backup og meta

ဆီးချိုရောဂါရှိသူတွေမှာ နှလုံးရောဂါ မဖြစ်စေဖို့ ဘယ်လို ကာကွယ်မလဲ

ဆီးချိုရောဂါရှိသူတွေမှာ နှလုံးရောဂါ မဖြစ်စေဖို့ ဘယ်လို ကာကွယ်မလဲ

ဆီးချိုရောဂါနဲ့ နှလုံးရောဂါတို့က တော်တော်လေး ဆက်စပ်မှုရှိနေပါတယ်။ ဆီးချိုရောဂါရှိသူတွေမှာ နှလုံးရောဂါ ဖြစ်နိုင်ခြေက အခြားသူတွေထက် ပိုများပါတယ်။  အထူးသဖြင့် အမျိုးသမီးတွေမှာပါ။ ဒါ့အပြင် ဆီးချိုရောဂါရှိတဲ့သူတွေမှာ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ၊ ရုတ်တရက် နှလုံးရပ်တာနဲ့ လေဖြတ်တာလိုမျိုး ကျန်းမာရေး ပြဿနာတွေ ခံစားရနိုင်ပါတယ်။

ဆီးချိုရောဂါရှိသူတွေက ပုံမှန်သူတွေထက် နှလုံးကျန်းမာရေး ထိခိုက်နိုင်ခြေ ပိုများပါတယ်။ ဒါ့အပြင် ဆီးချိုရောဂါ ရှိသူတွေမှာ သွေးလည်ပတ်မှု မကောင်းတာကြောင့် ခြေထောက်တွေမှာ အနာဖြစ်ရင်အနာကျက်ခဲပြီး ခြေလက်ဖြတ်ရတာမျိုးတွေ ခံစားရနိုင်ပါတယ်။

ဆီးချိုရောဂါ ရှိသူတွေမှာ နှလုံးရောဂါဖြစ်ရတဲ့ အကြောင်းအရင်း

ဆီးချိုရောဂါ ရှိသူတွေမှာ နှလုံးရောဂါဖြစ်ရတဲ့ အကြောင်းအရင်း

အချိန်ကြာမြင့်စွာ သွေးတွင်းသကြားဓာတ် မြင့်တက်နေတာက နှလုံးကို ထောက်ပံ့ပေးနေတဲ့ သွေးကြောတွေ၊ အာရုံကြောတွေကို ပျက်စီးစေနိုင်ပါတယ်။ ဆီးချိုရောဂါရှိသူတွေမှာ နှလုံးရောဂါဖြစ်ရတဲ့ အခြားသော အကြောင်းအရင်းတွေက

  • သွေးပေါင်မြင့်တက်တာ – တစ်နည်းအားဖြင့်ပြောရရင် သွေးတိုးတာပေါ့။ သွေးတိုးတဲ့အခါ သွေးဖိအားကြောင့် သွေးကြောလေးတွေနဲ့ သွေးကြောနံရံတွေ ပျက်စီးစေနိုင်ပါတယ်။ သွေးတိုးရော ဆီးချိုရော ရှိနေမယ်ဆိုရင်တော့ နှလုံးရောဂါ ဖြစ်နိုင်ခြေက ပိုများနေနိုင်ပါတယ်။
  • သွေးတွင်းကိုလက်စထရော များနေတာ – သွေးတွင်းကိုလက်စထရောဆိုတဲ့နေရာမှာ အကျိုးမပြုတဲ့ ကိုလက်စထရော LDL ကိုလက်စထရော များနေတာကို ပြောချင်တာပါ။ သွေးထဲမှာ ကိုလက်စထရော များနေခြင်းက သွေးကြောထဲမှာ အနယ်အနှစ်ဖြစ်စေပြီး သွေးကြောနံရံတွေကို ပျက်စီးစေပါတယ်။
  • သွေးတွင်းအဆီများတာ သွေးတွင်းအဆီများတာက သွေးကြောတွေကို တောင့်တင်းစေပြီး နှလုံး ထိခိုက်စေနိုင်ပါတယ်။

ဒီအချက်တွေအပြင် ဆီးချိုရောဂါရှိသူတွေမှာ နှလုံးရောဂါ ဖြစ်စေနိုင်တဲ့ အကြောင်းအရင်းတွေက

  • ဆေးလိပ်သောက်တာ
  • အဝလွန်နေတာ
  • ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေတာ
  • ကိုယ်လက်လှုပ်ရှားမှု နည်းတာ
  • ပြည့်ဝဆီ များတာ၊ အသွင်ပြောင်းဆီ များတာ၊ ကိုလက်စထရောနဲ့ ဆိုဒီယမ် ပါဝင်မှု များတာတွေကို စားတာ
  • အယ်လ်ကိုဟော အလွန်အကျွံ သောက်သုံးတာတွေကလည်း နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

ဆီးချိုရောဂါရှိသူများနဲ့ နှလုံးရောဂါဖြစ်နိုင်ခြေ

ဆီးချိုရောဂါရှိသူတွေမှာ နှလုံးထိခိုက်နိုင်ခြေက အခြားသူတွေထက် များပါတယ်။ နှလုံးထိခိုက်တာက ပြင်းထန်တဲ့ ကျန်းမာရေး အခြေအနေ တစ်ရပ်ပါ။ နှလုံးထိခိုက်တယ်ဆိုတဲ့ နေရာမှာ နှလုံးရပ်သွားတာကိုတင် ဆိုလိုတာ မဟုတ်ပါဘူး။ နှလုံးက သွေးတွေကို ကောင်းကောင်း ညှစ်ထုတ် မပေးနိုင်တော့တာကိုလည်း ဆိုလိုတာပါ။
ဒီလို နှလုံးကသွေးတွေကို ကောင်းကောင်း မညှစ်ထုတ်နိုင်တဲ့အခါ အဆုတ်ထဲမှာ အရည်တွေစုပုံစေပြီး အသက်ရှူရခက်စေသလို ခြေထောက်တွေ ဖောရောင်တာမျိုးလည်း ဖြစ်စေနိုင်ပါတယ်။ နှလုံးထိခိုက်တာက အချိန်ကြာလေလေ ပိုဆိုးလာလေလေပါ။ ဒါကြောင့် စောစာသိ စောစောကုသနိုင်တာက အခြေအနေအရမ်းမဆိုးအောင် တားဆီးနိုင်မှာပါ။

