Covid 19 ကို ကာကွယ်ရင်းအိမ်မှာပဲနေရတဲ့အချိန်တွေကို အကျိုးရှိအောင်ဘယ်လိုအသုံးချမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ကြောက်စရာကောင်းလှတဲ့ Covid 19 ကိုရင်မဆိုင်ရအောင် အကောင်းဆုံးသောနည်းလမ်းရှိပါ တယ်။ ဒါကတော့ ကြိုတင်ကာကွယ်ခြင်းပါပဲ။ ဒီလိုကာကွယ်တဲ့နေရာမှာ မိမိနဲ့ မိမိမိသားစုဆီကို ဒီလိုပြင်းထန်အဆုတ်ရောင်ရောဂါပိုးကြီးကူးစက်မလာစေဖို့ Quarantine လုပ်ဖို့လိုအပ်ပါတယ်။ Quarantine ဆိုတာဟာ ရောဂါပိုးမကူးစက်လာရန် သီးသန့်ထိန်းချုပ်နေထိုင်ခြင်းပါ။ Quarantine အမျိုးမျိုးတော့ ရှိပါတယ်။ ယနေ့အချိန်မှာ ဥရောပနိုင်ငံကြီးတွေအပါအဝင် နိုင်ငံတော်တော်များများဟာ Lock Down  ချလိုက်ပါပြီ။ Lock Down ဆိုတာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ဆက်စပ်နေတဲ့ Border တွေကိုအကုန်ပိတ်ပြီး (ပြည်တွင်း၊ ပြည်ပလေယာဉ်ကွင်းတွေအပါအဝင်) အိမ်ပြင်မထွက်ရအမိန့်ထုတ်လိုက်ခြင်းပါ။ မြန်မာနိုင်ငံမှာ Lock Down မချသေးသော်ငြားလည်း မိမိနဲ့မိသားစုကိုကာကွယ်ဖို့ ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် (Self-Quarantine) လုပ်ဖို့လိုအပ်နေပါပြီ။

အပြင်ကိုမထွက်ရတော့ဘဲ ရုတ်တရက်ကြီးဆိုသလို လုပ်ကိုင်စရာမရှိတော့တဲ့အခါမှာ လူတွေဟာ အနည်းနဲ့အများစိတ်ပူပန်သောကတွေ၊ စိတ်ဖိစီးမှုတွေ၊ ငြီးငွေ့မှုတွေကြုံလာရတတ်ပါတယ်။ အိမ်ထဲမှာ နေရင်း မိမိကိုယ်ကို ကာကွယ်နိုင်သလို ရက်ရှည်ပိတ်ရက်ရသကဲ့သို့ အကျိုးရှိတာတွေလုပ်လို့ရပါတယ်နော်။

()    ဗဟုသုတတွေရှာဖွေနိုင်တယ်။

အင်တာနက်ကို အသုံးပြုပြီး Online Learning (အင်တာနက်လေ့လာမှုတွေ) အဆက်မပြတ် လုပ်နိုင်ပါတယ်။ သင်သာလူငယ်တစ်ယောက်ဆိုရင် သူငယ်ချင်းတွေနဲ့ အပြန်အလှန်အုပ်စုဖွဲ့ပြီး စာလေ့လာတာမျိုးလည်းလုပ်လို့ရပါတယ်။ Youtube ကနေ ဗဟုသုတများစွာရတဲ့ ဗီဒီယိုတွေကိုလည်း‌ လေ့လာနိုင်သလို ဘာသာစကားတစ်ခုကိုလည်း အချိန်ယူလေ့လာနိုင်ပါသေးတယ်။ ရုံးအလုပ်တွေကိုလည်း အိမ်မှာ အေးဆေးသက်သာစွာ လုပ်နိုင်ပါတယ်။

()    တီထွင်ကြံဆနိုင်မှုကို မြှင့်တင်လိုက်ပါ။

DIY (Do It Yourself) Project တွေပြုလုပ်ပါ။ DYI ဆိုတာ ကိုယ်မှာရှိပြီးသားပစ္စည်းတွေကို အသုံးပြုပြီး နောက်ထပ် ပစ္စည်းအသစ်အဆန်းလေးတွေကို တီထွင်တာမျိုးကိုဆိုလိုတာပါ။ ဖေ့စ်ဘွတ်တို့၊ Youtube တို့မှာ DIY ဗီဒီယိုတွေကို ကြည့်ရှု့လေ့လာပြီး‌ နောက်ကလိုက်လုပ်တာမျိုးကို ပြုလုပ်နိုင်ပါတယ်။ ပန်းချီဆွဲတာမျိုး၊ ဟင်းချက်နည်းတွေလေ့လာပြီး ဟင်းလျာကောင်းကောင်းလေးတွေကိုဖန်တီးတာမျိုး၊ မုန့်ဖုတ်တာမျိုးတို့ကိုလည်း အိမ်မှာနေရင်း အင်တာနက်လိုင်းကိုအသုံးပြုပြီး ပြုလုပ်နိုင်ပါတယ်။ ဒီလိုနေရင်း  မိမိရဲ့ တီထွင်ကြံဆမှုတွေ မြင့်တက်လာပြီး၊ ကျွမ်းကျင်မှုနယ်ပယ်တွေများလာမှာပါ။

