Remdesivir က COVID-19 ကို ကုသရာမှာ တကယ်ထိရောက်မှုရှိရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date အောက်တိုဘာ 16, 2020 . 2 mins read
Share now

အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ပ်ကို COVID-19 ရောဂါသက်သာအောင် ကုသပေးခဲ့တယ်ဆိုတဲ့ သတင်းစကားတွေရဲ့နောက်မှာ Remdesivir ဆိုတဲ့ဆေးဝါးဟာ ကမ္ဘာ့ဇာတ်ခုံပေါ်မှာ တမဟုတ်ချင်း နာမည်သတင်းမွှေးလာခဲ့ပါတယ်။ ဒါပေမယ့် တကယ်တမ်း မေးခွန်းတွေ ရှိနေတာက Remdesivir က COVID-19 ကို ကုသရာမှာ တကယ်ထိရောက်မှုရှိရဲ့လား ဆိုတာပါပဲ။

ဒေါ်နယ် ထရမ့်ပ်ကို ဒီဆေးဝါးနဲ့ကုသခဲ့တယ်လို့ဆိုထားပေမယ့် ထရမ့်ပ်ဟာ ဆေးဝါးကုသမှု ၄ ရက်သာ ခံခဲ့တာဖြစ်ပြီးတော့ ကမ္ဘာ့အင်အားကြီးတိုင်းပြည်တစ်ခုရဲ့ သမ္မတဖြစ်တာနဲ့အညီ ပြီးပြည်စုံတဲ့ ပံ့ပိုးမှုနည်းလမ်းတွေကို ခံယူခဲ့ရတာဖြစ်ပါတယ်။ ဒါ့အပြင် သူ့မှာ COVID-19 လက္ခဏာအနည်းငယ်သာပြသခဲ့တာမို့ ရောဂါပြင်းထန်မှုမရှိခဲ့တာက တွေးချင့်စရာအချက်တစ်ချက်ဖြစ်ပါတယ်။

Remdesivir ရုတ်တရက်နာမည်ကျော်လာပြီးတဲ့နောက်မှာ စမ်းသပ်ဆဲဆေးဝါးတစ်ခုဖြစ်နေတာမို့ ဒီဆေးနဲ့ ပတ်သက်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး WHO ကလည်း လေ့လာချက်တွေ ပြုလုပ်ခဲ့ပါတယ်။

ရလဒ်တွေကို ထုတ်ပြန်ခဲ့ရာမှာတော့ Remdesivir ဆေးဝါးဟာ COVID-19 ရောဂါသည်တွေကို ကုစားရာမှာ ထိရောက်မှုနည်းပါးတဲ့ ဒါမှမဟုတ် လုံးဝမရှိတဲ့ ဆေးဝါးတစ်မျိုးသာဖြစ်တယ်လို့ ထုတ်ပြန်လိုက်ပါတယ်။ ကမ္ဘာတစ်ဝှမ်းက ဆေးရုံတွေမှာပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုတွေမှာ ဘာတိုးတက်မှုလက္ခဏာမှ ပြသခဲ့ခြင်းမရှိဘူးလို့ WHO က ဆိုခဲ့တာပါ။

Remdesivir ဟာ COVID-19 လူနာတွေရဲ့အသက်ကို ကယ်တင်နိုင်စွမ်း မရှိတာ ဒါမှမဟုတ် မရှိသလောက်နီးပါး နည်းပါးတာမျိုးအခြေအနေမှာသာရှိနေတယ်လို WHO ရဲ့ အစီရင်ခံစာကဆိုခဲ့တာပါ။