ရုတ်တရက် နှလုံးရပ်တဲ့အခါ ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ရုတ်တရက် နှလုံးရပ်တဲ့အခါ ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲ

ရုတ်တရက် နှလုံးရပ်တဲ့အခါ အခုလို လက္ခဏာလေးတွေ ခံစားရနိုင်ပါတယ်။

  • အသက်ရှူမဝတာ
  • မိုက်ခနဲ မူးတာ
  • သတိလစ်တာ
  • မူးဝေတာ
  • ချွေးတွေ အရမ်းထွက်တာ (မလှုပ်ရှားဘဲကို ချွေးတအားထွက်နေတာမျိုးပါ)
  • ပခုံး၊ မေးရိုး နဲ့ ဘယ်ဘက်လက်မောင်း နာကျင်နေတာ
  • ရင်ဘတ်အောင့်တာ (အထူးသဖြင့် လှုပ်ရှားမှုတွေ လုပ်တဲ့အခါမျိုးမှာပါ)
  • မအီမသာဖြစ်တာ

သွေးကြောတွေ ထိခိုက်ပျက်စီးတဲ့အခါမျိုးမှာတော့

  • လမ်းလျှောက်နေရင်း ခြေထောက်တွေ ကြွက်တက်တာ
  • တင်ပါး၊ တင်ပဆုံတွေထဲက နာကျင်တာ
  • ခြေဖျားတွေ အေးတာ
  • ခြေထောက်တွေ လက်တွေမှာ သွေးခုန်နှုန်း နည်းနေတာ
  • ခြေထောက်အရေပြားအောက်မှာ အဆီတွေ လျော့နည်းလာတာ
  • ခြေထောက်အောက်ဘက်နားက ခြေမွေးတွေ ကျဲပါးလာတာတွေ ခံစားရနိုင်ပါတယ်။

ဆီးချိုရောဂါရှိသူတွေမှာ နှလုံးရောဂါ မဖြစ်စေဖို့ ဘယ်လို ကာကွယ်မလဲ

ဆီးချိုရောဂါရှိသူတွေမှာ နှလုံးရောဂါ မဖြစ်စေဖို့ ဆိုရင် အကောင်းဆုံး နည်းလမ်းကတော့ ကြိုတင်ကာကွယ်တာပါပဲ။ ဘယ်လို ကာကွယ်ရမလဲဆိုတော့

  • သွေးတွင်းသကြားဓာတ်ကို ပုံမှန်ပမာဏထဲ ရှိနေအောင် အတတ်နိုင်ဆုံး ထိန်းပါ
  • သွေးတိုးထိန်းပါ။ သွေးကျဆေးသောက်ပါ။ ဆီးချိုရှိသူတွေမှာ သွေးပေါင်ချိန်က ပုံမှန် 130/80mmHg အောက်ရှိနေဖို့ လိုပါမယ်
  • သွေးတွင်းကိုလက်စထရော ထိန်းပါ။ လိုအပ်ရင် ဆေးသောက်ပါ
  • အဝလွန်နေရင် ဝိတ်ချပါ
  • လေ့ကျင့်ခန်း မှန်မှန် လုပ်ပါ
  • နှလုံးကျန်းမာစေမယ့် အစားအစာတွေ စားပါ
  • ဆေးလိပ်ဖြတ်ပါ
  • အယ်လ်ကိုဟော ဖြတ်ပါ
  • ကိုယ်လက်လှုပ်ရှားမှု မှန်မှန် လုပ်ပါ
  • ဆရာဝန် ညွှန်ကြားတဲ့ အတိုင်း ဆေးတွေကို မှန်မှန် သောက်ပါ
  • ဆရာဝန်နဲ့ ရက်ချိန်းမှန်မှန်ပြပေးပါ
  • လိုအပ်တဲ့ ကုသစစ်ဆေးမှုတွေ ခံယူပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

diabetes and heart disease https://www.diabetes.org.uk/guide-to-diabetes/complications/cardiovascular_disease Accessed Date 20 May 2022

Diabetes and heart disease https://www.heartfoundation.org.au/heart-health-education/diabetes-and-heart-disease Accessed Date 20 May 2022

How to Prevent Heart Disease https://www.joslin.org/patient-care/diabetes-education/diabetes-learning-center/how-prevent-heart-disease-0 Accessed Date 20 May 2022

Diabetes and Your Heart https://www.cdc.gov/diabetes/library/features/diabetes-and-heart.html Accessed Date 20 May 2022

Diabetes – preventing heart attack and stroke https://medlineplus.gov/ency/patientinstructions/000080.htm Accessed Date 20 May 2022

ယခုပုံစံ

20/09/2023

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆီးချိုရောဂါရဲ့ နောက်ဆက်တွဲပြဿနာ အစုံစုံ

ဆီးချို မရှိပေမယ့် သွေးတွင်းသကြားဓာတ် မြင့်လို့ စိတ်ညစ်နေရင်


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 20/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement