backup og meta

အဆုတ်ကင်ဆာလက္ခဏာများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. K Zin Thwe မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဆုတ်ကင်ဆာလက္ခဏာများ

    အဆုတ်ကင်ဆာ ကနဦးအဆင့်များတွင် ရောဂါလက္ခဏာပြလေ့မရှိဘဲ ကင်ဆာဆိုးလာမှ ပြလေ့ရှိကြသည်။ သင်သည် အဆုတ်ကင်ဆာလက္ခဏာများ ကို သိထားပါက ပိုကောင်းပြီး ထိရောက်သော ကုသမှုများကို ပြုလုပ်နိုင်ပါသည်။

    အောက်ပါတို့သည်အဆုတ်ကင်ဆာ ၏ရောဂါလက္ခဏာများ ဖြစ်သည်။

    • မောပန်းနွမ်းနယ်ခြင်းသည် အဆုတ်ကင်ဆာ၏ အဖြစ်များသော လက္ခဏာတခုဖြစ်သည်။ အခြားသော လက္ခဏာများလည်း ဖြစ်နို င်ချေရှိပါသည်။
    • ချောင်းဆိုးမပျောက်ဘဲ ရက်ကြာနေခြင်းနှင့် ပိုဆိုးလာခြင်းတို့သည် အဆုတ်ကင်ဆာ ၏ရောဂါလက္ခဏာများ ဖြစ်သည်။ အက ယ်၍ ချောင်းဆိုးသွေးပါခြင်း၊ သလိပ်တွင်သွေးပါခြင်းဖြစ်လျှင် စစ်ဆေးမှုများပြုလုပ်သင့်သည်။
    • သွေး သို့မဟုတ် သံချေးရောင်အရည်များ အန်ခြင်း
    • အသက်ပြင်းပြင်းရှုခြင်း၊ ချောင်းဟန့်ခြင်းနှင့် ရယ်ခြင်းတို့ပြုသောအခါ ရင်ဘတ်အောင့်ခြင်း
    • အသံအိုးရောင်ခြင်းနှင့် အာရုံကြောများထိခိုက်ခြင်းကြောင့် အသံပြောင်းသွားခြင်း
    • ကိုယ်အလေးချိန်ကျဆင်းခြင်းနှင့် ကင်ဆာကြိတ်သည် အစာရေမျိုပြွန်ပေါ်ကို ဖိခြင်းကြောင့် အစားအသောက်ပျက်ခြင်း
    • ကင်ဆာကြိတ်နှင့် အဆုတ်ပတ်လည်ရှိအရည်များ၏ ဖိအားကြောင့် အသက်ရှုမြန်ခြင်း၊အသက်ရှုမဝခြင်း
    • အဆုတ်လေပြွန်များရောင်ခြင်း၊ နမိုးနီးယားအဆုတ်ရောင်ရောဂါတို့ မကြာခဏဖြစ်ခြင်း၊ မပျောက်ခြင်း
    • ကင်ဆာကြိတ်ဖိထားသော လေပြွန်သည် ကျဉ်းသောကြောင့် တရွှီရွှီ အသံထွက်ခြင်း
    • သင့်ခန္ဓါကိုယ်၏ မူမမှန်သောဖြစ်စဉ်ကြောင့် အဖျားတက်ခြင်း
    • ခန္ဓါကိုယ်ရှိဆဲလ်များသို့ ကင်ဆာပျံ့နှံ့ခြင်းကြောင့် အကြိတ်ဖုများထွက်ခြင်းနှင့် ပြန်ရည်ဘော့ဖုများကြီးခြင်း(အထူးသဖြင့် လည်ပင်းနှင့် ညှပ်ရိုးများတဝိုက်တွင်)

    ကင်ဆာရောဂါသည်များတွင် တွေ့ရများသော လက္ခဏာများမှာ အောက်ပါတို့ဖြစ်သည်။

    • ပခုံးနှင့် ကျောပြင် နာကျင်ခြင်း
    • ရင်ဘတ် အမြဲအောင့်ခြင်း
    • အဆုတ်လေပြွန်များရောင်ခြင်း၊ နမိုးနီးယားအဆုတ်ရောင်ရောဂါတို့ ကဲ့သို့သောအဆုတ်ပိုးဝင်ရောဂါများ မကြာခဏဖြစ်ခြင်း
    • ကိုယ်အလေးချိန် ရုတ်တရက် အလွန်အကျွံကျဆင်းခြင်း
    • အစားအသောက်ပျက်ခြင်း
    • ခေါင်းကိုက်ခြင်း

    ကင်ဆာသည်အခြားကိုယ်အင်္ဂါ အစိတ်အပိုင်းများသို့ပြန့်သွားသောအခါ တွေ့ရများသော လက္ခဏာများမှာ အောက်ပါတို့ဖြစ်သည်။

    • အရိုးများနာကျင်ခြင်း (ခါးနှင့် တင်ပါးဆုံရိုးများ)
    • ကင်ဆာသည် ဦးနှောက်နှင့် ပင်မကျောရိုးမသို့ပြန့်သွားသောအခါ အာရုံကြောဆိုင်ရာပြောင်းလဲမှုများဖြစ်ပေါ်ခြင်း (ခေါင်းကိုက်ခြင်း၊ ခြေထောက်နှင့် လက်များ အားနည်းခြင်းနှင့် ထုံကျင်ခြင်း၊ ခေါင်းမူးခြင်း၊ ဟန်ချက်မထိန်းနိုင်ခြင်း၊ တက်ခြင်း)
    • ကင်ဆာသည်အသည်းသို့ပြန့်သွားသောအခါ မျက်လုံးနှင့် အသားများဝါခြင်း
    • ခြေထောက်နှင့် လက်များ အားနည်းခြင်းနှင့် ထုံကျင်ခြင်း
    • သွေးခဲခြင်း

    ကင်ဆာရောဂါလက္ခဏာများ သည် ကင်ဆာဖြစ်သော နေရာအပေါ်မူတည်ပြီး အမျိုးမျိုးရှိနိုင်ပါသည်။ ဥပမာ- ကင်ဆာသည် ရင်ခေါင်းအလယ်တွင်ဖြစ်လျှင် ပင်မအသက်ရှုလမ်းကြောင်းနှင့် သွေးကြောများကိုဖိခြင်းကြောင့် အသက်ရှုမဝခြင်း၊ ချောင်းဆိုးခြင်းတို့ဖြစ်သည်။

    ကင်ဆာကြိတ်ဖိထားသောနေရာနောက်တွင်ဘက်တီးရီးယားနှင့် အရည်များစုပုံလာခြင်းကြောင့် နမိုးနီးယားအဆုတ်ရောင်ရောဂါဖြစ်လာသည်။ ကင်ဆာကြိတ်သည် အဆုတ်အပြင်ဘက်တွင်ရှိလျှင် အာရုံကြောများရှိသောနေရာဖြစ်သည့်အတွက် နာကျင်မှုကို ခံစားရသည်။

    နှလုံးနှင့် အဆုတ်အတွင်းပိုင်းနေရာများတွင် နာကျင်မှုကိုသိနိုင်သော အာရုံကြောများမရှိသည့်အတွက် ထိုနေရာများတွင် ကင်ဆာဖြစ်လျှင် ဂရုမပြုမိတတ်ပါ။

    အဆုတ်ကင်ဆာရောဂါလက္ခဏာများ သည် အခြားသောအခြေအနေများနှင့်လည်းတွဲနေနိုင်ပြီး ကင်ဆာဟုမထင်မှတ်မိခြင်းတို့ကြောင့် အဆုတ်ကင်ဆာသည် ကမ္ဘာပေါ်တွင်ဖြစ်သော ကင်ဆာရောဂါများထဲတွင် သေဆုံးမှုအများဆုံးဖြစ်လာရသည်။ အကြောင်းမှာ အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း လူနာသည် နာကျင်မှုကို ခံစားရနိုင်ချေနည်းခြင်းကြောင့် ရောဂါကို စောစီးစွာ မသိရှိနိုင်ခြင်းပင်ဖြစ်သည်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. K Zin Thwe မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement