လေပွ နေတယ်ဆိုပြီး ပြောလိုက်ရင် ရောဂါတစ်ခု၊ အထူးအဆန်းကိစ္စတစ်ခုလို့ ထင်ကြတယ်။ တကယ်တော့ ဗိုက်ထဲမှာ (အစာအိမ်နဲ့ အူလမ်းကြောင်းမှာ) လေဆိုတာက ရှိပြီးသားပါပဲ။ ဒါပေမယ့် ရှိသင့်တာထက် များလာတဲ့အခါ ဗိုက်ထဲမှာ ခပ်တင်းတင်း ဖြစ်လာမယ်။ လေနာမယ်။ လေချဉ်တက်မယ်။ လေလည်မယ် စသဖြင့် ခန္ဓာကိုယ်က အချက်ပြလာပါတယ်။