ဆီးက ပြောပြနေတဲ့ ကျန်းမာရေး

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ | ရေးသားသူ

Update Date မေ 11, 2020 . 2 mins read
Share now

ဆီးက ခန္ဓာကိုယ် ပြင်ပကိုစွန့်ထုတ်လိုက်တဲ့ ကိုယ်တွင်း ကပိုလျှံနေတဲ့ အရည်တွေဆိုတာထက် ပိုပါတယ်။ ဆီးက အရောင်အဆင်း၊ အနံ့ အမျိုးမျိုးနဲ့လည်း ကျန်းမာရေး အခြေအနေကို ဖော်ပြပေးတတ်ပါသေးတယ်။ ဒီတစ်ခေါက်တော့ ဆီးက ပြောပြနေတဲ့ ကျန်းမာရေး အကြောင်းကို နည်းနည်းလောက်ပြောပြ ပါရစေ။

ဆီးကပြောပြနေတဲ့ ကျန်းမာရေး

ကျန်းမာတဲ့လူတစ်ယောက်အနေနဲ့ ဆီးက ကြည်နေပြီး အနံ့ကင်းနေရမှာပါ။ ဒါ့အပြင် ဆီးသွားရခက်နေတာ၊ ဆီးကျန်နေတယ်လို့ခံစားရတာ။ ဆီးသွားတဲ့အခါတိုင်း အောင့်နေတယ်လို့ ခံစားရတာမျိုးမရှိရပါဘူး။ ဆီးက ပုံမှန်ထက် ထူးခြားနေရင်တော့ ကျန်းမာရေးစစ်ဆေးမှုလုပ်ဖို့လိုနေပါပြီ။

ဆီးက ပူနေမယ်

ဆီးသွားတဲ့အခါ ပုံမှန်ထက် ဆီးက ပိုပူနေမယ်။ ဆီးသွားရတာ အောင့်နေမယ်။ ဆိုရင်တော့ ဆီးလမ်းကြောင်းပိုးဝင်တာကိုခံစားနေရတာပါ။ နောက်ထပ်ဖြစ်နိုင်တာတစ်ခုက ကာလသားရောဂါလိုမျိုး လိင်ကတဆင့် ကူးစက်တဲ့ရောဂါတစ်မျိုးမျိုး ခံစားနေရတာလည်း ဖြစ်နိုင်ပါတယ်။

ဆီးက ချိုတဲ့ အနံ့ထွက်နေမယ်

ဆီးသွားတဲ့အခါတိုင်း ဆီးက ချိုတဲ့အနံ့မျိုးဖြစ်နေမယ်ဆိုရင် သွေးချိုစစ်ကြည့်ဖို့လိုနေပါပြီ။ အကြောင်းကတော့ ဆီးချိုရောဂါဖြစ်ချင်တဲ့ အစောပိုင်း လက္ခဏာတစ်ခုက ဆီးက ချိုတဲ့ အနံ့ထွက်တာပါပဲ။ ဒီလိုဆိုရင်တော့ ဆရာဝန်နဲ့ သေချာလေးသွားပြကြည့်ဖို့ ပြောပါရစေ။

ဆီးက အရောင်နောက်နေမယ်

ဆီးအရောင်က ကြည်မ​နေဘဲ နောက်ကျိကျိဖြစ်နေမယ်ဆိုရင်တော့ ဆီးလမ်းကြောင်းတလျှောက်မှာပိုးဝင်ကူးစက်ခံနေရတာပါ။ ရေများများသောက်တာ၊ လိုအပ်တဲ့ ကုသမှုကို ခံယူတာမျိုးလုပ်ဖို့ လိုပါမယ်။

ဆီးက ပန်းရောင်သန်းနေမယ်

ဆီးသွားတဲ့အခါ ဆီးကပန်းရောင်သန်းနေမယ်ဆိုရင် ဒါမှမဟုတ် ဆီးက သွေးရောင်ခပ်ဖျော့ဖျော့ဖြစ်နေမယ်ဆိုရင် ဆီးလမ်းကြောင်းပိုးဝင်တာဖြစ်နိုင်သလို ပြင်းထန်တဲ့ ကျန်းမာရေး အခြေအနေတစ်ရပ်ရပ်ရဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ ဆရာဝန်နဲ့ ချက်ချင်းပြဖို့လိုပါမယ်။

ဆီးက အနံ့အရမ်းပြင်းနေမယ်

ဆီးက အပေါ်မှာပြောခဲ့သလို ချိုတဲ့အနံ့ဖြစ်နေတာမျိုးမဟုတ်ဘဲ။ အနံ့က ဆိုးနေမယ်ဆိုရင်တော့ ဆီးအိမ်မှာ ပိုးဝင်ကူးစက်နေပါပြီ။ တကယ်လို့ဆီးအနံ့က အရမ်းပြင်းနေပြီ ဆိုရင် ဆရာဝန်နဲ့ ပြကြည့်ဖို့ လိုပါမယ်။

ဆီးထဲ သွေးပါနေမယ်

ဆီးသွားတဲ့အခါတိုင်း နာနေမယ်။ ဆီးသွားရခက်နေမယ်။ ဆီးမှာလည်း သွေးပါနေမယ်ဆိုရင် ကင်ဆာရောဂါဖြစ်နိုင်သလို ဆီးလမ်းကြောင်းပိုးဝင်နေတာ ဒါမှမဟုတ် ဆီးကျောက်တည်နေတာဖြစ်နိုင်ပါတယ်။ ဆီးက အနီရောင် ဒါမှမဟုတ် နီညိုရောင်ဖြစ်နေပြီဆိုရင်တော့ ဆရာဝန်နဲ့ ချက်ချင်းသွားပြပေးပါ။

ဆီးသွားတိုင်း ဆီးကျန်နေတယ်လို့ ခံစားရတယ်

ဆီးသွားပြီးတိုင်း ဆီးကျန်နေသေးတယ်လို့ ခံစားနေရတယ်ဆိုရင် ဆီးအိမ်နံရံ နဲ့ ဆီးလမ်းကြောင်းနံရံတွေ ရောင်ရမ်းနေတာဖြစ်နိုင်ပါတယ်။ ဒါက ရောဂါပိုးကူးစက်ခံထားရတာကြောင့် ဖြစ်နိုင်ပါတယ်။ ရေ။ အုန်းစိမ်းရည်များများသောက်ပေးပါ။ အချိုရည်၊ ကဖင်း နဲ့ အယ်လ်ကိုဟောတွေကိုတော့ ရှောင်ဖို့လိုပါမယ်။ ရေများများသောက်ပေးတာက ဆီးအိမ် နဲ့ ဆီးလမ်းကြောင်းတလျှောက်က ဘက်တီးရီးယားတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်မှာပါ။

ဆီး ခဏခဏသွားနေတာ

ရေအများကြီး မသောက်ပါဘဲ ဆီးက ခဏခဏသွားနေတယ်။ ဆီးက ၂ နာရီခြားတစ်ခါသွားတာ ပုံမှန်ပါ။ ဒီလိုမှမဟုတ်ဘဲ ဆီးခဏခဏသွားချင်နေမယ်ဆိုရင်တော့ ဆီးချိုဖြစ်နေတာဖြစ်နိုင်သလို ဆီးလမ်း​ကြောင်းရောင်ရမ်းတာ၊ ပိုးဝင်တာတွေကြောင့်ဖြစ်နိုင်ပါတယ်။ နောက်ဖြစ်နိုင်တာက အမျိုးသမီးတွေမှာဆိုရင် မိန်းမကိုယ်ပိုးဝင်တာနဲ့ ကိုယ်ဝန်ရှိနေတာကြောင့်ပါ။ အယ်လ်ကိုဟော နဲ့ ကဖင်းတွေ အများကြီးသောက်မိရင်လည်း ဆီးခဏခဏသွားနိုင်ပါတယ်။

ဆီးက ပုံမှန်ဆိုရင် ရေလိုကြည်ကြည်လေးဖြစ်နေရပါမယ်။ ဆီးက ဝါနေမယ်ဆိုရင်တော့ ရေသောက်နည်းနေတာပါ။ သတိထားပြီး ရေသောက်ပေးပါ။ ကျန်းမာတဲ့လူတစ်ယောက် အနေနဲ့ ၂နာရီခြားတစ်ခါ ဆီးသွာတာက ပုံမှန်ပါပဲ။  ဒီလိုမှမဟုတ်ဘဲ အပေါ်မှာ ပြောခဲ့သလို တစ်ခုခုဖြစ်နေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ချက်ချင်းပြစေချင်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ဒီဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား။
happy unhappy

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။

ခြေဖနောင့်အက်ကွဲ ခြင်း ပြဿနာ

ခြေဖနောင့်အက်ကွဲတာက ခံရခက်ပြီး အခန့်မသင့်ရင် နာတာ၊ ပိုးဝင်တာ ဖြစ်တတ်ပါတယ်။ ဆီးချိုရှီတဲ့သူတွေဆို ပိုပြီး ဂရုတစိုက် ကုသသင့်ပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win

အချဉ်တွေစားရင် ကျန်းမာတယ် ဆိုတာ မှန်ရဲ့လား

အချဉ်တွေ စားရင် ဗီတာမင် C ရနိုင်တယ်၊ ကိုယ်ခံအားကောင်းမယ်။ ဒါပေမယ့် စားတိုင်းမကောင်းပါဘူး။ ကျန်းမာရေးကို ထိခိုက်စေနိုင်တာတွေလည်း ရှိပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung

စမတ်ဖုန်းတွေပေါ်မှာ တစ်လနီးပါး ရှင်သန်နိုင်တဲ့ COVID-19 ဗိုင်းရပ်စ်ပိုး

ကမ္ဘာတစ်ဝှမ်းလုံးမှာ ကပ်ဘေးတစ်ခုအဖြစ် ဒုက္ခပေးနေတဲ့ COVID-19 ဗိုင်းရပ်စ်ပိုးတွေဟာ စမတ်ဖုန်းတွေပေါ်မှာ တစ်လနီးပါး ရှင်သန်နိုင်တယ်လို့ သိရှိလာရပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Zon Aung
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 19, 2020 . 2 mins read

COVID ကာလ အိပ်မပျော်တာ ဟော်မုန်းတစ်ခုခုဖောက်ပြန်နေလို့များလား

အိပ်မပျော်တာ ဟော်မုန်းကြောင့် ဖြစ်နိုင်သလို အိပ်ရေးပျက်ရင်လည်း ဟော်မုန်းတွေ ကမောက်ကမ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အိပ်ရေးဝဖို့ အရေးကြီးပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Dr. Htet Htet Zaw Win
ကျန်းမာစွာနေထိုင်ခြင်း, Corona Virus, COVID-19 အောက်တိုဘာ 16, 2020 . 3 mins read

သင့်အတွက် ရွေးချယ်ထားသည်

Gym ကစားခြင်းနှင့် လူသိမှားနေသေးသော ဂျင်းတချို့…

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 28, 2020 . 2 mins read

စမတ်ဖုန်း အလွန်အကျွံသုံးစွဲခြင်းရဲ့ နောက်ဆက်တွဲပြဿနာများ

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 25, 2020 . 2 mins read

လူသိနည်းတဲ့ အိမ်မြှောင်တွေရဲ့ ကျန်းမာရေးအန္တရာယ်

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 25, 2020 . 2 mins read

ကိုယ့်ရဲ့ နေအိမ်ဝန်းကျင် သန့်ရှင်းသပ်ရပ်နေတဲ့အခါ…

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Phyo Wai Lynn
ရေးသားသူ Ye Myo Myat
ရေးသား ထုတ်ဝေခဲ့သည် အောက်တိုဘာ 25, 2020 . 2 mins read