ဓာတ်မတည့်ရောဂါများ

ဓာတ်မတည့်မှုတွေ ဆိုတာက သင့်ခုခံအားစနစ်က ပြင်ပပစ္စည်းတွေဖြစ်တဲ့ ဖုန်တွေ၊ အမွေးတွေ၊ အစားအစာတချို့တွေကို ပြန်ပြီး တုံ့ပြန်တာဖြစ်ပါတယ်။ ဓာတ်မတည့်မှုတွေပတ်သက်ပြီး သိထားသင့်သမျှကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။

ကျန်းမာရေးဗဟုသုတ

ဓာတ်မတည့်ရောဂါများ

ကော်ဖီနဲ့ ဓာတ်မတည့်ခြင်း ခံစားနေရပါသလား!

ကော်ဖီနဲ့ ဓာတ်မတည့်ခြင်း ခံစားနေရပါသလား! ဆိုလို့ နည်းနည်းများ ထူးဆန်းသွားသလား …… လူတွေမှာ အမျိုးမျိုးသော ဓာတ်မတည့်မှုတွေ ရှိနိုင်ပါတယ်။ ပုံမှန် အစားအစာတွေလို့ ယူဆရတဲ့ အချို့သော အရာတွေကို ခန္ဓာကိုယ်က တုံ့ပြန်မှု မတူကြတဲ့အခါ မတည့်တဲ့သူအဖို့မှာ ဓာတ်မတည့်မှုကို ခံစားကြရပါတယ်။ ဥပမာ ခေါက်ဆွဲ လူတိုင်းနဲ့  တည့်တယ်လို့ ထင်စရာ ရှိပေမယ့် ၁၀၀ မှာ ၂ ဦးလောက်က ခေါက်ဆွဲ စာပြီးရင် ဓာတ်မတည့်မှုကို ခံစားရတာမျိုး ရှိကြပါတယ်။  ဒီလိုပါပဲ မောနင်းတိုင်းလိုလိုမှာ စိတ်ကြည်အောင် တစ်နေ့တာလုံး လန်းဆန်းအောင်ဆိုပြီး မနက်ခင်းရဲ့ drink တစ်ခုအဖြစ် လူတော်တော်များများ သောက်ကြတဲ့ ကော်ကော်နဲ့ လူတိုင်း မတည့်ကြဘူးဆိုတာကို သင်သိပါသလား! ကော်ဖီဆိုတာ လူတိုင်းနဲ့ တည့်တယ်ဆိုပြီး ထင်ထားကြပေမယ့် အချို့သောသူတွေမှာ […]

ဓာတ်မတည့်ရောဂါများ ကဏ္ဍများကို ပိုမို သိရှိလိုသည်

အခြား ဓာတ်မတည့်ခြင်းများ

ဓာတ်မတည့်ရောဂါများ ကို ရှာဖွေမည်။

နှာခေါင်းနှင့် မျက်လုံး

နှာခေါင်းနဲ့မျက်လုံး ဓာတ်မတည့်ခြင်း

နှာခေါင်းနဲ့မျက်လုံး ဓာတ်မတည့်ခြင်း ဆိုတာ မျက်လုံးတွေ နီရဲပြီး ယားယံနေပြီလား..... ဒါက မျက်လုံး ဓာတ်မတည့်မှု ခံစားရသူတွေ အများစုမှာ ခံစားရနိုင်တဲ့ လက္ခဏာ တစ်မျိုးပါ။ မျက်လုံး ဓာတ်မတည့်မှုက သက်တောင့်သက်သာ မဖြစ်ခံစားရနိုင်သလို နေ့စဉ် လုပ်ငန်းဆောင်တာတွေမှာ အနှောင့်အယှက် ဖြစ်ရပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးဘူး နောက်ထပ် အဖြစ်များတဲ့ ဓာတ်မတည့်မှု တစ်ခုရှိသေးပါတယ်။ ဒါကတော့ နှာရည်ယိုတာ၊ နှာချေတာတွေကို ဖြစ်စေနိုင်တဲ့ နှာခေါင်း ဓာတ်မတည့်မှုပါ။ ဒီဓာတ်မတည့်မှုကလည်း နေ့စဉ် လုပ်ငန်းဆောင်တာကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ အဖြစ်များတဲ့ မျက်လုံးနဲ့ နှာခေါင်း ဓာတ်မတည့်မှုအကြောင်း ပြောပြပေးသွားပါမယ်။ နှာခေါင်းနဲ့မျက်လုံး ဓာတ်မတည့်ခြင်း ဘယ်သူတွေမှာ ဖြစ်နိုင်လဲ။ နှာခေါင်း ဓာတ်မတည့်မှု နဲ့ မျက်လုံး ဓာတ်မတည့်မှု ပြဿနာတွေက ကမ္ဘာ့ လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းကျော်လောက် ခံစားနေရတဲ့ […]


အစာဓာတ်မတည့်ခြင်း

အစာဓာတ်မတည့်ခြင်း

အစာဓာတ်မတည့်ခြင်း ဆိုတာ အစားအစာ တစ်ခုခုကို စားပြီး သိပ်မကြာခင်မှာ ကိုယ်ခံအားစနစ်က တုံ့ပြန်တဲ့  တုံ့ပြန်မှု တစ်ရပ်ပါ။ ဓာတ်မတည့်မှု ဖြစ်စေနိုင်တဲ့ အစားအစာ နည်းနည်းလေးကို စားမိရင်တောင်မှ အစာမကြေတာ၊ အင်ပြင်တွေ ထတာ၊ လေပြွန်တွေ ရောင်တာလိုမျိုး အစာဓာတ်မတည့်မှု လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ အစာဓာတ်မတည့်မှု က သိပ်မပြင်းထန်တဲ့ အခြေအနေကနေ အသက်အန္တရာယ်ကို ထိခိုက်စေလောက်တဲ့အထိ ပြင်းထန်တဲ့ အစာဓာတ်မတည့်မှုတွေအထိ ဖြစ်စေနိုင်ပါတယ်။ အစာဓာတ်မတည့်မှုကို ဘယ်လောက်များများ ခံစားရနိုင်လဲ အစာဓာတ်မတည့်ခြင်း ကို အသက် ၃ နှစ်အောက် ကလေးငယ်တွေရဲ့ ၆ ရာခိုင်နှုန်းလောက်ကနေ ၈ ရာခိုင်နှုန်းလောက်အထိ ခံစားနေရပြီး အရွယ်ရောက်ပြီးသူ ၃ ရာခိုင်နှုန်းလောက်ဟာလည်း အစာဓာတ်မတည့်မှုကို ခံစားနေရပါတယ်။ အစာဓာတ်မတည့်ခြင်း ကို ကုသနိုင်တဲ့ ကုထုံးကတော့ မရှိသေးပါဘူး။ အချို့ကလေးတွေဟာ ငယ်စဉ်မှာ အစာဓာတ်မတည့်မှုကို […]


အရေပြား အလာ့ဂျစ် (ဓာတ်မတည့်)ဖြစ်ခြင်း

အရေပြား ဓာတ်မတည့်မှု

အရေပြား ဓာတ်မတည့်မှု အကြောင်း နည်းနည်းလေ့လာကြည့်ရအောင် .. အရေပြားကို တစ်ခုခုနဲ့ ထိတွေ့မိလိုက်တဲ့အခါ ကိုယ်ခံအားက ပြင်ပက အန္တရာယ်ရှိတဲ့ အရာတစ်ခုခု ကျူးကျော်ဝင်ရောက်လာတဲ့ အထင်နဲ့ တုံ့ပြန်မှုတွေ ဖြစ်လာပါတယ်။ ဒီလို တုံ့ပြန်မှုအတွက် ခုခံဖို့ ခန္ဓာကိုယ်က ပဋိပစ္စည်းတွေ ထုတ်လုပ်ပေးလိုက်ပါတယ်။ သင့်တင့်သလောက်ပဲ တုံ့ပြန်ရင် ပြဿနာမရှိပေမယ့် ကိုယ်ခံအားက အလွန်အကျွံ တုံ့ပြန်တဲ့အခါ ရလဒ် အနေနဲ့ အရေပြားမှာ အင်ပြင်တွေ ထွက်တာ၊ အနီရောင် အဖုအပိမ့်တွေ ထွက်တာမျိုး ဖြစ်လာနိုင်ပါတယ်။ ဒါက အရေပြား ဓာတ်မတည့်မှုပါ။ အရေပြား ဓာတ်မတည့်မှု ဘယ်သူတွေမှာ ဖြစ်နိုင်လဲ။ အရေပြား ဓာတ်မတည့်မှုက ကလေးတွေမှာရော အရွယ်ရောက်ပြီးသူတွေမှာပါ အမျိုးအမျိုးသော အခြေအနေတွေနဲ့ ဖြစ်နိုင်ပါတယ်။ အရေပြား ဓာတ်မတည့်မှုကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေကလည်း အမျိုးမျိုးပါပဲ။ ကိုယ်ခံအားက အန္တရာယ်မဖြစ်စေနိုင်တဲ့ အရာတစ်ခုခုကို ပုံမှန်မဟုတ်တဲ့ […]


အခြား ဓာတ်မတည့်ခြင်းများ

သုက်ရည်နှင့် ဓာတ်မတည့်ခြင်း

သုက်ရည်ဟာ မျိုးပွားမှုမှာ အဓိကကျတဲ့ ပါဝင်ပစ္စည်းဖြစ်ပေမယ့် တစ်ခါတစ်ရံမှာ ဓာတ်မတည့်မှုဝေဒနာမျိုးဖြစ်စေနိုင်ပါတယ်။ ပုံမှန်ဖြစ်နေကျ ရောဂါအမျိုးအစားမဟုတ်ပဲ ရှားပါးတဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ သုက်ရည်နဲ့ ဓာတ်မတည့်မှုကို Semen Allergy လို့ အလွယ်တကူခေါ်ဆိုကြပြီး ဆေးပညာမှာတော့ Human Seminal Plasma Hypersensitivity (HSP) လို့ ခေါ်ပါတယ်။ သုက်ရည်ဓာတ်မတည့်မှုလို့ အလွယ်တကူပြောဆိုကြပေမယ့် တကယ်တမ်းအားဖြင့် သုက်ရည်နဲ့ သုက်ပိုးတွေမှာ အဓိကပါဝင်ပစ္စည်းအဖြစ်ပါဝင်နေတဲ့ ပရိုတိန်းနဲ့ ဓာတ်မတည့်မှုဖြစ်ပါတယ်။ အဆိုပါဓာတ်မတည့်မှုဟာ အမျိုးသမီးတွေမှာ အများဆုံးဖြစ်ပွားလေ့ရှိပြီးတော့ အမေရိကန်ပြည်ထောင်စု တစ်နိုင်ငံတည်းမှာတင် Semen Allergy ဝေဒနာခံစားနေရသူ အမျိုးသမီး ၄၀၀၀၀ ကျော်ရှိပါတယ်။ ဒီရောဂါရဲ့အကြောင်းကို သိရှိလာကြတာက မကြာသေးပါဘူး။ ဒါကြောင့် တချို့အချက်အလက်တွေကို တိတိကျကျ မသိရှိသေးတာတွေရှိနေပါသေးတယ်။ အမျိုးသားတွေအနေနဲ့ သူများကိုယ်ကထွက်တဲ့ သုက်ရည်နဲ့သာမက ကိုယ့်ရဲ့ ခန္ဓာကိုယ်ထဲက ထွက်ရှိတဲ့ သုက်ရည်ကြောင့်ပါ ဓာတ်မတည့်မှုဖြစ်နိုင်တယ်ဆိုတာပါပဲ။   သုက်ရည်နဲ့ဓာတ်မတည့်မှု […]


အခြား ဓာတ်မတည့်ခြင်းများ

Latex Allergy (သားရေနဲ့ ဓာတ်မတည့်ခြင်း)

Latex allergy (သားရေနဲ့ဓာတ်မတည့်ခြင်း) ဆိုတာ သဘာဝ သားရေမှာတွေ့ရတဲ့ ပရိုတင်းတစ်မျိုးနဲ့ ဓာတ်ပြုတုံ့ပြန်တဲ့ အခြေအနေပါ။ ရော်ဘာပင် အစေးနဲ့ ဓာတ်မတည့်တာပါ။ တကယ်လို့ သားရေနဲ့ဓာတ်မတည့်ဘူးဆိုရင် သားရေကို ထိတွေ့မိတဲ့အခါမျိုးမှာ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားက တုံ့ပြန်မှုတွေ ပြလာပါလိမ့်မယ်။ သားရေဓာတ်မတည့်မှုဖြစ်တဲ့အခါ အရေပြား ယားယံတာ၊ အင်ပျဉ်လို အဖုအပိမ့်တွေ ထွက်တာမျိုး ခံစားရနိုင်ပါတယ်။ ဒီထက်ဆိုးရင်တော့ လည်ချောင်းတွေ ရောင်ရမ်းတာ၊ လေပြွန်တွေ ရောင်ရမ်းတာ၊ အသက်ရှူရခက်တာ၊ အသက်အန္တရာယ် ထိခိုက်တာမျိုးတွေအထိ ခံစားရနိုင်ပါတယ်။ ဒီတော့ ကြိုတင် သိရှိကာကွယ်နနိုင်စေဖို့ သားရေနဲ့ဓာတ်မတည့်ခြင်းအကြောင်းကို လေ့လာကြည့်ရအောင်ပါ။ သားရေနဲ့ဓာတ်မတည့်မှု လက္ခဏာများ သားရေနဲ့ဓာတ်မတည့်ဘူးဆိုရင် သားရေနဲ့လုပ်ထားတဲ့အရာတစ်ခုခု ဥပမာ လက်အိတ်၊ ဘောလုံးစတာတွေကို ကိုင်တွယ်ထိတွေ့ အသုံးပြုချိန်မှာ ဖြစ်ဖြစ် လေထုထဲမှာ လွှင့်ပါနေတဲ့ သားရေမှုန်လေးတွေကို ရှူရှိုက်မိတဲ့အခါမျိုးမှာဖြစ်ဖြစ် ဓာတ်မတည့်မှု လက္ခဏာတွေကို ခံစားရနိုင်ပါတယ်။ သားရေဓာတ်မတည့်မှု လက္ခဏာဟာ […]


ဓာတ်မတည့်ရောဂါများ

ဓာတ်မတည့်ခြင်း

ဓာတ်မတည့်ခြင်း ဆိုတာ ပုံမှန်အားဖြင့် အန္တရာယ် မရှိတဲ့အရာတွေကို ကိုယ်ခံအားက ပုံမှန် မဟုတ်ဘဲ တုံ့ပြန်တဲ့ အခြေအနေပါ။ ဒီအခြေအနေကို ဓာတ်မတည့်ခြင်း (ALLERGY) လို့ခေါ်တာပါ။ ဓာတ်မတည့်မှုဖြစ်စေတဲ့အရာ (allergens) တစ်ခုခုကို ထိတွေ့မိပြီဆိုတာနဲ့ ခန္ဓာကိုယ်က နှာချေတာ၊ နှာစေးတာ၊ အရေပြားမှာ အနီအပိမ့်တွေထွက်တာ၊ အင်ပြင်တွေလိုဖြစ်တာမျိုး ဖြစ်ပြီး တုံ့ပြန်ပါတယ်။  ဒါက ခန္ဓာကိုယ်က ဓာတ်မတည့်မှုကို တုံ့ပြန်ဖို့ ခန္ဓာကိုယ်က ဓာတုပစ္စည်းတွေ ထုတ်နေတဲ့ လက္ခဏာတွေပါ။ အဆိုးဆုံးအနေနဲ့ ဓာတ်မတည့်တာက သေဆုံးတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ အတွေ့ရများတဲ့ ဓာတ်မတည့်မှုတွေကတော့ ဝတ်မှုန်ဓာတ်မတည့်ခြင်း (Hay Fever)၊ အစားဓာတ်မတည့်ခြင်း (food allergies)၊ အရေပြားဓာတ်မတည့်မှုပြဿနာတွေပါ။ ဓာတ်မတည့်မှုက အဖြစ်များတဲ့ ကျန်းမာရေးပြဿနာဖြစ်ပြီး သေချာလေး ကုသမှုခံယူဖို့ လိုပါမယ်။ ဓာတ်မတည့်ခြင်း လက္ခဏာများ ဓာတ်မတည့်မှုဖြစ်တဲ့အခါ ခန္ဓာကိုယ်က histamine နဲ့ leukotrienes […]


အစာဓာတ်မတည့်ခြင်း

ဓာတ်မတည့်စာအကြောင်း သိထားသင့်သမျှ

ဓာတ်မတည့်တဲ့ ပြဿနာဟာ တစ်ကမ္ဘာလုံးရဲ့ လူသန်းပေါင်းများစွာ ခံစားနေရတဲ့ ပြဿနာတစ်ခုပါ။ ဘာကြောင့်ဓာတ်မတည့်တာလဲဆိုတာနဲ့ ပတ်သက်ပြီး အကြောင်းအရင်း အတိအကျကို ရှာဖွေနိုင်ခြင်းမရှိသေးပေမဲ့ မိဘမျိုးရိုး၊ ကိုယ်ခံအားစနစ် ဖောက်လွဲဖောက်ပြန်ဖြစ်တာ၊ ရောဂါအခံ၊ အရေပြားက ထိခိုက်လွယ်တာ စတဲ့ အကြောင်းရင်းတွေကြောင့် ဖြစ်နိုင်ခြေ ပိုများပါတယ်။ ဓာတ်မတည့်ခြင်းတွေထဲမှာ အစားအစာက အဖြစ်အများဆုံးဖြစ်ပြီး၊ လေထု၊ ရေထု၊ ဓာတုဗေဒပစ္စည်း၊ ဖုန်မှုန့်၊ ရောဂါပိုးမွှား၊ အဝတ်အစား စတာတွေကြောင့်လည်း ဓာတ်မတည့်ဖြစ်စေနိုင်ပါတယ်။ အစားအစာတွေနဲ့ ဓာတ်မတည့်တဲ့ လူဦးရေဟာ လူလတ်ပိုင်းအရွယ်တွေမှာ ၅ ရာခိုင်နှုန်း၊ ကလေးအရွယ်မှာ ၈ ရာခိုင်နှုန်းအထိ ဖြစ်နေပြီး အခုထိလည်း ဓာတ်မတည့်တဲ့ လူဦးရေဟာ တိုးပွားနေဆဲလို့ စစ်ဆေးချက်များအရ သိထားပါတယ်။ ဘယ်အစားအစာတွေက ဓာတ်မတည့်မှု ဖြစ်နိုင်ခြေအများဆုံးလဲ။ ၁။ နွားနို့ ရင်သွေးလေးတွေနဲ့ အသက်အရမ်းငယ်သေးတဲ့ ကလေးတွေမှာ ဓာတ်မတည့်တာ အဖြစ်များပြီး […]


တိရစ္ဆာန် နှင့် အင်းဆက်ပိုးကောင်များကြောင့်ဓာတ်မတည့်ခြင်း

သင့်ကိုဖျားနာစေမယ့် ပိုးဟပ်ဆိုးလေးများ

သင့်ရဲ့အိမ်တွင်းထဲမှာ အင်းဆက်၊ ပိုးမွှားတွေရှိနေတယ်လို့ ခံစားရရုံနဲ့ သင့်ကို အော်ဂလီဆန်စေမှာပါ။ ကြွက်၊ ခြ၊ အိမ်မြှောင်၊ ကြမ်းပိုး၊ ကြောင်သန်းစတဲ့ အရွယ်အစားမျိုးစုံ၊ ပုံစံမျိုးစုံနဲ့အကောင်တွေဟာ လူတွေရဲ့ အိမ်ထဲမှာ ကျင်လည်ကျက်စားတတ်ကြပါတယ်။ ဒီတစ်ခေါက်တော့ သင့်ကိုဖျားနာစေမယ့် ပိုးဟပ်ဆိုးလေးများ အကြောင်း ပြောပြပေးချင်ပါတယ်။ သင့်ကိုဖျားနာစေမယ့် ပိုးဟပ်ဆိုးလေးများ သင့်ကိုဖျားနာစေမယ့် ပိုးဟပ်ဆိုးလေးများ ဒီအကောင်ပလောင်တွေဟာ အိမ်မှာ မှီခိုနေရုံတင်မကပါဘူး။ ရောဂါပိုးမွှားပြဿနာပေါင်းစုံကိုလည်း တစ်ပါတည်း သယ်ဆောင်လာပါတယ်။ ဒါကြောင့် သူတို့တွေဟာ သင့်ရဲ့ အိမ်ကို ညစ်နွမ်းစေရုံသာမကဘဲ သင့်ကျန်းမာရေးကိုလည်း ဆိုးရွားစွာထိခိုက်စေနိုင်ပါသေးတယ်။ အကောင်ပလောင်တွေထဲကမှ လုံးဝမေ့ထားလို့မဖြစ်တဲ့ အကောင်ကတော့ ပိုးဟပ်ပါပဲ။ ပိုးဟပ်တွေဟာ စိတ်ပျက်စရာ ကောင်းရုံသာမက ကျန်းမာရေးပြဿနာတွေကိုလည်း ဖြစ်စေ နိုင်တာမို့ သတိထားနှိမ်နှင်းသင့်ပါတယ်။ ဒါကြောင့် ပိုးဟပ်တွေရဲ့အကြောင်း၊ သူတို့ဘယ်လိုရှင်သန် ကြသလဲ၊ သူတို့ကို ဘယ်လိုနှိမ်နှင်းနိုင်မလဲ၊ သူတို့ကြောင့်ဖြစ်တဲ့ ဓာတ်မတည့်မှုတွေကို ဘယ်လို […]


အစာဓာတ်မတည့်ခြင်း

ကီဝီသီးနှင့် ဓာတ်မတည့်ခြင်း

ချိုချိုချဉ်ချဉ် အရသာနဲ့ စားလို့ကောင်းတဲ့ ကီဝီသီးကို လူအတော်များများစားဖူးကြမှာပါ။ Chinese gooseberry လို့လည်းခေါ်ဆိုကြတဲ့ ကီဝီသီးမှာ ဗီတာမင်ဓာတ်တွေအများကြီးပါတာကြောင့် ကျန်းမာရေး နဲ့လည်းညီညွတ်ပါတယ်။ ဒါပေမဲ့ ကီဝီသီးစားပြီး ဓာတ်မတည့်မှုဖြစ်ပေါ်တတ်တာကို သိပါသလား ဓာတ်မတည့်ခြင်းဆိုတာ လူ့ခန္ဓာကိုယ်ထဲက ခုခံအားစနစ်က ပြင်ပကဝင်လာတဲ့ဓာတ်တွေကို ပုံမှန်မဟုတ်ဘဲ တုံ့ပြန်တဲ့အခါမှာကြုံရတတ်ပါတယ်။ ဓာတ်မတည့်ခြင်းအမျိုးမျိုးရှိပြီးတစ်ယောက်နဲ့တစ်ယောက်လည်း မတူပါ ဘူး။ ကီဝီသီးစားရင်ဓာတ်မတည့်တဲ့အခြေအနေကိုတော့ ကလေးငယ်တွေနဲ့ လူငယ်ပိုင်းတွေမှာပိုတွေ့ရတတ် ပါတယ်။ ဘာလက္ခဏာတွေ ပြမလဲ ကီဝီသီးစားလို့ဓာတ်မတည့်ရင် ပါးစပ်၊လျှာ၊ လည်ပင်းလို သွားနဲ့ခံတွင်းဆိုင်ရာ နေရာတွေကို အဓိကပြဿနာပေး ပါတယ်။ ဓာတ်မတည့်တဲ့လက္ခဏာတွေက အများအားဖြင့်သိပ်မပြင်းထန်တတ်ပါဘူး။ ပါးစပ်နဲ့လည်ချောင်းထဲမှာ ယားယံခြင်း၊ လျှာ၊နှုတ်ခမ်းနဲ့လည်ချောင်းထဲမှာထုံကျဉ်ခြင်း စတာတွေလောက်ပဲ ကြုံရတတ်ပေမဲ့ အချို့သူတွေမှာဆိုရင်တော့ အသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ပြင်းထန်ပါတယ်။ အသက်ရှူရခက်ခဲလာခြင်း၊ ဗိုက်အောင့်ဗိုက်နာခြင်း၊ မူးဝေအော့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ သွေးပေါင်ချိန်ကျသွားခြင်း၊ နှလုံးခုန်မြန်ခြင်း၊ မူးမေ့သွားခြင်း စတဲ့လက္ခဏာတွေပြလာခဲ့ရင် ဆေးရုံဆေးခန်းမှာပြသဖို့လိုအပ်ပါတယ်။ ဓာတ်မတည့်ခြင်းမဖြစ်အောင် ဘယ်လိုနေမလဲ ဓာတ်မတည့်တဲ့ […]


အခြား ဓာတ်မတည့်ခြင်းများ

Latex ကွန်ဒုံးနဲ့ ဓာတ်မတည့်ခြင်း ဆိုတာ ဘာလဲ

အလွှာပါးရတာ မကြိုက်တဲ့ ဘော်ဒါတွေ ခေါင်းစဉ်ကို ကြည့်ပြီး အပျော်မစောလိုက်ပါနဲ့။ ဒီဖြစ်စဉ်ဟာ လူသန်းပေါင်းများစွာထဲမှာ ရာဂဏန်းလောက်မှာသာ တွေ့ရတတ်တဲ့ ဓာတ်မတည့်ခြင်း လက္ခဏာပါ။ တကယ်တမ်းက ကွန်ဒုံးနဲ့ ဓာတ်မတည့်တာ မဟုတ်ဘဲနဲ့ ကွန်ဒုံးကို ပြုလုပ်ထားတဲ့ Latex ရာဘာသားနဲ့ ဓာတ်မတည့်တာကို ဆိုလိုခြင်း ဖြစ်ပါတယ်။ စစချင်းမှာ ကိုယ့်မှာ ဓာတ်မတည့် လက္ခဏာ ရှိလို့ ရှိမှန်းမသိဘဲ အသုံးပြုတာ နှစ်ရှည်လများ ကြာလာတော့မှ လက္ခဏာ စပြတတ်တာမျိုးလည်း ရှိပါတယ်။ Latex ကွန်ဒုံးနဲ့ ဓာတ်မတည့်ခြင်း လက္ခဏာတွေက ဘာတွေလဲ။ များသောအားဖြင့် ကွန်ဒုံးကို ချွတ်ပြီး နာရီပိုင်းအတွင်းမှာ လက္ခဏာ ပြလာတတ်ပြီး ရှားပါးဖြစ်စဉ်မှာတော့ ကွန်ဒုံးကို စွပ်လိုက်ပြီး မိနစ်အနည်းငယ်အတွင်းမှာ လက္ခဏာ ပြလာနိုင်ပါတယ်။ အတွေ့များတဲ့ ဓာတ်မတည့် လက္ခဏာတွေကတော့ အရေပြား ယားယံခြင်း […]

ad iconadvertisement
အမေးများသောမေးခွန်းများ
ad iconadvertisement
ad iconadvertisement

ကျွန်ုပ်တို့၏ ကျွမ်းကျင်ပညာရှင်များ

Hello Sayarwonရဲ့ ကျွမ်းကျင်ပညာရှင်များနှင့် တည်းဖြတ်စိစစ်သူများတွင် အသိအမှတ်ပြု လက်မှတ်ပေါင်းများစွာရထားသော သမားတော်များ၊ ကျန်းမာရေး ပညာရှင်များ၊ အထူးကုများပါဝင်ပြီး ၄င်းတို့၏ ကျွမ်းကျင်မှုအလိုက် ကျွန်ုပ်တို့၏ ဆောင်းပါးဖန်တီးမှုများကို အားဖြည့်ပေးပါသည်။ ၄င်းတို့ကြောင့် ဆောင်းပါးတစ်ပုဒ်စီတိုင်းသည် မှန်ကန်တိကျပြီး နောက်ဆုံးပေါ်သိပ္ပံနည်းကျ လေ့လာထားသည့် အချက်အလက်များကို ထည့်သွင်းနိုင်ခြင်း ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ပညာရှင်များသည် သင့်အတွက် ယုံကြည်စိတ်ချရသော ကျန်းမာရေးအချက်အလက်များ ပေးနိုင်ရန် မနားမနေ ကြိုးစားလျက်ရှိပါသည်။ သင့်ကျန်းမာရေးနဲ့ ပတ်သက်ပြီး ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်ဖြစ် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ရန် ကူညီပေးလျက် ရှိပါသည်။

ကျွမ်းကျင်သူများနှင့် တွေ့ဆုံရန်
expert badge medical

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် • HHG

ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
အဖွဲ့အစည်း