အဆုတ်ကင်ဆာ

အဆုတ်ကင်ဆာ အစောပိုင်း လက္ခဏာ၊ ကုထုံး၊ အဆုတ်ကင်ဆာဖြစ်တဲ့အခါ ကျန်းမာစွာ ဘယ်လို နေထိုင်ရမလဲဆိုတာကို ဒီကဏ္ဍလေးမှာ လေ့လာလို့ ရပါတယ်။

ကျန်းမာရေးဗဟုသုတ

အဆုတ်ကင်ဆာ

အဆုတ်ကင်ဆာအား ခွဲစိတ်ကုသခြင်း

အဆုတ်ဟာ ရေမြှုပ်လို ဖောင်းပွတဲ့ အင်္ဂါအစိတ်အပိုင်းဖြစ်ပြီး အသက်ရှူသွင်းရှူထုတ်ပေးခြင်းအားဖြင့် ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ အောက်ဆီဂျင်ကို လေထုထဲကနေ ရယူပေးပါတယ်။ အဆုတ်ကင်ဆာဖြစ်ပွားရင်တော့ အဆုတ်ထဲမှာ အကျိတ်တွေဖြစ်လာပြီး ပုံမှန်လုပ်ငန်းဆောင်ရွက်မှုတွေကို ထိခိုက်လာပါတယ်။ ချောင်းဆိုးခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ ချောင်းဆိုးသွေးပါခြင်း စတာတွေ ခံစားလာရပါတယ်။ အဆုတ်ကင်ဆာဖြစ်ပွားနေတယ်လို့ သတ်မှတ်ပြီးတာနဲ့ ကုသမှုအတွက် နောက်တဆင့်ကို စဉ်းစားရပါပြီ။ အဆုတ်မှာ စတင်ဖြစ်ပွားတယ်ဆိုပေမယ့် ထိရောက်စွာ မကုသနိုင်ရင် ကိုယ်ခန္ဓာရဲ့တခြားနေရာတွေကို ပျံ့နှံ့သွားနိုင်ပါတယ်။ အဆုတ်ကင်ဆာကုသနည်းတွေထဲက တမျိုးကတော့ ခွဲစိတ်ကုသခြင်းပါပဲ။ အဆုတ်ထဲက အကျိတ်ရဲ့ တည်နေရာ၊ အရွယ်အစား၊ တခြားနေရာများကို ပျံ့နှံ့မှု ရှိမရှိ စတာတွေပေါ် မူတည်ပြီး စဉ်းစားပါတယ်။ စောစီးစွာ သိရှိပြီး အဆုတ်ကင်ဆာအကျိတ်တွေကို ခွဲစိတ်ကုသနိုင်ရင် ကိုယ်ခန္ဓာရဲ့ တခြားနေရာတွေကို ပျံ့နှံ့မသွားအောင် ကာကွယ်နိုင်ပါတယ်။ ခွဲစိတ်ကုသနည်းတွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ အပိုင်းလိုက်ခွဲစိတ်ခြင်း (Lobectomy) လူ့ခန္ဓာကိုယ်မှာ အဆုတ်နှစ်ခုရှိပြီး […]

အဆုတ်ကင်ဆာ ကို ရှာဖွေမည်။

အဆုတ်ကင်ဆာ

အဆုတ်ကင်ဆာ အဆင့်များ

သင်သည် အဆုတ်ကင်ဆာ ခံစားနေရပြီဆိုလျှင် ဆရာဝန်ကသင့်တွင်ဖြစ်နေသော ကင်ဆာ အဆင့်ကို သတ်မှတ်ပေးပါလိမ့်မည်။ လူအများ၏အမြင်တွင် ကင်ဆာအဆင့်မြင့်လာလေလေ ရောဂါ ကျွမ်းလာလေလေ ဟု မြင်တတ်ကြပါသည်။ ထိုထင်မြင်ချက်သည် အတိုင်းအတာတစ်ခု အထိမှန်ကန်ပါသည်။ အဆုတ်ကင်ဆာတွင် သတ်မှတ်ထားသော အဆင့်များသည် အဆုတ်တွင် ကင်ဆာဘယ်လောက်ထိ ရှိနေပြီလဲ၊ ဘယ်အပိုင်းတွေကို ပြန့်နှံ့သွားပြီလဲ ဖော်ပြခြင်းဖြစ်ပါသည်။ ဘာကြောင့် အဆုတ်ကင်ဆာ အဆင့်များခွဲရန် လိုအပ်သလဲ။ ကင်ဆာ အဆင့်များကို ကြည့်ခြင်းဖြင့် ကင်ဆာ၏ အရွယ်အစား၊ ပြန့်နှံ့မှုတို့ကို သိနိုင်ပါသည်။ ထို့ပြင် ကင်ဆာနှင့် ပတ်သက်ပြီး ဆရာဝန်နှင့် လူနာကြားထဲတွင် အကောင်းဆုံး နားလည်အောင် ရှင်းပြနိုင်မည့်နည်း ဖြစ်သလို ကင်ဆာကြောင့် လူနာ၏ အခြေအနေကို ခန့်မှန်းနိုင်ရန် ကောင်းသော နည်းလည်းဖြစ်ပါသည်။ ထို့ကြောင့် ဆရာဝန်သည် ထိုအဆင့်များကို ကြည့်ပြီး လူနာအတွက် အကောင်းဆုံးဖြစ်စေမည့် ကုသမှုများကို […]


အဆုတ်ကင်ဆာ

အဆုတ်ကင်ဆာရောဂါအဖြေရှာစစ်ဆေးခြင်း

သင့်ထံတွင် အဆုတ်ကင်ဆာ၏ရောဂါလက္ခဏာများခံစားနေရသည်ဟု သံသယရှိပါက ဆရာဝန်နှင့် ရက်ချိန်းယူကာပြသပါ။ ထိုအခါ ဆရာဝန်က သင့်ရောဂါရာဇဝင်၊ ရောဂါဖြစ်နိုင်ချေနှင့် စစ်ဆေးမှုများပြုလုပ်ပြီး လိုအပ်သော စစ်ဆေးမှုများထပ်လုပ်ရန်လိုအပ်ပါက အထူးကုဆရာဝန်ထံလွှဲပေးလိမ့်မည်။ အဆုတ်ကင်ဆာကို အဖြေရှာသော စစ်ဆေးမှုများသည် နက်နဲနိုင်သော်လည်း ယေဘူယျစစ်ဆေးမှုများက အကျိုးရှိမရှိဆေးပညာအသိုင်းအဝိုင်းတွင် စဉ်းစားစရာ တခုဖြစ်နေသည်။ အချို့ကရောဂါသည်းနေသည့်တိုင် လက္ခဏာမပြသူများရှိသည်။ ထိုသူများအတွက် စစ်ဆေးမှုများပြုလုပ်ခြင်းသည် ရောဂါကိုစောလျင်စွာသိနိုင်ပြီး ကုသနိုင်သည့်အတွက် လူနာအတွက် အကျိုးရှိစေနိုင်သည်။ ထို့ကြောင့် သင့်တွင် အဆုတ်ကင်ဆာဖြစ်နိုင်ခြေများလျှင် သင့်ဆရာဝန်က ဆေးစစ်ချက်များပြုလုပ်ရန် ထောက်ခံလိမ့်မည်။ စစ်ဆေးခြင်း သင့်ဆရာဝန်က သင့်ကို အသက်ရှုသံ၊ နှလုံးခုန်သံနားထောင်ခြင်း၊ နှလုံးခုန်နှုန်းစစ်ဆေးခြင်း၊ အသည်းနှင့် ပြန်ရည်ကြောဖုများရောင်ရမ်းခြင်းကို စစ်ဆေးခြင်း စသည်တို့ ကိုပြုလုပ်ပြီး အဆုတ်ကင်ဆာ၏ရောဂါလက္ခဏာများခံစားနေရသည်ဟု သံသယရှိပါက အထူးကုဆရာဝန်ထံလွှဲပေးလိမ့်မည်။ စစ်ဆေးနိုင်သောနည်းလမ်းများစွာရှိပါသည်။ ကွန်ပျူတာဓါတ်မှန်ရိုက်ခြင်း ကွန်ပျူတာဓါတ်မှန်သည် သင့်ခန္ဓါကိုယ်ပတ်ပတ်လည်တွင် စက်ဖြင့်ပုံရိပ်များစွာကို ရိုက်ကူးနိုင်သောစက်ဖြစ်သည်။ ထိုဓါတ်မှန်သည် သင့်တွင်ဖြစ်နေသော အကြိတ်၏ ပုံစံ၊ အရွယ်အစားနှင့် တည်နေရာတို့ကို […]


အဆုတ်ကင်ဆာ

အဆုတ်ကင်ဆာလက္ခဏာများ

အဆုတ်ကင်ဆာ ကနဦးအဆင့်များတွင် ရောဂါလက္ခဏာပြလေ့မရှိဘဲ ကင်ဆာဆိုးလာမှ ပြလေ့ရှိကြသည်။ သင်သည် အဆုတ်ကင်ဆာလက္ခဏာများ ကို သိထားပါက ပိုကောင်းပြီး ထိရောက်သော ကုသမှုများကို ပြုလုပ်နိုင်ပါသည်။ အောက်ပါတို့သည်အဆုတ်ကင်ဆာ ၏ရောဂါလက္ခဏာများ ဖြစ်သည်။ မောပန်းနွမ်းနယ်ခြင်းသည် အဆုတ်ကင်ဆာ၏ အဖြစ်များသော လက္ခဏာတခုဖြစ်သည်။ အခြားသော လက္ခဏာများလည်း ဖြစ်နို င်ချေရှိပါသည်။ ချောင်းဆိုးမပျောက်ဘဲ ရက်ကြာနေခြင်းနှင့် ပိုဆိုးလာခြင်းတို့သည် အဆုတ်ကင်ဆာ ၏ရောဂါလက္ခဏာများ ဖြစ်သည်။ အက ယ်၍ ချောင်းဆိုးသွေးပါခြင်း၊ သလိပ်တွင်သွေးပါခြင်းဖြစ်လျှင် စစ်ဆေးမှုများပြုလုပ်သင့်သည်။ သွေး သို့မဟုတ် သံချေးရောင်အရည်များ အန်ခြင်း အသက်ပြင်းပြင်းရှုခြင်း၊ ချောင်းဟန့်ခြင်းနှင့် ရယ်ခြင်းတို့ပြုသောအခါ ရင်ဘတ်အောင့်ခြင်း အသံအိုးရောင်ခြင်းနှင့် အာရုံကြောများထိခိုက်ခြင်းကြောင့် အသံပြောင်းသွားခြင်း ကိုယ်အလေးချိန်ကျဆင်းခြင်းနှင့် ကင်ဆာကြိတ်သည် အစာရေမျိုပြွန်ပေါ်ကို ဖိခြင်းကြောင့် အစားအသောက်ပျက်ခြင်း ကင်ဆာကြိတ်နှင့် အဆုတ်ပတ်လည်ရှိအရည်များ၏ ဖိအားကြောင့် အသက်ရှုမြန်ခြင်း၊အသက်ရှုမဝခြင်း အဆုတ်လေပြွန်များရောင်ခြင်း၊ နမိုးနီးယားအဆုတ်ရောင်ရောဂါတို့ […]


