး အမျိုးစုံအောင်မစားနိုင်ခင် ဗိုက်ပြည့်သွားနိုင်တယ်၊ အစာမကြေဖြစ်လွယ်တယ်။ ဟိုရောက်မှကြိတ်မယ်လို့တွေးထားတယ်ဆိုရင်  အစာကောင်းကောင်းခြေနိုင်ဖို့က ရေဓာတ်လိုအပ်တာမို့ ရေလည်းနည်းနည်းသောက်ထားပါ။ (၂) ရောက်ရင် သေချာကြည့်ပါ ဘူဖေးအစားအစာတွေတွေ့ရင် ဘာတွေရှိလဲ၊ ဘာတွေပြင်ဆင်ထားလဲ အခြေအနေတစ်ချက်ပတ်ကြည့်ပါ။ စားကောင်းမယ်ထင်ရာတွေ တွေ့ရာဆွဲမထည့်ပါနဲ့ဦး။ တကယ်ကောင်းတဲ့စားစရာကိုတွေ့တဲ့အခါ ကိုယ်ကဗိုက်ပြည့်ပြီးနေပြီဆို နှမြောစရာကြီး။ တကယ်စားကောင်းမယ့်ဟာကိုမှ များများစားဖို့ကြံပါ။ (၃) […]


ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

လေလည်ရလွန်းလို့ စိတ်အနှောင့်အယှက်ဖြစ်နေသလား

လေလည်ခြင်းဟာ အစာအိမ်အူလမ်းကြောင်းရဲ့ သဘာဝလှုပ်ရှားမှုတစ်ခုဖြစ်ပြီး ကျန်းမာရေးကောင်းမွန်တဲ့ သင်္ကေတလို့ မှတ်ယူကြပါတယ်။ ကိုယ်ခန္ဓာထဲကလေဟာ အပြင်ကို မထွက်ရင် ဝမ်းဗိုက်ဟာ ပူဖောင်းကြီးလို ဖောင်းကားလာနိုင်ပါတယ်။ သုတေသနတစ်ခုအရ လူအများစုဟာ တစ်နေ့တာမှာ ၁၄ ကြိမ်ကနေ ၂၃ ကြိမ်အတွင်း လေလည်လေ့ရှိတယ်လို့ ဆိုပါတယ်။ လေလည်လိုက်တဲ့ လေအများစုဟာ မျိုချလိုက်မိတဲ့လေ ဖြစ်ပါတယ်။ တစ်နေ့တာ စားသောက်ရာကနေ အစာအိမ်အူလမ်းကြောင်းထဲ ရောက်သွားတဲ့လေတွေ ဖြစ်ပါတယ်။ ကျန်တဲ့လေများကတော့ အစာအိမ်အူလမ်းကြောင်းကနေ အစားအစာတွေကို ချေဖျက်ရာကနေ ထွက်လာတဲ့လေ ဖြစ်ပါတယ်။ လေလည်ခြင်းဟာ နေ့စဉ်ဘဝရဲ့ သာမန်အစိတ်အပိုင်းဆိုပေမယ့် တခါတရံမှာ လူမှုရေးအရ ကသိကအောင့်ဖြစ်ရပါတယ်။ အထူးသဖြင့် အနံ့ဆိုးနေချိန်မှာ ဖြစ်ပါတယ်။ လေလည်ခြင်းကို လုံးဝရပ်တန့်ထားဖို့ မဖြစ်နိုင်ပေမယ့် လေလည်တာကို လျော့ကျသက်သာစေမယ့် နည်းလမ်းတွေ ရှိပါတယ်။ ၁။ အစားအစာကို ကြေညက်စွာ ဝါးစားပါ လေအများစုဟာ မျိုချလိုက်မိတဲ့လေတွေ ဖြစ်ပါတယ်။ […]


ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

အစာမကြေဖြစ်တာနဲ့ အစာအဆိပ်သင့်တာ ဘယ်လိုခွဲခြားမလဲ

အစာစားပြီး နောက်ပိုင်းမှာ ဖြစ်လာတာချင်း တူတယ် ဆိုပေမယ့် ဝေဒနာ အတိမ်အနက်က မတူပါဘူး။ အစာအဆိပ်သင့် ဖြစ်နေတာကို ရိုးရိုး အစာမကြေတာလို့ ထင်နေပြီး ပေါ့ဆနေမိရင် အန္တရာယ် ရှိပါတယ်။ ဒါ့ကြောင့် ဒီနှစ်မျိုးကို ခွဲခြားနိုင်ဖို့၊ စောစော ကုသနိုင်ဖို့ အရေးကြီးပါတယ်။ ဒီတော့ အစာမကြေဖြစ်တာနဲ့ အစာအဆိပ်သင့်တာ ဘယ်လိုခွဲခြားမလဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ အစာမကြေဖြစ်တာနဲ့ အစာအဆိပ်သင့်တာ ဘယ်လိုခွဲခြားမလဲ အစာမကြေဖြစ်တာနဲ့ အစာအဆိပ်သင့်တာ ဘယ်လိုခွဲခြားမလဲ ဆိုတော့ အစာမကြေ ဖြစ်တာ အစာမကြေ ဖြစ်ပြီဆိုရင် - နေထိုင်မကောင်းလောက်အောင် ပြည့်ကယ်နေခြင်း ခေါင်းကိုက်၊ မအီမသာဖြစ်ခြင်း လေချဉ်တက်ခြင်း အစာအိမ်ထဲမှ အစာများ ပြန်တက်လာခြင်း လေပွခြင်း ပျို့ခြင်း၊ အန်ခြင်း တို့လို လက္ခဏာတွေ ဖြစ်လာတတ်ပါတယ်။ အစာအဆိပ်သင့်တာ အစာအဆိပ်သင့်တယ် ဆိုတာ ကိုယ်စားလိုက်တဲ့ အစားအသောက်တွေမှာ ဘက်တီးရီးယားတွေ၊ […]


ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

လေပွ၊ဗိုက်ကယ်၊နေရခက်တာ မကြာခဏမဖြစ်အောင် ဒါလေးတွေသတိထားပါ

ဗိုက်ထဲနေလို့မကောင်းသလိုပဲ။လေပွနေသလို ဗိုက်ကယ်နေတာ၊ ရင်ခေါင်းတွေတောင့်ပြီး ထိုင်မရ ထမရနဲ့ အတော်နေရခက်ပါတယ်။ အခန့်မသင့်ရင်လေထိုးလေအောင့်က ဖြစ်ပါသေးတယ်။ ဘာလို့ ဗိုက်ကယ်တာလဲ သိပ်တောင်မစားရသေးဘူး ဘာလို့ဗိုက်ကပြည့်ကားပြီးနေရခက်နေတာလဲ။ ကိုယ်စားလိုက်တဲ့အစားအသောက်အမျိုးအစားနဲ့ဆိုင်မယ်၊ ဒါမှမဟုတ် အဲဒီအစားအသောက်မှာပါတဲ့ အရာတွေနဲ့ဆိုင်မယ်၊ ကိုယ်အလေးချိန်၊ဝမ်းချုပ်ခြင်းတွေအပြင် အစာခြေစနစ်ပြဿနာတွေ၊ရောဂါအခံတွေ စတဲ့အကြောင်းရင်းတွေအများကြီးရှိနိုင်ပါတယ်။ ဒီလိုနေရခက်တာတွေ ခဏခဏမဖြစ်အောင် ဘာတွေသတိထားရမလဲ (၁) လေပွစေနိုင်တဲ့ အစားအသောက်တွေရှိတယ် ပဲတွေက အမျှင်ဓါတ်နဲ့အသားဓါတ်ကြွယ်ဝတဲ့အရင်းအမြစ်တွေပါ။ ဒါပေမယ့် သူတို့မှာraffinose ဆိုတဲ့ဓါတ်ပစ္စည်းတစ်မျိုးပါဝင်လို့လေပွစေနိုင်ပါတယ်။ ဒါ့ကြောင့် ပဲကြီးလှော်စားပြီးလေလည်ကြတာပြောစမှတ်ဖြစ်ကြပါတယ်။ ဒါက ဆိုးကျိုးပေးတာတော့မဟုတ်သလိုလေပွ၊ ဗိုက်ပွတဲ့အတိုင်းအတာကလည်း လူတစ်ယောက်နဲ့တစ်ယောက်၊ ပဲတစ်မျိုးနဲ့တစ်မျိုး မတူညီကြပါဘူး။ ပန်းဂေါ်ဖီစိမ်း၊ဂေါ်ဖီထုပ်တို့မှာလည်းraffinose ပါဝင်ပါတယ်။ ဒါတွေကိုရှောင်ဖို့မလိုပါဘူး၊ အချင့်အဆနဲ့စားသောက်ပါ၊ဖြစ်လာရင်လေကြေဆေးတွေသောက်ပါ။ (၂) ဖြည်းဖြည်းစားပါ အစားအသောက် မြန်မြန်စားလေ၊ ဗိုက်ထဲကိုလေတွေမျိုချမိလေပါပဲ။ အစာအိမ်ထဲမှာလေတွေရှိနေတဲ့အခါဖောင်းလာတတ်ပြီး တစ်ခါတလေ အူတွေထဲကိုရောက်ရှိသွားတတ်ပါတယ်။နောက်တစ်ချက်ကမြန်မြန်စားချတဲ့အခါ ဗိုက်ပြည့်မှန်းမသိ ပိုစားမိတတ်ပါတယ်။ (၃) ဂက်စ်များတာတွေ ကြည့်ကျက်သောက်ပါ ဂက်စ်ပါတဲ့ဘူးအချိုရည်တွေ၊ ဘီယာ ၊ဆိုဒါ တို့ကိုသောက်လိုက်တဲ့အခါလေတွေပါ ပါသွားနိုင်လို့ အစာခြေစနစ်ထဲရောက်ရှိသွားနိုင်ပါတယ်။ တချို့တဝက်ကိုလေတက်လိုက်ရင်ပြန်ထုတ်လိုက်နိုင်ပေမယ့် တချို့က ကျန်ရစ်ခဲ့ပြီး […]


ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

အစာမကြေတာကြောင့် ပျော်စရာခရီးစဉ်လေး မပျက်ရစေဖို့

ခရီးထွက်ြပီဆိုကတည်းက လူတိုင်းကတော့ ပျော်စရာခရီးစဉ်လေး ဖြစ်ချင်ကြတာပဲမလား။ စားချင်တာ စားမယ်။ မမြင်ဖူးတဲ့ မတွေ့ဖူးတဲ့ သဘာဝအလှအပတရားတွေကို ရှုမြင်ခံစားမယ်။ နေရာအသစ်၊ ယဉ်ကျေးမှုဓလေ့စရိုက် အသစ်အဆန်းတွေကို ကိုယ်တိုင်လေ့လာမယ်။ စိတ်ပြေလက်ပျောက်လည်း ဖြစ်၊ စိတ်ဖိစီးမှုတွေ၊ တစ်နေ့တာ အလုပ်တွေကနေ ခဏလောက် ပြေးထွက်စရာထွက်ပေါက်အဖြစ် ခရီးထွက်ကြတာ သဘာဝပဲမဟုတ်လား။ လူဆိုတာကလည်း အသစ်အဆန်းဆိုရင် ကိုယ်တိုင်စူးစမ်းလေ့လာတတ်ကြတယ်လေ။ အဲ့တော့ တစ်ခါမှမစားဖူးတဲ့ အစားအစာတွေ စားမိပြီး အစာအဆိပ်သင့်တာ၊ မသန့်တဲ့အစားအစာတွေ၊ ဗိုက်ကိုပြည့်ပြီးတင်းကားနေအောင် စားတတ်ကြတယ်။ နောက်ဆက်တွဲအနေနဲ့ကတော့ ဗိုက်က မအီမလည်ဖြစ်ပြီး ပျော်ရမယ့်အချိန်မှာ မပျော်ရတော့ဘဲ အိမ်သာထဲမှာပဲ အချိန်ကုန်ရတော့မှာပေါ့။ ဒီတော့ စိတ်လွတ်ကိုယ်လွတ်ပျော်ရမယ့် ခရီးမှာ အစာမကြေတာ၊ ဗိုက်အောင့်ဗိုက်နာတာတွေ မဖြစ်ရလေအောင် ဆောင်ရန်၊ ရှောင်ရန်လေးတွေ ပြောပြပေးမယ်နော်။ ၁။ ဗိုက်ကို ပြည့်တင်းနေအောင် မစားပါနဲ့။ ကိုယ်မရောက်ဖူးတဲ့ ဒေသမှာ မစားဖူးတဲ့အစားအစာတွေ တွေ့ရင် […]


ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

လေထိုး လေအောင့် ဖြစ်စေတာ ဒီအမူအကျင့်တွေကြောင့်နော်

ဗိုက်ပွတယ်၊ လေထိုး လေအောင့် ဖြစ်တယ် ဆိုတာ ရုတ်တရက် ခံစားရတတ်တဲ့ ဝေဒနာ ဖြစ်ပြီး အတော် ခံရခက်ပါတယ်။ အစာစားပြီးခါစမှာလည်း ဖြစ်တတ်တယ်၊ အဆာလွန်ရင်လည်း လေအောင့်တတ်တယ်။ အကြောင်းရင်းကျတော့ အဲဒါ အအေးစာတွေ စားလို့ဖြစ်တာ၊ ဘာလို့၊ ညာလို့ ဆိုပြီး ပြောတတ်ကြသေးတယ်။ လေထိုး လေအောင့် ဖြစ်စေနိုင်တဲ့ အမူအကျင့်တွေက ဘာတွေလဲ ဆိုတာရော သိထားကြပြီလား။ တချို့ဟာတွေက သတိမထားမိလောက်ပေမယ့် နေ့စဉ် ဘဝမှာ အများဆုံး လုပ်မိလေ့ရှိတဲ့ အရာတွေနော်။ လေထိုး လေအောင့် ဖြစ်စေတာ ဒီအမူအကျင့်တွေကြောင့်နော် လေထိုး လေအောင့် ဖြစ်စေတာ ဒီအမူအကျင့်တွေကြောင့်နော်။ ဘယ်လို အမူအကျင့်တွေလဲဆိုတာကို အတူတူကြည့်လိုက်ရအောင်နော်။ (၁) အစားကို အမြန်စားမိတာ သူငယ်ချင်းတွေနဲ့ ဆိုင်မှာ သွားစားတယ်၊ မောင်နှမတွေ အိမ်မှာ အတူ စားသောက်ကြတယ်ထား။ စကားပြောရင်း၊ လုစားကြရင်း […]


ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

လေလည်ချင်တာ အောင့်ထားလိုက်ရင် ဘာဖြစ်မှာလဲ

လူကြားထဲလေလည်တာမကောင်းဘူး၊လေထုညစ်ညမ်းတယ်(နံတယ်ပေါ့)၊ ယဉ်ကျေးမှုမရှိဘူး စတာတွေပြောကြတယ်။ အိမ်မှာ လူကြီးတွေပြောကြတာတော့ မိန်းကလေးကလေလည်စရာလားတဲ့။ ဒိုးခပါပဲ။လေလည်တာက လူတိုင်းဖြစ်တတ်တဲ့(လူသိသိ မသိသိ) ကျန်းမာရေးအလေ့အထနော်။ ကဲ ဒီအသံတွေကိုကြောက်လို့၊ သူများနှာခေါင်းရှုံ့မှာစိုးလို့လေလည်တာကိုအောင့်ထားလိုက်မယ်ဆိုရင် ဘာဆက်ဖြစ်မလဲသိလား။ သင်သတိမထားမိလောက်ပေမယ့် ခန္ဓါကိုယ်ထဲကပြန်ထွက်ချင်နေတဲ့လေကအောက်ကနေမထွက်ရတဲ့အခါ ပါးစပ်ကပြန်ထွက်လာနိုင်ပါတယ်။ လေမလည်ဘူးဆိုရင် ခန္ဓါကိုယ်ထဲမှာရှိနေတဲ့လေတွေကိုပြန်စုပ်ယူပြီး အသက်ရှူထုတ်တဲ့အထဲ ပါသွားစေတဲ့ဖြစ်စဉ်အကြောင်းကိုUniversity of Newcastle ပါမောက္ခ ကလဲရ်ကောလင်းစ် ကထောက်ပြခဲ့ပါတယ်။ ဒီတော့လေလည်ချင်တာအောင့်ထားလိုက်လို့ပျောက်သွားတယ်ဆို အဲဒီလေက သင့်ပါးစပ်ကနေပြန်ထွက်သွားပါလိမ့်မယ်နော်။ ပါးစပ်ကထွက်တယ်ဆို လေလည်သံလည်းမမြည်၊ အနံ့လည်းမနံတော့ မဆိုးဘူးပေါ့နော် လို့ သူကပြောပါတယ်။ "လေလည်တာကို ကြာကြာအောင့်ထားလိုက်ရင် အူလမ်းကြောင်းမှာ စုနေတဲ့လေတွေက နောက်ဆုံးမှာ ထိန်းမရအောင် ကန်ထွက်တော့တာပဲ။" ထိန်းမရတဲ့အခါ ေလလည်သံကျယ်ကျယ်နဲ့ ဝုန်းခနဲပေါက်ကွဲနိုင်သလို ဗိုက်အောင့်တာလည်းဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့်လေလည်ချင်နေပြီဆိုရင် ဖွင့်ချလိုက်ပါ။ လူရှင်းတဲ့နေရာကို လစ်တာပဲဖြစ်ဖြစ်၊ အိမ်သာထဲပြေးတာဖြစ်ဖြစ် မသိမသာလေးဖြေရှင်းလိုက်ပါ။အောင့်ထားလိုက်လို့ အန္တရာယ်ကြီးကြီးမားမားမဖြစ်ပေမယ့်နေရခက်တာ၊လေထိုးလေအောင့်တာတွေဖြစ်နိုင်တာကိုး။ အမှန်တော့ လေလည်တယ်ဆိုတာက အစာကို ဖြိုခွဲပြီး ချေဖျက်ဖို့ ခန္ဓါကိုယ်က ကြိုးစားတဲ့အခါ သဘာဝအလျောက်တုံ့ပြန်မှုတစ်ခုပါပဲ။ ကိုယ်စားချလိုက်တဲ့အစားအသောက်ေတွကို အစာအိမ်နဲ့ […]


ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

ဗိုက်ထဲမှာ ရစ်နေတဲ့လေတွေကို ဘယ်လို ထုတ်ကြမလဲ ။ ။

ဗိုက်ထဲလေပွပြီး လေအောင့်တတ်တဲ့သူတွေရှိကြတယ်မလား။ လေကလည်း ပွ၊ ပွနေတဲ့လေတွေကလည်း အပြင်ကို မထွက်ဘဲ ဗိုက်ထဲမှာပဲ လည်နေတဲ့ ခံစားချက်ကြီးက တကယ်ကို မသက်မသာဖြစ်စေတယ်လေ။ ဒီလို အပြင်လည်း မထွက် အထဲမှာပဲ လည်နေတဲ့လေတွေကိုကြောင့် ပေါ်လာတဲ့ ဗိုက်အောင့်၊ လေထိုးလေအောင့်တယ်ဆိုတဲ့ ဝေဒနာကို ဘယ်လိုနည်းတွေနဲ့ အမြန်ဆုံး သက်သာအောင် လုပ်ကြမလဲ။ ဗိုက်ထဲမှာ ရစ်နေတဲ့လေတွေကို ဘယ်လို ထုတ်ကြမလဲ ။ ။ ဆိုတာကို လေ့လာလိုက်ရအောင်နော်။ ဗိုက်ထဲမှာ ရစ်နေတဲ့လေတွေကို ဘယ်လို ထုတ်ကြမလဲ ။ ။ ဗိုက်ထဲမှာ ရစ်နေတဲ့လေတွေကို ဘယ်လို ထုတ်ကြမလဲ ဆိုတော့ လေထုတ်ပါ။ အထဲကလေ အပြင်ကို ထွက်ပါစေ ။ ။ ဗိုက်ထဲမှာ လေပွတင်းနေပြီး လေထိုးလေအောင့် ပါထပ်ဖြစ်နေတယ်ဆိုရင် တော့ ဒီလေတွေကို အပြင်ကိုထွက်စေဖို့ နည်းမျိုးစုံနဲ့လုပ်ကိုလုပ်ပေးမှာရမှာပါ […]


ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

လေထိုးလေအောင့် ဖြစ်တတ်တဲ့သူတွေ ဒါတွေကို ရှောင်စားပါ ။ ။

အစာအိမ်လေထိုး၊ လေအောင့်တယ်ဆိုတာ တကယ်ကိုခံစားရခက်တဲ့ ဝေဒနာတစ်ခုပါ။ စားချင်တာတွေစားပြီး ဗိုက်ထဲမှာ တင်းပြီးအောင့်လာလို့ တကယ်ကို သက်သောင့်သက်သာ မရှိစေပါဘူး။ အစာအိမ်ပြဿနာရှိတဲ့သူ အများစု ဖြစ်တတ်ပြီး၊ လေထစာတွေ စားလိုက်ရင် ပိုဆိုးသွားတတ်ပါတယ်။ ဒါကြောင့် လေထတဲ့ ဝေဒနာကို မခံစားချင်ဘူးဆိုရင် လေထိုးလေအောင့် ဖြစ်တတ်တဲ့သူတွေ ဒါတွေကို ရှောင်စားပါ လို့ အကြံပြုချင်ပါတယ်။ လေထိုးလေအောင့် ဖြစ်တတ်တဲ့သူတွေ ဒါတွေကို ရှောင်စားပါ ။ ။ လေထိုးလေအောင့် ဖြစ်တတ်တဲ့သူတွေ ဘာတွေ ရှောင်စားရမလဲဆိုတော့ ပဲအမျိုးမျိုး ။ ။ အမျှင်ဓာတ်၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ကြွယ်ဝစွာပါဝင်တဲ့ အပြင် ပရိုတင်းဓာတ်တွေ အများကြီးပါတဲ့ ပဲအမျိုးမျိုးဟာ ကျန်းမာရေးအတွက် အထောက်အကူပြုတယ်ပေမယ့် ဆိုးကျိုးအနေနဲ့ လေအောင့်တာကိုဖြစ်စေတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပဲမှာပါတဲ့ ကာဘိုဟိုက်ဒရိတ် တစ်မျိုးဟာ အူအတွင်းမှာ ရှိတဲ့ ဘက်တီးရီးယားကြောင့် အချဉ်ပေါက်သွားပြီး […]


ဗိုက်ကယ်ခြင်း နှင့် လေပွခြင်း

ဝမ်းဗိုက်လေပွ ခြင်းကို ဖြစ်စေသည့် အကြောင်းအရင်းများ

ဝမ်းဗိုက်လေပွ ခြင်းဆိုတာဘာလဲ tအူထဲက လေနဲ့ ဓာတ်ငွေ့တို့ကြောင့် ဝမ်းဗိုက်တစ်ခုလုံး ပြည့်တင်းသလို ခံစားရခြင်းကို ဝမ်းဗိုက်လေပွ ခြင်းလို့ ခေါ်ပါတယ်။ လေပွတဲ့အခါ သင့်ဝမ်းဗိုက်တစ်ခုလုံး ဖောင်းတင်းပြီး နာကျင်မှုဝေဒနာ ခံစားရနိုင်သလို မကြာခဏ လေထိုးလေအောင့်ခြင်း၊ လေချဉ်တက်ခြင်းတို့ ဖြစ်လာနိုင်ပါတယ်။ ဝမ်းဗိုက်လေပွခြင်းဟာ နေ့စဉ်လူမှုဘ၀ လုပ်ငန်းဆောင်တာတွေကိုပါ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဘာကြောင့် ဝမ်းဗိုက်လေပွ ရသလဲ ဝမ်းဗိုက်လေပွခြင်းရဲ့ အဓိကတရားခံကတော့ အစာစားပြီးချိန်မှာ ထွက်လာတဲ့ ဓာတ်ငွေ့ပဲဖြစ်ပါတယ်။ အစာအိမ်က မချေဖျက်နိုင်တဲ့ အစားအစာတွေ ပြိုကွဲတဲ့အခါ ဒါမှမဟုတ် ပါးစပ်ကနေ လေအများအပြားဝင်ရောက်တဲ့အခါ ဝမ်းဗိုက်ထဲ ဓာတ်ငွေ့တွေ စုပုံလာမှာဖြစ်ပါတယ်။ အမှန်တကယ်တော့ အစာစားတဲ့အချိန်၊ သောက်တဲ့အချိန်တိုင်း ပါးစပ်ကတဆင့် ခန္ဓာကိုယ်ထဲ ပြင်ပလေဝင်ရောက်နိုင်ပေမယ့် အောက်ပါအခြေအနေတွေမှာ ပုံမှန်ဝင်နေကျ လေပမာဏထက် အဆပေါင်းများစွာ ပိုဝင်သွားတတ်ပါတယ်။ အစားအသောက်ကို အလွန်အမင်း မြန်မြန်ဆန်ဆန် စားသောက်ခြင်း ဆေးလိပ်သောက်ခြင်း ပီကေဝါးခြင်း […]

advertisement iconadvertisement
advertisement iconadvertisement
advertisement iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်