ကြောက်စရာကောင်းလှတဲ့ Covid 19 ကိုရင်မဆိုင်ရအောင် အကောင်းဆုံးသောနည်းလမ်းရှိပါ တယ်။ ဒါကတော့ ကြိုတင်ကာကွယ်ခြင်းပါပဲ။ ဒီလိုကာကွယ်တဲ့နေရာမှာ မိမိနဲ့ မိမိမိသားစုဆီကို ဒီလိုပြင်းထန်အဆုတ်ရောင်ရောဂါပိုးကြီးကူးစက်မလာစေဖို့ Quarantine လုပ်ဖို့လိုအပ်ပါတယ်။ Quarantine ဆိုတာဟာ ရောဂါပိုးမကူးစက်လာရန် သီးသန့်ထိန်းချုပ်နေထိုင်ခြင်းပါ။ Quarantine အမျိုးမျိုးတော့ ရှိပါတယ်။ ယနေ့အချိန်မှာ ဥရောပနိုင်ငံကြီးတွေအပါအဝင် နိုင်ငံတော်တော်များများဟာ Lock Down ချလိုက်ပါပြီ။ Lock Down ဆိုတာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ ဆက်စပ်နေတဲ့ Border တွေကိုအကုန်ပိတ်ပြီး (ပြည်တွင်း၊ ပြည်ပလေယာဉ်ကွင်းတွေအပါအဝင်) အိမ်ပြင်မထွက်ရအမိန့်ထုတ်လိုက်ခြင်းပါ။ မြန်မာနိုင်ငံမှာ Lock Down မချသေးသော်ငြားလည်း မိမိနဲ့မိသားစုကိုကာကွယ်ဖို့ ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် (Self-Quarantine) လုပ်ဖို့လိုအပ်နေပါပြီ။