ကောလဟလတွေယုံပြီး ပြောရဆိုရခက်နေတဲ့ လူကြီးတွေကို ဘယ်လိုနားချကြမလဲ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020
Share now

COVID-19 ကြောင့် အိမ်ပြင်လည်း မထွက်ရ၊ အိမ်ထဲမှာချည်း ပျင်းရိငြီးငွေ့နေပါတယ်ဆိုမှ အိမ်က လူကြီးမိဘတွေက တမာရွက်တွေပြုတ်တိုက်၊ လောက်သေရွက်တွေပြုတ်တိုက်၊ ဖယောင်းတိုင်တွေ ကက်ကြေးပေါ်ထွန်းနဲ့ စိတ်ထင်တိုင်း လုပ်နေကြပြီလား။

ဒါမှ မဟုတ် မျက်နှာကို Mask တပ်ခိုင်းလဲ မတပ်၊ မနက်မိုးလင်းတိုင်းလည်း တောက်တောက် တောက်တောက်နဲ့ ရပ်ကွက်ဈေးထဲ ဟင်းချက်စရာသွားဝယ်လို ဝယ်၊ လက်ဖက်ရည်ဆိုင်ထွက်ထိုင်လို ထိုင်နဲ့ ပြောရဆိုရ နားချရ အဆင်မပြေဖြစ်နေပြီလား။

သက်ကြီးရွယ်အိုတွေရဲ့ အလွန်အကျွံ တွေးတောပူပန်တတ်တဲ့ စိတ်အခြေအနေမျိုးဟာ စိတ်ဓာတ်ကျဆင်းတာထက် ၂ ဆ ပို အဖြစ်များပါတယ်။ ဒါကို ရောဂါအဖြစ် မဆိုလိုကြပေမယ့် ပုံမှန်ဖြစ်နေကျ စိတ်သောကများတဲ့ဝေဒနာ (generalized anxiety disorder) တစ်မျိုးအဖြစ် သတ်မှတ်ထားပါတယ်။

GAD ဟာ အသက်အရွယ်ကြီးရင့်သူတွေမှာ ဖြစ်နိုင်ခြေမြင့်မားတဲ့ ဝေဒနာတစ်မျိုးပါ။ ပျမ်းမျှအားဖြင့် အသက် ၆၀ နဲ့အထက် သက်ကြီးရွယ်အို ၇% လောက်ဟာ ဒီဝေဒနာကို ကြုံရတတ်ပါတယ်။ အခြေအနေတွေ အကြောင်းအချင်းအရာတွေကို ပုံမှန်ထက်ပိုပြီး တုန့်ပြန်တာ၊ ပုံမှန်ထက်ပိုပြီး စိုးရိမ်လွန်တာ၊ ပုံမှန်ထက်ပိုပြီး လွန်လွန်ကဲကဲ ယုံကြည်တာမျိုးတွေပေါ့။

သုတေသနရလဒ်တွေအရဆိုရင်တော့ အသက်အရွယ်ကြီးရင့်လာသူတိုင်းဟာ သူတို့ရဲ့ အသက်အရွယ်မှာ ခံစားလာရတဲ့ စိတ်ခံစားချက်အရ မိသားစုရဲ့ အခြေအနေ၊ ငွေကြေးအင်အား၊ ကျန်းမာရေးပြဿနာတွေနဲ့ လူမှုပတ်ဝန်းကျင်အပေါ် စိုးရိမ်ပူပန်တတ်တဲ့ ခံစားချက်တွေပိုပြလာတာဟာ ပုံမှန်အခြေအနေသာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် မိသားစုဝင်တွေ၊ အထူးသဖြင့် လူငယ်တွေအတွက်ကျတော့ ခုလို အရာရာ လိုက်ပူပန်ပေးနေတာ၊ အရာရာတိုင်းကို အလွန်အမင်း ယုံကြည်နေတတ်တာတွေက စိတ်အနှောင့်အယှက်ဖြစ်စရာ အခြေအနေတစ်ခုလိုကို ဖြစ်နေတတ်ပါတယ်။

ခုလို COVID-19 ကပ်ဘေးကာလမှာ အွန်လိုင်းပေါ်က မျှဝေသမျှ သတင်းပေါင်းစုံတွေ၊ နည်းလမ်းပေါင်းစုံတွေကို ယုံကြည်ပြီး အိမ်မှာလိုက်လုပ်နေတာ၊ Messenger တွေ Timeline တွေကနေတဆင့် တောက်လျှောက်မျှဝေနေတာ၊ လူငယ်တွေပြောစကားတွေ သတိပေးလမ်းညွှန်ချက်တွေကို မလိုက်နာပဲ စိတ်ဆန္ဒရှိသလို ပြုမူနေထိုင်နေတာတွေက မိသားစုနဲ့ ပတ်ဝန်းကျင်အပေါ် စိတ်အနှောင့်အယှက်ဖြစ်လာစေတာတော့ အမှန်ပါပဲ။

ရောဂါကူးစက်သွားမှာလည်း ပူရ၊ သူတို့ရဲ့ စိုးရိမ်လွန်တဲ့ (ဒါမှမဟုတ် ဘာကိုမှ ဂရုမစိုက်သလိုနေနေတဲ့) အပြုအမူကိုလည်း ပူရနဲ့ဆို မိသားစုဝင်တွေအနေနဲ့ ပိုပြီး စိတ်ပင်ပန်းရနိုင်ပါတယ်။ ဒါကို ဘယ်လို ကျော်ဖြတ်ကြမလဲ။ သတင်းတုတွေကို လူတကာဆီ လိုက်မျှဝေနေတာတွေကို ဘယ်လို ရပ်တန့်ခိုင်းကြမလဲ။ သက်သေအထောက်အထား ခိုင်လုံမှုမရှိတဲ့ ဆေးမြီးတိုတွေကို ယုံစားနေတဲ့အပေါ် ဘယ်လိုတားဆီးကြမလဲ။

တကယ်လို့ ကိုယ့်ရဲ့ အိမ်မှာ ဒီလို လူကြီးမိဘမျိုးတွေ ရှိနေပြီဆိုရင် အောက်ပါ နည်းလမ်းတွေကို အသုံးပြုပြီး နားချကြည့်ပါ။ ပြုပြင်ကြည့်ပါ။

သူတို့ရဲ့ စိုးရိမ်စိတ်ကို နားလည်အောင် အရင်လုပ်ပါ

သူတို့ ဘာကို စိုးရိမ်ပြီး ဘာကို ပူပန်နေလဲဆိုတာကို သိအောင် အရင်လုပ်ရပါမယ်။ ဒါကို နားမလည်ပဲ လူကြီးတွေကိုချည်း ထိုင် ငြိုငြင်နေလို့ မရပါဘူး။ သူတို့ရဲ့ သောကကို နားလည်မှ သူတို့ရဲ့ အကြောက်တရားကို လျှော့ချပေးလို့ရမှာဖြစ်ပါတယ်။ အလွန်အမင်း ယုံကြည်လွယ်နေတာပဲဖြစ်ဖြစ်၊ ဂရုမစိုက်သလိုပြုမူနေတာပဲဖြစ်ဖြစ်၊ သူတို့ပြုမူနေတဲ့ အပြုအမူတိုင်းဟာ အတွင်းစိတ်ထဲက အကြောက်တရားကို ဖြေလျှော့နိုင်ဖို့ သဘာဝအတိုင်း တုန့်ပြန်ပြုမူနေကြတယ်ဆိုတာကို နားလည်ထားဖို့ လိုအပ်ပါတယ်။

သတင်းအချက်အလက်မှန်တွေကို သိနားလည်ပါစေ

သတင်းမှာတွေ မက်ဆင်ဂျာကနေလိုက်ပို့နေတာတို့၊ လူတကာကို Tag တွဲပြီး ပြောနေတာတို့၊ Timeline ပေါ် ဆက်တိုက်မျှဝေနေတာတို့နဲ့ ပတ်သက်ပြီး သက်ကြီးရွယ်အိုတွေကို လူငယ်တွေက အပြစ်မြင်တတ်ကြပါတယ်။ တကယ်တမ်းက သူတို့ ဒီလို လုပ်ဖြစ်နေရတာဟာ မိသားစုဝင်တွေရဲ့ အားနည်းချက်တွေကြောင့်လို့ ဆိုလို့ရပါတယ်။ မိသားစုဝင်တွေကိုယ်တိုင်ကရော ဘယ်ဟာက သတင်းတု၊ ဘယ်ဟာက သတင်းမှန်၊ သတင်းတုတွေကို ဘယ်လိုဆန်းစစ်ရမလဲဆိုတာမျိုးတွေကို လူကြီးတွေကို ရှင်းပြပေးထားရဲ့လား။ ဖုန်းတစ်လုံး လက်ထဲထည့်ပေးထားရုံနဲ့ မျိုးဆက်ပေါင်းများစွာ ကွာဟနေပြီဖြစ်တဲ့ ဒီလူကြီးတွေက Digital Knowledge တွေ Digital Literacy တွေ အလိုအလျောက် ပြည့်ဝလာမှာမဟုတ်ဘူးလေ။ သူတို့ဆီကို သတင်းမှန်တွေ ရောက်ဖို့ဆိုရင် မိသားစုဝင်တွေကိုယ်တိုင်က ကျပ်မတ်ပေးရမယ့် တာဝန်ရှိပါတယ်။

Social Distancing နဲ့ Social Isolation ကွဲပြားပါစေ

ကပ်ဘေးအကြောင်းပဲ ခေါင်းထဲရောက်မနေအောင် မိသားစုထဲမှာ နေချင့်စဖွယ် အခြေအနေ အသိုက်အဝန်းမျိုး ဖန်တီးနိုင်ဖို့ လိုအပ်ပါတယ်။ စိုးရိမ်ပူပန်မှု ငယ်ထိပ်ရောက်နေတဲ့ လူကြီးအများစုဟာ အနည်းနဲ့အများဆိုသလို သူတို့ရဲ့ မိသားစု၊ ပတ်ဝန်းကျင်၊ အသိုင်းအဝိုင်းထဲမှာ မသိလိုက်ဘာသာ အထီးကျန်နေကြသူတွေများပါတယ်။ ဒီကနေ့ခေတ်မှာ ကြုံဆုံနေရတာက Social Distancing နဲ့ Social Isolation ဖြစ်သွားတဲ့ပြဿနာဖြစ်ပါတယ်။ ကပ်ဘေးကာလမှာ လူအများစုဟာ သက်ကြီးရွယ်အိုတွေအပေါ် ဂရုစိုက်မှုလျော့ကျလာနေပါတယ်။ အထူးသဖြင့် လူကြီးတွေဟာ ရောဂါကူးစက်နိုင်ခြေမြင့်မားတယ်ဆိုတာကို သိနားလည်လာပြီးတဲ့နောက်ပိုင်းမှာ ခပ်ရှောင်ရှောင် နေထိုင်တာမျိုးတွေတောင် ရှိလာနေပါတယ်။ ဒါကြောင့် Social Distancing နည်းလမ်းသုံးရင်တောင်မှ မိသားစုဝင်တွေ၊ ဆွေမျိုးအသိုင်းအဝိုင်းတွေနဲ့ မကင်းကွာနေအောင် အမြဲ အဆက်အသွယ်ရှိနပေးဖို့ လိုအပ်ပါတယ်။

ရောဂါကာကွယ်နိုင်တဲ့ နည်းလမ်းတွေကို သေသေချာချာ ဂဃနဏ သိနားလည်ပါစေ

COVID-19 ဟာ ကူးစက်မြန်တဲ့ ကပ်ဘေးတစ်ခုဖြစ်ပေမယ့် မှန်ကန်တဲ့ ရောဂါကာကွယ်ရေးနည်းလမ်းတွေကို အသုံးချရင် ရောဂါကို တားဆီးနိုင်ကြောင်း သက်သေအထောက်အထား အပြည့်အစုံရှိထားပြီးဖြစ်ပါတယ်။ ဒီမှာ စဉ်းစားရမှာက ရောဂါကာကွယ်ရေးနည်းလမ်းတွေကို ကိုယ်ကိုယ်တိုင်တောင် ဘယ်လောက် တိတိကျကျသိလဲ ဆိုတာပါပဲ။ ကိုယ်အရင် သိနားလည်အောင်လုပ်ပြီး လူကြီးတွေ၊ မိသားစုဝင်တွေကို တိတိကျကျ သေသေချာချာ သိနားလည်အောင် ရှင်းလင်းပြပါ။ ကိုယ်တိုင် မရှင်းပြနိုင်တောင် လုံလောက်တဲ့ အချက်အလက်တွေ ရရှိနိုင်မယ့် နေရာတွေကို လမ်းညွှန်ပါ။ ဒီလိုမဟုတ်ရင် သက်ကြီးရွယ်အိုတွအနေနဲ့ အကြောက်တရားဖုံးလွှမ်းပြီး တမာရွက်တွေ ကွီနိုင်ဆေးတွေကို ယုံကြည်သွားပါလိမ့်မယ်။

နေအိမ်မှာ ပျော်အောင်ထားပါ

လူကြီးအများစုဟာ နေအိမ်တွေမှာ ပျော်ရွှင်မှု နည်းပါးနေတတ်ပါတယ်။ သူတို့ကို ပျော်ရွှင်နေအောင် ထားနိုင်မှ သူတို့ စိတ်အခြေအနေတည်ငြိမ်နေမှာဖြစ်ပါတယ်။ ပျော်ရွှင်နေတဲ့သူတစ်ယောက်ဟာ ချင့်ချိန်နိုင်စွမ်းလည်း ပိုကောင်းနေတတ်ပါတယ်။ ဒီလိုမဟုတ်ရင် စိုးရိမ်ပူပန်စိတ်ပိုများတဲ့သူတို့ဟာ အကြောက်တရားနဲ့ ပေါင်းစပ်ပြီး အလွန်အမင်းတုန့်ပြန်မှုတွေ လုပ်လာပါလိမ့်မယ်။

အပြင်မထွက်ပါစေနဲ့

တစ်ချို့လူကြီးတွေက ဈေးလေးသွားလိုက်၊ လက်ဖက်ရည်ဆိုင်ထိုင်လိုက်၊ အသိတွေအိမ်သွားလိုက်နဲ့မို့ အိမ်သားတွေက စိတ်ပျက်တတ်ကြပါတယ်။ တားလို့လည်း မရပါဘူး။ ဒီလိုအခြေအနေမျိုးနဲ့ ရင်ဆိုင်လာရရင် သေချာပြောပြပါ။ လူကြီးတွေရဲ့ ထုံးစံအတိုင်း လွယ်လွယ်နဲ့ လက်ခံမှာ မဟုတ်ပေမယ့် အပြင်ထွက်တာဟာ ရောဂါကူးစက်ဖို့ ဘယ်လောက်လွယ်ကူတယ်ဆိုတာနဲ့ သက်ကြီးရွယ်အိုတွေ ကူးစက်ခံရရင် သေနှုန်းဘယ်လောက်မြင့်တယ်ဆိုတာကို နားလည်အောင် ရှင်းပြထားပါတယ်။ ဒါ့အပြင် ဒီလိုပြုမူတာကြောင့် သူတို့ ချစ်ခင်နှစ်သက်သူတွေကိုပါ ထိခိုက်စေနိုင်တယ်ဆိုတာကိုလည်း သေချာ ရှင်းလင်းပြပါ။

ကျန်းမာရေးကို ဂရုစိုက်ပေးပါ

ကျန်းမာရေး ကောင်းမွန်ခြင်း ရှိမရှိကလည်း လူကြီးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေအပေါ် သက်ရောက်နိုင်ပါတယ်။ ပုံမှန်ကျန်းမာပြီး နေကောင်းနေအောင် ဂရုစိုက်ဖို့၊ အစားအစာာတေါကို အာဟာရပြည့်ဝစွာ မှီဝဲဖြစ်ဖို့လည်း ဂရုစိုက်ပေးရပါမယ်။

လူတိုင်းမှာ တာဝန်ရှိကြောင်း သိပါ

တချို့ အိမ်တွေမှာ ရှိတတ်ပါတယ်။ အငယ်မို့ လူကြီးတွေကို ဂရုစိုက်စရာမလိုဘူးတို့၊ ကလေးမို့ ပြုစုစရာ မလိုဘူးတို့ ဆိုတဲ့ အတွေးမျိုးပေါ့။ တကယ်တော့ ခုလိုချိန်မျိုးမှာ မိသားစုဝင်တိုင်းဟာ အရေးပါလှပြီး အချင်းချင်း စုစုစည်းစည်းနဲ့ အပြန်အလှန် ဂရုစိုက် ဖေးမနေဖို့ လိုအပ်ပါတယ်။ တစ်စုံတစ်ယောက် စည်းဖောက်လိုက်ရုံနဲ့ တစ်မိသားစုလုံး အန္တရာယ်ဇုံထဲ ရောက်သွားနိုင်ပါတယ်။ ဒါကြောင့် လူကြီးတွေကို ပြုစုဖို့ ဂရုစိုက်ဖို့ကိစ္စက ကိုယ်နဲ့ မဆိုင်ဘူးလို့ တွေးနေရင် ဒီမှာတင်ရပ်လိုက်ပါ။

COVID-19 Outbreak updates
Country: Myanmar
Data

202

Confirmed

62

Recovered

6

Death
Distribution Map

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Read also:

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy"

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကျန်းမာရေးဝန်ထမ်းတစ်ယောက် ဖြစ်ရခြင်းရဲ့ နောက်ကွယ်က အန္တရာယ်များ

ကျန်းမာရေးဝန်ထမ်း COVID-19 Corona virus ကူးစက်ရောဂါ ချောင်းဆိုး ထိခိုက်ဒဏ်ရာတွေ လုပ်ငန်းခွင် ပိုးမွှား မိသားစုဘဝ ရောဂါ ကိုဗစ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint

ရင်သွေးငယ်လေးတွေမှာ ဖြစ်တဲ့ လိပ်ခေါင်း

ရင်သွေးငယ် လိပ်ခေါင်း စအို ဝမ်းချုပ် ဝမ်းပျက်ဝမ်းလျှော ကိုယ်ဝန်ဆောင် ကလေး ကျန်းမာရေး လူကြီး အမျှင်ဓာတ် အစာအာဟာရ မိခင်နို့ နို့မှုန့်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Myo Myat

အာလူး နဲ့ ကျန်းမာရေး

ကျန်းမာရေး ကယ်လ်လိုရီ သစ်သီး နဲ့ ဟင်းသီးဟင်းရွက် အမျှင်ဓာတ် အာလူး အရိုး အရိုးပွ ကော်လာဂျင် ကျန်းမာရေး ပြဿနာ သွေးပေါင် သွေးစီးဆင်းမှု

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

အမျိုးသားတိုင်း ကျင့်သုံးသင့်တဲ့ ကျန်းမာတဲ့ စားသောက်မှုပုံစံ

ကျန်းမာရေး အမျိုးသား အစားအသောက် ပျော်ရွှင်စွာ ကျန်းမာတဲ့စားသောက်မှုပုံစံ သစ်သီး ဟင်းသီးဟင်းရွက် အမျှင်ဓာတ် ဆန်လုံးညို ထမင်း အူမကြီးကင်ဆာ အစာခြေစနစ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ နို့တိုက်မိခင်တွေအတွက် COVID-19 နဲ့ ပတ်သက်တဲ့ အမေးအဖြေများ

ကိုယ်ဝန်ဆောင်အမျိုးသမီးတွေနဲ့ နို့တိုက်မိခင်တွေအတွက် COVID-19 နဲ့ ပတ်သက်တဲ့ အမေးအဖြေများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် မေ 25, 2020
ဆိုင်ကယ်မောင်းခြင်းက ကျန်းမာရေးအတွက် အကျိုးရှိတယ်ဆိုတာ သင်သိပါသလား

ဆိုင်ကယ်မောင်းခြင်းက ကျန်းမာရေးအတွက် အကျိုးရှိတယ်ဆိုတာ သင်သိပါသလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် မေ 25, 2020
COVID-19 နှင့် ကမ္ဘာ့ကပ်ရောဂါဆိုးကြီးများ

COVID-19 နှင့် ကမ္ဘာ့ကပ်ရောဂါဆိုးကြီးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် မေ 25, 2020
Stay at Home ရင်း Support from Home လုပ်ကြမယ် (၂)

Stay at Home ရင်း Support from Home လုပ်ကြမယ် (၂)

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Dr. Thiha Phyo Myint
ရေးသား ထုတ်ဝေခဲ့သည် မေ 25, 2020