ဘယ်သူတွေက ကျွန်တော့်ဆီးချိုသွေးချိုရောဂါကို စစ်ဆေးဖို့သင့်တော်တဲ့ကျွမ်းကျင်သူတွေလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 12, 2020 . 2 mins read
Share now

ဘယ်သူတွေက ကျွန်တော့်ဆီးချိုကို စစ်ဆေးဖို့သင့်တော်တဲ့ ကျွမ်းကျင်သူတွေလဲ ?

ဆီးချိုကိုပြုစုကုသပေးတဲ့ကျန်းမာရေးကျွမ်းကျင်သူတွေအများကြီးရှိပါတယ်။ တော်တော်များများကတော့သူတို့ရဲ့ပင်တိုင်ဆရာဝန်နဲ့ပဲ ပြုစုကုသ စောင့်ကြည့်ကြပေမယ့် တချို့ကတော့ ဆရာဝန်များစွာဆီမှာ သူတို့အခြေအနေကို စောင့်ကြည့်စေပါတယ်။ သင်ဟာဆီးချိုကိုစဖြစ်နေပြီ၊လကဏာတွေခံစားနေရပြီဆိုရင် သင့်ရဲ့ဆရာဝန်ကို စစ်ဆေးမှုတွေလုပ်ဖို့ပြောပါ။ အောက်မှာပြောပြသွားမှာကတော့ကွဲပြားခြားနားတဲ့ဆရာဝန်တွေ ကျွမ်းကျင်သူတွေက ဆီးချိုကို ဘယ်လိုပြုစုကုသနိုင်လဲ ဆိုတာပါပဲ။

Primary Care Physician

သင်အသက်ကြီးလာတာနဲ့အမျှ သင့်ဆရာဝန်ဆီမှာ ပုံမှန်ဆေးစစ်ခြင်းက သင့်ဆီးချိုကို စောင့်ကြည့်နိုင်ပါတယ်။ သင့်ရဲ့ ရောဂါလကဏာတွေအပေါ် မူတည်ပြီးသင့်ဆရာဝန်က သင့်ကိုဆီးစစ်ခြင်း သွေးစစ်ခြင်းတွေလုပ်စေနိုင်ပါတယ်။ သင့်မှာဆီးချိုရှိနေပြီဆိုရင်တော့ သင့်ဆရာဝန်က သင့်ကိုကုသမှုတွေပေပြီးသင့်ရဲ့အခြေအနေကို ထိန်းချုပ်နိုင်ဖို့ကြိုးစားမှာပါ။ သင့်အနေနဲ့အထူးကုဆရာဝန်နဲ့ ပိုပြီးကုသချင်တာမျိုးလည်းရှိနိုင်ပါတယ်။ ဒါကြောင့်သင့်ရဲ့ပင်တိုင်ဆရာဝန်ကလည်းသင့်ရဲ့ရောဂါအခြေအနေကိုပြုစုကုသတဲ့အထဲမှာ တစ်စိတ်တစ်ဒေသပါဝင်ပါတယ်။

ဟော်မုန်းဗေဒဆရာဝန်

ဆီးချိုအမျိုးအစား (၁) ကသရက်ရွက်ရဲ့ရောဂါဖြစ်ပြီး အဲဒီသရက်ရွက်က ဟော်မုန်းစနစ်ထဲမှာပါဝင်ပါတယ် ။ ဟော်မုန်းဗေဒဆရာဝန်ဆိုတာကတော့ အဲဒီသရက်ရွက်နဲ့ဆိုင်တဲ့ရောဂါတွေကို အဖြေရှာပြုစုကုသပေးတဲ့ဆရာဝန် ဖြစ်ပါတယ်။ တစ်ခါတစ်လေဆီးချိုအမျိုးအစား (၂)က ထိန်းချုပ်ရခက်နေရင်လည်းဟော်မုန်းဗေဒဆရာဝန်ကိုလိုကောင်းလိုလာပါလိမ့်မယ်။

မျက်စိဆရာဝန်

မျက်စိအတွင်းတိမ်၊ရေတိမ်၊ မျက်ကြည်လွှာထိခိုက်ခြင်းစတဲ့အခြေအနေတွေကဆီးချိုကြောင့်ဖြစ်တာများပါတယ်။ သင့်အနေနဲ့ ဒီလိုဖြစ်နိုင်ခြေရှိတဲ့ ဆိုးရွားတဲ့ ရောဂါတွေ မဖြစ်လာဖို့အတွက် မျက်စိအထူးကုဆရာဝန်ဆီကို မကြာခဏသွားရောက်စစ်ဆေးကုသမှုခံယူသင့်ပါတယ်။

Podiatrist (လက်နှင့် ခြေထောက်ပိုင်းဆိုင်ရာအထူးကု)

ဆီးချိုရောဂါက သွေးကြောလေးတွေထဲကို သွေးမစီးဆင်းအောင်လုပ်တတ်ပါတယ်။ ဒါက ခြေထောက်ကိုအဓိကထိခိုက်စေတဲ့အတွက်သင်အနေနဲ့ Podiatrist ဆီမှန်မှန်သွားရောက်စစ်ဆေးသင့်ပါတယ်။ ဆီးချိုရှိတဲ့သူတွေကခြစ်ရာရှရာလေးတွေတောင်အနာပြန်ကျက်ဖို့ခဲယဉ်းပါတယ်။Podiatrist ကသင့်ခြေထောက်ကိုအဆိုးဆုံးအခြေအနေဖြစ်တဲ့ပုတ်ပွခြင်း ခြေထောက်ဖြတ်ရခြင်းစတာတွေမဖြစ်အောင်ကာကွယ်ပေးပါလိမ့်မယ်။

လေ့ကျင့်ခန်းနည်းပြ

တက်တက်ကြွကြွနေခြင်းနဲ့ကိုယ်လ်လှုပ်ရှားလေ့ကျင့်ခန်းလုပ်ခြင်းက သွေးထဲကသကြားဓါတ်ကိုထိန်းချပ်နိုင်တဲ့အပြင်ကိုယ်အလေးချိန်ကိုလည်းထိန်းထားနိုင်ပါတယ်။ ကျွမ်းကျင်တဲ့နည်းပြတွေဆီကအကူအညီယူခြင်းကလည်းသင့်အတွက်အထောက်အကူဖြစ်စေမှာပါ။

အစားအသောက်အကြံပေး

ဆီးချိုကိုထိန်းချုပ်ရာမှာသင့်အစားအသောက်ကလည်းအရေးပါပါတယ်။ သင့်အနေနဲ့ကျန်းမာအောင်ဘာစားရမှန်းမသိရင်အစားအသောက်ကျွမ်းင်သူဆီကအကူအညီယူသင့်ပါတယ်။ သူကသင်အတွက် နေ့စဉ်သင့်တော်တဲ့အစားအသောက်ပုံစံတွေကိုအကြံပေးမှာပါ။

အစပိုင်းမှာ ဆရာဝန်ဆီသွားဖို့ကျွန်တော်ဘယ်လိုပြင်ဆင်သင့်လဲ ?

ဘယ်ဆရာဝန်ဆီပဲအရင်ဆုံးသွားပါစေသင့်အနေနဲ့ကြိုတင်ပြင်ဆင်သွားဖို့အရေးကြီးပါတယ်။ ဖုန်းကြိုဆက်ပြီးဘာတွေပြင်ဆင်ခဲ့ရမလဲမေးထားသင့်ပါတယ်။ သင့်ရဲ့ရောဂါလကဏာတွေနဲ့ သက်သောက်နေတဲ့ဆေးတွေကိုရေးမှတ်သွားပြီး မေးစရာရှိတာတွေကိုလည်းကြိုပြီးရေးမှတ်သွားပါ။ အောက်မှာကနမူနာမေးခွန်းတွေပါ။

  • ဆီးချိုအတွက်ဘာဆေးစစ်မှုလုပ်ရမလဲ
  • ကျွန်တော်ကဘာဆီးချိုအမျိုးအစားလဲဆိုတာဘယ်လိုသိမလဲ
  • ကျွန်တော်နေ့တိုင်း ဆေးထိုး ဆေးစားဖို့လိုလား
  • ကုသမှုကဘယ်လောက်ကုန်မလဲ
  • ကျွန်တော့ဆီးချိုကိုထိန်းချုပ်ဖို့ကျွန်တော်ဘာလုပ်ရမလဲ

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

လူနာတွေ ဘာကြောင့် လိမ်ပြောတာလဲ။

ဆရာဝန် လူနာ လိမ်ပြော ရောဂါရာဇဝင် အရေးပေါ်ဌာန ဂရုစိုက်ခံချင် ခွဲစိတ်ကုသခြင်း ဆီးချို သွေးတိုးရောဂါ အင်ဆူလင် ရောဂါရှာဖွေကုသမှုခက်ခဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Htet Htet Zaw Win

ကိုယ်ဝန်ဆောင်မေမေ ရေခဲရေသောက်လို့ရလား…………

ကိုယ်ဝန်ဆောင်မေမေ ရေခဲရေသောက်လို့ရလား............ ရေခဲရေ သောက်ချင်တယ်ဆိုပြီး သောက်လို့ရမလား​ သိချင်နေပြီလား။ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ချက်တစ်ဝိုက်က အောင့်နေတယ်။ ဘာကြောင့်များလဲ။

ချက်တဝိုက် အောင့်နေတယ် နာကျင်တာ လက္ခဏာတွေ ဆရာဝန် ကိုယ်ဝန် ရှိနေတာ ကျန်းမာရေးပြဿနာ အစာခြေစနစ် ခွဲစိတ်မှု အမျိုးသမီးတွေ အစာမကြေတဲ့အခါ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

ချက် ပိုးဝင်ကူးစက်တာကို သက်သာစေဖို့

ပိုးဝင်ကူးစက်တာ ချက် နာမယ် ရောင်ရမ်းမယ် မအီမသာ ပြည်ထွက် အိမ်တွင်းကုထုံး လက္ခဏာ အုန်းဆီ အသားအရေ ဘက်တီးရီးယား ဆားရည် ယားယံမှု မှိုပိုး အရက်ပြန် 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ဘေဘီလေးက ချင်း (ဂျင်း) စားလို့ဖြစ်ရဲ့လား

ဘေဘီလေးကို ချင်း (ဂျင်း) ကျွေးလို့ရရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 2 mins read
အသက် ၄၀ ကျော်အမျိုးသားတိုင်း လုပ်သင့်တဲ့ကျန်းမာရေးစစ်ဆေးမှုများ

အသက် ၄၀ ကျော်အမျိုးသားတိုင်း လုပ်သင့်တဲ့ကျန်းမာရေးစစ်ဆေးမှုများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 25, 2020 . 2 mins read
ကိုယ်ဝန်ဆောင်မေမေနဲ့ သင့်တော်မယ့် လေ့ကျင့်ခန်းများ

ကိုယ်ဝန်ဆောင်မေမေနဲ့ သင့်တော်မယ့် လေ့ကျင့်ခန်းများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် စက်တင်ဘာ 10, 2020 . 2 mins read
ကျွန်မနဲ့ သွေးထဲကနတ်ဆိုးများ

ကျွန်မနဲ့ သွေးထဲကနတ်ဆိုးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဩဂုတ် 19, 2020 . 3 mins read