အဆုတ်ကင်ဆာ

အဆုတ်ကင်ဆာကုသမှု၏ဘေးထွက်ဆိုးကျိုးများ

အဆုတ်ကင်ဆာကုသမှုသည် ရောဂါဝေဒနာကို ရင်ဆိုင်ဖို့ ပိုခက်ခဲစေသော ဘေးထွက်ဆိုးကျိုးများကို ဖြစ်စေနိုင်ပါတယ်။ အဆုတ်ကင်ဆာကုသမှု ဘေးထွက်ဆိုးကျိုးများကို ဘယ်လိုထိန်းချုပ်စီမံနိုင်သလဲဆိုတာကို လေ့လာကြည့်လိုက်ပါ။ လူနာ တစ်ဦးချင်းစီ၏ ကျန်းမာရေး၊ ကင်ဆာအဆင့်နှင့် ဖြစ်ပွားသော နေရာပေါ်တွင် မူတည်ပြီး အဆုတ်ကင်ဆာကုသမှုသည် တစ်ဦးနှင့် တစ်ဦး ကွဲပြားပါတယ်။ သို့သော် ခွဲစိတ်မှု ၊ ဓါတ်ရောင်ခြည် ကုထုံး နဲ့ ကင်ဆာဆေးသွင်းကုသမှုတွေပဲ ခံယူယူ၊ အခြား သောကင်ဆာကုသမှုတွေပဲ ခံယူယူ၊ သင်သည် ဘေးထွက်ဆိုးကျိုးများကိုတော့ ကြုံတွေ့ရမှာဖြစ်သည်။ ထိုဘေးထွက်ဆိုးကျိုးများသည် သင် ပြန်လည်နာလန်ထူနိုင်ဖို့ စိန်ခေါ်မှုတစ်ရပ်လိုပဲ ဖြစ်ပါတယ်။ သင့်ဆရာဝန်၏ ကုသမှုထဲမှာ ထိုဘေးထွက်ဆိုးကျိုးများကို လျော့နည်းစေသည့် အစီအစဉ်များပါဝင်မှုရှိတာ သေချာပါစေ။ သို့မှသာ သင်သည် အဆုတ်ကင်ဆာ ကို တိုက်ခိုက်တွန်းလှန်နေစဉ်မှာ တတ်နိုင်သမျှ သက်သာကာ နေထိုင်ကောင်းမည်ဖြစ်သည်။ အဆုတ်ကင်ဆာခွဲစိတ်ကုသမှု ဘေးထွက်ဆိုးကျိုးများ ခွဲစိတ်မှု၏ ဘေးထွက်ဆိုးကျိုးများသည် အဆုတ်ကင်ဆာကို ဖယ်ရှားဖို့ […]


အဆုတ်ကင်ဆာ

အဆုတ်ကင်ဆာဖြစ်စေသောအကြောင်းအရင်းများ

အဆုတ်ကင်ဆာသည် သေစေနိုင်သော ရောဂါတစ်ခုဖြစ်ပါတယ်။ သို့သော် ၎င်းကို ဖြစ်ပွားစေသော အကြောင်းရင်းများနှင့် ဖြစ်ပွားနိုင်ချေ အန္တရာယ်များကိုတော့ ထိန်းချုပ်လို့ ရပါတယ်။ အဆုတ်ကင်ဆာ ဖြစ်ပွားစေသော အကြောင်းရင်းများကို တားဆီးလိုက်ခြင်းအားဖြင့် ကင်ဆာ ပိုမဆိုးလာအောင် ကာကွယ်နိုင်ပါတယ်။ အဆုတ်ကင်ဆာ ဖြစ်ပွားစေသည့် အကြောင်းရင်းများက အဘယ်နည်း။ ဆေးလိပ်သောက်ခြင်း၊ ဓါတုပစ္စည်းအချို့နှင့် ထိတွေ့ခြင်းသည် အဆုတ်ကင်ဆာကို အဓိက ဖြစ်ပွားစေသည့်အကြောင်းရင်းများ ဖြစ်ပါတယ်။ သုတေသနသမားများအဆိုအရ အဆုတ်ကင်ဆာအားလုံး၏ ၉၀ ရာခိုင်နှုန်းနီးပါးသည် ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။ ဆေးရွက်ကြီးနှင့် ဆေးရွက်ကြီးဆေးလိပ်တွင် နိုင်ထရိုဂျင် အောက်ဆိုက် ၊ ကာဗွန်ဒိုင် အောက်ဆိုက်ကဲ့သို့သော ဓါတုပစ္စည်း အမျိုးပေါင်း ၇,၀၀၀ ကျော် ပါဝင်နေပြီး အများစုမှာ ကင်ဆာဖြစ်စေနိုင်ပါတယ်။ အဆုတ်ကင်ဆာရောဂါဖြစ်ဖို့ သင်ကိုယ်တိုင် ဆေးလိပ်သောက်မှ မဟုတ်ပါဘူး။ ဆေးလိပ်ငွေ့ရှုရှိုက်မိခြင်းသည်လည်း ကိုယ်တိုင်ဆေးလိပ်သောက်သလို အန္တရာယ်ကြီးမားပါတယ်။ စီးကရက်ဆေးလိပ်၊ ကျောက်ဂွမ်း၊ […]


အဆုတ်ကင်ဆာ

အဆုတ်ကင်ဆာနှင့် ပတ်သက်၍ အကောင်းမြင်နိုင်ခြင်း

အကောင်းမြင်စိတ်ရှိခြင်းသည် ကင်ဆာသာမက မည်သည့်ရောဂါခံစားနေရပါစေ သင့်ကျန်းမာရေးအတွက် ကုထုံးတစ်ခုပဲဖြစ်ပါတယ်။ တစ်ခါတစ်ရံ ၎င်းသည်ဆေးဝါးထက်တောင် ပိုပြီး အကူအညီဖြစ်ပါသေးတယ်။ အောက်ပါနည်းလမ်းများသည် သင်အကောင်းမြင်စိတ် လွယ်လွယ်ကူကူနှင့် ရရှိအောင် ကူညီပေးမည့် နည်းလမ်းအချို့ပဲ ဖြစ်ပါတယ်။ အကောင်းမြင်ပတ်ဝန်းကျင် တစ်ခု ဖန်တီးပါ။ သင့်ပတ်ဝန်းကျင်မှာ အကောင်းမြင်တတ်သူများ ဝန်းရံနေဖို့ အလွယ်ကူဆုံးနည်းလမ်းကတော့ အုပ်စုဖွဲ့ ပြောဆိုဆွေးနွေးဖို့ပဲ ဖြစ်ပါတယ်။ သင်နဲ့ နီးစပ်ရာ သင့်ကို လက်တွေ့ကျသော အကြံဉာဏ်ကောင်းတွေ ပေးနိုင်သော သူများသည် သင်အကောင်းမြင်စိတ်ဖြစ်ပေါ်လာဖို့ ကြီးမားသော အကူအညီဖြစ်နိုင်ပါတယ်။ အကယ်၍သင်သည် တစ်ချိန်လုံးညည်းညူနေသောသူတွေနဲ့သာ နေနေလျှင် သင်ကိုယ်တိုင်လည်း အဆိုးတွေပဲ မြင်တတ်လာမှာ ဖြစ်ပါတယ်။ အကောင်းမြင်တတ်သူများနဲ့ များများနေပေးခြင်းဖြင့် သူတို့၏ အကောင်းမြင်အတွေးများသည် သင့်ကိုယ်ပိုင် အလေ့အကျင့်ဖြစ်လာနိုင်ချေ မြင့်မားလာမှာဖြစ်ပါတယ်။ အကယ်၍ သင့်ပတ်ဝန်းကျင်မှာ အကောင်းမြင်တတ်သူတွေချည်းဖြစ်နေလျှင် သင်ကိုယ်တိုင် အဆိုးမြင်မိဖို့ဆိုတာ ခက်ခဲတဲ့ အရာတစ်ခုဖြစ်သွားမှာပါ။ သင့်အပြုအမူအတွက် […]


အဆုတ်ကင်ဆာ

အဆုတ်ကင်ဆာအတွက် အသက်ရှူလေ့ကျင့်ခန်း

အသက်ရှူလေ့ကျင့်ခန်းတွေဟာ စိတ်ရောကိုယ်ပါ ကျန်းမာစေရုံသာမက သွေးပေါင်ကို ထိန်းပေးပြီး စိတ်တည်ငြိမ်စေတာ စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ပါတယ်။ အသည်းကင်ဆာရှိသူ အတော်များများ (သို့) အဆုတ်ကို ပြန့်လာတဲ့ ကင်ဆာရှိသူတွေဟာ မောခြင်းကို ခံစားရတတ်ပါတယ်။ သင့်မှာ ဒီလက္ခဏာ ရှိနေပြီဆိုရင် အသက်ရှူခြင်းကို ဘယ်လို ထိန်းချုပ်သင့်တယ်ဆိုတာ သိသင့်ပါတယ်။   ပြင်ဆင်ခြင်း အသက်ရှူခြင်းကို မလေ့ကျင့်မီ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်သင့်ပါတယ်။ စိတ်ကို လျှော့ထားနိုင်စေတဲ့ စိတ်တည်ငြိမ်ရာ နေရာကို ဖန်တီးသင့်ပါတယ်။ သင့်ကို သက်တောင့်သက်သာ ရှိစေတဲ့ အဝတ်အစားကို ဝတ်ဆင်သင့်ပြီး ကြွက်သားတွေကို လျှော့သင့်ပါတယ်။ အမှန်တကယ် အသက်ရှူ လေ့ကျင့်ခန်းများ ညီမျှတဲ့ အသက်ရှူခြင်း ဒီနည်းဟာ ရိုးရှင်းပြီး နေရာတိုင်း အချိန်တိုင်းမှာ ပြုလုပ်နိုင်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ ဒီနည်းကို တည်ထွင်ခဲ့တဲ့ ယောဂနည်းပြဆရာက ဒီလေ့ကျင့်ခန်းဟာ အာရုံကြောစနစ်ကို တည်ငြိမ်စေပြီး၊ အာရုံစူးစိုက်မှုကို မြင့်တက်စေကာ၊ […]


အဆုတ်ကင်ဆာ

Bronchial Cancer (လေပြွန်ကင်ဆာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်Bronchial Cancer (လေပြွန်ကင်ဆာ) ကဘာလဲ။ တံတွေးဂလင်းနဲ့လေပြွန်တွေမှာ ဖြစ်တဲ့ တွေ့၇နည်းတဲ့ကင်ဆာတစ်မျိုး ဖြစ်ပါတယ်။ လေပြွန်ကင်ဆာအများစုက အခြားအစိတ်အပိုင်းတွေကို ပြန့်နှံ့သွားတတ်ပါတယ်။ တဖြည်းဖြည်းရင့်သန်လာပြီး ကုသလို့ရတာကြောင့် သင့်မှာဖြစ်ခဲ့မယ်ဆိုရင် မျှော်လင့်ချက်ကျန်သေးတယ်ဆိုတာ စိတ်ထဲထားပါ။ ဒီကင်ဆာအမျိုးအစးားကို ၃ခုခွဲထားပါတယ်။ ကင်ဆာကျိတ်- ဟော်မုန်းထုတ်ပေးတဲ့ဆဲလ်တွေနဲ့ အာရုံကြောဆဲလ်တွေကို သက်ရောက်ပါတယ်။ အဆုတ်၊ အစာအိမ်နဲ့ အူတွေမှာလည်း ဖြစ်နိုင်ပါတယ်။ လည်ချောင်းပသိကင်ဆာကျိတ် – ပါးစပ်နဲ့လည်ချောင်းအတွင်းမှာရှိတဲ့ တံတွေးဂလင်းတွေမှာ စဖြစ်ပါတယ်။ လည်မျိုနဲ့ မျက်ရည်ဂလင်း၊ ချွေးဂလင်း၊ မိန်းမသားအိမ်၊ အမျိုးသမ်းအင်္ဂါနဲ့ ရင်သားတွေမှာလည်း ဖြစ်နိုင်ပါတယ်။ အပေါ်ယံလွှာ ကင်ဆာကျိတ်- တံတွေးဂလင်းတွေမှာ ဖြစ်ပါတယ်။ ဒီအမျိုးအစားအများစုက နားအရှေ့မှာရှိတဲ့ပါးကျိတ် တွေကို သက်ရောက်ပါတယ်။   Bronchial Cancer (လေပြွန်ကင်ဆာ) က ဘယ်လောက်အဖြစ်များသလဲ ဒီရောဂါဟာ အလွန်အဖြစ်များပါတယ်။ အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။ အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို လျှော့ချခြင်းအားဖြင့် စီမံနိုင်ပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ လက္ခဏာများBronchial […]


အဆုတ်ကင်ဆာ

အဆုတ်ကင်ဆာလက္ခဏာ ၉ ချက်

အဆုတ်ကင်ဆာဟာ တိတ်ဆိတ်ပြီး သေစေနိုင်တဲ့ ရောဂါတစ်ခု ဖြစ်ပါတယ်။ သူဟာ ကင်ဆာများအနက် သေနှုန်းအမြင့်မားဆုံး ကင်ဆာတစ်ခုဖြစ်ပြီး WHO က အဆုတ်ကင်ဆာကြောင့် ၂၀၁၂ မှာ လူပေါင်း ၁.၅၉ သန်း သေခဲ့တယ်လို့ ပြောကြားပါတယ်။ ဒီလိုသေနှုန်းမြင့်မားရခြင်းရဲ့ အကြောင်းရင်းတစ်ခုကတော့ အဆုတ်ကင်ဆာ အစောပိုင်းအဆင့်တွေမှာ လက္ခဏာ မပြခြင်းကြောင့် ဖြစ်ပါတယ်။ အဆုတ်ကင်ဆာ ရှိသူတွေရဲ့ ၄၀%မှာ ရောဂါဆိုးရွားလာမှ ရောဂါဖြစ်မှန်း သိရှိကြပါတယ်။ သိရှိသူတွေရဲ့ သုံးပုံတစ်ပုံမှာ ကင်ဆာဟာ အဆင့် ၃ ရှိနေပြီး ဖြစ်ပါတယ်။ အောက်ပါ လက္ခဏာတွေကတော့ အဆုတ်ကင်ဆာရဲ့ အဖြစ်များတဲ့ လက္ခဏာတွေပဲ ဖြစ်ပါတယ်။ ကုသလို့ မပျောက်ကင်းနိုင်တဲ့ ချောင်းဆိုးခြင်း ချောင်းဆိုးခြင်းဟာ အဖြစ်များပါတယ်။ အအေးမိခြင်း၊ အစာနင်ခြင်းတို့ကြောင့်လည်း ချောင်းဆိုးနိုင်ပါတယ်။ ဒါပေမယ့် တကယ်လို့ အအေးမိခြင်း ပျောက်သွားပြီး (သို့) ဆေးသောက်ပြီး […]


အဆုတ်ကင်ဆာ

သမားရိုးကျမဟုတ်သော အဆုတ်ကင်ဆာ ကုထုံးများ

Alternative therapies တွေဟာ အဆုတ်ကင်ဆာ လက္ခဏာတွေကို ကုသဖို့နဲ့ ကုသမှုရဲ့ ဆိုးကျိုးတွေကို ကုသဖို့ အသုံးပြုနိုင်ပါတယ်။ သူတို့ကို သူတို့ချည်းပဲတော့ မကုသနိုင်ပါဘူး။ Alternative therapies တွေဟာ ပုံမှန် ကင်ဆာ ကုသမှုတွေလုပ်နေစဉ်မှာ လူနာကို သက်သာအောင် ကုသပေးတဲ့ ကုသမှုဖြစ်ပါတယ်။ ဒီကုသမှုနဲ့ ပတ်သက်ပြီး သုတေသနပြုလုပ်ထားမှုတွေ နည်းပါးကာ သူ့ရဲ့ အစွမ်းထက်မှုနဲ့ ပတ်သက်ပြီးတော့လည်း ထင်မြင်ယူဆချက်တွေ များပြားပါတယ်။ ဒါပေမယ့် လူအတော်များများဟာ ရောဂါအခြေအနေ အတွေကို ရင်ဆိုင်ဖြေရှင်းကြရမှာ Alternative therapies တွေကို အသုံးပြုပြီး အောင်မြင်မှုတွေ ရရှိတတ်ကြပါတယ်။ ဒီရောဂါတွေထဲမှာ အဆုတ်ကင်ဆာလည်း အပါအဝင်ဖြစ်ပါတယ်။ Alternative therapies တွေကို အသုံးမပြုခင် ဒီနည်းတွေက သင့်အတွက် မှန်ကန်ပြီး စိတ်ချရရဲ့လားဆိုတာ သိရှိဖို့ ဆရာဝန်ကို မေးမြန်းသင့်ပါတယ်။ အပ်စိုက်ကုသနည်း အပ်စိုက်ကုသနည်းဟာ […]

ad iconadvertisement
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း