backup og meta

နို့ထောက်ပံ့မှုနည်းခြင်းကို ရင်ဆိုင်ဖြေရှင်းခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နို့ထောက်ပံ့မှုနည်းခြင်းကို ရင်ဆိုင်ဖြေရှင်းခြင်း

    နို့ထွက်နည်းသည်ဟုထင်ခြင်းသည် မိခင်များစွာ ရင်ဆိုင် ရသော အဖြစ်များသော နို့တိုက်ခြင်းဆိုင်ရာ ပြဿနာတစ်ခု ဖြစ်သည်။ ၎င်းသည် မိခင်များမှ နို့အလုံအလောက် ရှိသော် လည်း နို့အလုံအလောက် မထုတ်နိုင်ဘူးဟု ထင်နေသော အခြေအနေတစ်ခု ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မိခင် အသစ်များစွာသည် မိခင်နို့တစ်မျိုးတည်းသာ ကလေးအား တိုက်ကျွေးရန် စိတ်ခံစားမှုနှင့် မိမိကိုယ်ကို ယုံကြည်မှု နည်းသောကြောင့် ဖြစ်သည်။

    ထို့အပြင် မိခင်နို့သည် ကလေးငယ်အတွက် အကောင်းဆုံး အာဟာရ ကို ပေးနိုင်သည်ဟု သက်သေရှိသော်လည်း လူများစွာသည် ဖော်မြူလာနို့နှင့်ယှဉ်လျှင် မိခင်နို့ကို အထင်သေးကြသည်။

    မိခင်များသည် နို့ထောက်ပံ့မှု လုံလောက်သလား ဆုံးဖြတ် ရန် မှားယွင်းသော လက္ခဏာများကို သုံးကြသည်။ သူတို့သည် ကလေးငယ်၏ ကိုယ်အလေးချိန် တက်မှုကို အခြေခံသင့် သည်။ မိခင်နို့တိုက်သော ကလေးငယ်သည် လွန်ကဲစွာ ကျွေးမွေးထားပုံ မပေါ်ဘဲ ဖော်မြူလာနို့တိုက်သော ကလေး ကဲ့သို့ ဝဖြိုးခြင်း မရှိပါ။ ကျွမ်းကျင်သူများ၏ အဆိုအရ ကလေး ငယ်သည် ၅-၆ လတွင် မွေးခါစကိုယ်အလေးချိန် ၂ဆဖြစ်ပြီး ၁နှစ် တွင် ၃ဆ ဖြစ်သည်။

    မိခင်သည် အခြား ညွှန်ပြမှုတစ်ခု ဖြစ်သော ကလေးခါးတောင်းကျိုက်ပိတ်စကို ကြည့်နိုင်သည်။ ကလေးငယ်များသည် တစ်နေ့လျှင် အနည်းဆုံး ၄-၆ ကြိမ် ကလေးခါးတောင်းကျိုက်ပိတ်စကို စိုစေသည်။ ပျော့ပြီး ဝါသော ပျစ်ခဲသော ဝမ်းသွားသည်။ ထို့အပြင် မိခင်သည် ကလေး၏ အရေပြားအရောင် သို့မဟုတ် မျက်လုံးကို သတိပြု မှတ်သားနိုင်သည်။

    အချို့အစားအစာများ စားသုံးခြင်းဖြင့် နို့ထွက်မှု ကောင်းလာ နိုင်သလား။

    အဖြေမှာ ကောင်းလာနိုင်ပါသည်။ မှတ်တမ်းများအရ အသုံးများသော အချို့ဆေးဖက်ဝင်များသည် နို့ထွက်နည်း သော မိခင်များအတွက် ဘေးကင်းသည်။ ၎င်းတို့မှာ Fenugreek (Trigonella foenum-graecum), Milk thistle (Silybum marianum) နှင့် Goat’s rue (Galega officinalis) တို့ဖြစ်သည်။

    နို့တိုက်နေသော မိခင်များအတွက် မျှတသော အစားအသောက်နှင့် အရည်လုံလောက်စွာသောက်ခြင်းသည် နို့ထောက်ပံ့မှု ကောင်းစေရန် အရေးပါသည်။ အစားအသောက် တွင် ငါးနှင့် သင်္ဘောသီး ပုံမှန်ပါခြင်းသည် အန္တရာယ် မဖြစ်စေ ပါ။

    နို့တိုက်ခြင်းပြဿနာများကို ထိန်းချုပ်ပါ။

    နို့တိုက်ခြင်း ပြဿနာရှိပါက နို့ထောက်ပံ့မှုနည်းခြင်း သည် အကြောင်းများစွာကြောင့် ဖြစ်နိုင်သည်။ နို့စို့ပုံ မမှန်ခြင်း သည် အကြောင်းရင်းတစ်ခု ဖြစ်သည်။ ကလေး နို့စို့ပုံ မမှန်ခြင်း သည် လုံလောက်သော ရင်သားလှုံ့ဆော်မှု မဖြစ်စေဘဲ နို့ထုတ်လုပ်မှုကို တားဆီးသည်။

    နို့ထောက်ပံ့မှု နည်းခြင်းသည် နို့သီးခေါင်း ပုံစံကြောင့်လည်း ဖြစ်နိုင်သည်။ အထူးသဖြင့် ပြားသော သို့မဟုတ် အတွင်းသို့လှန်သော နို့သီးခေါင်းသည် သင့်ကလေးအား နို့တိုက်ရန် ခက်ခဲစေသည်။ အခြား အကြောင်းရင်းတစ်ခုမှာ သင်သည် နို့သီးခေါင်းအနာ ခံစားနေရခြင်း ဖြစ်သည်။ ၎င်းသည် နို့တိုက်ခြင်းကို နှေးစေ သည်။

    ထို့အပြင် တစ်ခါတစ်ရံမှ နို့တိုက်ခြင်းသည် နို့ထွက်မှုကို နည်းစေနိုင်သည်။ ၎င်းကို ဖြေရှင်းရန် သင့်ကလေးကို ၂၄ နာရီတွင် ၈ ကြိမ် (သို့မဟုတ် ၈ ကြိမ်ထက်ပို၍) မကြာခဏ နို့တိုက်ပါ။ မကြာခဏ နို့တိုက်ခြင်းသည် သင့်ရင်သားများအား နို့ပိုထွက်စေရန် တွန်းအားပေးသည်။ ဖော်မြူလာနို့ သောက် သော ကလေးများသည် ထိန်းသိမ်းပြုစုရန် ခက်သည်။ ကိုယ်ဝန်ဆောင်စဉ်နှင့် မွေးဖွားအပြီးတွင် မိခင်များတွင် စိတ်ဖိစီးမှု ဖြစ်ခြင်းသည် မရှောင်လွဲနိုင်သော အရာဖြစ်သည်။ ၎င်းသည် နို့ထုတ်လုပ်မှုကို လျော့ကျစေသော အဓိက အချက် တစ်ချက်ဖြစ်သည်။

    နို့ပိုမို ထွက်စေရန် အကြံပြုချက်များ

    အထက်တွင် ပြောခဲ့သည့်အတိုင်း လုံလောက်သော အစားအစာ၊ အရည်နှင့် အနားယူခြင်းသည် သင်၏ နို့ ထွက်မှုကို များစေနိုင်သည်။ ထို့အပြင် သင်သည် နို့ဘူး သို့မဟုတ် ချိုလိမ် အသုံးပြုခြင်းကို ရှောင်ကြဉ်သင့်သည်။ အဘယ်ကြောင့်ဆိုသော် သင့်ကလေးသည် ဘယ်အရာက နို့သီးခေါင်းဆိုတာကို မသိနိုင်သောကြောင့်ဖြစ်သည်။ ၎င်းတို့ အစား လိုအပ်ပါက ခွက်၊ ဇွန်း သို့မဟုတ် ပြွန်တံတို့ကို သုံးနိုင်သည်။

    ဘယ်အရာမှ အလုပ်မဖြစ်ပါက ဆရာဝန်အား အကူအညီ တောင်းသင့်သည်။ ဆရာဝန်သည် domperidone ဟုခေါ် သော ဆေးတစ်မျိုးပေးနိုင်သည်။ ထိုဆေးသည် နို့ထောက်ပံ့မှု ကို များစေသော prolactin ဟော်မုန်း ထုတ်လုပ်မှုကို တိုးမြှင့် စေနိုင်သည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Zin Wai Yan Lin မှ ရေးသားသည်။ · 03/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement