နို့တိုက် မေမေတွေ တစ်နေ့ ရေဘယ်လောက်သောက်ရမလဲ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date ဇူလိုင် 3, 2020 . 2 mins read
Share now

ရာသီဥတုက ပူပြင်းလာတဲ့အခါ သူသူကိုယ်ကိုယ် နဂိုကထက်ပိုပြီး ရေဆာလာတတ်ကြပါတယ်။ ဒီထဲမှာ နို့တိုက်မေမေ တွေလည်း ပါပါတယ်။ သူတို့က သူတို့အပြင် ကလေးကိုလည်း နို့တိုက် ရတဲ့ အတွက် တစ်နေ့တစ်နေ့ သူတို့ ရေသောက်တာ လုံလောက်ပါ့မလား။ သူတို့ရေသောက်နည်းရင် နို့ထွက်ရော နည်းသွားမလားဆိုပြီး စိုးရိမ်တတ်ကြပါတယ်။ ဒီဆောင်းပါးမှာ မေမေတွေ ရေဘယ်လောက်သောက်သင့်လဲ။ မေမေတွေ ရေသောက်နည်းရင် ကလေးတွေရော ရေငတ်သွားမလားဆိုတာကို ပြောပြပေးပါမယ်။

နို့တိုက် မေမေတွေ တစ်နေ့ ရေဘယ်လောက် သောက်ကြမလဲ။

မေမေတွေက တစ်နေ့ကို နို့ ၇၅၀ မီလီလီတာလောက် ထွက်ပါတယ်။ ရေသန့်ဘူး တစ်ဝက်ကျော်ကျော်လောက်ပေါ့။ ဒါကြောင့်  European Food Safety Authorityက တစ်နေ့တာ လိုအပ်ချက်အပြင် အပို ၇၀၀ မီလီလီတာလောက် ထပ်ဆောင်းသောက်ပေးဖို့ ပြောထားပါတယ်။ နို့တိုက်ကျွေးရေး ပညာရှင်တွေကတော့ ရေဆာတိုင်း သောက်တာအပြင် နည်းနည်းလောက် ပိုသောက်ပေးဖို့ ပြောထားပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ရဲ့ တစ်နေ့တာ ရေလိုအပ်ချက်က မတူတဲ့အတွက် ဘယ်လောက်သောက်လို့ ပြောဖို့ခက်ပါတယ်။  အလွယ်နည်းလမ်းကတော့

  • ကိုယ်အလေးချိန်ကို တစ်ဝက် ဝက်ပါ။ ဒါကိုယ်သောက်ရမယ့် တစ်နေ့တာ ရေရဲ့ အောင်စကို ရမှာပါ။ ဥပမာ သင်က ပေါင်ချိန် ၁၄၀ ရှိတယ်ဆိုပါတော့။ တစ်ဝက်ဝက်ရင် ၇၀ ရပါမယ်။ ဒါဆို သင် တစ်နေ့ကို ရေ၇၀အောင်စ သောက်ရမှာပါ။ တစ်အောင်စမှာ ၀.၀၃ လီတာ ရှိတဲ့ အတွက် တွက်ကြည့်ရင် ၂.၁လီတာ။ ရေသန့်ဘူး ၂ဘူး စွန်းစွန်းလောက် သောက်ပေးရမှာပါ။ ဒီကြားထဲမှာ ရေဆာရင်၊ ချွေးထွက်များရင် ထပ်သောက်နိုင်ပါတယ်။
  • ဒီဂဏန်းတွေ မတွက်တတ်ပါဘူးဆိုရင်လည်း ကလေးကို နို့မတိုက်ခင် တစ်ခါ၊ နို့တိုက်ပြီးတိုင်းမှာ တစ်ခါ ရေသောက်ပေးပါ။ ကြားထဲမှာလည်း ရေဆာတိုင်းသောက်ပေးလို့ရပါတယ်။
  • နောက်တစ်ခုက ဆီးအရောင်ကို ကြည့်ပါ။ ဆီးအရောင်ရင့်နေရင် ရေသာက်ဖို့ လိုနေပါပြီ။ ဆီးအရောင်ကြည်နေတာ ရေဓာတ်ပြည့်ဝတယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။
  • အမြွှာမေမေတွေကတော့ ရေပိုသောက်ဖို့ လိုနိုင်ပါတယ်။ အသေးစိတ်ကို အာဟာရဆရာဝန်နဲ့ ဆွေးနွေးပါ။

ရေများများသောက်ရင် နို့များများ ထွက်မှာလား။

တော်တော်များများ ထင်ကြတာတော့ ရေများများသောက်ရင် နို့များများ ထွက်မယ်ပေါ့။ ဒါနဲ့ပတ်သတ်ပြီး တစ်ထစ်ချ ပြောလို့မရပါဘူး။  သိပ္ပံနည်းကျလေ့လာထားတာလည်း မရှိပါဘူး။ အဓိကရေသောက်ခိုင်းရတဲ့ အကြောင်းရင်းက နို့မထွက်မှာ စိုးတာထက် သင်ရေဓာတ်မလုံလောက်မှာ စိုးလို့ပါ။

ကလေးက နို့စို့လေ နို့ပိုထွက်လေပါပဲ။ ကလေးနို့စို့ရင် ထွက်လာတဲ့ အောက်ဆီတိုစင် ဟော်မုန်းက သားအိမ်ကို ကျုံ့စေသလို နို့ပိုထွက်အောင်လည်း လုပ်ပေးပါတယ်။ ရှားရှားပါးပါး ရေသောက်များလို့ ရေဆိပ်သင့်တာ၊ ဆီးခဏခဏသွားရလွန်းလို့ နို့ရည်ထဲက ရေတွေပါ ပါပြီး နို့ထွက်နည်းသွားတာမျိုးတော့ ရှိတတ်ပါတယ်။

နို့တိုက်ချိန်မှာ ရေဓာတ်မလုံလောက်ရင် ဘာဖြစ်နိုင်လဲ။

အဓိကကတော့ အမေမှာ ရေဓာတ်မလုံလောက်တဲ့ ပြဿနာ ဖြစ်လာမှာပါ။ နို့တိုက်ချိန်မှာ ရေဓာတ်မလုံလောက်စေတဲ့ အကြောင်းရင်းတွေ အများကြီးရှိပေမယ့် ရေလုံလုံလောက်လောက် မသောက်တာက အတွေ့ရအများဆုံး အကြောင်းရင်းပါပဲ။ ရေဓာတ်မလုံလောက်ရင်

  • နှုတ်ခမ်းတွေ ခြောက်လာမယ်
  • အသားတွေ ခြောက်ပြီး ယားလာမယ်
  • ခေါင်းမူးမယ်
  • ကြွက်တက်မယ်
  • နုံးမယ်
  • ခေါင်းကိုက်မယ်
  • ပါးစပ်ခြောက်လာမယ်
  • အာရုံစူးစိုက်ရ ခက်လာမယ်

ဒါဆိုရင် သင့်ခန္ဓာကိုယ်က ရေဓာတ်မလုံလောက်ဘူးလို့ အချက်ပြနေပါပြီ။ ရေသာမြန်မြန် သွားသောက်လိုက်ပါတော့။

နို့တိုက် ချိန်မှာ ရေဓာတ်ပြည့်ဝနေစေမယ့် နည်းလမ်းများ

  • သင့်ခန္ဓာကိုယ်က ပြောတာကို နားထောင်ပါ။

ရေဆာတာနဲ့ ရေသောက်ပါ။ နို့တိုက်မေမေတွေက သာမန်လူတွေထက် ရေပိုဆာတတ်ပါတယ်။ ဒါကြောင့် ရေဘူးကို လက်လှမ်းမီတဲ့နေရာမှာ အဆင်သင့်ဆောင်ထားပါ။ တစ်ခါတည်း အများကြီး မသောက်နိုင်ရင် တစ်နေကုန် တစ်စွတ်စွတ် သောက်ပေးပါ။

  • ရေထဲမှာ တခြားဟာတွေ ဖြည့်စွက်ပြီး သောက်ပေးပါ။

နေ့တိုင်း ရေချည်းပဲ သောက်ရတာ ရိုးလာရင် ရေထဲကို သံပုရာသီးစိတ်လေးတွေ၊ သခွားသီးလေးတွေ လှီးထည့်ပြီး သောက်ပေးပါ။ လူကို လန်းဆန်းစေသလို အသီးတွေထဲက အာဟာရတွေလည်း ရစေပါတယ်။

  • သကြားဓာတ်များတာတွေကို ရှောင်ပါ။

သကြားဓာတ်များတဲ့ အချိုရည်တွေသောက်မယ့်အစား အိမ်မှာပဲ လတ်လတ်ဆတ်ဆတ် အသီးတွေကို ဖျော်သောက်ပါ။ အချိုရည်တွေက ရေပိုဆာစေပြီး မလိုအပ်ဘဲ ကယ်လိုရီတွေ တက်စေပါတယ်။

ကော်ဖီ၊ လက်ဖက်ရည်တွေက ဆီးရွှင်စေပါတယ်။ ဆီးများများသွားတော့ ရေဓာတ်ဆုံးရှုံးတာ ပိုများလာတာပေါ့။ ပြီးတော့ ဒါတွေက အချိုရည်တွေလိုပဲ ရေပိုဆာစေပါတယ်။

  • အရည်ရွှမ်းတဲ့ အသီးအနှံတွေ စားပေးပါ။

လိမ္မော်သီး၊ ဖရဲသီး၊ စတော်ဘယ်ရီ စတဲ့ အသီးတွေနဲ့ ဆလပ်ရွက်၊ သခွားသီး၊ ဂေါ်ဖီထုပ် စတာတွေက ရေဓာတ်ပါဝင်မှု များလို့ များများ စားသင့်ပါတယ်။

ရေလည်း ဆာတယ်။ နုံးလည်းနုံးတယ်။ ခြေလက်တွေလည်း မသယ်ချင်ဘူးဆိုရင် ဓာတ်ဆားသောက်ပေးလို့ ရပါတယ်။ ဓာတ်ဆားဖျော်သောက်တာက ရေဓာတ်အပြင် ခန္ဓာကိုယ်မှာ လိုအပ်နေတဲ့ ဆားဓာတ်တွေပါ ရရှိစေပါတယ်။ ဒါပေမယ့် ရေဆာတိုင်း ဓာတ်ဆားပဲ သောက်နေတာကိုတော့ အားမပေးပါဘူး။

ရေဆာတိုင်း ရေသောက်ပေးတာအပြင် တခြား အရည်တွေ သောက်တာ (ဥပမာ ဟင်းရည်၊ အသီးဖျော်ရည်)၊ အရည်ရွှမ်းတဲ့ အသီးအနှံတွေ စားပေးတာက ရေဓာတ်ပြည့်ဝဖို့ ကူညီပေးပါတယ်။ ရေဓာတ်ပြည့်ဝဖို့ ရေသောက်ပေးတာက အကောင်းဆုံးနဲ့ အခြေခံအကျဆုံး နည်းလမ်းဆိုတာ မမေ့ပါနဲ့။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ကျောက်ကပ်မှာ ကျောက်မတည်အောင် ကာကွယ်ပါ။

ကျောက်တည်တာက ဆီးလမ်းကျောက်တည်တယ်လို့ ပြောကြပေမယ့် များသောအားဖြင့်ကတော့ ကျောက်ကပ်မှာ ကျောက်တည်တာပါ။ ဆီးလမ်းကြောင်း တလျှောက်မှာလည်း ဖြစ်နိုင်ပါတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

အားကစားသမားများအတွက် အထူးအာဟာရ Sports nutrition ဆိုတာ

Sports nutrition မှာ စားရမယ့် အာဟာရတစ်မျိုးချင်းစီကို အသေးစိတ်တွက်ပြီး စားမှ အားကစားသမားတွေ ကျန်းမာရေး မထိခိုက်ဘဲ လေ့ကျင့်နိုင်မှာပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် လုံးဝမလုပ်သင့်တဲ့ အချက်များ

ဝမ်းလျှောတဲ့အခါ သတိထားလိုက်နာရမယ့် အချက်တွေကို လွဲမှားစွာ သိရှိပြီး လိုက်လံကျင့်သုံးမိရင် အသက်အန္တရာယ်အထိ ရှိလာနိုင်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Thiha Phyo Myint

အမျိုးအစား- ၂ ဆီးချို ဖြစ်နိုင်ခြေကို လျှော့ချဖို့ ပြောင်းလဲသင့်တဲ့ ဘဝနေထိုင်မှုပုံစံ

သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးတာက ဆီးချိုကို ကာကွယ်ရာ ရောက်သလို ဆီးချိုကြောင့်ဖြစ်လာနိုင်တဲ့ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကိုလည်း ကာကွယ်ရာရောက်ပါတယ်။ 

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon

သင့်အတွက် ရွေးချယ်ထားသည်

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ကော်လာဂျင်နဲ့ မေးခွန်းများစွာ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 22, 2021 . 2 mins read
ကြောက်စိတ်တွေ များနေတယ် ဆိုရင် ဒါတွေ မစားပါနဲ့။

ကြောက်စိတ်တွေ များနေတယ် ဆိုရင် ဒါတွေ မစားပါနဲ့။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့

တစ်နေ့တာကို သက်လုံ ကောင်းကောင်း နဲ့လှုပ်ရှားနိုင်စေဖို့

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 16, 2021 . 2 mins read
မှတ်ဉာဏ်ကောင်းစေဖို့ ဒါတွေ စားပေးပါ။

မှတ်ဉာဏ်ကောင်းစေဖို့ ဒါတွေ စားပေးပါ။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Aye Thi Mon
ရေးသား ထုတ်ဝေခဲ့သည် ဖေ‌ဖော်ဝါရီ 3, 2021 . 2 mins read