backup og meta

ခွေးချစ်တတ်ပေမယ့် တိရစ္ဆာန်တွေနဲ့ ဓာတ်မတည့်တဲ့သူတွေအတွက် အကောင်းဆုံး ခွေးအမျိုးအစားများ

ခွေးချစ်တတ်ပေမယ့် တိရစ္ဆာန်တွေနဲ့ ဓာတ်မတည့်တဲ့သူတွေအတွက် အကောင်းဆုံး ခွေးအမျိုးအစားများ

တကယ်လို့ သင်က ခွေးချစ်တတ်သူတစ်ယောက်ဖြစ်ပြီး အဆိုးဆုံး ဓာတ်မတည့်မှု ကလည်း ရှိနေတယ်ဆိုရင် သင့်အတွက်တော့ သိပ်မလွယ်ကူလှပါဘူး။ ခွေးတွေနဲ့ ဓာတ်မတည့်ခြင်းဟာ အသက်ရှူကြပ်ခြင်းနဲ့ နှာချေခြင်းတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ ရင်ကြပ်ရောဂါရှိသူတွေဟာ ပိုပြီးပြင်းထန်တဲ့ လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် ခွေးချစ်တတ်ပေမယ့် တိရစ္ဆာန်တွေနဲ့ ဓာတ်မတည့်တဲ့သူတွေအတွက် အကောင်းဆုံး ခွေးအမျိုးအစားများ က ဘာတွေဖြစ်နိုင်မလဲဆိုတာကို သင်လေ့လာထားသင့်ပါတယ်။

ခွေးချစ်တတ်ပေမယ့် တိရစ္ဆာန်တွေနဲ့ ဓာတ်မတည့်တဲ့သူတွေအတွက် အကောင်းဆုံး ခွေးအမျိုးအစားများ

ခွေးချစ်တတ်ပေမယ့် တိရစ္ဆာန်တွေနဲ့ ဓာတ်မတည့်တဲ့သူတွေအတွက် အကောင်းဆုံး ခွေးအမျိုးအစားများ အကြောင်း မပြောခင် ဒီအချက်လေးကို အရင်ပြောပြပေးချင်ပါတယ်။ ဒါကတော့

ဘာကြောင့် သင့်မှာ တိရစ္ဆာန်တွေနဲ့ ဓာတ်မတည့်မှုဖြစ်နေတာလဲ၊

များသောအားဖြင့်တော့ မိသားစုထဲက လူအားလုံး၊ အိမ်ရှိလူအကုန်ဟာ အိမ်မွေးတိရစ္ဆာန်တွေနဲ့ ဓာတ်မတည့်မှု ရှိနေတာမျိုး မဟုတ်ပါဘူး။  ဖြစ်နိုင်တာကတော့ ဓာတ်မတည့်တဲ့ မျိုးရိုးက သင့်ဆီရောက်လာတာဖြစ်မှာပါ။ တကယ်လို့သင့်မှာ အခြားသော ဓာတ်မတည့်မှုတွေ သို့မဟုတ် ရင်ကြပ်ရောဂါတွေ ရှိနေခဲ့ရင် အိမ်မွေး တိရစ္ဆာန်တွေနဲ့ ဓာတ်မတည့်မှုကလည်း ပိုဖြစ်နိုင်ပါတယ်။

ဓာတ်မတည့်မှု ဖြစ်တတ်တဲ့လူတွေမှာ တုံ့ပြန်မှုအားအရမ်းကိုကောင်းတဲ့ (Oversensitive) ခုခံအားစနစ်ရှိကြပါတယ်။ သူတို့ရဲ့ခန္ဓာကိုယ်ဟာ အန္တရာယ်မရှိတဲ့အရာတွေကိုလည်း အလွန်အကျွံတုံ့ပြန်တတ်ကြပါတယ်။ ဘယ်လိုအရာတွေလဲဆိုတော့ ခွေးမွေး (dander) လိုအရာမျိုးပေါ့။ ပြီးတော့ ဒါတွေကို ဘက်တီးရီးယားတို့ ဗိုင်းရပ်စ်တို့လိုပဲ တိုက်ထုတ်ပစ်လိုက်ပါတယ်။ နှာချေခြင်းနဲ့ မျက်ရည်ကျခြင်းတွေဟာ ခန္ဓာကိုယ်က ဓာတ်မတည့်တဲ့ပစ္စည်းတွေကို တိုက်ထုတ်လိုက်တာ ဒါမှမဟုတ် စွန့်ထုတ်လိုက်တာကြောင့်ဖြစ်လာတဲ့ ဘေးထွက်ဆိုးကျိုးတွေပါ။

ခွေးနဲ့ ဓာတ်မတည့်တာဟာ ခွေးအမျိုးအစားပေါ် မူတည်နေသလား

ဟုတ်တာပေါ့။ သင်ကံကောင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ အချို့သောခွေးအမျိုးအစားတွေဟာ ဓာတ်မတည့်မှုဖြစ်တာ နည်းပြီး အချို့ကတော့ လုံးဝမဖြစ်စေတာမျိုးလည်း ရှိပါတယ်။

ပထမဆုံး.. ရိုးရိုးသားသားပြောကြည့်မယ်ဆိုရင် ၁၀၀% ဓာတ်မတည့်မှုမဖြစ်စေတဲ့ ခွေးအမျိုးအစားကတော့ မရှိပါဘူး။ ကျွမ်းကျင်သူတွေက “ ခန့်မှန်းရလွယ်ပြီး တစ်သမတ်တည်း” (predictable and consistent coats) လို့ခေါ်တဲ့ ဓာတ်မတည့်သူတွေနဲ့ ပိုပြီးသင့်လျော်တဲ့ ခွေးအမျိုးအစားတွေတော့ရှိပါတယ်။ ဒီအမျိုးအစားတွေဟာ အမွေးမကျွတ်တာကြောင့် skin dander တွေလည်း ပိုနည်းနိုင်ပါတယ်။ skin dander ဆိုတာ ခွေးအမွေးမှာရှိတဲ့ အရာတစ်ခုဖြစ်ပြီး လူတွေကို ဓာတ်မတည့်မှုဖြစ်စေတဲ့ အဓိက အကြောင်းရင်းပေါ့။

သင့်အတွက် ကောင်းမွန်သင့်လျော်တဲ့ ခွေးအမျိုးအစားများ

ဒီမှာတော့ ယေဘုယျအားဖြင့် ဓာတ်မတည့်တဲ့သူတွေအတွက် သင့်လျော်ကောင်းမွန်တယ်လို့ ကျွမ်းကျင်သူတွေက သတ်မှတ်ထားတဲ့ ခွေးအမျိုးအစား ၁၁မျိုးကို ဖော်ပြပေးလိုက်ပါတယ်။

– Bedlington Terrier

– Chinese Crested

– Bichon Frise

– Irish Water Spaniel

– Poodles (toy, miniature, standard)

– Kerry Blue Terrier

– Maltese

– Portuguese Water Dog

-Xoloitzcuintli

– Schnauzers (miniature, standard, giant)

– Soft Coated Wheaten Terrier

သင်ခွေးတစ်ကောင်ကို မွေးချင်ရင် သင်ဘာလုပ်သင့်လဲ။

ဘယ်ခွေးအမျိုးအစားက သင့်ရဲ့လိုအပ်ချက်တွေနဲ့ကိုက်ညီပြည့်စုံသလဲဆိုတာကို အရင်ဆုံး သေချာဆုံးဖြတ်ပါ။ ဒါဟာ ဓာတ်တည့်သူဖြစ်စေ။ မတည့်သူဖြစ်စေ လူတိုင်းလုပ်ရမယ့် အရာတစ်ခုပါပဲ။ ခွေးအမျိုးအစားတစ်မျိုးချင်းစီမှာ ကိုယ်ရည်ကိုယ်သွေးတစ်ခုချင်းစီရှိကြပြီး အပြုအမူတွေလည်း ကွာခြားကြပါတယ်။

လေ့လာမှုတွေလုပ်ပြီးတဲ့နောက် ဘယ်အမျိုးအစားက သင့်အတွက် အကောင်းဆုံးလဲဆိုတာ ရွေးချယ်ပြီးတဲ့နောက်မှာတော့ နေထိုင်ရာနေရာကို ပြင်ဆင်ရတော့မှာပါ။ ခွေးတစ်ကောင်ကို ပိုင်ဆိုင်လာမယ့်အလျောက် dander တွေကပ်နေနိုင်တဲ့ ခန်းစည်းရှည်တွေ၊ ကော်ဇောတွေ၊ ကူရှင်အထူကြီးတွေနဲ့ ပရိဘောဂတွေ ဒါမှမဟုတ် ချည်ထည်တွေ နဲ့ အခြားသော ကော်ဇောအပိုတွေကို ဖယ်ရှားလိုက်ပါ။

ခွေးကိုရွေးချယ်ပြီးတဲ့နောက်မှာ သင့်ခွေးကို ပုံမှန်ရေချိုးသန့်စင်ပေးဖို့ မမေ့ပါနဲ့။ ဒါဟာ သင့်အိမ်ပတ်ဝန်းကျင်မှာ dander တွေ လျော့နည်းသွားစေပါတယ်။ ပုံမှန် တံမြက်စည်းလှည်းတာ ဖုန်စုပ်တာ စသဖြင့် လုပ်ပေးသင့်ပါတယ်။

အရေးကြီးတဲ့ ခြေလှမ်းတစ်ခုကတော့ သင့်ခွေးကို နေရာတိုင်းသွားခွင့်မပြုဘဲ ကန့်သတ်ထားဖို့ပါပဲ။ ဥပမာ – မိသားစုအခန်းတွေ ဒါမှမဟုတ် မြေအောက်ခန်းတွေပေါ့။ တကယ်လို့ သင့်မှာ ဓာတ်မတည့်မှုတွေရှိနေတယ်ဆို သင့်ခွေးကို သင့်အိပ်ရာနား မလာစေသင့်ပါဘူး။ ဒါမှမဟုတ် ပိုပြီးစိတ်ချရအောင် သင့်အခန်းနားကိုကို အကပ်မခံပါနဲ့။

တကယ်လို့သင်က ဘယ်ခွေးအမျိုးအစားကမှ ဓာတ်မတည့်စေတဲ့ပစ္စည်းတွေ ၁၀၀% ကင်းရှင်းနေတာမဟုတ်ဘူးဆိုတာ သိရပြီဆိုရင် ၊ dander ကို ပိုဂရုစိုက်လို့ ရှင်းလင်းပေးမယ်ဆိုရင် ကျွန်တော်တို့လို ဓာတ်မတည့်တဲ့သူတွေတောင်မှ ခွေးတစ်ကောင်နဲ့ ပျော်ရွှင်စရာကောင်းတဲ့ ဆက်ဆံရေးလေးကို ပိုင်ဆိုင်နိုင်ပါပြီ။ ခွေးချစ်တတ်ပေမယ့် တိရစ္ဆာန်တွေနဲ့ ဓာတ်မတည့်တဲ့သူတွေအတွက် အကောင်းဆုံး ခွေးအမျိုးအစားများ က ဘာတွေလဲဆိုတာကို သိလောက်ပြီ ထင်ပါတယ်။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

http://www.webmd.com/allergies/guide/dog-allergies?page=2

http://www.thejakartapost.com/life/2016/07/22/best-breeds-for-dog-people-with-pet-allergies.html

ယခုပုံစံ

28/08/2024

Wathun Myat Chal မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အိမ်မွေးတိရစ္ဆာန်ရှိသူလေးတွေသာရနိုင်တဲ့ ကောင်းကျိုးတွေ

အိမ်မွေးတိရစ္ဆာန် လေးတွေကို မွေးတဲ့အခါ ဘယ်လိုမျိုးမှန်ကန်အောင်မွေးသင့်သလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Wathun Myat Chal မှ ရေးသားသည်။ · 2 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement