သင်ကိုယ်တိုင်က ကိုဗစ်ဖြန့်ချိသူတစ်ဦး ဖြစ်နေပြီလား

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date နိုဝင်ဘာ 5, 2020 . 3 mins read
Share now

လူတွေက ကြောက်ပြီဆိုလည်း ဖိတ်ဖိတ်တုန်အောင် ကြောက်ကြသလို မကြောက်တော့ဘူးဆိုရင်လည်း ရောဂါဆိုတာ ဘယ်တုန်းကမှ မရှိခဲ့သလို၊ ဒီကမ္ဘာမြေကနေ အပြီးတိုင်ပျောက်သွားတဲ့ပုံစံလိုလို ပြုမူတတ်ကြတယ်။ လက်ရှိရန်ကုန်မြို့တွင်း အခြေအနေကို ကြည့်ရမယ်ဆိုရင်တော့ မြန်မာလူမျိုးအများစုလည်း ဒီပုံစံအတိုင်း ကျင့်ကြံနေကြတာကို စိတ်မကောင်းဖွယ်ရာ တွေ့ရပါတယ်။

ကိုဗစ်ပိုး ကူးခံရသူတွေ များသထက် များလာပြီဆိုတဲ့ ရလဒ်တွေကို ဆိုရှယ်မီဒီယာကနေ တွေ့ရတဲ့အခါ ဝမ်းနည်းတဲ့၊ စိတ်ပျက်တဲ့အနေနဲ့ ရှဲကြတယ်။ ပုံတွေ ယူတင်ကြတယ်။ ဒါပေမယ့် ကိုယ်တိုင်က ဆင်ဆင်ခြင်ခြင် ဂရုစိုက်ပြီး နေသလားဆိုတော့လည်း မနေကြပါဘူး။

လက်ရှိရန်ကုန်မြို့တွင်း အခြေအနေ

Second Wave ကိုဗစ်ဒုတိယလှိုင်းဖြစ်ကာစမှာ လူတွေ သတိမမူခဲ့တာကြောင့် ကိုဗစ်ကူးစက်ခံရသူဦးရေဟာ တစ်မဟုတ်ချင်းဆိုသလို တစ်ရက်ကို ထောင်ဂဏန်းနီးပါး တက်သွားခဲ့ပါတယ်။ အဲ့ဒီအချိန်ကာလတွင်းတော့ လူတော်တော်များများ ကြောက်စိတ်ကြီးစိုးသွားပြီး အပြင်သိပ်မထွက်ကြတော့သလို အစိုးရကိုယ်တိုင်ကလည်း မြို့နယ်ကျော်မသွားရ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိ အောက်တိုဘာလကုန်နဲ့ နိုဝင်ဘာလဆန်းအခြေအနေအရတော့ ဒီအမိန့်ရပ်စဲခြင်းမရှိသေးတဲ့တိုင်အောင် လူတွေ တော်တော်များများ အပြင်ပြန်ထွက်နေကြပြီဖြစ်သလို Mask မတပ်ခြင်း၊ လူစုလူဝေးများမှာ စုရပ်နေခြင်းတွေလည်း ပြုနေကြပြီဆိုတော့ မြန်မာနိုင်ငံနဲ့ ကိုဗစ်အခြေအနေက အိတ်ပေါက်နဲ့ ဖားကောက်လို မပြီးဆုံးနိုင်မယ့်အခြေအနေမျိုးမှာ ရှိနေပါတယ်။

ရန်ကုန်မှာတော့ ပိုးကူးစက်ခံရသူ ၅သောင်းကျော်၊ သေဆုံးသူ တစ်ထောင်နဲ့အထက်၊ နေကောင်းသက်သာပြီး ဆေးရုံမှဆင်းသွားသူ ၄သောင်းကျော် ရှိနေပြီဆိုတော့ အရမ်းဆိုးတဲ့အထဲ မပါဘူးဆိုရင်တောင် ထိန်းချုပ်လို့ရတဲ့ အဆင့်တော့ မဟုတ်သေးပါဘူး။ ဒီအတွက် ရုံးပဲသွားသွား၊ စျေးပဲ ဝယ်ဝယ်၊ အပြင်ပဲ စိတ်ပြေလက်ပျောက် ထွက်တာဖြစ်စေ ကိုယ့်ကို ရောဂါကာကွယ်ပေးနိုင်မယ့် ဆောင်ရန်၊ ရှောင်ရန်တွေကတော့ အမြဲလိုက်နာနေရဦးမှာပါပဲ။

ဘယ်အချိန်ထိ လိုက်နာရမလဲဆိုရင် ကာကွယ်ဆေးမထွက်ခင်အချိန်ထိပါပဲ။ ကာကွယ်ဆေး ထွက်ပြီးသွားရင်တော့ ရောဂါမရှိသေးသူအနေနဲ့ ဒီကာကွယ်ဆေးအကူအညီဖြင့် အပြင်ကို ပုံမှန်အတိုင်း သက်သောင့်သက်သာ သွားလာနိုင်မယ်။ အခုအခြေအနေထိကတော့ ကာကွယ်ဆေးထုတ်လုပ်မှုဟာ ကြန့်ကြာနေဦးမှာဖြစ်ပြီး ၂၀၂၁ အစောပိုင်းကာလလောက်အထိ နောက်ဆုတ်သွားနိုင်တယ်လို့ ပညာရှင်တွေက ပြောနေကြပါပြီ။ ကုသဖို့ဆေးကတော့ လက်ရှိအခြေအနေထိ စမ်းသပ်နေဆဲ ဖြစ်ပါတယ်။

ခုပြောပြမယ့်အချက်တွေကို သတိထားပါ။

၁။ အပြင်သွားတိုင်း Mask တပ်ပါ။

ဘာကြောင့် ဒါကိုပဲ ထပ်ပြောနေရတာလဲဆိုတော့ လက်ရှိ ကျွန်တော်တွေ့ရသလောက် လူတွေအပြင်ထွက်ပြီဆိုရင် Mask ကို တပ်ကြပါတယ်။ ဒါပေမယ့် လမ်းထိပ်လေး ထွက်ပြီး စျေးဝယ်တာမို့လို့၊ ဟိုနားဒီနား လမ်းပတ်လျှောက်တာမို့လို့၊ ဓာတ်ပုံရိုက်ချင်လို့ဆိုပြီး လမ်းလယ်ခေါင်ကြီးမှာ Mask ကို ချွတ်ပြီး အပီအပြင် ဓာတ်ပုံရိုက်နေကြတာတွေကို မြင်နေရလို့ပါပဲ။

ကိုဗစ်ပိုးသည် မျက်စိနဲ့ မမြင်ရတဲ့အတွက် ဘယ်နေရာမှာ ရှိပြီးတော့ ဘယ်နေရာမှာ ဘယ်လိုပျံ့နှံ့နေလဲဆိုတာ မြင်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် နေရာတိုင်းမှာ ရောဂါပိုးရှိတယ်လို့ သတ်မှတ်ထားမှပဲ ရမှာပါ။ အိမ်အနီးအနားလေး သွားတာပဲဆိုပြီး ရောဂါပိုးက အားနာလို့ မကူးဘဲ နေမှာမဟုတ်ဘူးနော်။

၂။ Cloth Mask တွေ သုံးနေကြတုန်းလား။

Mask ဆိုပြီး နှာခေါင်း၊ ပါးစပ်ကို အုပ်ထားတယ်ဆိုတိုင်း ထိရောက်မှုရှိတာမဟုတ်ပါဘူး။ အမှန်တကယ် ထိရောက်စွာကာကွယ်နိုင်တဲ့ Mask တွေဟာ Surgical Mask, N95 Mask ဆိုပြီး အရင်က ပြောခဲ့တာ မှတ်မိကြမယ်ထင်ပါတယ်။ N95 Mask ကတော့ တော်တော်လေးကို စျေးကြီးတဲ့အတွက် အခြေခံလူတန်းစားတွေအတွက် ဝယ်သုံးလို့ မသင့်လျော်ရင်တောင် Surgical Mask ကိုတော့ အထုပ်လိုက် ဝယ်သုံးသင့်ပါတယ်။

Cloth Mask ကို ဘာလို့ မသုံးစေချင်တာလဲဆိုတော့ မြန်မာနိုင်ငံမှာ ရောင်းချနေတဲ့ Cloth Mask အများစုဟာ ရောဂါပိုးတွေကို စစ်ထုတ်ပေးနိုင်တဲ့ Filter မပါဘဲ အလှပိတ်စသက်သက် ချုပ်ထားတာကြောင့်ပါပဲ။ ဒီတော့ Mask တော့ တပ်လိုက်ပါရဲ့။ အပြင်ဘက်က ပိုးတွေက ပိတ်စမှာ သွားကပ်နေပြီး အဲ့ဒီကနေ အထဲဘက်ကို ပိုးတွေ ရွေ့လျားသွားပြီး အသက်ရှူလမ်းကြောင်း သို့မဟုတ် ပါးစပ်ထဲကို ဝင်သွားနိုင်ပါတယ်။

အကယ်လို့ မဖြစ်မနေ Cloth Mask ပဲ မဖြစ်မနေ သုံးရမှဖြစ်မယ်ဆိုရင် Face Shield ကိုပါ အပိုတပ်ပေးပါ။ အိမ်ပြန်ရောက်ပြီဆိုရင် ဘာမှမလုပ်ခင် Mask နဲ့ Face Shield ကို ဆပ်ပြာရေထဲ ထည့်စိမ်ထားပါ။ ပြီးသွားမှ ကိုယ်ဝယ်ခြမ်းထားတဲ့ စားစရာတွေကို သန့်ရှင်းရေးလုပ်တာ၊ ရေချိုး၊ ခေါင်းလျှော်တာမျိုး လုပ်ပြီးမှ ရေပြန်ဆေးပြီး နေပူထုတ်လှန်းပေးဖို့ မမေ့ပါနဲ့။

၃။ ဘာပဲကိုင်ပြီးပြီး လက်ကိုအမြဲဆေးပါ။

ကိုဗစ်ပိုးသည် နေရာတိုင်းမှာ ရှိနေနိုင်တဲ့အတွက် ဘယ်အရာမှ စိတ်ချလို့ မရပါဘူး။ သင့်ရဲ့ ဖုန်းမျက်နှာပြင်၊ စျေးဝယ်ခြင်းတောင်း၊ အိတ်တွေ၊ နောက်ဆုံး ဆံပင်၊ အရေပြားတွေနဲ့ အဝတ်အစားတွေထိပါ ကပ်ငြိနေနိုင်ပါတယ်။ ဒါကြောင့် တတ်နိုင်သလောက် မျက်နှာကို လက်နဲ့ပွတ်တာ၊ နှာခေါင်းနှိုက်တာ၊ လက်မဆေးဘဲ အစာစားတာမျိုး လုံးဝမလုပ်ပါနဲ့။ ကိုယ်နေ့တိုင်း အသုံးပြုနေကျအရာတွေကိုလည်း အရက်ပြန်နဲ့ဖြစ်ဖြစ် ပိုးသန့်စင်ပေးပါ။

၄။ မကြာခင် လာတော့မယ့် တတိယလှိုင်းအတွက် ကြိုတင်ပြင်ဆင်ထားကြပါ။

ပညာရှင်တွေကတော့ တတိယလှိုင်းဟာ ဒုတိယလှိုင်းထက် အခြေအနေ ပိုဆိုးနိုင်တယ်လို့ သုံးသပ်နေကြပါပြီ။ ဘာကြောင့်လဲဆိုတော့ တတိယလှိုင်းဝင်မယ့်အချိန်က ဆောင်းတွင်းအချိန်ကာလ ဖြစ်နေလို့ပါပဲ။ ရောဂါပိုးတွေဟာ အေးစက်ခြောက်သွေ့တဲ့ ရာသီကို အလွန်သဘောကျပါတယ်။ တစ်နေရာကနေ တစ်နေရာ ပျံ့နှံ့ဖို့လည်း အလွန်လွယ်ကူသလို ပိုးကောင်ရေပွားများနိုင်မှုဟာလည်း လျင်မြန်ပါတယ်။

ကိုဗစ်မဟုတ်တဲ့ တခြားရောဂါတွေ ဝင်လာရင်လည်း လူ့ကိုယ်ခံအားက ကျဆင်းသွားနိုင်တဲ့အတွက် ကိုဗစ်ကူးစက်ခံရရင် အခြေအနေဆိုးရွားသွားနိုင်ပါတယ်။ ဒါကြောင့် အခုကတည်းက တာရှည်ခံမယ့် စားနပ်ရိက္ခာတွေကို ကြိုတင်လှောင်ထားကြပါ။ ပိုက်ဆံတွေကို မလိုအပ်ဘဲ မသုံးပါနဲ့။ ဘဏ်ကတ်ထဲမှာရော၊ အပြင်မှာပါ လိုလိုမည်မည် ဆောင်ထားပါ။

အိပ်ချိန်ကို ပုံမှန်အတိုင်း တစ်နေ့ ၇ နာရီ အနည်းဆုံးရအောင် အိပ်စက်အနားယူပါ။ အစာအာဟာရကို စုံလင်စွာ ချက်ပြုတ်စားသောက်ပါ။ နွေးနွေးထွေးထွေး နေထိုင်ပါ။ လူကြီးမိဘတွေကိုလည်း သေချာဂရုစိုက်ပေးပါ။ အပြင်သွားနေရသေးတဲ့သူတွေလည်း ကိုယ့်ကို ရောဂါကူးစက်ခံရတာမျိုး မဖြစ်စေဖို့ အသေးစိတ်ကစလို့ ဂရုစိုက်ဆင်ခြင်ပါ။

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ဆောင်းရာသီမှာ နှလုံးရောဂါသည်တွေ ဘယ်လိုနေထိုင်ကြမလဲ

အေးမြတဲ့ဆောင်းရာသီကို ကြုံဆုံရတဲ့အခါမျိုးမှာ နှလုံးရောဂါ ဝေဒနာသည်တွေအတွက်ဆိုရင်တော့ ဒီကာလမျိုးမှာ Heart Attack က ဒုက္ခအပေးဆုံးလို့ဆိုရပါမယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ဒီဆောင်းမှာ ဘယ်လိုအစားအစာတွေကို ရှောင်ကြဉ်ကြမလဲ

ဒီဆောင်းမှာ ဘယ်လိုအစားအစာတွေကို ရှောင်ကြဉ်ကြမလဲ။ ဆောင်းရာသီမှာ ကျန်းမာအောင် ဘယ်လို စားသောက်ကြမလဲဆိုတာ ဖတ်ကြည့်လိုက်ဦးနော်။

ရေးသားသူ Ye Zon Aung

ဆောင်းမနက်ခင်းတွေမှာ စက်ဘီးစီးပါ

ဆောင်းမနက်ခင်းတွေမှာ စက်ဘီးစီးပါ။ ဆောင်းမနက်ခင်း အေးအေးလေးတွေမှာ ကျန်းမာရေးအတွက် စက်ဘီးစီးပြီး ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ဖို့ တိုက်တွန်းချင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

ဆောင်းအအေး နဲ့ ကိုဗစ်

ဆောင်းရောက်လာတာက ပျော်စရာကောင်းပေမယ့် ကိုဗစ်ရောဂါဆိုးကြီးနဲ့ ရင်ဆိုင်နေရချိန်မှာတော့ ဆောင်းက ကိုဗစ်ကို ပိုဆိုးစေမလားဆိုတာ စိုးထိတ်မိနေပြီလား။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

စျေးသက်သာပြီး သိုလှောင်သိမ်းဆည်းရလွယ်ကူတဲ့ အောက်ဖို့ဒ် ကိုဗစ်ကာကွယ်ဆေး

စျေးသက်သာပြီး သိုလှောင်သိမ်းဆည်းရလွယ်ကူတဲ့ အောက်ဖို့ဒ် ကိုဗစ်ကာကွယ်ဆေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read
ဒီဇင်ဘာမှာ စတင်ဖြန့်ချိတော့မယ် COVID-19 ကာကွယ်ဆေးများ

ဒီဇင်ဘာမှာ စတင်ဖြန့်ချိတော့မယ် COVID-19 ကာကွယ်ဆေးများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read
ညဘက် ပန်ကာဖွင့်ပြီး အိပ်မယ်ဆိုရင်

ညဘက် ပန်ကာဖွင့်ပြီး အိပ်မယ်ဆိုရင်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 24, 2020 . 2 mins read
COVID-19အကြောင်း တစေ့တစောင်း

COVID-19အကြောင်း တစေ့တစောင်း

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် နိုဝင်ဘာ 23, 2020 . 3 mins read