လူလတ်ပိုင်းတွေထဲမှာမှ ဆီးချိုရောဂါ အကြိုလက္ခဏာ ခံစားနေရသူတွေဟာ အခြားသော ဆီးချိုရောဂါ မခံစားရသူတွေထက် ရုတ်တရက် နှလုံးရပ်နိုင်ခြေ ပိုများနေပါတယ်လို့ လေ့လာမှုအသစ်တွေအရ သိရပါတယ်။
ဆီးချိုရောဂါ အကြိုလက္ခဏာခံစားနေရသူတွေမှာ သွေးတွင်းသကြားဓာတ်က ပုံမှန်ထက် မြင့်တက်နေတတ်ပါတယ်။ အမျိုးအစား – ၂ ဆီးချိုရှိတဲ့တစ်ဦးလိုပဲ သွေးချို မြင့်တက်နေတာပါ။ မနက်စောစော ချိန်တဲ့ သွေးချိုပမာဏက 100 and 125 mg/dL ရှိနေပါတယ်။
ဆီးချိုရောဂါ အကြိုလက္ခဏာခံစားနေရတာကို သေချာလေး ကုသတာမျိုး မလုပ်ဖူးဆိုရင် အမျိုးအစား -၂ ဆီးချိုအဆင့်ရောက်သွားပြီး နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ခံစားလာရပြီး ရုတ်တရက် နှလုံးရပ်တာနဲ့ အရွယ်မတိုင်ခင် သေဆုံးမှုတွေကို ခံစားရနိုင်ပါတယ်။ ဆီးချိုရောဂါ အကြိုလက္ခဏာ ခံစားနေရသူတွေမှာ ရုတ်တရက် နှလုံးရပ်နိုင်ခြေက အခြားကျန်းမာတဲ့သူတွေထက် 1.7 ဆလောက် ပိုများနေပါတယ်။
ဆီးချိုရောဂါနဲ့ နှလုံးရောဂါတို့ကြားက ဆက်စပ်မှု
ဆီးချိုရောဂါ ရှိနေတာက နှလုံးရောဂါဖြစ်နိုင်ခြေ ပိုများစေတဲ့အချက်ပါ။ ဆီးချိုရောဂါ ခံစားနေရပြီဆိုရင် နှလုံးရောဂါကို ခံစားရတာတင် မဟုတ်ပါဘူး။ သွေးတိုး ရောဂါ၊ သွေးတွင်းကိုလက်စထရော များတာတွေကိုပါ ခံစားရပါတယ်။ ဆေးလိပ်ပါသောက်မယ်ဆိုရင်တော့ ဆီးချိုရှိသူတွေမှာ နှလုံးရောဂါ ခံစားရနိုင်ခြေက ပိုများနိုင်ပါတယ်။
ဆီးချိုရှိသူတွေမှာ နှလုံးရောဂါဖြစ်ရတာက သွေးတွင်းသကြားဓာတ် မြင့်တက်တဲ့အခါ နှလုံး နဲ့ နှလုံးသွေးကြောတွေကို ထိန်းချုပ်ထားတဲ့ သွေးကြောတွေနဲ့ အာရုံကြောတွေကို ပျက်စီးစေနိုင်လို့ပါ။ ဒီလို ပျက်စီးမှုတွေက အချိန်ကြာလာတဲ့အခါ နှလုံးရောဂါ ဖြစ်စေနိုင်ပါတယ်။
ဆီးချိုရောဂါ အကြိုလက္ခဏာနဲ့ အမျိုးအစား -၂ ဆီးချို ခံစားနေရသူ လူငယ်တွေကတော့ အခြား ဆီးချိုမရှိတဲ့သူတွေထက် နှလုံးရောဂါ ခံစားရနိုင်ခြေနဲ့ လေဖြတ်နိုင်ခြေက ၂ ဆလောက် ပိုများနေပါတယ်။
ဒါပေမယ့် သတင်းကောင်းတစ်ခုက သွေးချိုကို သေချာထိန်းမယ်။ အရက်နဲ့ ဆေးလိပ်ဖြတ်မယ်ဆိုရင်တော့ ဆီးချိုကြောင့် နှလုံးရောဂါ၊ ရုတ်တရက် နှလုံးရပ်တာနဲ့ လေဖြတ်တာတွေ ခံစားရနိုင်ခြေ နည်းပါတယ်။
ဆီးချိုရောဂါ လက္ခဏာများ
ဆီးချိုရောဂါ အမျိုးအစားတိုင်းမှာ ခံစားရတဲ့
အစောပိုင်း လက္ခဏာတွေက ခပ်ဆင်ဆင် တူပါတယ်။ ဆီးချိုရောဂါ အမျိုးအစား တစ်ခုခုကို ခံစားရပြီဆိုရင်
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။