backup og meta

ဆိုးရွားသော ဓါတ်မတည့်ခြင်း


Wathun Myat Chal မှ ရေးသားသည်။ · 11/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆိုးရွားသော ဓါတ်မတည့်ခြင်း

    လူအများစုကတော့ ဓါတ်မတည့်ခြင်းကို ခံနိုင်ရည်မရှိကြပါဘူး။ အထူးသဖြင့် ရာသီအလိုက်ဖြစ်တတ်တဲ့ ဓါတ်မတည့်မှုတွေကို ခံစားနေရတဲ့သူတွေကပေါ့။ သူတို့အတွက်တော့ ဓါတ်မတည့်ခြင်းဆိုတာ အနှောက်အယှက်တစ်ခုပါပဲ။

    သင်အပြင်ထွက်တိုင်းမှာ အမြဲတမ်း နှာခေါင်းပိတ်၊ နှာစေး၊ နှာချေပြီးချောင်းဆိုးနေတာကြောင့် တစ်သျှူးကို အမြဲတမ်းဆောင်သွားရတဲ့အဖြစ်ကြီးကို မြင်ယောင်ကြည့်လိုက်စမ်းပါ။ ဒါ့အပြင် အချို့သော ဓါတ်မတည့်ခြင်းတွေဟာ ကျွန်တော်တို့ထင်ထားတာထက် ပိုပြီးပြင်းထန်နေတတ်ပြီး လူတစ်ယောက်ရဲ့ အသက်ကိုတောင် ရန်ရှာနိုင်ပါတယ်။

    တကယ်လို့ သင့်မှာ တစ်ခုခုနဲ့ ပြင်းပြင်းထန်ထန်ဓါတ်မတည့်တာမျိုးဖြစ်နေပြီလို့ သံသယရှိရင် စစ်ဆေးမှုခံယူဖို့ အရေးကြီးလှပါတယ်။ သင့်ရဲ့အခြေအနေပေါ်မူတည်ပြီး ဆရာဝန်က အရည်ပြားစစ်ဆေးမှုတစ်ခု (ပုံစံကတော့ အမျိုးမျိုးရှိတာပေါ့ )သို့မဟုတ် သွေးစစ်တာမျိုးကို လုပ်ခိုင်းပါလိမ့်မယ်။

    ၁။ အရည်ပြားစစ်ဆေးခြင်း

    အရည်ပြားစစ်ဆေးတဲ့နေရာမှာ ပုံစံ သုံးမျိုးရှိပါတယ်။

    – အရည်ပြားဖောက်ပြီးစမ်းသပ်ခြင်း ( Skin Prick Test)

    ဆရာဝန်က ရွေးချယ်ထားတဲ့ ဓါတ်မတည့်စေတဲ့ပစ္စည်းကို အရည်ပြားပေါ်တင်ပြီး ခြစ်ရာအနည်းငယ်ထင်အောင်လုပ်ပါလိမ့်မယ် ။ ဒါမှမဟုတ် အပ်လေးတွေနဲ့ အရည်ပြားကို အပေါက်လိုက်ဖောက်ပါလိမ့်မယ်။ ဒါမှ အရည်ပြားထဲ ဓါတ်မတည့်တဲ့အရာက ဝင်နိုင်မှာပါ။ ဒါဟာ မြန်မြန်ဆန်ဆန်ပြီးသွားမယ့် အရာတစ်ခုဖြစ်ပြီး မိနစ် ၂၀အတွင်းမှာ အရည်ပြားက နီရဲလာတာ၊ ယားယံလာတာမျိုးဖြစ်လာတယ်ဆိုရင် ဒီလူက ဒီပစ္စည်းနဲ့ ဓါတ်မတည့်တာပါပဲ။

    – Itradermal test (အရည်ပြားထဲသို့ ထိုးသွင်းစမ်းသပ်ခြင်း)

    ဒီစစ်ဆေးမှုမှာ ဓါတ်မတည့်စေတဲ့အရာတွေကို အရည်ပြားထဲ ထိုးသွင်းလိုက်တာပါ။ ဒီစစ်ဆေးမှုက အပေါ်က တစ်ခုထက် ပိုပြီး တုံ့ပြန်မှုအားကောင်းပြီး ဒါဟာ ဒီအရာနဲ့ ဓါတ်မတည့်မှုမျိုး မရှိတဲ့သူတွေမှာပဲ ပိုပြီး သင့်လျော်ပါတယ်။

    – Skin patch test

    ဒီနည်းလမ်းကိုကတော့ နှင်းခူတွေကို ဆန်းစစ်လေ့လာတဲ့အခါသုံးပါတယ်။ ဖြစ်တဲ့နေရာတစ်ဝိုက်ကိုတော့ ၂ရက် သို့မဟုတ် ၃ရက် ကြာတဲ့အခါ ပြန်ပြီး စစ်ဆေးပါတယ်။ (၂၄နာရီ မှ ၇၂ နာရီ) နီရဲနေတာတွေ သို့မဟုတ် ပစ္စည်းထားလိုက်တဲ့ နေရာမှာ ရည်ကြည်ဖုတွေထနေတာမြင်ရရင် ဒါဟာ ကောင်းမွန်တဲ့ ရလဒ်ပါပဲ။

    ၂။ သွေးစစ်ခြင်း

    ဓါတ်မတည့်မှုအတွက် သွေးစစ်ခြင်းဟာ သွေးထဲမှာ antibodies လို့ခေါ်တဲ့ အရာလေးကို ရှာဖွေတာပါ။ အသုံးအများဆုံး စစ်ဆေးမှုကတော့ allergen specific IgE blood tests ( RAST) ဖြစ်ပါတယ်။ ဒီစစ်ဆေးမှုမှာ သွေးနမူနာ ယူပါတယ်။ ပြီးတော့ ဓါတ်မတည့်မှုနဲ့ ဆက်စပ်နေတဲ့ Immunoglobulin ပမာဏ (လယ်ဗယ်)ကို ဓါတ်ခွဲခန်းထဲမှာ တိုင်းတာပါတယ်။

    သွေးစစ်ခြင်းဟာ အရည်ပြားစစ်ဆေးမှုတွေလို sensitive မဖြစ်ပေမယ့် အရည်ပြားစစ်ဆေးမှုမလုပ်နိုင်တဲ့သူတွေအတွက်တော့ အသုံးဝင်လှပါတယ်။ ဥပမာ –

    – အရည်ပြားစစ်ဆေးမှုလုပ်လည်း ရလဒ်ကို မြင်နိုင်ဖို့ ခက်တဲ့ အင်ပျဉ် သို့မဟုတ် အခြားသော အရည်ပြားရောဂါရှိသူတွေ။

    – ဆေးသောက်တာကို မရပ်နိုင်တဲ့သူတွေ

    – ပြင်းထန်ဓါတ်မတည့်ခြင်းဖြစ်နေတဲ့သူတွေ

    – အစာတွေအများကြီးနဲ့ ဓါတ်မတည့်သူတွေ စတာတွေပါဝင်ပါတယ်။

    ၃။ အခြားအရာများ

    အစားအသောက်ဓါတ်မတည့်ခြင်းအတွက် အသုံးအဝင်ဆုံးနည်းလမ်းကတော့ Oral allergen challenge ပဲဖြစ်ပါတယ်။ ဆရာဝန်တွေက သင်နဲ့မတည့်တဲ့အစာလို့သင်ထင်နေတဲ့ စားစရာတွေကို တဖြည်းဖြည်းတိုးကျွေးပါလိမ့်မယ်။ ပြီးရင်တော့ ကျွမ်းကျင်သူတွေက သင်နဲ့ သင့်ရဲ့ တုံ့ပြန်မှုကို စောင့်ကြည့်ပါလိမ့်မယ်။

    အဖြေတစ်ခုထွက်လာပြီဆိုရင်တော့.. သင့်မှာ ဓါတ်မတည့်မှုရှိခဲ့ရင် ဓါတ်မတည့်မှု လက္ခဏာတွေ လျော့ကျသွားစေမယ့် ကုသမှုအစီအစဉ်ကို ဆရာဝန်နဲ့ အမြန်ဆုံးတိုင်ပင်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Wathun Myat Chal မှ ရေးသားသည်။ · 11/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement