backup og meta

အဆုတ်ကင်ဆာရောဂါအဖြေရှာစစ်ဆေးခြင်း


Dr. K Zin Thwe မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဆုတ်ကင်ဆာရောဂါအဖြေရှာစစ်ဆေးခြင်း

    သင့်ထံတွင် အဆုတ်ကင်ဆာ၏ရောဂါလက္ခဏာများခံစားနေရသည်ဟု သံသယရှိပါက ဆရာဝန်နှင့် ရက်ချိန်းယူကာပြသပါ။

    ထိုအခါ ဆရာဝန်က သင့်ရောဂါရာဇဝင်၊ ရောဂါဖြစ်နိုင်ချေနှင့် စစ်ဆေးမှုများပြုလုပ်ပြီး လိုအပ်သော စစ်ဆေးမှုများထပ်လုပ်ရန်လိုအပ်ပါက အထူးကုဆရာဝန်ထံလွှဲပေးလိမ့်မည်။

    အဆုတ်ကင်ဆာကို အဖြေရှာသော စစ်ဆေးမှုများသည် နက်နဲနိုင်သော်လည်း ယေဘူယျစစ်ဆေးမှုများက အကျိုးရှိမရှိဆေးပညာအသိုင်းအဝိုင်းတွင် စဉ်းစားစရာ တခုဖြစ်နေသည်။ အချို့ကရောဂါသည်းနေသည့်တိုင် လက္ခဏာမပြသူများရှိသည်။ ထိုသူများအတွက် စစ်ဆေးမှုများပြုလုပ်ခြင်းသည် ရောဂါကိုစောလျင်စွာသိနိုင်ပြီး ကုသနိုင်သည့်အတွက် လူနာအတွက် အကျိုးရှိစေနိုင်သည်။

    ထို့ကြောင့် သင့်တွင် အဆုတ်ကင်ဆာဖြစ်နိုင်ခြေများလျှင် သင့်ဆရာဝန်က ဆေးစစ်ချက်များပြုလုပ်ရန် ထောက်ခံလိမ့်မည်။

    စစ်ဆေးခြင်း

    သင့်ဆရာဝန်က သင့်ကို အသက်ရှုသံ၊ နှလုံးခုန်သံနားထောင်ခြင်း၊ နှလုံးခုန်နှုန်းစစ်ဆေးခြင်း၊ အသည်းနှင့် ပြန်ရည်ကြောဖုများရောင်ရမ်းခြင်းကို စစ်ဆေးခြင်း စသည်တို့ ကိုပြုလုပ်ပြီး အဆုတ်ကင်ဆာ၏ရောဂါလက္ခဏာများခံစားနေရသည်ဟု သံသယရှိပါက အထူးကုဆရာဝန်ထံလွှဲပေးလိမ့်မည်။

    စစ်ဆေးနိုင်သောနည်းလမ်းများစွာရှိပါသည်။

    • ကွန်ပျူတာဓါတ်မှန်ရိုက်ခြင်း

    ကွန်ပျူတာဓါတ်မှန်သည် သင့်ခန္ဓါကိုယ်ပတ်ပတ်လည်တွင် စက်ဖြင့်ပုံရိပ်များစွာကို ရိုက်ကူးနိုင်သောစက်ဖြစ်သည်။ ထိုဓါတ်မှန်သည် သင့်တွင်ဖြစ်နေသော အကြိတ်၏ ပုံစံ၊ အရွယ်အစားနှင့် တည်နေရာတို့ကို ကောင်းမွန်စွာပြပေးနိုင်သည်။

    • လည်ချောင်းတွင်းသို့ မှန်ပြောင်းထည့်ပြီး စစ်ဆေးခြင်း

    ပါးလွှာပြီး သေးငယ်သည့် မှန်ပြောင်းကို ပါးစပ်သို့မဟုတ် နှာခေါင်းမှ တဆင့် အဆုတ်ထဲရှိ လေပြွန်ငယ်လေးများအတွင်းသိုကထဲ့ကာ ကြည့်ရှုစစ်ဆေးခြင်းဖြစ်သည်။ ထိုမှတဆင့် အသားယူပြီးလည်းစစ်ကြည့်နိုင်သည်။

    • သလိပ်ပိုးစစ်ခြင်း

    သလိပ်နှင့် ချွဲများကို ဓါတ်ခွဲခန်းသို့ပို့ပြီး ကင်ဆာဆဲလ်များရှိမရှိ စစ်နိုင်သည်။

    • အဆုတ်ရှိ အသားစကို စစ်ဆေးခြင်း

    ပုံရိပ်စစ်ဆေးမှုများမှတဆင့် အဆုတ်တွင်းရှိ အကြိတ်များကို မြင်နိုင်သော်လည်း ကင်ဆာကြိတ်ဟုတ်မဟုတ်မသိနိုင်ပါ။ ထိုအခါ သင့်ဆရာဝန်က အဆုတ်တွင်းရှိအသားစကိုယူကာ ကင်ဆာဆဲလ်များရှိမရှိသိရန် အသားစကို ရောဂါဗေဒဆရာဝန်ထံ ပို့လိမ့်မည်။

    အဆုတ်အသားစယူသည့် နည်းများစွာရှိပါသည်။

    • အဆုတ်ဖုံးမြှေး ၂လွှာကြားဖောက်ခြင်း

    အပ်ရှည်ဖြင့် အဆုတ်ဖုံးမြှေး ၂လွှာကြားရှိ အရည်ကို ဖောက်၍်စစ်ဆေးခြင်းဖြစ်သည်။

    • အပ်ဖြင့်စုပ်ယူခြင်း

    သေးငယ်သော အပ်ဖြင့် အဆုတ်နှင့် ပြန်ရည်ကြောဖုမှ အသားစယူခြင်းဖြစ်သည်။

    • ရင်ခေါင်းတွင်းမှန်ပြောင်းကြည့်ခြင်း

    သင့်ရင်ဘတ်နှင့် ကျောတွင် အနည်းငယ်ခွဲစိတ်လှီးဖြတ်ပြီး အဆုတ်တစ်သျူးများကို မှန်ပြောင်းဖြင့်ယူပြီး စစ်ဆေးခြင်းဖြစ်သည်။

    • ရင်ခေါင်းအလယ်ကိုမှန်ပြောင်းကြည့်ခြင်း

    သင့်နံရိုးပေါ်တွင် အနည်းငယ်ခွဲစိတ်လှီးဖြတ်ပြီး အဆုတ်တစ်သျူးများနှင့်ပြန်ရည်ကြောဖုများကို မှန်ပြောင်းဖြင့်ယူပြီး စစ်ဆေးခြင်းဖြစ်သည်။

    • ရင်ခေါင်းဖွင့်ခွဲခြင်း

    ရင်ခေါင်းကို ခွဲစိတ်ပြီး အဆုတ်တစ်သျူးများနှင့်ပြန်ရည်ကြောဖုများကို ယူပြီးစစ်ဆေးခြင်းဖြစ်သည်။

    • အဆုတ်ပြွန်ငယ်များအတွင်းသို့ အသံလှိုင်းဓါတ်မှန်ရိုက်ခြင်း

    အဆုတ်ပြွန်ငယ်များအတွင်းသို့ကြည့်သော မှန်ပြောင်းမှတဆင့် အသံလှိုင်းကို အသုံးပြုကာ အကြိတ်များကို ပုံဖော်ခြင်းဖြစ်သည်။ ထိုမှတဆင့် အသားစလည်းယူနိုင်သည်။

    အဆုတ်ကင်ဆာပြန့်နှံ့မှုကို စစ်ဆေးခြင်း

    အဆုတ်ကင်ဆာသည် မည်သည့် နေရာများသို့ ပြန့်နှံ့နေသည်ကို သိရှိရန် အောက်ပါနည်းလမ်းများဖြင့်စစ်ဆေးနိုင်ပါသည်။

    • သံလိုက်ဓါတ်မှန်ရိုက်ခြင်း

    ထိုနည်းသည် ဓါတ်ရောင်ခြည်ကို မသုံးဘဲ သံလိုက်စက်ကွင်းဖြင့် ပုံရိပ်များကို ဖမ်းယူခြင်းဖြစ်သည်။ ဦးနှောက်နှင့် ပင်မကျောရိုးကို ပြန့်သွားသည်ဟု သံသယရှိသော လူနာများတွင်ထိုနည်းကို အသုံးပြု၍စစ်ဆေးသည်။

    • ပိုစီထရွန်ဓါတ်မှန်ရိုက်ခြင်း

    ထိုနည်းသည် သကြားဓါတ်ပါဝင်သော ရေဒီယိုသတ္တိကြွ ပစ္စည်းတမျိုးကို သင့်ခန္ဓါကိုယ်တွင်းသို့ထုတ်လွှတ်ပြီးစစ်ဆေးခြင်းဖြစ်သည်။ ကင်ဆာဆဲလ်များသည် ထိုသကြားဓါတ်ကို စုပ်ယူသောနေရာများတွင် 3D ပုံရိပ်ဖြင့် ပုံဖော်ပေးသည်။

    • အရိုးဓါတ်မှန်ရိုက်ခြင်း

    ထိုနည်းသည် သွေးပြန်ကြောထဲသို့ ရေဒီယိုသတ္တိကြွ ပစ္စည်းတမျိုးကိုထိုးသွင်းခြင်းဖြင့် အဆိုပါ ရေဒီယိုသတ္တိကြွ ပစ္စည်းတမျိုးသည် ကင်ဆာပြန့်နေသော အရိုးနေရာတွင် စုပုံနေလိမ့်မည်။ အရိုးကို ပြန့်သွားသည်ဟု သံသယရှိသော လူနာများတွင်ထိုနည်းကို အသုံးပြု၍စစ်ဆေးသည်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. K Zin Thwe မှ ရေးသားသည်။ · 16/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement