ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ သည် အသက်အန္တရာယ် ခြိမ်းခြောက်နိုင်တာကြောင့် လက္ခဏာတွေကို သိရှိထားဖို့ လိုအပ်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

မနက်ပိုင်းမှာ ဆီးချိုတက်ရတဲ့ အကြောင်းရင်း

မနက်ပိုင်းဘာမှမစားရသေးဘဲ ဆီးချိုဖောက်ကြည့်လိုက်လို့ ဆီးချိုတက်နေရင် လူနာတွေက စိတ်ညစ်ကြပါတယ်။ ဘာမှ မစားရသေးတာတောင် တက်နေရင်  စားများစားလို့ကတော့ တော်တော်ကြီး တက်သွားမှာဆိုပြီး စိုးရိမ်ကြပါတယ်။ ဒီတော့ အစားအသောက် အလွန်အကျွံတွေရှောင်၊ အစာနဲ့ ဆေးနဲ့ မကိုက်တော့ ဒုက္ခတွေများကုန်တာပေါ့။ မနက်ပိုင်းမှာ ဆီးချိုတက်ရတဲ့ အကြောင်းရင်း တွေက အများကြီး ရှိပါတယ်။ တစ်ခုချင်းဆီကို လေ့လာကြည့်ရအောင်။ မနက်ပိုင်းမှာ ဆီးချိုတက်ရတဲ့ အကြောင်းရင်း The dawn phenomenon မနက်အစောပိုင်းမှာဆိုရင် တစ်နေ့တာလုံး လန်းဆန်းနေအောင်ဆိုပြီး ခန္ဓာကိုယ်က သဘာဝအလျောက် ကော်တီစောတွေ၊ ကြီးထွားဟော်မုန်းတွေ ထွက်ပါတယ်။ ဒီဟော်မုန်းတွေက အသည်းကနေ ခန္ဓာကိုယ် အလုပ်လုပ်ဖို့ စွမ်းအင်ရအောင်ဆိုပြီး အသည်းကနေ သကြားဓာတ်တွေကို ထုတ်ခိုင်းပါတယ်။ ဒီလိုနဲ့ သွေးတွင်းသကြားဓာတ် တက်လာပါရော။ ခက်တာက ကိုယ့်မှာ ဆီးချိုရှိနေတော့ အင်ဆူလင် မထွက်တာ၊ အင်ဆူလင် မတိုးဘူး […]

ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ ကို ရှာဖွေမည်။

ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုရောဂါရှိသူတွေမှာ နှလုံးရောဂါ မဖြစ်စေဖို့ ဘယ်လို ကာကွယ်မလဲ

ဆီးချိုရောဂါနဲ့ နှလုံးရောဂါတို့က တော်တော်လေး ဆက်စပ်မှုရှိနေပါတယ်။ ဆီးချိုရောဂါရှိသူတွေမှာ နှလုံးရောဂါ ဖြစ်နိုင်ခြေက အခြားသူတွေထက် ပိုများပါတယ်။  အထူးသဖြင့် အမျိုးသမီးတွေမှာပါ။ ဒါ့အပြင် ဆီးချိုရောဂါရှိတဲ့သူတွေမှာ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ၊ ရုတ်တရက် နှလုံးရပ်တာနဲ့ လေဖြတ်တာလိုမျိုး ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်ပါတယ်။ ဆီးချိုရောဂါရှိသူတွေက ပုံမှန်သူတွေထက် နှလုံးကျန်းမာရေး ထိခိုက်နိုင်ခြေ ပိုများပါတယ်။ ဒါ့အပြင် ဆီးချိုရောဂါ ရှိသူတွေမှာ သွေးလည်ပတ်မှု မကောင်းတာကြောင့် ခြေထောက်တွေမှာ အနာဖြစ်ရင်အနာကျက်ခဲပြီး ခြေလက်ဖြတ်ရတာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဆီးချိုရောဂါ ရှိသူတွေမှာ နှလုံးရောဂါဖြစ်ရတဲ့ အကြောင်းအရင်း အချိန်ကြာမြင့်စွာ သွေးတွင်းသကြားဓာတ် မြင့်တက်နေတာက နှလုံးကို ထောက်ပံ့ပေးနေတဲ့ သွေးကြောတွေ၊ အာရုံကြောတွေကို ပျက်စီးစေနိုင်ပါတယ်။ ဆီးချိုရောဂါရှိသူတွေမှာ နှလုံးရောဂါဖြစ်ရတဲ့ အခြားသော အကြောင်းအရင်းတွေက သွေးပေါင်မြင့်တက်တာ - တစ်နည်းအားဖြင့်ပြောရရင် သွေးတိုးတာပေါ့။ သွေးတိုးတဲ့အခါ သွေးဖိအားကြောင့် သွေးကြောလေးတွေနဲ့ […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုရောဂါ အကြိုလက္ခဏာ ခံစားနေရသူတွေမှာ ရုတ်တရက် နှလုံးရပ်နိုင်ခြေ ပိုများ

ဆီးချိုက ကမ္ဘာတလွှားမှာ အဖြစ်များလာတဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ အရင်က အသက် ၄၀ နောက်ပိုင်းလောက်မှ ဆီးချိုရောဂါ အဖြစ်များတာ ဆိုပေမယ့် အခုနောက်ပိုင်းမှာတော့ အသက် ၃၀ ဝန်းကျင် သက်လတ်ပိုင်းတွေမှာပါ ဆီးချိုအဖြစ်များလာတာကို  တွေ့လာရပါတယ်။ ဆီးချိုဆိုတဲ့နေရာမှာ ဆီးချိုရောဂါ အကြိုလက္ခဏာ ခံစားရတာ ရှိသလို ဒီအခြေအနေကို သတိမထားလိုက်မိရင်းက အမျိုးအစား - ၂ ဆီးချိုဖြစ်သွားကြတာတွေလည်း ရှိပါတယ်။  ဒီတစ်ခေါက်တော့ လေ့လာချက်တွေရဲ့ ရလဒ်ဖြစ်တဲ့ ဆီးချိုရောဂါ အကြိုလက္ခဏာ ခံစားနေရသူတွေမှာ ရုတ်တရက် နှလုံးရပ်နိုင်ခြေ ပိုများတယ်ဆိုတဲ့ အကြောင်းလေးကို ဗဟုသုတရအောင် ပြောပြပေးချင်ပါတယ်။ ဆီးချိုဆိုတာ ဆီးချိုကို ဆီးချိုသွေးချိုရောဂါလို့လည်း ခေါ်ပါတယ်။ ဆီးချိုသွေးချိုရောဂါဆိုတာက နာတာရှည်ရောဂါတစ်မျိုးပါ။ သွေးတွင်းမှာ ဂလူးကို့စ်ပမာဏတွေ (သွေးတွင်းသကြားဓာတ်) အလွန်အကျွံ များနေတာကို ဆိုလိုတာပါ။ သွေးချိုဆီးချိုမှာ အမျိုးအစားတွေက ၅ […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုရှိသူတွေအတွက် အသားအရေ ထိန်းသိမ်းနည်း လမ်းညွှန်

ဆီးချိုရှိသူတွေက အရေပြားကို အခြားသူတွေထက် ပိုပြီး ဂရုစိုက်ဖို့ လိုပါမယ်။ အကြောင်းကတော့ ဆီးချိုရှိသူတွေမှာ အနာကျက်ဖို့ ခက်ခဲတာ၊ အရေပြား ထိခိုက်လွယ်တာကြောင့်ပါ။ ဆီးချိုသမားတွေအနေနဲ့ အချိန်တိုင်းမှာ အရေပြားကို သေချာလေး ဂရုစိုက်ဖို့ လိုတယ်ဆိုပေမယ့် နွေရာသီလို ပူပြင်းတဲ့ရာသီမျိုးမှာတော့ သေချာလေး ပိုပြီး ဂရုစိုက်ဖို့ လိုပါမယ်။ ဒီတစ်ခေါက်တော့ ဆီးချိုရှိသူတွေအတွက် အသားအရေ ထိန်းသိမ်းနည်း လမ်းညွှန် လေးကို ပြောပြပေးချင်ပါတယ်။ ဆီးချိုဆိုတာ နာတာရှည် ရောဂါတစ်မျိုးပါ ဒါကိုတော့ လူတော်တော်များများ သိထားပြီး ဖြစ်မှာပါ။ ဆီးချိုရောဂါက တစ်သက်တာလုံး ခံစားနေရမယ့် နာတာရှည် ကျန်းမာရေးပြဿနာပါ။ ဒီတော့ အကောင်းဆုံး နည်းလမ်းက ဆီးချိုကို ပိုဆိုးမလာအောင် ထိန်းသိမ်းတာပါ။ သွေးတွင်းသကြားဓာတ်ကို သေချာ ထိန်းညှိထားတာက ဆီးချိုရှိသူတွေမှာ အရေပြားပြဿနာ ကင်းစေမယ့် နည်းလမ်းကောင်းတစ်ခုပါ။ သွေးချို ထိန်းညှိတာနဲ့အတူ […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုရောဂါရှိပြီး ဘယ်လောက်ကြာရင် ကျောက်ကပ်ထိ မှာလဲ၊၊

ဆီးချိုရောဂါရှင်တွေ အများစုက ကျောက်ကပ်ထိ မှာကို စိုးရိမ်ကြပါတယ်၊၊ တကယ်လည်း ဆီးချိုရောဂါက ကျောက်ကပ်ပျက်စီးစေတဲ့ အဓိကအကြောင်းရင်းတွေထဲက တစ်ခုပါ၊၊ ဆီးချိုရောဂါရှိသူ ၃ယောက်မှာ ၁ယောက်က ကျောက်ကပ်ထိခိုက်တတ်တာကိုလည်း တွေ့ရပါတယ်၊၊ ဆီးချိုလူနာအများစုက သူတို့ဆီးချို ရှိပြီဆို ကျောက်ကပ်ထိ နေပြီလား၊၊ ဘယ်တော့ ကျောက်ကပ်ပျက်စီးမှာလဲဆိုတာကို သိချင်ကြပါတယ်၊၊ ဒါကလည်း ဖြစ်သင့်တဲ့ ကိစ္စတစ်ခုပါ၊၊ ကျောက်ကပ်ထိခိုက်ပြီးသားဆိုရင် ကုစရာရှိတာ စောစောကုနိုင်သလို တကယ်လို့ ကောင်းနေသေးတယ်ဆိုရင်လည်း ဆီးချိုကြောင့် ကျောက်ကပ်မထိခိုက်အောင် ဂရုစိုက်နိုင်မှာပါ၊၊ ဆီးချိုရောဂါရှိပြီး ဘယ်လောက်ကြာရင် ကျောက်ကပ်ထိ မှာလဲ၊၊ အမျိုးအစား ၁ဆီးချိုရောဂါရှိသူတွေ တော်တော်များများက ရောဂါရှိပြီး ၂-၅နှစ်အတွင်းမှာ ကျောက်ကပ်အဖြေတွေ ပုံမှန်မဟုတ်တော့တာကို တွေ့ရပါတယ်လို့ တချို့လေ့လာချက်တွေက ဖော်ပြထားပါတယ်၊၊ ဆိုလိုတာက လူနာက အပြင်ပန်းမှာ ဘာလက္ခဏာမှ မရှိတာ ဖြစ်နိုင်ပေမယ့် သွေးစစ်၊ ဆီးစစ်ရင် အဖြေတွေက ပုံမှန်မဟုတ်တော့ပါဘူး၊၊ […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲပြဿနာ အစုံစုံ

ဆီးချိုရောဂါက သေချာမကုဘူးဆိုရင် အချိန်ကြာလာတာနဲ့အမျှ နောက်ဆက်တွဲပြဿနာ တွေ ဝင်လာနိုင်ပါတယ်။ သေချာကုနေတာတောင်မှ လူနာက သွေးတွင်းသကြားဓာတ်ကို မထိန်းထားနိုင်ဘူးဆိုရင် ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲပြဿနာတွေ က ထင်ထားတာထက် မြန်မြန်ရောက်လာနိုင်ပါတယ်။ ဒါထက်ပိုဆိုးတာက ဆီးချိုရောဂါရှိတာကို လုံးဝသိမနေဘဲ နောက်ဆက်တွဲဝေဒနာတစ်ခုခု ခံစားရမှ ဒါကို လာပြရင်း နောက်ကြောင်းပြန် စစ်ကြည့်လိုက်တဲ့အခါမှ ဆီးချိုရောဂါရှိနေတာကို သိလာရတာပဲ ဖြစ်ပါတယ်။ ဆီးချိုရောဂါက သွေးတွင်းသကြားဓာတ်တက်ရုံပဲ ဆိုပေမယ့် ဒီသကြားဓာတ်တွေက ခန္ဓာကိုယ်က ဆဲလ်တိုင်းက လိုအပ်နေတာကြောင့် ပုံမှန်အတိုင်း မဖြစ်တဲ့အခါ တစ်ကိုယ်လုံးမှာ နောက်ဆက်တွဲပြဿနာတွေ ဝင်လာရတာပဲ ဖြစ်ပါတယ်။ ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲပြဿနာ များ ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲပြဿနာ တွေထဲမှာ ရုတ်တရက် အခြေအနေပိုဆိုးလာပြီး အရေးပေါ်ကုသဖို့ လိုအပ်တာ ရှိသလို နာတာရှည်ဝေဒနာအနေနဲ့ တဖြည်းဖြည်း ပျက်စီးလာတာတွေလည်း ရှိပါတယ်။ ရုတ်တရက် ဖြစ်တတ်တဲ့ ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲ […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုရှိတဲ့ အမျိုးသားတွေမှာ ပန်းသေပန်းညှိုး မဖြစ်အောင် ကာကွယ်လို့ ရလား .......

ပန်းသေပန်းညှိုးဖြစ်တာက ဆီးချိုရှိတဲ့ အမျိုးသား ၃၅ ရာခိုင်နှုန်း ကနေ ၇၅ ရာခိုင်နှုန်းလောက်မှာ ခံစားရလေ့ရှိတဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ ဆီးချိုရှိတဲ့ အမျိုးသား ၇၅ ရာခိုင်နှုန်းလောက်ဟာ ဆီးချို စရှိပြီး ၁၀ နှစ် ကနေ ၁၅ နှစ်တာ ကာလအတွင်းမှာ ပန်းသေပန်းညှိုးရောဂါကို အခြေအနေ အတိုင်းအတာ တစ်မျိုးစီနဲ့ ရင်ဆိုင်ရပါတယ်။ ဒီပြဿနာက သက်လတ်ပိုင်းမှာ သိပ်မပြင်းထန်ပေမယ့် အသက် ၇၀ ကျော်လာပြီဆိုရင်တော့ ဒီ ကျန်းမာရေးပြဿနာရဲ့ သက်ရောက်မှုက အတော်လေး ပြင်းထန်လာတာမျိုးရှိနိုင်ပါတယ်။ ဆီးချိုရှိသူတွေမှာ ဘာလို့ ပန်းသေပန်းညှိုး ဖြစ်ရတာလဲ ....... ပန်းသေပန်းညှိုး ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေကတော့ တော်တော်လေး ရှုပ်ထွေးပါတယ်။ ဆီးချို ဖြစ်ပြီး အချိန်ကြာလာတဲ့အခါ ခန္ဓာကိုယ်က အာရုံကြောတွေ၊ ကြွက်သားတွေ နဲ့ သွေးကြောတွေက […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုလူနာတွေမှာ သွေးကြောထိခိုက်မှု ကြောင့် ဘာတွေ ဖြစ်လာနိုင်သလဲ။

ဆီးချိုရောဂါဆိုတာ နာတာရှည် ရောဂါဖြစ်ပြီး ခန္ဓာကိုယ်ကနေ သွေးတွင်းသကြားဓာတ်ကို ထိန်းချုပ်ဖို့ ခက်ခဲတဲ့ အခြေအနေတစ်ခုပါ။ သေချာမကုသဘူးဆိုရင် အချိန်ကြာလာတာနဲ့ အမျှ ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲ ဝေဒနာတွေကို ခံစားရမှာပါ။ ဒီထဲမှာ ဆီးချိုကြောင့် သွေးကြောထိခိုက်မှု တွေ ဖြစ်ပြီး သွေးကြောတွေ ကျဉ်းတာလည်း ပါပါတယ်။ သွေးကြောတွေ ကျဉ်းလာတာနဲ့အမျှ ကိုယ်တွင်းအင်္ဂါအတွက် လိုအပ်တဲ့ အာဟာရနဲ့ အောက်ဆီဂျင်တွေ မရတာကြောင့် ရေရှည်မှာ ကိုယ်တွင်းအစိတ်အပိုင်းတွေ ပျက်စီးတတ်ပါတယ်။ သွေးကြောရောဂါတွေက ပြင်းထန်ပြီး ဆီးချိုလူနာတွေရဲ့ အသက်ကို ခြိမ်းခြောက်နေတာကြောင့် သတိထားသင့်ပါတယ်။ ဆီးချိုရောဂါရှင်တွေမှာ သွေးကြောထိခိုက်မှု တွေ ဘာကြောင့် ဖြစ်ရတာလဲ။ အဓိက အချက်ကတော့ သွေးတွင်းသကြားဓာတ် မြင့်တက်လို့ပါ။ သွေးထဲမှာ သကြားဓာတ်တွေ များလွန်းနေတာက ရေရှည်မှာ ဆဲလ်နဲ့ တစ်ရှူးတွေကို ပျက်စီးစေပါတယ်။ ဒီထဲမှာ သွေးကြောနံရံတွေမှာ […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုရောဂါရှိသူတွေမှာ တွေ့ရတတ်တဲ့ ဝမ်းဗိုက်ပြဿနာ

ဆီးချိုရောဂါရှင်တွေက နည်းနည်းလောက် သက်တမ်းကြာလာပြီဆိုရင် ဒီပြဿနာလေးတွေ ပြောလေ့ရှိပါတယ်။ ဆရာရယ် အစာမကြေဘူး၊ အမြဲတမ်း ရင်ခေါင်းတောင့်တယ်။ ဗိုက်ကယ်တယ်။ ရင်ပူတယ် စသဖြင့် ဝမ်းဗိုက်ပြဿနာ ပေါင်းများစွာကို ပြောပြလေ့ရှိပါတယ်။ ဆီးချိုက ကောင်းကောင်းမထိန်းနိုင်ဘူးဆိုရင်၊ သက်တမ်းကြာလာပြီဆိုရင် နောက်ဆက်တွဲတွေ ဖြစ်တတ်တယ်ဆိုတာ ဆီးချိုရှိတဲ့သူတိုင်း သိပါတယ်။ သူတို့ ခုလို ခံစားနေရတဲ့ ဝမ်းဗိုက်ပြဿနာတွေကရော ဆီးချိုကြောင့်ပဲလား။ ဘာကြောင့် ဝမ်းဗိုက်ပြဿနာ တွေ ခံစားရတာလဲ။ ယေဘုယျအားဖြင့် ပြောရမယ်ဆိုရင်တော့ ဆီးချိုသက်တမ်းကြာလာလေလေ (အမျိုးအစား ၁ပဲဖြစ်ဖြစ်၊ ၂ပဲဖြစ်ဖြစ်) ကိုယ်ထဲက ကိုယ်တွင်းအင်္ဂါတွေကို အနည်းနဲ့ အများထိခိုက်နိုင်ပါတယ်။ ဒီထဲမှာ အစာအိမ်နဲ့ အူလမ်းကြောင်းလည်း ပါပါတယ်။ ဝမ်းဗိုက်ပြဿနာတွေက ဆီးချိုကို ဖြစ်စေတဲ့ အကြောင်းရင်း (ဥပမာ အဝလွန်ခြင်း)ကြောင့် ဖြစ်နိုင်သလို ဆီးချိုရဲ့ နောက်ဆက်တွဲဖြစ်တဲ့ သွေးတွင်းသကြားဓာတ်တက်တာ၊ HbA1cလို့ ခေါ်တဲ့ သုံးလဆီးချိုဓာတ်တက်တာ၊ […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

ဆီးချိုရောဂါ ရှိတဲ့သူတွေက ဘာကြောင့် ပိုးဝင်လွယ် ရသလဲ။

ဆီးချိုရောဂါ ရှိတဲ့သူတွေကို မှာလေ့ရှိတာက အနာတွေ ဖြစ်အောင် မနေနဲ့နော်။ မကျက်တဲ့အနာ ရှိရင် ပြောနော် စသဖြင့် မှာလေ့ရှိပါတယ်။ လူနာတွေကလည်း ဆီးချိုရှိရင် သူများထက် ရောဂါ ပိုးဝင်လွယ် တယ်။ အနာတွေ ဖြစ်ရင် ကျက်ဖို့ နှေးတယ်ဆိုတာ သိထားပြီးသားပါ။ ဒါဆိုရင် သူတို့တွေ ဘာကြောင့် သူများတွေထက် ပိုးဝင်လွယ်၊ အနာဖြစ်လွယ် နေရတာလဲ။ ဆီးချိုရောဂါ ရှိတဲ့သူတွေက ဘာကြောင့် ပိုးဝင်လွယ် ရသလဲ။ သွေးတွင်းသကြားဓာတ်များခြင်း သွေးတွင်း သကြားဓာတ်များတာက ခုခံအားကို ကျစေပါတယ်။ ဒါ့ပြင် သွေးနဲ့ တစ်ရှူးတွေမှာ သကြားဓာတ်တွေ များလေလေ ဘက်တီးရီးယားတွေ ပိုပွားလေလေ၊ ပိုးဝင်လွယ်လေလေပါပဲ။ အာရုံကြောထိခိုက်ခြင်း ဆီးချိုရောဂါရှိတဲ့သူတွေက အာရုံကြောထိခိုက်တာကြောင့် ထုံတာ ကျဉ်တာ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ခြေထောက်မှာပါ။ ထုံနေတဲ့အတွက် ထိလို့ […]


ဆီးချိုရောဂါ နောက်ဆက်တွဲ ပြဿနာများ

အင်ဆူလင် နှင့် အလွဲများ

ဆီးချို ...... ကမ္ဘာ့လူဦးရေ တော်တော်များများ ခံစားနေရတဲ့ ရောဂါတစ်ရပ်ပါ။ မြန်မာနိုင်ငံမှာလည်း တစ်နှစ်ထက်တစ်နှစ် ဆီးချို ခံစားနေရသူ အရေအတွက်တွေ တိုးလာပါတယ်။ ဆီးချိုကြောင့် မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ခံစားနေရသူတွေလည်း မနည်းပါဘူး။ ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းက ဆီးချိုနဲ့ ပတ်သက်ပြီး ထိရောက်တဲ့ ကုထုံးတစ်ရပ်လို့ ယူဆထားတဲ့ အင်ဆူလင် ကုထုံးအပေါ် မှားယွင်း သိရှိထားတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တကယ်ကတော့ အင်ဆူလင်က ဆီးချိုရှိသူတွေအတွက် အထိရောက်ဆုံး ကုထုံးတစ်ရပ်ပါ။ ဆီးချိုကြောင့် နောက်ဆက်တွဲ ပြဿနာတွေ နည်းနိုင်သမျှ နည်းအောင် ကာကွယ်ပေးနိုင်တဲ့ အင်ဆူလင်နဲ့ ပတ်သက်ပြီး မှားယွင်း သိထားနိုင်တာလေးတွေကို ဆောင်းပါးလေးထဲကနေတဆင့် ပြောပြပေးသွားပါမယ်။ အင်ဆူလင် နှင့် အလွဲများ အင်ဆူလင်က ဆီးချို ရှိသူတွေအတွက် အထိရောက်ဆုံး ကုထုံး တစ်ရပ်ဆိုပေမယ့် အခုလိုလေးတွေ မှားသိထားနိုင်ပါတယ်။ Myth […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG