Anaphylaxis (ပြင်းထန်သောဓါတ်မတည့်မှု) အကြောင်းလေး လေ့လာလိုက်ရအောင်နော်။
မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win
Anaphylaxis (ပြင်းထန်သောဓါတ်မတည့်မှု) အကြောင်းလေး လေ့လာလိုက်ရအောင်နော်။
Anaphylaxis (ပြင်းထန်သောဓါတ်မတည့်မှု) ဆိုတာ ဓါတ်မတည့်မှု တစ်မျိုးဖြစ်ပြီး အသက်အန္တရာယ်ပင်ထိခိုက်နိုင်ပါတယ်။ သင်နဲ့ဓါတ်မတည့်သောအရာ ဥပမာ- မြေပဲ၊ ပျားအဆိပ် တို့ကို မိနစ်ပိုင်း သို့ စက္ကန့်ပိုင်းလောက်ထိမိရုံနဲ့တင် ဓါတ်မတည့်မှုဖြစ်နိုင်တယ်။
ပြင်းထန်သောဓါတ်မတည့်မှု ရှိသူတွေဟာ နောက်ထပ်နောက်ထပ် တုံ့ပြန်မှုတွေရနိုင်ခြေများပါတယ်။ ပထမတုံ့ပြန်မှုက အားနည်းသည်ဆိုစေကာမူ နောက်ထပ်တုံ့ပြန်မှုတွေက ပိုပြီးပြင်းထန်လာနိုင်ပါတယ်။ ပြင်းထန်ဓါတ်မတည့်ခြင်းရပါက ချက်ခြင်းအရေးပေါ်ဌာနသို့သွားသင့်ပြီး ပြင်းထန်ဓါတ်မတည့်ခြင်းဟာ မကုသပါက အသက်ရှူရပ်ကာ နှလုံးရပ်သည်ထိဖြစ်နိုင်ပါတယ်။
ပြင်းထန်ဓါတ်မတည့်မှုကိုနားလည်ထားပြီး ထိုသို့ဓါတ်မတည့်ခြင်းကို ဖြစ်စေနိုင်တဲ့ အရာတွေကိုသိထားခြင်းက သင့်အခြေအနေကို ဘယ်လိုထိန်းသိမ်းရမလဲသိအောင် ကူညီပေးနိုင်ပါလိမ့်မယ်။
အလွန်ကိုဖြစ်တတ်ပြီး အရွယ်မရွေးဖြစ်နိုင်တယ်။ ဓါတ်မတည့်ခြင်းဖြစ်စေသော အခြေအနေများကိုရှောင်ခြင်းဖြင့် ထိန်းချုပ်နိုင်ပါလိမ့်မယ်။ အသေးစိတ်အချက်တွေအတွက်တော့ ဆရာဝန်နဲ့တိုင်ပင်နိုင်တယ်။
ဖော်ပြသောလက္ခဏာတွေအပြင် နောက်ထပ်ရှိနိုင်သေးတာကြောင့် ဆရာဝန်နဲ့တိုင်ပင်ကြည့်နိုင်ပါတယ်။
တကယ်လို့အထက်ပါဖော်ပြထားတဲ့ လက္ခဏာတွေကြုံရတယ်၊ ဒါမှမဟုတ် သိလိုသည်များရှိတယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်နိုင်တယ်။ လူတိုင်းခန္ဓါကိုယ်ကတစ်ယောက်နဲ့တစ်ယောက်မတူတာကြောင့် သင့်အတွက်အကောင်းဆုံးဖြစ်ဖို့အတွက် ဆရာဝန်နဲ့တိုင်ပင်တာ သင့်လျော်ပါလိမ့်မယ်။
ပဋိပစ္စည်းဆိုတာ သင့်ခန္ဓါကိုယ်ကို ဘတ်တီးရီးယား၊ ဗိုင်းရပ်စ်တို့လို ပြင်ပအရာတွေဆီမှ ကာကွယ်ပေးတဲ့အကာအကွယ်တွေဖြစ်တယ်။ ဒါပေမယ့် တချို့လူတွေရဲ့ကိုယ်ခံအားစနစ်က တချို့အရာတွေကိုလိုတာထက်ပိုပြီး ပြင်းပြင်းထန်ထန်တုံ့ပြန်ရာမှ ဓါတ်မတည့်ခြင်းတွေဖြစ်လာရတယ် (မြေပဲ၊ ပျားတုပ်ရာမှအဆိပ်)။ ပုံမှန်အားဖြင့်တော့ ဓါတ်မတည့်ခြင်း တုံ့ပြန်မှုတွေက အသက်အန္တရာယ်မထိခိုက်တတ်ပါဘူး။ ဒါပေမယ့် ပြင်းထန်တဲ့ ဓါတ်မတည့်မှုရှိတဲ့လူတွေကတော့ Anaphylaxis (ပြင်းထန်သောဓါတ်မတည့်မှု) တွေဖြစ်သွားနိုင်ပါတယ်။ ထိုသို့ ပြင်းထန်တဲ့ဓါတ်မတည့်ခြင်းတွေဖြစ်ပေါ်နေချိန်မှာ သင့်ခန္ဓါကိုယ်မှာ ကယ်မီကမ်ပစ္စည်းအများအပြား ထွက်လာပြီး ရှော့ရခြင်း၊ သွေးပေါင်ရုတ်တရတ်ကျခြင်း၊ အသက်ရှူလမ်းကြောင်းကျဉ်းခြင်း၊ ပုံမှန်အသက်ရှူခြင်းကိုပိတ်ဆိုးခြင်းတို့ကို ဖြစ်စေပါလိမ့်မယ်။
ပြင်းထန်ဓါတ်မတည့်မှုဖြစ်စေနိုင်တာတွေက-
တခြားအဖြစ်နည်းတဲ့အကြောင်းတွေကတော့-
လေ့ကျင့်ခန်းလုပ်ခြင်းကြောင့် ပြင်းထန်ဓါတ်မတည့်ခြင်းတွေက အဖြစ်နည်းသလို တစ်ယောက်နဲ့တစ်ယောက်လည်းမတူပါဘူး။ လူတချို့မှာ ဖွဖွပြေးခြင်းလိုမျိုး အေရိုးဗစ်လေ့ကျင့်ခန်းတွေက ထိုသို့ပြင်းထန်ဓါတ်မတည့်မှုမျိုးဖြစ်စေတတ်ပေမယ့် တချို့မှာကျ လမ်းလျှောက်ခြင်းလို သိပ်မပြင်းတဲ့လေ့ကျင့်ခန်းမျိုးကတောင် ဖြစ်စေနိုင်ပါတယ်။ လေ့ကျင့်ခန်းမလုပ်ခင် တစ်ခုခုစားခြင်း သို့ ပူလွန်း၊ အေးလွန်း၊ စိုထိုင်းလွန်းသော ရာသီဥတုတွင် လေ့ကျင့်ခန်းလုပ်မှုတွေကြောင့်ဖြစ်တတ်တယ်။ ဒါကြောင့် လေ့ကျင့်ခန်းလုပ်တဲ့အခါ မည်သည်တို့ကိုသတိထားသင့်တယ်ဆိုတာ သင့်ဆရာဝန်နဲ့တိုင်ပင်ပါ။
ဘာကြောင့်ပြင်းထန်ဓါတ်မတည့်ရသည်မသိရင်တော့ အကြောင်းသိရဖို့အတွက် ဆရာဝန်မှစစ်ဆေးမှုတွေလုပ်ပါလိမ့်မယ်။ တခါတလေအကြောင်းမသိတာတွေလည်းဖြစ်နိုင်တယ်။ အကြောင်းမဲ့ပြင်းထန်ဓါတ်မတည့်ခြင်းလို့ခေါ်ကြတယ်။
ဓါတ်မတည့်ခြင်းများ ရင်ကြပ်ခြင်းများရှိပါကလည်း ပြင်းထန်ဓါတ်မတည့်ခြင်းဖြစ်နိုင်ချေများပါတယ်။
ဒီအချက်တွေဟာ ကျန်းမာရေးအကြံဉာဏ်တွေအတွက် အစားထိုးမဟုတ်တာကြောင့် အမြဲတမ်း ဆရာဝန်နဲ့ဆွေးနွေးတိုင်ပင်ဖို့မမေ့ပါနဲ့။
ဆရာဝန်ကခံစားရတဲ့ ဓါတ်မတည့်ခြင်းရဲ့လက္ခဏာတွေ၊ အရင်ကခံစားခဲ့ဖူးတဲ့ ဓါတ်မတည့်ခြင်းတွေအကြောင်းမေးမြန်းပါလိမ့်မယ်။ အရေပြားစစ်ဆေးမှုတွေ၊ သွေးစစ်ဆေးမှုတွေလည်း လုပ်ပါလိမ့်မယ်။
သင့်လက္ခဏာတွေဖြစ်စေနိုင်တဲ့ တခြားအချက်တွေလည်း ထည့်သွင်းစဉ်းစားပါလိမ့်မယ်။
နှလုံး၊ အဆုတ်ဆိုင်ရာပြဿနာများ
ပြင်းထန်ဓါတ်မတည့်ခြင်း မှာ အသက်ရှူရပ်ခြင်း သို့ နှလုံးခုန်ရပ်သွားပါက အရေးပေါ်ကုသသူများမှ CPR နည်း (အရေးပေါ်အသက်ကယ်နည်း)လုပ်ဖို့လိုပါလိမ့်မယ်။ ကုသမှုတွေကတော့-
သိလိုသည်များရှိပါက သင့်အတွက်အကောင်းဆုံးအဖြေရအောင် ဆရာဝန်နဲ့တိုင်ပင်ပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ဆက်စပ် အကြောင်းအရာများ
မှ အချက်အလက် စစ်ဆေးထားပါသည်။
Dr. Thurein Hlaing Win
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။