()    ချစ်ခင်ကြင်နာမှုတွေကို မျှဝေလိုက်ပါ။

အရွယ်ရောက်ပြီးသူအများစုဟာ အိမ်အပြင်ထွက် အလုပ်လုပ်တဲ့အချိန်ကစပြီး မိမိရဲ့မိသားစုကို အချိန်သိပ်မပေးနိုင်ကြတော့ပါဘူး။ မပေးကြတော့ပါဘူး။ “Stay at Home” “အိမ်မှာပဲနေပါ” ဆိုတဲ့ စကားတွေကိုလိုက်နာပြီး မိမိကိုယ်ကိုကာကွယ်နေချိန်ဟာ ကောင်းတဲ့ဖက်ကတွေးကြည့်မယ်ဆိုရင်တော့ မိမိရဲ့မိသားစုကို အချိန်ပိုပေးနိုင်သွားမှာပါ။ အိမ်မှာနေရင်း မိသားစုနဲ့အတူတူ စကားတွေပြောမယ်။ ရုပ်ရှင်ကြည့်မယ် စသဖြင့် မိမိချစ်ရတဲ့သူတွေနဲ့အတူတူ အချိန်ကုန်ဆုံးလို့ရပါတယ်။ ဒါအပြင် အဝေးရောက်မိတ်ဆွေ၊ သူငယ်ချင်းတွေကိုလည်း ဖုန်းဆက်တာမျိုး၊ အွန်လိုင်းကနေစကားပြောတာမျိုးကို အချိန်ပေးပြုလုပ်လို့ရပါသေးတယ်။ ချစ်ခင်ရသူတွေနဲ့ တန်ဖိုးရှိစွာဖြတ်သန်းလိုက်ပါ။

()    အိမ်ကိုသန့်ရှင်းသပ်ရပ်နေအောင် ပုံစံပြန်ချပါ။

အားလပ်ချိန်ရတဲ့အတွက် မိမိအခန်းအပါအဝင် နေအိမ်ကို သန့်ရှင်းရေးလုပ်ပြီးသပ်သပ်ရပ်ရပ် ပြန်လည်ပြုပြင်နိုင်ပါတယ်။ အလုပ်များလို့ ဗီဒိုကိုတောင်မရှင်းနိုင်တဲ့လူငယ်တွေဆို ဗီဒိုလေးရှင်း၊ အဝတ်လေးခေါက်ရင်း မဝတ်ချင်တော့တဲ့အဝတ်တွေဆို စုဆောင်းထားပြီး သီးသန့်ထားကာ နောင်တစ်ချိန် မှာ လိုအပ်နေသူများကိုလှူဒါန်းတာမျိုးတောင် လုပ်လို့ရပါသေးတယ်။ ကားရှိသူများဆိုရင်လည်း မိမိကားကို ပြန်လည်သန့်ရှင်းရေးလုပ်ပြီး အလှဆင်တာမျိုးပြုလုပ်နိုင်ပါတယ်။ အချိန်အတာ်ကြာမရှင်းဖြစ်ခဲ့တဲ့ သင့်ရဲ့ ကွန်ပြူတာနဲ့ ဖုန်းတွေထဲက ဓာတ်ပုံတွေ၊ ဖိုင်တွေကို ဖျက်သင့်တာဖျက်ပြီး Alblum လိုက် သပ်သပ်ရပ်ရပ်  Save လုပ် သိမ်းဆည်းတာမျိုးကိုလည်း ပြုလုပ်နိုင်ပါသေတယ်။

()    စိတ်ကိုတည်ငြိမ်စေပြီး၊ ခန္ဓာကိုယ်ကို လှုပ်ရှားပေးပါ။

ဒါကတော့ ဘာကိုဆိုလိုတာလဲဆိုရင် ဝင်သက်ထွက်သက်လို အာနာပါန လေ့ကျင့်ခန်းမျိုးကို အချိန်ပေး ပြုလုပ်ကြည့်ပါ။ Covid 19 ကိုကြောက်နေတဲ့စိတ်တွေ လျော့ပါးသွားနိုင်ပါတယ်။ မိမိကိုးကွယ်ရာဘာသာ တရားရဲ့ အဆုံးအမတွေကို ခံယူနိုင်ပါသေးတယ်။ ယောဂလေ့ကျင့်ခန်းလည်းပြုလုပ်နိုင်ပါတယ်။ တစ်ဖက်က စိတ်ကိုငြိမ်အောင်ထားပြီး နောက်တစ်ဖက်ကတော့ လမ်းလျှောက်တာမျိုး၊ ကလေးတွေနဲ့မိမိခြံဝင်း အတွင်းထဲမှာပဲ ဆော့ကစားပြေးလွှားနေတာမျိုးပြုလုပ်နိုင်ပါတယ်။ ကခုန်လို့လည်းရပါတယ်။ စိတ်တည်ငြိမ် ပြီး ခန္ဓာကိုယ်လှုပ်ရှားနေတာမျိုးက နှလုံးခုန်နှုန်းကို မြှင့်တင်ပေးပြီး အက်ဒရီနယ်လင်ဟော်မုန်းကို ထွက်စေတာကြောင့် စိတ်ကြည်လင်လန်းဆန်းစေမှာပါ။

()    ပြည်ပြည့်ဝဝ အိပ်စက်အနားယူလိုက်ပါ။

Covid 19 ရန်ကိုကာကွယ်ရာမှာ ကိုယ်ခံအားစနစ်ကောင်းနေဖို့က အဓိကအကျဆုံးအချက်ပါ။ ဒီလိုဖြစ်ဖို့ဆိုရင် အိပ်စက်အနားယူဖို့ဟာ အရေးကြီးပါတယ်။ အိပ်ရေးဝဝအိပ်မှ ကိုယ်ခံအားကောင်းနိုင်မှာပါ။ အလုပ်သွားစရာမလိုတော့ဘဲ အိမ်မှာပဲနေထိုင်နိုင်တဲ့ ဒီလိုအချိန်မှာ မနက်ခင်းထဖို့အတွက် နှိုးစက်လည်း ပေးစရာမလိုတော့ပါဘူး။ ဒီတော့ အတွေးတွေအများကြီးတွေးမနေဘဲ ပြည့်ပြည့်ဝဝသာ အိပ်စက် အနားယူလိုက်ပါ။

ရေးသားသူ-ဒေါက်တာမှူးခင်

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

COVID-19 Outbreak updates
Country: Myanmar
Data

117,946

Confirmed

97,819

Recovered

2,484

Death
Distribution Map

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဘေဘီလေးတွေမှာ သံဓာတ်လွန်ကဲနေပြီလား

သံဓာတ်ဆိုတာက ဘေဘီလေးတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ သတ္တုဓာတ် တစ်မျိုးပါ။ ဘေဘီလေးတိုင်းအတွက် လိုအပ်တဲ့ အာဟာရတစ်မျိုးပေါ့။ ဒါပေမယ့် အလွန်အကျွံမဖြစ်ဖို့လိုပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အားကစားလုပ်ရင်း ဖြစ်နိုင်တဲ့ ထိခိုက်မှုတွေ

အားကစားလုပ်တာက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် အားကစားလုပ်ရင်း မတော်တဆ ထိခိုက်တာတွေ မဖြစ်စေဖို့ သေချာလေး ဂရုစိုက်သင့်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အရိုးကင်ဆာ (Bone Cancer)

အရိုးကင်ဆာက ခန္ဓာကိုယ်ရဲ့ ဘယ်နေရာမှာမဆိုဖြစ်နိုင်ပါတယ်။ များသောအားဖြင့်ကတော့ တင်ပဆုံရိုးနဲ့ လက်မောင်းရိုးနဲ့ ခြေထောက်ရိုးတွေမှာ အဖြစ်များပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

ကိုဗစ်ကပ်ဘေးကြောင့် ပိုကြီးမားလာတဲ့ နောက်ထပ်ကပ်ဘေးတစ်ခု

ကိုဗစ်ကာလမှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရမှုတွေကို အသက် ၁၈ နှစ်နဲ့ ၂၄ နှစ်အကြားလူငယ်တွေ ပိုပြီး ခံစားကြရတယ်လို့ လေ့လာချက်တွေက ဖော်ထုတ်လာကြပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

သင့်အတွက် ရွေးချယ်ထားသည်

ဘေဘီလေး နဲ့ ကြက်သွန်နီ

ဘေဘီလေးက ကြက်သွန်နီ (Onions) စားလို့ရရဲ့လား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 2 mins read
ကိုဗစ်ကာကွယ်ဆေး နဲ့ myths များစွာ

ကိုဗစ်ကာကွယ်ဆေး နဲ့ myths များစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 20, 2021 . 3 mins read
ဘေဘီလေးက ကြက်သွန်ဖြူစားလို့ရလား..............

ဘေဘီလေးက ကြက်သွန်ဖြူ စားလို့ရလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 18, 2021 . 2 mins read
ကိုယ်ခံအားစနစ်ကို အားဖြည့်မယ့် ဇာတ်လိုက် (သို့မဟုတ်) ဖြည့်စွက်အာဟာရ

ကိုယ်ခံအားစနစ်ကို အားဖြည့်မယ့် ဇာတ်လိုက် (သို့မဟုတ်) ဖြည့်စွက်အာဟာရ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဇန်နဝါရီ 16, 2021 . 3 mins read