Remdesivir ဆိုတာ ဘာလဲ

Remdesivir ဆိုတာက အမေရိန်ကနိုင်ငံအခြေစိုက် ဆေးဝါးကုမ္ပဏီတစ်ခုဖြစ်တဲ့ Gilead Sciences က ထုတ်လုပ်ထားတဲ့ ဆေးဝါးတစ်မျိုးဖြစ်ပြီးတော့ COVID-19 ရောဂါကုသရာမှာ အသုံးပြုဖို့စမ်းသပ်မှုပြုလုပ်နေတဲ့ ကုထုံးတစ်မျိုးလည်းဖြစ်ပါတယ်။ ကာကွယ်ဆေးမဟုတ်ပဲ ကုသဖို့ စမ်းသပ်နေတဲ့ ဆေးတစ်မျိုးဖြစ်ပါတယ်။

အရင်က အီဘိုလာရောဂါကုသဖို့အတွက် ရည်ရွယ်ထုတ်လုပ်ခဲ့တဲ့ ဒီဆေးက ခု COVID-19 ကုသရေးမှာ အသုံးချလာကြတာပါ။ ဒီဆေးက အရင်တုန်းက အသက်ရှူလမ်းကြောင်းရောဂါတွေဖြစ်ကြတဲ့ ဆားစ်နဲ့ မားစ်ရောဂါတွေရဲ့ ဗိုင်းရပ်စ်ပွားနှုန်းကို တားဆီးနိုင်တယ်ဆိုတဲ့ သက်သေပြချက်တစ်ချို့ရှိခဲ့ဖူးတာကြောင့် ခုလို စမ်းသပ်လာကြတာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံမှာ လူနာတွေကို စမ်းသပ်ကုသမှုတွေပြုလုပ်ရင်း စောင့်ကြည့်နေချိန်မှာ သမ္မတထရမ့်ပ်ကို ကုသခဲ့ပြီး ရောဂါပျောက်ကင်းတယ်ဆိုတဲ့ သတင်းထွက်ပေါ်လာကာ တစ်ကမ္ဘာလုံးရဲ့ စောင့်ကြည့်ခံဆေးဖြစ်ခဲ့တယ်လို့ ဆိုရပါမယ်။

ဒီဆေးက အဖျားလည်း ကျပြီး COVID-19 ရဲ့ တခြားလက္ခဏာတွေကိုလည်း သက်သာစေသလို လူနာအတော်များများ တစ်ပတ်အတွင်း ဆေးရုံကနေ ဆင်းနိုင်စေတယ်လို့ ကုမ္ပဏီဘက်ကဆိုထားပေမယ့် စမ်းသပ်မှုတွေကိုလည်း ဆက်လက်လုပ်ဆောင်နေရဆဲပါ။

ကုလသမဂ္ဂလက်အောက်ခံ ကျန်းမာရေးအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ WHO ကတော့ သူတို့ရဲ့ လေ့လာချက်တွေအရ Remdesivir ဆေးက ထိထိရောက်ရောက်ရောဂါပျောက်အောင် ကုနိုင်တယ်ဆိုတဲ့ သက်သေပြချက် ကြီးကြီးမားမားမတွေ့ရှိထားဘူးလို့ အခိုင်အမာဆိုခဲ့တာပါ။

WHO ဟာ Remdesivir ၊ Lopinavir ၊ Hydroxychloroquine နဲ့ Interferon-beta 1a စတဲ့ ဆေးဝါးတွေကို လူနာသေဆုံးနှုန်းကျဆင်းဖို့ မျှော်လင့်ချက်နဲ့ ပြီးခဲ့တဲ့ မတ်လကတည်းကနစတင်ပြီး စမ်းသပ်မှုတွေ ဆက်တိုက်ပြုလုပ်နေခဲ့ပေမယ့် သိသာထင်ရှားတဲ့တိုးတက်မှုမရှိတာကို မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သီးခြားလွတ်လပ်တဲ့လေ့လာချက်တွေအရဆိုရင်လည်း အဆိုပါဆေးဝါးဟာ လူသေနှုန်းလျော့ပါးစေနိုင်တယ်ဆိုတဲ့ သက်သေပြချက်တစ်စုံတစ်ရာမရှိထားဘူးလို့ လေ့လာချက်တွေက ဆိုထားပါတယ်။

Remdesivir နဲ့ အနာဂတ်

လက်ရှိမှာ Remdesivir က COVID-19 ရောဂါကို ကုသပေးနိုင်တယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ တစ်ကမ္ဘာလုံးမှာ အပြိုင်အဆိုင် ဝယ်ယူမှုတွေ ပြုလုပ်နေကြပါတယ်။

EU ဟာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ အရေးပေါ်ကုသရေးမှာ အသုံးပြုဖို့ ဆေးအလုံးရေ ၅ သိန်း ဝယ်ယူဖို့ သဘောတူထားသလို ဗြိတိန်အစိုးရနဲ့ ဂျပန်အစိုးရတို့ကလည်း ဒီဆေးဝါးတွေကို ဝယ်ယူဖို့ စီစဉ်နေပါတယ်။

လက်ရှိမှာ ဒီဆေးကို နိုင်ငံတကာက စိတ်ဝင်စားလာနေရတဲ့အကြောင်းအရင်းတွေထဲမှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို ကုစားရာမှာအသုံးပြုတယ်ဆိုတဲ့အချက်အပြင် အမေရိကန်နိုင်ငံက COVID-19 ပြင်းထန်ဝေဒနာသည်တွေကို ကုသရာမှာ ဒီဆေးကို အသုံးချနေတာကလည်း အချက်တစ်ချက်အဖြစ် ပါဝင်လို့နေပါတယ်။ အမေရိကန်သိပ္ပံပညာရှင်တွေကတော့ ဒီဆေးဟာ စိတ်ချရတယ်လို့ဆိုထားပြီး ထိရောက်မှုရှိတယ်လို့လည်း အခိုင်အမာဆိုနေကြတာပါ။

ဒီဆေးဟာ တစ်စုံကို ဒေါ်လာ ၅၂၀၀ အထိကုန်ကျတဲ့ ဆေးဝါးဖြစ်တာကြောင့် ဆင်းရဲတဲ့နိုင်ငံငယ်လေးတွေကတော့ ဝယ်ယူဖို့ ချင့်ချိန်နေရဆဲဖြစ်ပါတယ်။ ဒါပေမယ့် Gilead Sciences ကတော့ ဖွံ့ဖြိုးဆဲတိုင်းပြည်တွေကို ဒေါ်လာ ၃၉၀ နဲ့ ရောင်းချမယ်လို့ ဆိုထားပါတယ်။

မြန်မာနိုင်ငံဟာလည်း အဆိုပါဆေးဝါးတွေကို အိန္ဒိယနိုင်ငံကနေတဆင့် ဝယ်ယူနေသလို အိန္ဒိယအစိုးရက လှူတန်းတာတွေလည်းလုပ်နေကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောဆိုထားတာရှိပါတယ်။

ဒီလိုအခြေအနေမှာ WHO ရဲ့ လေ့လာချက်ထွက်ပေါ်လာတာဟာ တစ်ကမ္ဘာလုံးက လူတွေနဲ့ အစိုးရတွေအတွက်တော့ တွေးချင့်ဖွယ်ဖြစ်လာခဲ့ပါတယ်။

WHO ရဲ့ လေ့လာချက်ဟာ ၆ လ အချိန်ယူခဲ့ပြီး ကမ္ဘာ့တစ်ဝှမ်း မတူညီတဲ့နေရာအသီးသီးက ဆေးရုံပေါင်း ၅၀၀ ကျော်မှာ စနစ်တကျပြုလုပ်ခဲ့တာမို့ ခိုင်မာမှုရှိတယ်လို့လည်းဆိုထားပါတယ်။

လက်ရှိအချိန်အထိ WHO ကတော့ ကုသဆေးပေါ်ထွက်ဖို့က အလှမ်းဝေးနေသေးပြီး ပိုမိုနီးစပ်နေပြီဖြစ်တဲ့ ကာကွယ်ဆေးထုတ်လုပ်ရေးကိုသာ အာရုံစိုက်ဖို့ ရည်မှန်းထားတယ်လို့ ဆိုထားပါတယ်။

COVID-19 Outbreak updates
Country: Myanmar
Data

117,946

Confirmed

97,819

Recovered

2,484

Death
Distribution Map

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

၂၀၂၁ မှာ ဆင်းရဲနွမ်းပါးတိုင်းပြည်များ၏ လူဦးရေ ၁၀% သာ COVID-19 ကာကွယ်ဆေးရမည်

ကမ္ဘာတစ်ဝှမ်းက ထိပ်တန်းကျန်းမာရေးအဖွဲ့အစည်းတွေကတော့ COVID-19 ကာကွယ်ဆေးရရှိရေးကိစ္စဟာ အကျပ်အတည်းတစ်ခုဖြစ်လာဖို့ ရှိနေတယ်လို့ သတိပေးလိုက်ကြပြီဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

COVID အစ ဝူဟန်ကဆိုတာ တကယ် မှန်ကန်ရဲ့လား

လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့တုန်းက တရုတ်နိုင်ငံ ဝူဟန်မြို့ ပင်လယ်စာဈေးကနေစတင်ခဲ့တဲ ...

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

COVID ကာကွယ်ဆေး ထိုးနှံပြီးသူတွေ ဘယ်လို အကျိုးဆက်တွေ ခံစားကြရလဲ

ကာကွယ်ဆေးထိုးနှံမှုတွေမှာ ဘေးထွက်ဆိုးကျိုးတွေရှိနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာမို့ တကယ်ရှိနေနိုင်တာလားဆိုတာကို လူတိုင်းက စိတ်ဝင်စားနေကြပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

COVID-19 ကာကွယ်ဆေးတွေမှာ ဘေးထွက်ဆိုးကျိုးတွေ ရှိနေသလား

COVID-19 ရောဂါကို ကာကွယ်ပေးနိုင်တဲ့ ကာကွယ်ဆေးတွေဟာ လူတွေကို ဘေးထွက်ဆိုးကျိုးတွေ ယူဆောင်လာနိုင်တယ်လို့ CDC က သတိပေးစကားဆိုလိုက်တာဖြစ်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

ကိုဗစ်ကာကွယ်ဆေးကို ဘယ်သူတွေ ထိုးနှံလို့ရလဲ၊ ဘယ်သူတွေ သတိထားရမလဲ

ကိုဗစ်ကာကွယ်ဆေးကို ဘယ်သူတွေ ထိုးနှံလို့ရလဲ၊ ဘယ်သူတွေ သတိထားရမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 18, 2021 . 2 mins read
သတင်းကြီးနေတဲ့ ကိုဗစ် ကုသဆေး Favipiravirက တကယ်စွမ်းရဲ့လား

သတင်းကြီးနေတဲ့ ကိုဗစ် ကုသဆေး Favipiravirက တကယ်စွမ်းရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 2, 2021 . 2 mins read
သင့်မှာ သွေးတိုးရှိနေရင် ဒီအမှန်အမှားတွေကို သိထားဖို့ လိုအပ်ပါတယ်

သင့်မှာ သွေးတိုးရှိနေရင် ဒီအမှန်အမှားတွေကို သိထားဖို့ လိုအပ်ပါတယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 31, 2020 . 3 mins read
ကျန်းမာရေးဝန်ထမ်းတွေဟာ သာမန်လူတွေထက် ကိုဗစ်ကြောင့်ထိခိုက်နိုင်ခြေ ၇ ဆ ပိုများ

ကျန်းမာရေးဝန်ထမ်းတွေဟာ သာမန်လူတွေထက် ကိုဗစ်ကြောင့်ထိခိုက်နိုင်ခြေ ၇ ဆ ပိုများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် ဒီဇင်ဘာ 31, 2020 . 2 mins read