အကောင်းနဲ့အဆိုးက အမြဲဒွန်တွဲနေသလို တိုးတက်လာမှုကြောင့်ဖြစ်လာတဲ့ ဆုတ်ယုတ်မှုတွေလည်းရှိနေပါတယ်။ ကမ္ဘာကြီးမှာတိုးတက်မှုတွေများလာသလို ကမ္ဘာကြီးရဲ့ ကျန်းမာရေးေရာ လူတွေရဲ့ ကျန်းမာရေးပါထိခိုက်လာပါတယ်။ ယာဉ်တွေ၊ စက်ရုံတွေတိုးတက်လာတာကြောင့်နေ့စဉ်အသက်ရှင်ရပ်တည်ဖို့မဖြစ်မနေလိုအပ်နေတဲ့ရေ၊လေနဲ့ အစားအသောက်တွေဟာလည်း ညစ်ညမ်းလာရပါတယ်။
ဒီတစ်ခေါက်တော့လေထုညစ်ညမ်းမှုက လူသားတွေရဲ့ အသက်ရှင်ရပ်တည်မှုအပေါ်ဘယ်လိုသက်ရောက်နေလဲဆိုတာကိုပြောပြပေးမယ်နော်။လေထုရဲ့ အရည်အသွေးက လူသားတွေရဲ့ ကျန်းမာရေးအပေါ်မှာတော်တော်လေးသက်ရောက်မှုရှိနေပါတယ်။ လေထုညစ်ညမ်းမှုကင်းလေလေ အသက်ရှည်လေလေပါ။လေ့လာမှုတွေအရလေထုညစ်ညမ်းမှုကင်းစင်တဲ့ဒေသတွေမှာနေထိုင်သူတွေက အသက်ပိုရှည်ကြပါတယ်။ နှစ်စဉ်ကမ္ဘာတလွှားမှာလေထုညစ်ညမ်းမှုကြောင့် လူ ၇ သန်းနီးပါကျန်းမာရေးထိခိုက်ပြီး အသက်ဆုံးရှုံးနေကြရပါတယ်။
ဒီအချက်တွေကြောင့်လေထုညစ်ညမ်းနိုင်ပါတယ်
- မြို့ပြဒေသတွေမှာ လူနေထူထပ်လာမှုတွေ၊
- စွမ်းအင်တွေအမြောက်အမြားအသုံးပြုမှု၊
- လေအေးပေးစက်၊ အနွေးပေးစက်တွေ အသုံးပြုမှု၊
- သွားလာပို့ဆောင်ရေးအတွက် စက်တပ်ယာဉ်တွေအသုံးပြုမှု
- ဇီဝရုပ်ကြွင်းလောင်စာ အသုံးပြုမှု
- တောမီးလောင်မှု
- စက်ရုံအလုပ်ရုံတွေက ထွက်ရှိလာတဲ့ အခိုးအငွေ့ တို့ကြောင့်လေထုညစ်ညမ်းမှုကတစ်နေ့ထက်တစ်နေ့ပိုဆိုးလာပါတယ်။
လေထုညစ်ညမ်းမှုကြောင့် ဒီရောဂါတွေဖြစ်နိုင်ပါတယ်
လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေးတော်တော်လေးထိခိုက်နိုင်ပါတယ်။
လေထုညစ်ညမ်းမှုကြောင့် အရင်ဆုံးခံစားရမယ့် လက္ခဏာတွေကတော့
- အသက်ရှုကြပ်တာ
- အသက်ရှုလမ်းကြောင်းမှာ မအီမသာဖြစ်တာ
- မျက်လုံးတွေကျိန်းစပ်တာ
- အသားအရေတွခြောက်သွေ့တာ မျိုးခံစားရနိုင်ပါတယ်။
လေထုညစ်ညမ်းတဲ့အခါလေထုထဲမှာရှိနေတဲ့ သာမန်မျက်စိနဲ့ မမြင်နိုင်တဲ့ ညစ်ညမ်းစေတဲ့အရာတွေက ခန္ဓါကိုယ်ရဲ့ ကိုယ်ခံအားစနစ်ထဲကိုရောက်ရှိသွားနိုင်သလို အသက်ရှုလမ်းကြောင်းစနစ်၊သွေးလည်ပတ်မှုစနစ်တွေထဲကိုရောက်ရှိပြီး အဆုတ်၊နှလုံး နဲ့ ဦးနှောက်တို့ထိခိုက်ပျက်စီးနိုင်ပါတယ်။
လေထုညစ်ညမ်းမှုကြောင့်ကြုံတွေ့ရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေ
လေထုညစ်ညမ်းမှုကြောင့် –
- နှလုံးသွေးကြောဆိုင်ရာရောဂါ
- အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ
- ခေါင်းကိုက်မယ်
- စိတ်ဖိစီးမယ်
- လည်ချောင်းတွေစပ်မယ်
- အဆုတ်ထိခိုက်တာ
- မောပန်းလွယ်တာ
- မအီမသာဖြစ်တာ
- အသက်ရှုလမ်းကြောင်းတစ်လျှောက်က ဆဲလ်တွေပျက်စီးတာဖြစ်နိုင်ပါတယ်။
လေထုညစ်ညမ်းမှုကို ကလရှည်ကြာထိတွေ့မယ်ဆိုရင်တော့ –
- အဆုတ်တွေကောင်းကောင်းအလုပ်မလုပ်နိုင်တာမျိုးဖြစ်နိုင်တယ်
- အဆုတ်ရောင်ရောဂါခံစားရနိုင်တယ်
- ပန်းနာရင်ကြပ်ရောဂါခံစားရနိုင်တယ်
- လေပြွန်ရောင်ခြင်းဝေဒနာခံစားရနိုင်တယ်
- အဆုတ်ကင်ဆာခံစားရနိုင်တယ်
- အရွယ်မတိုင်ခင်သေဆုံးတာမျိုးဖြစ်နိုင်တယ်
- နှလုံးထိခိုက်နိုင်တယ်
- နှလုံးသွေးကြောဆိုင်ရာရောဂါခံစားရနိုင်တယ်
- အသည်းထိခိုက်တာခံစားရနိုင်တယ်
- ပန်ကရိယထိခိုက်နိုင်တယ်
- သွေးတွင်းမှာ ညစ်ညမ်းတဲ့အရာတွေဝင်ရောက်နိုင်တယ်
- အာရုံကြောစနစ်ထိခိုက်နိုင်တယ်
- ကိုယ်ခံအားနည်းတာကြောင့်ရောဂါဝင်လွယ်လာမယ်။
ဘယ်သူတွေကအထိခိုက်နိုင်ဆုံးလဲ
- နှလုံးရောဂါရှိသူတွေ
- ဆီးချိုရှိသူတွေ
- ပန်းနာရင်ကြပ်ရောဂါရှိသူ
- အဆုတ်ရောဂါရှိသူ
- ကိုယ်ဝန်ဆောင်မိခင်တွေ
- ပြင်ပမှာ အလုပ်လုပ်ရသူတွေ
- အသက်အရွယ်ကြီးရင့်သူတွေ
- ကလေးငယ်တွေ
- အားကစားသမားတွေကလေထုညစ်ညမ်းမှုကို အခြားသူတွေထက်ပိုခံစားရနိုင်ပါတယ်။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။