ဆေးလိပ်သောက်ခြင်း၊ ဓါတုပစ္စည်းအချို့နှင့် ထိတွေ့ခြင်းသည် အဆုတ်ကင်ဆာကို အဓိက ဖြစ်ပွားစေသည့်အကြောင်းရင်းများ ဖြစ်ပါတယ်။ သုတေသနသမားများအဆိုအရ အဆုတ်ကင်ဆာအားလုံး၏ ၉၀ ရာခိုင်နှုန်းနီးပါးသည် ဆေးလိပ်သောက်ခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။
ဆေးရွက်ကြီးနှင့် ဆေးရွက်ကြီးဆေးလိပ်တွင် နိုင်ထရိုဂျင် အောက်ဆိုက် ၊ ကာဗွန်ဒိုင် အောက်ဆိုက်ကဲ့သို့သော ဓါတုပစ္စည်း အမျိုးပေါင်း ၇,၀၀၀ ကျော် ပါဝင်နေပြီး အများစုမှာ ကင်ဆာဖြစ်စေနိုင်ပါတယ်။ အဆုတ်ကင်ဆာရောဂါဖြစ်ဖို့ သင်ကိုယ်တိုင် ဆေးလိပ်သောက်မှ မဟုတ်ပါဘူး။ ဆေးလိပ်ငွေ့ရှုရှိုက်မိခြင်းသည်လည်း ကိုယ်တိုင်ဆေးလိပ်သောက်သလို အန္တရာယ်ကြီးမားပါတယ်။
စီးကရက်ဆေးလိပ်၊ ကျောက်ဂွမ်း၊ ရေဒီယို သတ္တိကြွ ရေဒွန်ဒြပ်စင် ကဲ့သို့သော အန္တရာယ်ရှိသော ကင်ဆာဖြစ်စေနိုင်သည့် အရာများကို ရှုရှိုက်ခြင်းသည် အဆုတ်လမ်းကြောင်းရှိ ဆဲလ်များကို ထိခိုက်ပျက်စီးစေပါတယ်။ အချိန်ကြာလာသည်နှင့် အမျှ ထိုထိခိုက်မှုများသည် ဆဲလ်များကို မူမမှန် ပြောင်းလဲမှုများ ဖြစ်ပေါ်စေကာ အဆုံးတွင် ကင်ဆာ ဖြစ်ပွားစေနိုင်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။